ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ယေန႔ေခတ္ဟာ လွ်င္ျမန္စြာေျပာင္းလဲလာၿပီျဖစ္သလုိ လြန္ခဲ့တဲ့ႏွစ္က ဖိအားေတြကလည္း အခုႏွစ္ ဖိအားေတြနဲ႔ မတူေတာ့ပါဘူး။ အရင္တုန္းကေတာ့ ဖိအားေတြဟာ လူရြယ္ လူႀကီးေတြေပၚမွာသာ က်ေရာက္ေလ့ရွိေပမယ့္ အခုေတာ့ ကေလးငယ္ေတြအေပၚမွာလည္း က်ေရာက္လာေနခဲ့ပါၿပီ။ အခ်ဳိ႕ကေလးေတြဟာ ပညာေရးနဲ႔ ပတ္သတ္လုိ႔ မိသားစုရဲ႕ အတင္းပုံသြင္းျခင္းကုိခံေနၾကရပါတယ္။ ၿပီးခဲ့တဲ့လ ၁၄ရက္ေန႔ကေတာ့ ဖိအားဒဏ္ကို မခံႏုိင္တဲ့ ၁၀ႏွစ္အရြယ္ ကေလးမေလးတစ္ေယာက္ဟာ ကိုယ့္ကုိယ္ကို သတ္ေသသြားတဲ့ျဖစ္ရပ္ျဖစ္ပြားခဲ့ပါတယ္။

တရုတ္ႏုိင္ငံ Jiangsu ျပည္နယ္ Xuzhou ၿမဳိ႕မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး Xiao Xue လုိ႔ေခၚတဲ့ ၁၀ႏွစ္အရြယ္ ကေလးမေလးဟာ Fengxian မူလတန္းေက်ာင္းမွာ စတုတၳတန္းကို တက္ေရာက္ေနသူျဖစ္ပါတယ္။ အဲဒီေန႔ညေနကေတာ့ ကေလးမေလးဟာ ပုိးသတ္ေဆးကုိေသာက္ရင္းမိမိကုိယ္ကုိ သတ္ေသသြားခဲ့ပါတယ္။ ႏွစ္၀က္စာေမးပြဲမေျဖမီ ၃ရက္အလုိက ျဖစ္ပါတယ္။ မိဘေတြအတြက္ေတာ့ စာႏွစ္မ်က္ႏွာရွိတဲ့ စာတစ္ေစာင္နဲ႔အတူ ၃မိနစ္ စကၠန္႔၂၀ ရွိတဲ့ ဗီဒီယိုဖုိင္ေလးတစ္ခုကို ခ်န္ရစ္ခဲ့ပါတယ္။ ဗီဒီယုိထဲမွာေတာ့ ကေလးမေလးဟာ ခ်စ္စဖြယ္အမူအရာနဲ႔ သူမရဲ႕မိဘေတြကုိ ႏႈတ္ဆက္ခဲ့ပါတယ္။

“အေဖ နဲ႔ အေမ သမီးသြားေတာ့မယ္ ။ သမီးေတာင္းပန္ပါတယ္။ သမီးေကာင္းကင္ဘုံကို သြားေတာ့မယ္ ၊ အေဖနဲ႔ အေမကိုႏႈတ္ဆက္ခဲ့ပါတယ္။ ေနာက္ရက္ဆုိ သမီးေမြးေန႔ေရာက္ေတာ့မယ္ေနာ္ ၊ အဲဒီေန႔က်ရင္ ေမြးေန႔ကိတ္ကုိ သမီးရဲ႕အုတ္ဂူေရွ႕မွာထားေပးဖို႔ မေမ့ပါနဲ႔ေနာ္ ၊ ဒီႏွစ္ေတြမွာ သမီးကို အရမ္းဂရုစုိက္ခဲ့ၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္ အေဖနဲ႔ အေမ”
“အေဖနဲ႔ အေမသမီးကို ရုိက္တယ္ ဆူတယ္ ႀကိမ္းေမာင္းခဲ့ၾကတယ္ေနာ္ ။ ဒါဟာ သမီးဘ၀ ေကာင္းေစခ်င္လုိ႔ဆိုတာ သမီးသိပါတယ္။ ဆရာ ကလည္း သမီးကို စာေမးပြဲမေျဖခုိင္းဘူးတဲ့ ၊ သမီးဒီကမာၻႀကီးမွာ အသက္မရွင္ခ်င္ေတာ့ပါဘူး ၊ အေမတုိ႔ကို သမီးမခ်န္ခဲ့ခ်င္ေပမယ့္ ဒါဟာ သမီးအတြက္လုပ္ဖုိ႔လုိအပ္တဲ့အရာပါ ၊ အခုဆုိ အေမတုိ႔ သမီးကိုေန႔တုိင္းရုိက္ဖုိ႔ ဆူဖုိ႔ မလုိေတာ့ဘူးေလ ၊အေဖနဲ႔ အေမကို ေကာင္းကင္ကေန သမီးေစာင့္ေရွာက္ပါမယ္ ၊ သမီးကိုသတိိရေနေနာ္ ၊ ဒါနဲ႔သမီးခ်စ္ဖုိ႔ေကာင္းေနတုန္းမလား ” လုိ႔ႏႈတ္ဆက္ခဲ့ပါတယ္။ မိဘေတြကေတာ့ ဒီဗီဒီယုိကုိၾကည့္ရင္း ဘယ္ေလာက္စိတ္ထိခုိက္ေနၾကမလဲ။

“သမီးေလးဟာ ၿပီးခဲ့တဲ့စာေမးပြဲတုန္းက အမွတ္ေတြနည္းခဲ့တဲ့အတြက္ အတန္းပိုင္ဆရာ Mr. Sze က သူမကုိ ေက်ာင္းကိုလာခုိင္းခဲ့ပါတယ္။ ဆရာ က ဒီအတုိင္းသာ ပုံမွန္ထက္အမွတ္ေတြဆက္နည္းေနဦးမယ္ဆုိရင္ ႏွစ္၀က္စာေမးပြဲေျဖခုိင္းမွာ မဟုတ္ဘူးလုိ႔ သူ႔ကုိေျပာခဲ့တယ္” လုိ႔ ကေလးမေလးရဲ႕ မိခင္ျဖစ္သူ Liu Wei ကေျပာၾကားခဲ့ပါတယ္။ မိခင္ျဖစ္သူက သူမရဲ႕သမီးဟာ အလြန္ေပ်ာ္ေပ်ာ္ေနတတ္သူျဖစ္ၿပီး အခုလုိလုပ္သြားမယ္လုိ႔ ဘယ္တုန္းကမွ မထင္ခဲ့ပါဘူးလုိ႔ ဆုိပါတယ္။ ဒါေပမယ့္ ဆရာျဖစ္သူကေတာ့ စာေမးပြဲေျဖခြင့္မျပဳဖုိ႔ သူလုံး၀ မေျပာခဲ့ဘူးလုိ႔ ျငင္းဆန္ေနပါတယ္။ ေက်ာင္းရဲ႕ လက္ေထာက္ဒါရုိက္တာ Wang Lei ကလည္း အမွတ္နည္းတာနဲ႔ စာေမးပြဲေျဖခြင့္မရွိဘူးဆုိတာ မဟုတ္ပါဘူး လို႔ ဆုိပါတယ္။ ဒါေပမယ့္ ကေလးမေလးကေတာ့ ေသဆုံးသြားခဲ့ရၿပီျဖစ္ပါတယ္။

တရုတ္ႏုိင္ငံမွာ ကုိယ့္ကုိယ္ကိုသတ္ေသမႈေတြ တစ္ေန႔ထက္တစ္ေန႔မ်ားလာၿပီျဖစ္သလုိ က်န္တဲ့ကမာၻ႔ေနရာေတြမွာ သတ္ေသမႈႏႈန္းဟာ ျမင့္တက္လွ်က္ရွိပါတယ္။ ဒီအထဲမွာ ပညာေရးနဲ႔ ပတ္သတ္လုိ႔ အတင္းအက်ပ္ ဖိအားေပးခံရတဲ့ ကေလးေတြလည္း ပါ၀င္လာေနၿပီျဖစ္ပါတယ္။  ဒီျဖစ္ရပ္ဟာ ေက်ာင္းအုပ္ခ်ဳပ္သူေတြကုိသာမက ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ ဆရာေတြ မိဘေတြကိုပါ ကေလးေတြကိုအတင္းဖိအားမေပးဖုိ႔ သတိေပးလုိက္တဲ့ျဖစ္ရပ္လည္းျဖစ္ပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ ၿမဳိ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ဟာ ၿမဳိ႕ပညာေရးဌာနကို အျပစ္တင္လုိက္ပါတယ္။ စုံစမ္းေရးအဖြဲ႔ဖြဲ႔စည္းၿပီး စစ္ေဆးလွ်က္ရွိကာ လက္ရွိအခ်ိန္မွာေတာ့ စစ္ေဆးဆဲအေျခအေနမွာပဲ ရွိေသးပါတယ္။

(တရုတ္မီဒီယာေတြမွာေတာ့ ကေလးမေလးရဲ႕ ဗီဒီယုိဖုိင္အျပည့္အစုံကုိ တင္ထားျခင္းမရွိခဲ့ပါဘူး)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutazone

# Unicode Version ျဖင့္ ဖတ္ပါ #

ယနေ့ခေတ်ဟာ လျှင်မြန်စွာပြောင်းလဲလာပြီဖြစ်သလို လွန်ခဲ့တဲ့နှစ်က ဖိအားတွေကလည်း အခုနှစ် ဖိအားတွေနဲ့ မတူတော့ပါဘူး။ အရင်တုန်းကတော့ ဖိအားတွေဟာ လူရွယ် လူကြီးတွေပေါ်မှာသာ ကျရောက်လေ့ရှိပေမယ့် အခုတော့ ကလေးငယ်တွေအပေါ်မှာလည်း ကျရောက်လာနေခဲ့ပါပြီ။ အချို့ကလေးတွေဟာ ပညာရေးနဲ့ ပတ်သတ်လို့ မိသားစုရဲ့ အတင်းပုံသွင်းခြင်းကိုခံနေကြရပါတယ်။ ပြီးခဲ့တဲ့လ ၁၄ရက်နေ့ကတော့ ဖိအားဒဏ်ကို မခံနိုင်တဲ့ ၁၀နှစ်အရွယ် ကလေးမလေးတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံ Jiangsu ပြည်နယ် Xuzhou မြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး Xiao Xue လို့ခေါ်တဲ့ ၁၀နှစ်အရွယ် ကလေးမလေးဟာ Fengxian မူလတန်းကျောင်းမှာ စတုတ္ထတန်းကို တက်ရောက်နေသူဖြစ်ပါတယ်။ အဲဒီနေ့ညနေကတော့ ကလေးမလေးဟာ ပိုးသတ်ဆေးကိုသောက်ရင်းမိမိကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ နှစ်ဝက်စာမေးပွဲမဖြေမီ ၃ရက်အလိုက ဖြစ်ပါတယ်။ မိဘတွေအတွက်တော့ စာနှစ်မျက်နှာရှိတဲ့ စာတစ်စောင်နဲ့အတူ ၃မိနစ် စက္ကန့်၂၀ ရှိတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုကို ချန်ရစ်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ကလေးမလေးဟာ ချစ်စဖွယ်အမူအရာနဲ့ သူမရဲ့မိဘတွေကို နှုတ်ဆက်ခဲ့ပါတယ်။

“အဖေ နဲ့ အမေ သမီးသွားတော့မယ် ။ သမီးတောင်းပန်ပါတယ်။ သမီးကောင်းကင်ဘုံကို သွားတော့မယ် ၊ အဖေနဲ့ အမေကိုနှုတ်ဆက်ခဲ့ပါတယ်။ နောက်ရက်ဆို သမီးမွေးနေ့ရောက်တော့မယ်နော် ၊ အဲဒီနေ့ကျရင် မွေးနေ့ကိတ်ကို သမီးရဲ့အုတ်ဂူရှေ့မှာထားပေးဖို့ မမေ့ပါနဲ့နော် ၊ ဒီနှစ်တွေမှာ သမီးကို အရမ်းဂရုစိုက်ခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ် အဖေနဲ့ အမေ”
“အဖေနဲ့ အမေသမီးကို ရိုက်တယ် ဆူတယ် ကြိမ်းမောင်းခဲ့ကြတယ်နော် ။ ဒါဟာ သမီးဘ၀ ကောင်းစေချင်လို့ဆိုတာ သမီးသိပါတယ်။ ဆရာ ကလည်း သမီးကို စာမေးပွဲမဖြေခိုင်းဘူးတဲ့ ၊ သမီးဒီကမ္ဘာကြီးမှာ အသက်မရှင်ချင်တော့ပါဘူး ၊ အမေတို့ကို သမီးမချန်ခဲ့ချင်ပေမယ့် ဒါဟာ သမီးအတွက်လုပ်ဖို့လိုအပ်တဲ့အရာပါ ၊ အခုဆို အမေတို့ သမီးကိုနေ့တိုင်းရိုက်ဖို့ ဆူဖို့ မလိုတော့ဘူးလေ ၊အဖေနဲ့ အမေကို ကောင်းကင်ကနေ သမီးစောင့်ရှောက်ပါမယ် ၊ သမီးကိုသတိရနေနော် ၊ ဒါနဲ့သမီးချစ်ဖို့ကောင်းနေတုန်းမလား ” လို့နှုတ်ဆက်ခဲ့ပါတယ်။ မိဘတွေကတော့ ဒီဗီဒီယိုကိုကြည့်ရင်း ဘယ်လောက်စိတ်ထိခိုက်နေကြမလဲ။

“သမီးလေးဟာ ပြီးခဲ့တဲ့စာမေးပွဲတုန်းက အမှတ်တွေနည်းခဲ့တဲ့အတွက် အတန်းပိုင်ဆရာ Mr. Sze က သူမကို ကျောင်းကိုလာခိုင်းခဲ့ပါတယ်။ ဆရာ က ဒီအတိုင်းသာ ပုံမှန်ထက်အမှတ်တွေဆက်နည်းနေဦးမယ်ဆိုရင် နှစ်ဝက်စာမေးပွဲဖြေခိုင်းမှာ မဟုတ်ဘူးလို့ သူ့ကိုပြောခဲ့တယ်” လို့ ကလေးမလေးရဲ့ မိခင်ဖြစ်သူ Liu Wei ကပြောကြားခဲ့ပါတယ်။ မိခင်ဖြစ်သူက သူမရဲ့သမီးဟာ အလွန်ပျော်ပျော်နေတတ်သူဖြစ်ပြီး အခုလိုလုပ်သွားမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဆရာဖြစ်သူကတော့ စာမေးပွဲဖြေခွင့်မပြုဖို့ သူလုံး၀ မပြောခဲ့ဘူးလို့ ငြင်းဆန်နေပါတယ်။ ကျောင်းရဲ့ လက်ထောက်ဒါရိုက်တာ Wang Lei ကလည်း အမှတ်နည်းတာနဲ့ စာမေးပွဲဖြေခွင့်မရှိဘူးဆိုတာ မဟုတ်ပါဘူး လို့ ဆိုပါတယ်။ ဒါပေမယ့် ကလေးမလေးကတော့ သေဆုံးသွားခဲ့ရပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ကိုယ့်ကိုယ်ကိုသတ်သေမှုတွေ တစ်နေ့ထက်တစ်နေ့များလာပြီဖြစ်သလို ကျန်တဲ့ကမ္ဘာ့နေရာတွေမှာ သတ်သေမှုနှုန်းဟာ မြင့်တက်လျှက်ရှိပါတယ်။ ဒီအထဲမှာ ပညာရေးနဲ့ ပတ်သတ်လို့ အတင်းအကျပ် ဖိအားပေးခံရတဲ့ ကလေးတွေလည်း ပါဝင်လာနေပြီဖြစ်ပါတယ်။  ဒီဖြစ်ရပ်ဟာ ကျောင်းအုပ်ချုပ်သူတွေကိုသာမက ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဆရာတွေ မိဘတွေကိုပါ ကလေးတွေကိုအတင်းဖိအားမပေးဖို့ သတိပေးလိုက်တဲ့ဖြစ်ရပ်လည်းဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် မြို့အုပ်ချုပ်ရေးအဖွဲ့ဟာ မြို့ပညာရေးဌာနကို အပြစ်တင်လိုက်ပါတယ်။ စုံစမ်းရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးလျှက်ရှိကာ လက်ရှိအချိန်မှာတော့ စစ်ဆေးဆဲအခြေအနေမှာပဲ ရှိသေးပါတယ်။

(တရုတ်မီဒီယာတွေမှာတော့ ကလေးမလေးရဲ့ ဗီဒီယိုဖိုင်အပြည့်အစုံကို တင်ထားခြင်းမရှိခဲ့ပါဘူး)

ဖိုးသူတော် (www.phothutaw.com)
Credit: thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top