မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×

ဒါရိုက်တာဝိုင်းဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျပေါ်မှာ အလင်းရောင်အကြောင်းကို ရေးလိုက်တာပါ။ အလင်းရောင်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေး လိုက်တဲ့ စာသားကိုတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးလိုက်တာ ဖြစ်ပါတယ်။



လူသစ်တန်းထဲမှာ








Photo : အလင်းရောင် FB
Credit: Duwun

#Unicode  Version#
ဒါရိုက်တာဝိုင်းဟာ သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ပေါ်မှာ အလင်းရောင်အကြောင်းကို ရေးလိုက်တာပါ။ အလင်းရောင်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေး လိုက်တဲ့ စာသားကိုတော့ လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးလိုက်တာ ဖြစ်ပါတယ်။

အလင်းရောင်နဲ့ ပတ်သက်ပြီး ဝိုင်းက ယခုလို ပြောလိုက်တာပါ။

"အလင်းရောင်နဲ့ပါတ်သက်ပီးပြောရရင်...

လူသစ်တန်းထဲမှာ

ထူးချွန်လာမယ့် သရုပ်ဆောင်တစ်ယောက်ပါ..." ဆိုပြီးတော့ ပြောလိုက်တာပါ။ သူ့ရဲ့ မှတ်ချက်နဲ့ ပတ်သက်ပြီး ပရိသတ်များကလည်း လက်ခံကြတာ တွေ့ရပါတယ်။

ဒါရိုက်တာ ဝိုင်းနဲ့ အလင်းရောင်တို့ဟာ 3Girls ရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံး ဆုံတွေ့ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 3Girlsကားပြီး နောက်မှာ အလင်းရောင်နဲ့ ဝိုင်းတို့ဟာ ရွှေကြာဇာတ်မှာလည်း ထပ်မံဆုံတွေ့ခဲ့ပါသေးတယ်။

ဒါရိုက်တာ ဝိုင်းဟာ ပရိသတ်များ သိကြတဲ့အတိုင်း ဖွေးဖွေးကိုလည်း သရုပ်ဆောင် ကောင်း တစ်ယောက်ဖြစ်အောင် မြေတောင်မြှောက်ပေးနိုင် ခဲ့သလို သူနဲ့ လက်တွဲပြီး ရိုက်ခဲ့တဲ့ ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုကို ပိုင်ဆိုင်သွားတဲ့ အနုပညာကြီးအနုပညာရှင်တွေလည်း ရှိပါတယ်။

အခုတော့ ဝိုင်းက အလင်းရောင်ကို မှတ်ချက်ကောင်း ပေးလိုက်ပြီ ဖြစ်သလို သူတို့အတူ ရိုက်ထားတဲ့ 3 Girls ကားကလည်း မကြာခင် ရုံတင်တော့မှာ ဖြစ်ပါတယ်။

ဒါရိုက်တာ ဝိုင်းရိုက်ထားတဲ့ 3 Girls ကားနဲ့ ပွဲထွက်လာမယ့် အလင်းရောင်ရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်မလဲဆိုတာပရိသတ်တွေ သိချင်နေကြ မှာပါ။ သူတို့ ပထမဆုံး ဆုံတွေခဲ့တဲ့ 3Girls ဇာတ်ကားကြီးဟာလည်း ဒီဇင်ဘာလထဲမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

အဲ့ဒီ ဇာတ်ကားမှာ အလင်းရောင်က ကြည်ညိုအဖြစ် သရုပ်ဆောင်ထားပြီး ဖွေးဖွေး၊အိချောပိုတို့လည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား ကြီးဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားအတွက်လည်း အလင်း်ရောင်ကိုယ်တိုင်က ရင်ခုန်လျက်ရှိပါတယ်။

Photo : အလင်းရောင် FB

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top