ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေယာက်ၤားဆန္တာနဲ႔ ေယာက်ၤားစိတ္ေပါက္တာနဲ႔မတူပါဘူးေနာ္။ ေယာက်ၤားဆန္တဲ့မိန္းကေလးေတြ အမ်ားႀကီးရွိပါတယ္။ အဲဒီလိုေယာက်ၤားဆန္တဲ့မိန္ကေလးေတြဟာ တမူထူးျခားၿပီး ဆြဲေဆာင္မႈရွိၾကပါတယ္။ အဲဒီလိုေယာက်ၤားဆန္တဲ့မိန္းကေလးေတြကို သေဘာက်တဲ့သေူတြ ခင္မင္တဲ့သူေတြရွိပါတယ္။ ဘာလို႔လဲဆိုတာၾကည့္လိုက္ရေအာင္ပါ။

၁။ ပြင့္လင္းတယ္

ေယာက်ၤားဆန္တဲ့မိန္းကေလးေတြဟာ ပြင့္ပြင့္လင္းလင္းန႔ဲ စကားေျပာတတ္တယ္။ ဟန္ေဆာင္မႈကင္းတဲ့သူေတြျဖစ္လို႔ သေဘာက်ႏွစ္ၿခိဳက္ၾကပါတယ္။

၂။ အတင္းမေျပာတတ္ဘူး

သူတို႔ေတြဟာ သူမ်ားအတင္းမေျပာတတ္ပါဘူး။ ေတာ္ရံုတန္ရံု တျခားသူေတြရဲ႕ အတင္းကို ေျပာေလ့မရွိတဲ့သေတြပါ။ သူမ်ားကေျပာရင္ေတာ့ နားေထာင္ေပးတတ္ပါတယ္။

၃။ ဦးေဆာင္တတ္ၾကတယ္

သူတို႔ေတြဟာ ဦးေဆာင္တတ္တဲ့စိတ္ရွိၾကပါတယ္။ တစ္ခုခုဆုိရင္ သူတို႔က စၿပီးဦးေဆာင္လုပ္တတ္တ့ဲသူေတြပါ။ ဒါ့ေၾကာင့္လည္း ေသဘာက်တဲ့သူမ်ားပါတယ္။ သူတို႔ေတြဟာ တျခားသူကို မွီခိုရတာထက္ ကိုယ့္ကိုကိုယ္အားကိုး ရွင္သန္ခ်င္ၾကတဲ့သူေတြပါ။

၄။ သစၥာရိွိတယ္

သူတို႔အရမ္းရင္းႏွီးတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြအေပၚ သစၥာရွိၾကပါတယ္။ သူတို႔နဲ႔ပတ္သက္တဲ့ ကိစၥေတြကိုလည္းလွ်ိဳ႕၀ွက္ေပးတတ္ၾကတယ္။

၅။ သင့္ကိုရယ္ေမာေစႏိုင္တယ္

ပြင့္လင္းၿပီး ေယာက်ၤားဆန္တဲ့မိန္းကေလးေတြဟာ ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူေတြျဖစ္ၿပီး သူ႔ေၾကာင့္ ေဘးက လူေတြကို ရယ္ေမာေအာင္လုပ္ႏိုင္တဲ့သူေတြျဖစ္ပါတယ္။ဒါ့ေၾကာင့္လည္း လူေတြက ပိုၿပီးခင္မင္ၾကပါတယ္။

၆။ ေဒါင္က်က် ျပားက်က်ပဲ

သူတို႔ဟာ ေခ်းမမ်ားတတ္ပါဘူး။ လူေတြနဲ႔ သဟဇတျဖစ္ေအာင္ေနတတ္တယ္။ ေရာက္တဲ့ေနရာမွာ အသားက်ေအာင္ေနတတ္ပါတယ္။ ညွိရတာလည္းလြယ္ၿပီး ဇီဇာမေၾကာင္တတ္တဲ့သူေတြမို႔ လူေတြကပိုၿပီးသေဘာက်ၾကပါတယ္။

ေယာက်ၤားဆန္တဲ့သူငယ္ခ်င္းတစ္ေယာက္ေတာ့ စာဖတ္သူတို႔သူငယ္ခ်င္းေတြထဲမွာရွိမယ္ထင္တယ္ေနာ္။ ကိုယ္တိုင္ကေရာ ေယာက်ၤားဆန္တဲ့မိန္းကေလးတစ္ေယာက္လား။ သေဘာထားခ်င္းတိုက္ဆုိင္ရင္ ေျပာခဲ့ပါဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ယောင်္ကျားဆန်တာနဲ့ ယောင်္ကျားစိတ်ပေါက်တာနဲ့မတူပါဘူးနော်။ ယောင်္ကျားဆန်တဲ့မိန်းကလေးတွေ အများကြီးရှိပါတယ်။ အဲဒီလိုယောင်္ကျားဆန်တဲ့မိန်ကလေးတွေဟာ တမူထူးခြားပြီး ဆွဲဆောင်မှုရှိကြပါတယ်။ အဲဒီလိုယောင်္ကျားဆန်တဲ့မိန်းကလေးတွေကို သဘောကျတဲ့သေူတွ ခင်မင်တဲ့သူတွေရှိပါတယ်။ ဘာလို့လဲဆိုတာကြည့်လိုက်ရအောင်ပါ။

၁။ ပွင့်လင်းတယ်

ယောင်္ကျားဆန်တဲ့မိန်းကလေးတွေဟာ ပွင့်ပွင့်လင်းလင်းနဲ့ စကားပြောတတ်တယ်။ ဟန်ဆောင်မှုကင်းတဲ့သူတွေဖြစ်လို့ သဘောကျနှစ်ခြိုက်ကြပါတယ်။

၂။ အတင်းမပြောတတ်ဘူး

သူတို့တွေဟာ သူများအတင်းမပြောတတ်ပါဘူး။ တော်ရုံတန်ရုံ တခြားသူတွေရဲ့ အတင်းကို ပြောလေ့မရှိတဲ့သတွေပါ။ သူများကပြောရင်တော့ နားထောင်ပေးတတ်ပါတယ်။

၃။ ဦးဆောင်တတ်ကြတယ်

သူတို့တွေဟာ ဦးဆောင်တတ်တဲ့စိတ်ရှိကြပါတယ်။ တစ်ခုခုဆိုရင် သူတို့က စပြီးဦးဆောင်လုပ်တတ်တဲ့သူတွေပါ။ ဒါ့ကြောင့်လည်း သေဘာကျတဲ့သူများပါတယ်။ သူတို့တွေဟာ တခြားသူကို မှီခိုရတာထက် ကိုယ့်ကိုကိုယ်အားကိုး ရှင်သန်ချင်ကြတဲ့သူတွေပါ။

၄။ သစ္စာရှိတယ်

သူတို့အရမ်းရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေအပေါ် သစ္စာရှိကြပါတယ်။ သူတို့နဲ့ပတ်သက်တဲ့ ကိစ္စတွေကိုလည်းလျှို့ဝှက်ပေးတတ်ကြတယ်။

၅။ သင့်ကိုရယ်မောစေနိုင်တယ်

ပွင့်လင်းပြီး ယောင်္ကျားဆန်တဲ့မိန်းကလေးတွေဟာ ပျော်ပျော်နေတတ်တဲ့သူတွေဖြစ်ပြီး သူ့ကြောင့် ဘေးက လူတွေကို ရယ်မောအောင်လုပ်နိုင်တဲ့သူတွေဖြစ်ပါတယ်။ဒါ့ကြောင့်လည်း လူတွေက ပိုပြီးခင်မင်ကြပါတယ်။

၆။ ဒေါင်ကျကျ ပြားကျကျပဲ

သူတို့ဟာ ချေးမများတတ်ပါဘူး။ လူတွေနဲ့ သဟဇတဖြစ်အောင်နေတတ်တယ်။ ရောက်တဲ့နေရာမှာ အသားကျအောင်နေတတ်ပါတယ်။ ညှိရတာလည်းလွယ်ပြီး ဇီဇာမကြောင်တတ်တဲ့သူတွေမို့ လူတွေကပိုပြီးသဘောကျကြပါတယ်။

ယောင်္ကျားဆန်တဲ့သူငယ်ချင်းတစ်ယောက်တော့ စာဖတ်သူတို့သူငယ်ချင်းတွေထဲမှာရှိမယ်ထင်တယ်နော်။ ကိုယ်တိုင်ကရော ယောင်္ကျားဆန်တဲ့မိန်းကလေးတစ်ယောက်လား။ သဘောထားချင်းတိုက်ဆိုင်ရင် ပြောခဲ့ပါဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top