ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ဘယ္သူကမ်ား ႐ွိသင့္တဲ့ကိုယ္အေလးခ်ိန္ ပိုၿပီးသိသိသာသာ ဝခ်င္မွာတဲ့လဲ။ အကုန္လံုးကေတာ့ ဂစ္တာ႐ွိတ္၊ six pack နဲ႔ အမိုက္စားေဘာ္ဒီကို ရခ်င္သူေတြခ်ည္း။ ဒီလိုရဖုိ႔ဆုိတာ မျဖစ္ႏိုင္တာေတာ့မဟုတ္ေပမဲ့ ခက္ခဲတာေတာ့ အမွန္ပါ။ ကိုယ့္ရဲ႕ကိုယ္အေလးခ်ိန္ဟာ လူေတြၾကားသြားလိုက္ရင္ ထင္းခနဲေပၚေလာက္ေအာင္ ျဖစ္ေနျပန္ေတာ့ စိတ္႐ႈပ္စရာေတြနဲ႔ ၾကံဳလာရပါတယ္။

၁။ ထိုင္ခံုတစ္ခုကို ထုိင္ေတာ့မယ္ဆုိရင္ ကိုယ့္တင္ပါးနဲ႔ ဆံ့မဆံ့ ခ်ိန္ဆေနရပါတယ္။

၂။ သူမ်ားနဲ႔တန္းတူ မလုပ္ႏိုင္ဘူး။ သူမ်ားေတြက ေလွကားအတက္အဆင္း၊ အထုိင္အထေတြ သြက္ေနခ်ိန္ ကိုယ္ကေတာ့ ေမာဟိုက္ေနရတယ္ေလ။ သူတုိ႔လုပ္သေလာက္ လိုက္လုပ္ဖု႔ိဆုိ ပိုၿပီးအားစိုက္ရပါတယ္။

၃။ အထူးသျဖင့္ သူငယ္ခ်င္းေတြနဲ႔ မိသားစုဝင္ေတြက ေျပာဆိုတာကို ခံေနရတာပါပဲ။ ကိုယ္စားသမွ်လိုက္ေျပာေနတာ၊ ကိုယ့္အေလးခ်ိန္ကို လိုက္ေမးတာမ်ိဳးက ေတာ္ေတာ္ကိုစိတ္ညစ္ရပါတယ္။ ကိုယ့္ကိုလည္း အျခားသြင္ျပင္လကၡဏာေတြထက္ ဝတဲ့အေပၚပဲ ခြဲျခားေျပာဆုိတာ ခံရပါတယ္။

၄။ အဝတ္အစားဖုိး ပိုကုန္ပါတယ္။ XXL ေလာက္မွ ေတာ္တဲ့သူဆုိေတာ့ Over Size ေရာင္းတဲ့ဆုိင္ေတြကို တကူးတကသြားဝယ္္ရပါတယ္။ မိုးမိလုိ႔မ်ား သူမ်ားက အက်ႌငွားမယ္ဆုိရင္ေတာင္ ကိုယ္နဲ႔ဝတ္မရလို႔ အေအးမိသြားရတဲ့အျဖစ္ပါ။

၅။ မေတြ႔တာၾကာတဲ့ အသိတစ္ေယာက္နဲ႔ ျပန္ဆံုတုိင္းမွာ ပထမဆံုးၾကားရတဲ့စကားကေတာ့ ကိုယ့္ရဲ႕ကိုယ္အေလးခ်ိန္နဲ႔ ပတ္သက္တဲ့စကားပါပဲ။ " ပိုဝလာတယ္ေနာ္" "အရင္လို ဝေနတုန္းပဲ" ဆိုတဲ့ စကားေတြေပါ့။

၆။ ကိုယ့္ဘာသာကိုယ္ စားႏုိင္လို႔ ဝေနလည္း လူေတြက ဝတာကိုပဲ ရယ္စရာလို သတ္မွတ္ေနၾကတယ္ေလ။

၇။ ေပါင္ပြန္းတဲ့ဒဏ္ကိုုလည္း ခံရပါေသးတယ္။ ေပါင္တံေတြက ႀကီးမားေတာ့ လမ္းေလွ်ာက္တိုင္း၊ ေျပးတုိင္း အခ်င္းခ်င္းပြတ္တိုက္မိၿပီး ပြန္းရတဲ့ဒုကၡကလည္း မေသးပါဘူး။

၈။ ေနမေကာင္းျဖစ္ၿပီဆုိလည္း ဝတာကိုပဲ အျပစ္ပံုခ်ၾကျပန္ပါတယ္။ ဥပမာ ေသြးတိုးလို႔ဆုိရင္လည္း အရမ္းဝေနလို႔ျဖစ္ရတာပါဆုိၿပီး အေျပာခံရျပန္ေရာ။

၉။ လူကိုေတြ႔တုိင္း ဝိတ္ေလွ်ာ့ခိုင္းေနၾကတယ္ေလ။ ေလွ်ာ့ခ်င္တုိင္းေလွ်ာ့လို႔ရမွေတာ့ ေပါင္ ၁၀၀ ေတာင္ ေက်ာ္မွာမဟုတ္ေတာ့ဘူး။ ကိုယ့္မွာ ပိန္ဖုိ႔ခက္ေနလို႔ပါဆုိမွ ဒါပဲေျပာေနၾကတာ သိပ္စိတ္ညစ္ရပါတယ္။ လူေတြေျပာတာက ဝိတ္ေလွ်ာ့ဖုိ႔အရမ္းလြယ္ၿပီး ကိုယ္က မႀကိဳးစားဘူးလို႔ပဲ ေျပာေနၾကတာ ေျပာသေလာက္မလြယ္မွန္းသူတုိ႔က ကိုယ္ခ်င္းမစာတတ္ၾကဘူး။

၁၀။ စိတ္ပုတ္တဲ့သူငယ္ခ်င္းေတြဆုိ ကိုယ့္ကို အဖက္ေတာင္ မလုပ္ၾကဘူး။ ကိုယ္က သူတုိ႔နဲ႔ယွဥ္ရင္ အရမ္းဝေနေတာ့ တြဲသြားတြဲလာ မလုပ္ခ်င္ၾကဘူးေလ။ ေလွ်ာက္လည္ရင္ ကိုယ္က သူတုိ႔နဲ႔တန္းတူ မကဲႏိုင္လို႔တဲ့။

Source : Huffpost

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

# Unicode Version ျဖင့္ ဖတ္ပါ#
ဘယ်သူကများ ရှိသင့်တဲ့ကိုယ်အလေးချိန် ပိုပြီးသိသိသာသာ ဝချင်မှာတဲ့လဲ။ အကုန်လုံးကတော့ ဂစ်တာရှိတ်၊ six pack နဲ့ အမိုက်စားဘော်ဒီကို ရချင်သူတွေချည်း။ ဒီလိုရဖို့ဆိုတာ မဖြစ်နိုင်တာတော့မဟုတ်ပေမဲ့ ခက်ခဲတာတော့ အမှန်ပါ။ ကိုယ့်ရဲ့ကိုယ်အလေးချိန်ဟာ လူတွေကြားသွားလိုက်ရင် ထင်းခနဲပေါ်လောက်အောင် ဖြစ်နေပြန်တော့ စိတ်ရှုပ်စရာတွေနဲ့ ကြုံလာရပါတယ်။

၁။ ထိုင်ခုံတစ်ခုကို ထိုင်တော့မယ်ဆိုရင် ကိုယ့်တင်ပါးနဲ့ ဆံ့မဆံ့ ချိန်ဆနေရပါတယ်။

၂။ သူများနဲ့တန်းတူ မလုပ်နိုင်ဘူး။ သူများတွေက လှေကားအတက်အဆင်း၊ အထိုင်အထတွေ သွက်နေချိန် ကိုယ်ကတော့ မောဟိုက်နေရတယ်လေ။ သူတို့လုပ်သလောက် လိုက်လုပ်ဖု့ိဆို ပိုပြီးအားစိုက်ရပါတယ်။

၃။ အထူးသဖြင့် သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေက ပြောဆိုတာကို ခံနေရတာပါပဲ။ ကိုယ်စားသမျှလိုက်ပြောနေတာ၊ ကိုယ့်အလေးချိန်ကို လိုက်မေးတာမျိုးက တော်တော်ကိုစိတ်ညစ်ရပါတယ်။ ကိုယ့်ကိုလည်း အခြားသွင်ပြင်လက္ခဏာတွေထက် ဝတဲ့အပေါ်ပဲ ခွဲခြားပြောဆိုတာ ခံရပါတယ်။

၄။ အဝတ်အစားဖိုး ပိုကုန်ပါတယ်။ XXL လောက်မှ တော်တဲ့သူဆိုတော့ Over Size ရောင်းတဲ့ဆိုင်တွေကို တကူးတကသွားဝယ်ရပါတယ်။ မိုးမိလို့များ သူများက အကျႌငှားမယ်ဆိုရင်တောင် ကိုယ်နဲ့ဝတ်မရလို့ အအေးမိသွားရတဲ့အဖြစ်ပါ။

၅။ မတွေ့တာကြာတဲ့ အသိတစ်ယောက်နဲ့ ပြန်ဆုံတိုင်းမှာ ပထမဆုံးကြားရတဲ့စကားကတော့ ကိုယ့်ရဲ့ကိုယ်အလေးချိန်နဲ့ ပတ်သက်တဲ့စကားပါပဲ။ " ပိုဝလာတယ်နော်" "အရင်လို ဝနေတုန်းပဲ" ဆိုတဲ့ စကားတွေပေါ့။

၆။ ကိုယ့်ဘာသာကိုယ် စားနိုင်လို့ ဝနေလည်း လူတွေက ဝတာကိုပဲ ရယ်စရာလို သတ်မှတ်နေကြတယ်လေ။

၇။ ပေါင်ပွန်းတဲ့ဒဏ်ကိုုလည်း ခံရပါသေးတယ်။ ပေါင်တံတွေက ကြီးမားတော့ လမ်းလျှောက်တိုင်း၊ ပြေးတိုင်း အချင်းချင်းပွတ်တိုက်မိပြီး ပွန်းရတဲ့ဒုက္ခကလည်း မသေးပါဘူး။

၈။ နေမကောင်းဖြစ်ပြီဆိုလည်း ဝတာကိုပဲ အပြစ်ပုံချကြပြန်ပါတယ်။ ဥပမာ သွေးတိုးလို့ဆိုရင်လည်း အရမ်းဝနေလို့ဖြစ်ရတာပါဆိုပြီး အပြောခံရပြန်ရော။

၉။ လူကိုတွေ့တိုင်း ဝိတ်လျှော့ခိုင်းနေကြတယ်လေ။ လျှော့ချင်တိုင်းလျှော့လို့ရမှတော့ ပေါင် ၁၀၀ တောင် ကျော်မှာမဟုတ်တော့ဘူး။ ကိုယ့်မှာ ပိန်ဖို့ခက်နေလို့ပါဆိုမှ ဒါပဲပြောနေကြတာ သိပ်စိတ်ညစ်ရပါတယ်။ လူတွေပြောတာက ဝိတ်လျှော့ဖို့အရမ်းလွယ်ပြီး ကိုယ်က မကြိုးစားဘူးလို့ပဲ ပြောနေကြတာ ပြောသလောက်မလွယ်မှန်းသူတို့က ကိုယ်ချင်းမစာတတ်ကြဘူး။

၁၀။ စိတ်ပုတ်တဲ့သူငယ်ချင်းတွေဆို ကိုယ့်ကို အဖက်တောင် မလုပ်ကြဘူး။ ကိုယ်က သူတို့နဲ့ယှဉ်ရင် အရမ်းဝနေတော့ တွဲသွားတွဲလာ မလုပ်ချင်ကြဘူးလေ။ လျှောက်လည်ရင် ကိုယ်က သူတို့နဲ့တန်းတူ မကဲနိုင်လို့တဲ့။

Source : Huffpost

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top