(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ရန္ကုန္တုိင္းေဒသၾကီး လွည္းကူးျမဳိ ့နယ္ ေဖာင္ႀကီးအေရွ႕ေက်းရြာအုပ္စု ထန္းပင္ကြက္သစ္ရပ္ကြက္ ျမိဳ႕ရိုးဘုန္းေတာ္ႀကီးေက်ာင္းအနီးရွိ Transformer ျပဳျပင္ရာမွ ႏုိ၀င္ဘာလ ၂၉ ရက္ေန ့ညေန  ၄ နာရီ ၄၅ မိနစ္ခန္ ့က လ်ွပ္စစ္ဝန္ထမ္းတစ္ဦး ဓါတ္လိုက္ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။

 ေဖာင္ႀကီးနယ္ေျမရဲစခန္းမွ တာ၀န္ရိွသူမ်ား သြားေရာက္ စစ္ေဆးရာ ေသဆံုးသူမွာ ကိုစိုင္းေအာင္နိုင္မိုး(၂၃)ႏွစ္ လ်ွပ္စစ္ဝန္ထမ္း စံျပေက်းရြာ မင္းကုန္းေက်းရြာအုပ္စု လွည္းကူးျမိဳ႕နယ္ေနသူျဖစ္ျပီး ၎ႏွင့္ မ်ိဳးကို(၂၂)ႏွစ္ လ်ွပ္စစ္ဝန္ထမ္း စံျပေက်းရြာ မင္းကုန္းေက်းရြာအုပ္စုေနသူတို႕မွာ ေဖာင္ႀကီးအေရွ႕ေက်းရြာအုပ္စု ထန္းပင္ကြက္သစ္ရပ္ကြက္ ျမိဳ႕ရိုးဘုန္းေတာ္ႀကီးေက်ာင္းအနီးရွိ Transformer ျပဳျပင္ရာမွ ဓာတ္လိုက္ေသဆံုးရျခင္း ျဖစ္ေၾကာင္း သိရပါတယ္။

 ေဖာင္ႀကီးတိုက္နယ္ေဆးရုံသို႕ ရဲမႈခင္းေဆးစာေပးပို႕ခဲ႕ရာ ေဒါက္တာနီနီထြန္းမွ PR ၁၃/ ၁၇ ျဖင့္ လက္ခံထားရွိျပီး စိုင္းေအာင္နိုင္မိုး ေသဆံုးမႈအား ဓမၼတာအတိုင္း ေသဆံုးမႈဟုတ္ မဟုတ္ စစ္ေဆးႏုိင္ေရး ေသမွဳေသခင္းဖြင့္လွစ္ေပးပါရန္ ရဲအုပ္ေနစိုးမွ တရားလိုျပဳလုပ္ တိုင္တန္းမွႈျပဳခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု ထန်းပင်ကွက်သစ်ရပ်ကွက် မြို့ရိုးဘုန်းတော်ကြီးကျောင်းအနီးရှိ Transformer ပြုပြင်ရာမှ နိုဝင်ဘာလ ၂၉ ရက်နေ့ညနေ  ၄ နာရီ ၄၅ မိနစ်ခန့်က လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓါတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 ဖောင်ကြီးနယ်မြေရဲစခန်းမှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ကိုစိုင်းအောင်နိုင်မိုး(၂၃)နှစ် လျှပ်စစ်ဝန်ထမ်း စံပြကျေးရွာ မင်းကုန်းကျေးရွာအုပ်စု လှည်းကူးမြို့နယ်နေသူဖြစ်ပြီး ၎င်းနှင့် မျိုးကို(၂၂)နှစ် လျှပ်စစ်ဝန်ထမ်း စံပြကျေးရွာ မင်းကုန်းကျေးရွာအုပ်စုနေသူတို့မှာ ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု ထန်းပင်ကွက်သစ်ရပ်ကွက် မြို့ရိုးဘုန်းတော်ကြီးကျောင်းအနီးရှိ Transformer ပြုပြင်ရာမှ ဓာတ်လိုက်သေဆုံးရခြင်း ဖြစ်ကြောင်း သိရပါတယ်။

 ဖောင်ကြီးတိုက်နယ်ဆေးရုံသို့ ရဲမှုခင်းဆေးစာပေးပို့ခဲ့ရာ ဒေါက်တာနီနီထွန်းမှ PR ၁၃/ ၁၇ ဖြင့် လက်ခံထားရှိပြီး စိုင်းအောင်နိုင်မိုး သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးမှုဟုတ် မဟုတ် စစ်ဆေးနိုင်ရေး သေမှုသေခင်းဖွင့်လှစ်ပေးပါရန် ရဲအုပ်နေစိုးမှ တရားလိုပြုလုပ် တိုင်တန်းမှှုပြုခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top