iMyanmarHouse.com - Best Property Website for Myanmar
×

အင္းေတာ္ႀကီးသည္ ျမန္မာျပည္တြင္ အႀကီးဆုံးအင္းျဖစ္သည္။

(၁) အလ်ား ၈-တုိင္၊ အနံ ၄-တုိင္၊ က်ယ္၀န္းေသာေၾကာင့္တပါး

(၂) အေနာဒတၳအုိင္ကဲ့သုိ႔ အလြန္ ေရသန္႔ရွင္းေသာေၾကာင့္ တပါး

(၃) အလြန္က်ယ္၀န္းေသာ အင္းျဖစ္ေသာ္လည္း အင္းထဲတြင္ ဆုိး၀ါးေသာ မိေက်ာင္းစေသာ ငါးႀကီးတုိ႔ကုိ မဆုိး၀ါးရေအာင္ အင္းေတာ္ႀကီး အရွင္ ထိန္းသိမ္းျခင္းေၾကာင့္ အံ့ဘြယ္တပါး

(၄)အင္းႀကီးထဲတြင္ မေတာ္တဆ လူတုိ႔က်ေသဆုံးရေသာ
လည္း အနာအဆာမရွိ ငါးႀကီးမ်ားလည္း အစားဘဲ ကမ္းစပ္ေရာက္ေအာင္ လွိဳင္းပုတ္ခတ္တင္ေပးျခင္း

(၅) အင္းနားတြင္ ေရႊက်င္ေသာ္ ေရႊမ်ားရရွိျခင္း

(၆)အမွိဳက္သရုိက္မ်ားကုိ အင္းထဲတြင္ မရွိရေအာင္ ေန႔စဥ္ညတုိင္း ကမ္းသုိ႔အေရာက္ လႈိုင္းပုတ္ခတ္တင္ေပးျခင္း

(ရ)တစ္ႏွစ္ သုံးႀကိမ္က် သားမက္ေတာ္ နန္႔တိန္းအရွင္ႀကီးက ေယာကၡမေတာ္ အရွင္ႀကီးထံသုိ႔ ေရေျပာင္းျပန္ ဆန္တက္ကန္ေတာ့ျခင္း

(၈) စစ္တုိက္ရာပါေခ်ာင္းမ်ားကုိ အင္းႀကီးထဲသုိ႔ သန္႔ရွင္းစြာ ၀င္ခြင့္ ျပဳျခင္း

(၉) ႏွစ္စဥ္ႏွစ္တုိင္း တန္ေဆာင္မုန္း လကစ၍ ျပာသုိလ အထိအင္းထဲရွိငါးမ်ားကုိ အင္းေတာ္ႀကီး ေတာင္ပုိင္း အျခားအကြာ (၁၀)မုိင္ဘုရားႀကီးအထိ လြဲအိမ္ေတာင္ အရွင္ႀကီးက အင္းထဲရွိ ငါးမ်ားကုိေဆး
ခတ္သျဖင့္ ငါးမ်ားစြာေသျခင္း ဤသုိ႔ျဖင့္ အံ့ဘြယ္ ကုိးပါးတည္း

ဥတၱရေစာျဖဴမင္း၏ေပ်ာက္ဆုံးေနေသာ္ ေရႊၿမိဳ႕ေတာ္၏ တည္ေနရာသည္ ျပည္ေထာင္စု ျမန္မာႏုိင္ငံေတာ္ (ကမၻာ့)ေျမပုံအရ အေရွ႕ေလာင္ဂ်ီတြဒ္ (၉၆ံ ၂၃`ႏွင့္ ၉၇ံ)ၾကားတြင္လည္းေကာင္း၊ ေျမာက္လတၱီတြဒ္ (၂၅ံ ႏွင့္ ၂၆ံ)ၾကားတြင္လည္းေကာင္း၊ ျမန္မာႏုိင္ငံ(အထက္) ေျမာက္ပုိင္း(ကခ်င္ ျပည္နယ္ မုိးညွင္းၿမိဳ႕နယ္)တြင္ တည္ရွိ ေနသည္။

အင္းေတာ္ႀကီးအုိင္သည္ ေယဘုယ်ေခၚေ၀ၚအဆုိျပဳ ၾကသည့္အက်ယ္အ၀န္းပမာဏမွာ အလ်ား-၁၆မုိ္င္၊ အနံ-၈မုိင္ရွိသည္ဟုဆုိသည္ သုိ႔ရာတြင္ျမန္မာ့ စြယ္စုံက်မ္း၌ အႀကီးဆုံးေသာအင္းသည္ အလ်ား-၁၄မုိင္၊ အနံ-ရမုိင္ရွိေသာ အင္းသည္ မုိးေကာင္း ေခ်ာင္းဖ်ားခံရာ၌ရွိေပသည္ဟုဆုိေလသည္။

မ်က္ေမွာက္ ကာလ အေတြးေခၚ ေျမာ္ျမင္ေရး(သမုိင္းေဗဒ ကုိဆန္႔က်င္၍) ယုတၱိေဗဒညာရွင္တခ်ဳိ႕ကဆိုေလသည္။ သမုိင္း ဆုိသည္ အျငင္းပြားမူလမ္းေၾကာင္းကုိ ျဖတ္သန္းလာ စၿမဲျဖစ္သည္။ ေျမဆီလြာျပတ္ေရႊ႕ျခင္းေၾကာင့္ ေသာ္ လည္းေကာင္း၊ သဘာ၀ ေတာေတာင္ေရေျမ တုိ႔၏ ျဖစ္ပ်က္ေျပာင္းလည္းျခင္း ျဖင့္ေသာ္လည္းေကာင္း မည္တို႔ ပင္ျဖစ္ေစကာမူ ထူးဆန္းအံ့ၾသဖြယ္ရာမ်ား ျဖင့္ျပည့္စုံေနေသာ အင္းႀကီး ထုိအင္းႀကီး၏ အလယ္တြင္ ေရႊမဥၥဴ ေစတီေတာ္ (ေရလယ္ဘုရား) တည္ထား ကုိးကြယ္ၾကသည္။

ဤ ေရႊမဥၥဴ ေစတီေတာ္ (ေရလယ္ဘုရား) သည္ ဥတၱရ ေစာျဖဴမင္း၏ ေပ်ာက္ဆုံး ေနေသာ ေရႊၿမိဳ႕ေတာ္၏ တည္ေနရာ ျဖစ္သလုိ သွ်မ္းနီ လူမ်ဳိး “တုိင္းခမ္းတီး၊ တုိင္းလွ်ဲန္၊ တုိင္းကတူး၊ တုိင္းကနန္း တုိ႔၏ သမုိင္း၀င္ ထင္ေပၚ ေက်ာ္ေစာ တန္းခုိးႀကီး ေသာ ေစတီေတာ္ ဘုရားတဆူ ျဖစ္ေၾကာင္းတင္ျပလုိက္ရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမန္မာအလင္း
#Unicode Version#
အင်းတော်ကြီးသည် မြန်မာပြည်တွင် အကြီးဆုံးအင်းဖြစ်သည်။

(၁) အလျား ၈-တိုင်၊ အနံ ၄-တိုင်၊ ကျယ်ဝန်းသောကြောင့်တပါး

(၂) အနောဒတ္ထအိုင်ကဲ့သို့ အလွန် ရေသန့်ရှင်းသောကြောင့် တပါး

(၃) အလွန်ကျယ်ဝန်းသော အင်းဖြစ်သော်လည်း အင်းထဲတွင် ဆိုးဝါးသော မိကျောင်းစသော ငါးကြီးတို့ကို မဆိုးဝါးရအောင် အင်းတော်ကြီး အရှင် ထိန်းသိမ်းခြင်းကြောင့် အံ့ဘွယ်တပါး

(၄)အင်းကြီးထဲတွင် မတော်တဆ လူတို့ကျသေဆုံးရသော
လည်း အနာအဆာမရှိ ငါးကြီးများလည်း အစားဘဲ ကမ်းစပ်ရောက်အောင် လှိုင်းပုတ်ခတ်တင်ပေးခြင်း

(၅) အင်းနားတွင် ရွှေကျင်သော် ရွှေများရရှိခြင်း

(၆)အမှိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက် လှိုင်းပုတ်ခတ်တင်ပေးခြင်း

(ရ)တစ်နှစ် သုံးကြိမ်ကျ သားမက်တော် နန့်တိန်းအရှင်ကြီးက ယောက္ခမတော် အရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ကန်တော့ခြင်း

(၈) စစ်တိုက်ရာပါချောင်းများကို အင်းကြီးထဲသို့ သန့်ရှင်းစွာ ဝင်ခွင့် ပြုခြင်း

(၉) နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်း လကစ၍ ပြာသိုလ အထိအင်းထဲရှိငါးများကို အင်းတော်ကြီး တောင်ပိုင်း အခြားအကွာ (၁၀)မိုင်ဘုရားကြီးအထိ လွဲအိမ်တောင် အရှင်ကြီးက အင်းထဲရှိ ငါးများကိုဆေး
ခတ်သဖြင့် ငါးများစွာသေခြင်း ဤသို့ဖြင့် အံ့ဘွယ် ကိုးပါးတည်း

ဥတ္တရစောဖြူမင်း၏ပျောက်ဆုံးနေသော် ရွှေမြို့တော်၏ တည်နေရာသည် ပြည်ထောင်စု မြန်မာနိုင်ငံတော် (ကမ္ဘာ့)မြေပုံအရ အရှေ့လောင်ဂျီတွဒ် (၉၆ံ ၂၃`နှင့် ၉ရံ)ကြားတွင်လည်းကောင်း၊ မြောက်လတ္တီတွဒ် (၂၅ံ နှင့် ၂၆ံ)ကြားတွင်လည်းကောင်း၊ မြန်မာနိုင်ငံ(အထက်) မြောက်ပိုင်း(ကချင် ပြည်နယ် မိုးညှင်းမြို့နယ်)တွင် တည်ရှိ နေသည်။

အင်းတော်ကြီးအိုင်သည် ယေဘုယျခေါ်ဝေါ်အဆိုပြု ကြသည့်အကျယ်အဝန်းပမာဏမှာ အလျား-၁၆မိုင်၊ အနံ-၈မိုင်ရှိသည်ဟုဆိုသည် သို့ရာတွင်မြန်မာ့ စွယ်စုံကျမ်း၌ အကြီးဆုံးသောအင်းသည် အလျား-၁၄မိုင်၊ အနံ-ရမိုင်ရှိသော အင်းသည် မိုးကောင်း ချောင်းဖျားခံရာ၌ရှိပေသည်ဟုဆိုလေသည်။

မျက်မှောက် ကာလ အတွေးခေါ် မြော်မြင်ရေး(သမိုင်းဗေဒ ကိုဆန့်ကျင်၍) ယုတ္တိဗေဒညာရှင်တချို့ကဆိုလေသည်။ သမိုင်း ဆိုသည် အငြင်းပွားမူလမ်းကြောင်းကို ဖြတ်သန်းလာ စမြဲဖြစ်သည်။ မြေဆီလွာပြတ်ရွှေ့ခြင်းကြောင့် သော် လည်းကောင်း၊ သဘာ၀ တောတောင်ရေမြေ တို့၏ ဖြစ်ပျက်ပြောင်းလည်းခြင်း ဖြင့်သော်လည်းကောင်း မည်တို့ ပင်ဖြစ်စေကာမူ ထူးဆန်းအံ့သြဖွယ်ရာများ ဖြင့်ပြည့်စုံနေသော အင်းကြီး ထိုအင်းကြီး၏ အလယ်တွင် ရွှေမဉ္စူ စေတီတော် (ရေလယ်ဘုရား) တည်ထား ကိုးကွယ်ကြသည်။

ဤ ရွှေမဉ္စူ စေတီတော် (ရေလယ်ဘုရား) သည် ဥတ္တရ စောဖြူမင်း၏ ပျောက်ဆုံး နေသော ရွှေမြို့တော်၏ တည်နေရာ ဖြစ်သလို သျှမ်းနီ လူမျိုး “တိုင်းခမ်းတီး၊ တိုင်းလျှဲန်၊ တိုင်းကတူး၊ တိုင်းကနန်း တို့၏ သမိုင်းဝင် ထင်ပေါ် ကျော်စော တန်းခိုးကြီး သော စေတီတော် ဘုရားတဆူ ဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာအလင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top