ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မူဆယ္ၿမိဳ႕ အေပါင္ ဆုိင္ေရွ႕တြင္ အေပါ့သြားရာမွ စကားမ်ားကာ ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ လူတစ္ဦးေသဆံုးမႈ ဒီဇင္ဘာ ၂၁ ရက္က ျဖစ္ပြားခဲ့သည္။
မူဆယ္ၿမိဳ႕ ေကာင္းေနာင္ ရပ္ကြက္ရွိ လံုထန္ျပည္သူ႔စစ္အ ဖြဲ႕ပိုင္ ၿမိဳ႕မအေပါင္ဆုိင္ေရွ႕တြင္ အမ်ိဳးသားသံုးဦး အေပါ့သြားရာ အေပါင္ဆုိင္ဝန္ထမ္းက တားဆီး ရာမွ စကားမ်ားခဲ့ေၾကာင္း ျပည္ ထဲေရးဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ထားသည္။

အမ်ိဳးသားသံုးဦးက စကားမ်ားၿပီးေနာက္ ည ၈ နာရီခြဲခန္႔ တြင္ ျပန္သြားကာ ည ၁၀ နာရီခြဲခန္႔တြင္ ေနာက္တစ္ႀကိမ္ ျပန္လာၿပီး ေသနတ္ျဖင့္ ပစ္ခတ္ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္၌ ပါရွိသည္။

မူဆယ္ၿမိဳ႕မရဲစခန္းမွ ရဲအ ရာရွိတစ္ဦးက ‘‘စကားမ်ားၿပီး ေသနတ္နဲ႔ပစ္လို႔ တစ္ေယာက္ ေသဆံုးတယ္။ တစ္ေယာက္ဒဏ္ ရာရတယ္။ လူတစ္ေယာက္ကို ဖမ္းထားႏိုင္တယ္။ လြတ္ေနသူ ေတြကို ဖမ္းႏိုင္ေရး ေဆာင္ရြက္ ေနပါတယ္’’ဟု ေျပာသည္။

ပစ္ခတ္ေသာ ေသနတ္ႏွင့္ က်ည္အေရအတြက္ကို တာဝန္ရွိ သူမ်ားက စစ္ေဆးေနေသာ္လည္း ပစ္ခတ္ခံရသူႏွစ္ဦးသည္ ေသနတ္က်ည္ဒဏ္ရာငါးခ်က္ရရွိခဲ့သည္။

ရန္ရင္ခ်ိန္းဆိုသူ အေပါင္ဆိုင္ဝန္ထမ္းသည္ ေသနတ္ဒဏ္ရာေလးခ်က္ရရွိၿပီး မူဆယ္ေဆး႐ံု၌ ကုသေနစဥ္ ေသဆံုးခဲ့သည္။

ဒဏ္ရာရသူကို ကုသေနၿပီး အသက္အႏၲရာယ္ မစိုးရိမ္ရေၾကာင္း ရဲတပ္ဖြဲ႕က ေျပာသည္။

ေသနတ္ျဖင့္ ပစ္ခတ္မႈတြင္ ပါဝင္သူ သံုးဦးအနက္ တစ္ဦး ဖမ္းမိကာ က်န္ႏွစ္ဦးကို ရဲတပ္ ဖြဲ႕က လိုက္လံရွာေဖြေနသည္။ အဆိုပါအမႈကို မူဆယ္ၿမိဳ႕မရဲစ ခန္းတြင္ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၀၇/၁၁၄ (လူသတ္မႈ၊ လူသတ္ ရန္အားထုတ္မႈ၊ အားေပးကူညီမႈ) ျဖင့္ အမႈဖြင့္စစ္ေဆးေနသည္။

ၿမိဳ႕လယ္ေကာင္တြင္ ေသ နတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈ ေၾကာင့္ ေဒသတြင္း တရားဥပေဒ စိုးမိုးမႈ အားနည္းသည့္အေပၚ မူဆယ္ၿမိဳ႕ခံမ်ားက စိုးရိမ္ေနသည္။

ဒီဇင္ဘာ ၁၉ ရက္က ဆိုင္ကယ္ ကယ္ရီေမာင္းသူ အမ်ိဳးသားတစ္ဦး အသတ္ခံခဲ့ရသည့္အမႈ မူဆယ္ၿမိဳ႕၌ ျဖစ္ခဲ့ၿပီး တရားခံကို ဒီဇင္ဘာ ၂၂ ရက္အထိ ဖမ္းဆီးႏိုင္ျခင္းမရွိေသးေပ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

# Unicode Version ျဖင့္ ဖတ္ပါ #
မူဆယ်မြို့ အပေါင် ဆိုင်ရှေ့တွင် အပေါ့သွားရာမှ စကားများကာ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးမှု ဒီဇင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့သည်။
မူဆယ်မြို့ ကောင်းနောင် ရပ်ကွက်ရှိ လုံထန်ပြည်သူ့စစ်အ ဖွဲ့ပိုင် မြို့မအပေါင်ဆိုင်ရှေ့တွင် အမျိုးသားသုံးဦး အပေါ့သွားရာ အပေါင်ဆိုင်ဝန်ထမ်းက တားဆီး ရာမှ စကားများခဲ့ကြောင်း ပြည် ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

အမျိုးသားသုံးဦးက စကားများပြီးနောက် ည ၈ နာရီခွဲခန့် တွင် ပြန်သွားကာ ည ၁၀ နာရီခွဲခန့်တွင် နောက်တစ်ကြိမ် ပြန်လာပြီး သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

မူဆယ်မြို့မရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ‘‘စကားများပြီး သေနတ်နဲ့ပစ်လို့ တစ်ယောက် သေဆုံးတယ်။ တစ်ယောက်ဒဏ် ရာရတယ်။ လူတစ်ယောက်ကို ဖမ်းထားနိုင်တယ်။ လွတ်နေသူ တွေကို ဖမ်းနိုင်ရေး ဆောင်ရွက် နေပါတယ်’’ဟု ပြောသည်။

ပစ်ခတ်သော သေနတ်နှင့် ကျည်အရေအတွက်ကို တာဝန်ရှိ သူများက စစ်ဆေးနေသော်လည်း ပစ်ခတ်ခံရသူနှစ်ဦးသည် သေနတ်ကျည်ဒဏ်ရာငါးချက်ရရှိခဲ့သည်။

ရန်ရင်ချိန်းဆိုသူ အပေါင်ဆိုင်ဝန်ထမ်းသည် သေနတ်ဒဏ်ရာလေးချက်ရရှိပြီး မူဆယ်ဆေးရုံ၌ ကုသနေစဉ် သေဆုံးခဲ့သည်။

ဒဏ်ရာရသူကို ကုသနေပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်မှုတွင် ပါဝင်သူ သုံးဦးအနက် တစ်ဦး ဖမ်းမိကာ ကျန်နှစ်ဦးကို ရဲတပ် ဖွဲ့က လိုက်လံရှာဖွေနေသည်။ အဆိုပါအမှုကို မူဆယ်မြို့မရဲစ ခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၀၇/၁၁၄ (လူသတ်မှု၊ လူသတ် ရန်အားထုတ်မှု၊ အားပေးကူညီမှု) ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

မြို့လယ်ကောင်တွင် သေ နတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ကြောင့် ဒေသတွင်း တရားဥပဒေ စိုးမိုးမှု အားနည်းသည့်အပေါ် မူဆယ်မြို့ခံများက စိုးရိမ်နေသည်။

ဒီဇင်ဘာ ၁၉ ရက်က ဆိုင်ကယ် ကယ်ရီမောင်းသူ အမျိုးသားတစ်ဦး အသတ်ခံခဲ့ရသည့်အမှု မူဆယ်မြို့၌ ဖြစ်ခဲ့ပြီး တရားခံကို ဒီဇင်ဘာ ၂၂ ရက်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးပေ

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top