လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

 ေတာင္အာဖရိက အေရွ႕ေျမာက္ပိုင္းတြင္ ေဆးခတ္ခံရၿပီး အဓမၼျပဳက်င့္ခံ ခဲ့ရသည့္ အသက္ ၂၅ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးသည္ ေဆး႐ုံတက္ကာ ကုသမႈ ခံယူေနရၿပီျဖစ္သည္။ အသက္ႀကီးႀကီး အမ်ိဳးသမီးႏွစ္ဦးက လမ္ပိုပိုျပည္နယ္တြင္ ၎ကို ကားႀကဳံတင္သျဖင့္ ၎က လမ္းႀကဳံလိုက္ခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ကား ေပၚေရာက္အၿပီး မၾကာမီတြင္ပင္ ထိုအမ်ိဳးသမီးတို႔က ေသနတ္ဆြဲထုတ္ လိုက္ ၿပီး ထိုအမ်ိဳးသားကိုေဆးတစ္မ်ိဳး အတင္းအဓမၼေသာက္ခိုင္းေတာ့သည္။ ၿပီးေနာက္ ၎ကို အလိုမတူ အဓမၼ ျပဳက်င့္ေတာ့ျခင္းျဖစ္သည္။ ယင္းေနာက္ ထိုအမ်ိဳးသမီးမ်ားက ၎ကိုအနီးရွိ တဇနီ အန္ၿမိဳ႕သို႔ ေခၚသြားၿပီး လမ္းေဘးတြင္ ပစ္ခ်ထားခဲ့ေတာ့သည္။

ထိုအခါ အမ်ိဳး သားက ရဲစခန္းကို သြားကာ တိုင္တန္း ေတာ့သည္ဟုဒုဗိုလ္မႉးႀကီး ငိုအီပီက ဆိုသည္။ ယင္းအမ်ိဳးသားကို ရဲမ်ားက ေဆး႐ုံတင္ေပးလိုက္သည္။ ဇင္ဘာေဘြတြင္ လည္း အမ်ိဳးသမီးသုံးဦးက အသက္ ၃၉ ႏွစ္အ႐ြယ္ ေက်ာင္းဆရာတစ္ဦးကို ေသနတ္ျဖင့္ ေထာက္ၿပီးအုပ္စုဖြဲ႕အဓမၼျပဳက်င့္ မႈ ဇူလိုင္လတြင္ ျဖစ္ပြားခဲ့ေသးသည္။ ေဖ ေဖာ္ဝါရီလကလည္း ဇင္ဘာေဘြတြင္ ေနာက္ထပ္ ဆရာတစ္ဦး ေဆးခတ္ခံရၿပီး အုပ္စုဖြဲ႕ အဓမၼျပဳက်င့္ခံရမႈ ျဖစ္ပြားခဲ့ေသးသည္။ အမ်ိဳးသား၏သုက္ပိုးသည္ ကံေကာင္းေစသည္ဆိုေသာ အယူအဆယင္း ေဒသတြင္ ရွိသျဖင့္ အမ်ိဳးသားမ်ား ထိုေဒ သ၌ ယင္းသို႔မဖြယ္မရာျပဳခံရေလ့ရွိျခင္း ျဖစ္သည္။ ၿပီးလွ်င္ အမ်ိဳးသမီးမ်ားက ထို သုက္ပိုးကို ေရာင္းစားေလ့ရွိသည္။ အခ်ိဳ႕ ကည္း ႐ိုးရာပြဲမ်ားတြင္ သုံးရန္ဟုဆိုကာ သုက္ပိုးမ်ားကို ထိုနည္းျဖင့္ယူေလ့ရွိသည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit: pyimyanmarnews

#Unicode Version#
 တောင်အာဖရိက အရှေ့မြောက်ပိုင်းတွင် ဆေးခတ်ခံရပြီး အဓမ္မပြုကျင့်ခံ ခဲ့ရသည့် အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးသည် ဆေးရုံတက်ကာ ကုသမှု ခံယူနေရပြီဖြစ်သည်။ အသက်ကြီးကြီး အမျိုးသမီးနှစ်ဦးက လမ်ပိုပိုပြည်နယ်တွင် ၎င်းကို ကားကြုံတင်သဖြင့် ၎င်းက လမ်းကြုံလိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကား ပေါ်ရောက်အပြီး မကြာမီတွင်ပင် ထိုအမျိုးသမီးတို့က သေနတ်ဆွဲထုတ် လိုက် ပြီး ထိုအမျိုးသားကိုဆေးတစ်မျိုး အတင်းအဓမ္မသောက်ခိုင်းတော့သည်။ ပြီးနောက် ၎င်းကို အလိုမတူ အဓမ္မ ပြုကျင့်တော့ခြင်းဖြစ်သည်။ ယင်းနောက် ထိုအမျိုးသမီးများက ၎င်းကိုအနီးရှိ တဇနီ အန်မြို့သို့ ခေါ်သွားပြီး လမ်းဘေးတွင် ပစ်ချထားခဲ့တော့သည်။

ထိုအခါ အမျိုး သားက ရဲစခန်းကို သွားကာ တိုင်တန်း တော့သည်ဟုဒုဗိုလ်မှူးကြီး ငိုအီပီက ဆိုသည်။ ယင်းအမျိုးသားကို ရဲများက ဆေးရုံတင်ပေးလိုက်သည်။ ဇင်ဘာဘွေတွင် လည်း အမျိုးသမီးသုံးဦးက အသက် ၃၉ နှစ်အရွယ် ကျောင်းဆရာတစ်ဦးကို သေနတ်ဖြင့် ထောက်ပြီးအုပ်စုဖွဲ့အဓမ္မပြုကျင့် မှု ဇူလိုင်လတွင် ဖြစ်ပွားခဲ့သေးသည်။ ဖေ ဖော်ဝါရီလကလည်း ဇင်ဘာဘွေတွင် နောက်ထပ် ဆရာတစ်ဦး ဆေးခတ်ခံရပြီး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့သေးသည်။ အမျိုးသား၏သုက်ပိုးသည် ကံကောင်းစေသည်ဆိုသော အယူအဆယင်း ဒေသတွင် ရှိသဖြင့် အမျိုးသားများ ထိုဒေ သ၌ ယင်းသို့မဖွယ်မရာပြုခံရလေ့ရှိခြင်း ဖြစ်သည်။ ပြီးလျှင် အမျိုးသမီးများက ထို သုက်ပိုးကို ရောင်းစားလေ့ရှိသည်။ အချို့ ကည်း ရိုးရာပွဲများတွင် သုံးရန်ဟုဆိုကာ သုက်ပိုးများကို ထိုနည်းဖြင့်ယူလေ့ရှိသည်။
 ဖိုးသူတော် (www.phothutaw.com)
Credit: pyimyanmarnews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top