မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×








# Unicode Version ဖြင့် ဖတ်ပါ #
မနက်ဖန် ဒီဇင်ဘာ ၂၈ ရက်နေ့မှာတော့စစ်ကိုင်းကျေးရွာတစ်ရွာက ယက္ကန်းယက်အလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုနေသော ရွာသူမလေးကို ကာမလိမ်ယူခဲ့သော မန္တလေး ကျောက်ဝိုင်း ကကျောက်သမားသူဌေးလေးအမှုမှာ သက်သေတွေကို စစ်ဆေးပါမယ်။

ပြီးခဲ့သော ဒီဇင်ဘာ ၂၁ ရက်နေ့ကရုံးချိန်မှာ ကျွန်တော် ခရီးလွန်နေ၍ မရောက်ဖြစ်ပါတရားရုံသက်သေခံမိတ္တူတွေကို ယနေ့ဖက်ရ၍ ကာမလိမ်ယူခဲ့သောကျောက်သမားသဌေးလေးရဲ့ ဦးလေးတော်စပ်သူက ကျောက်သမားသဌေးလေးရဲ့ အကျင့်စရိုက်လုပ်ရပ်ကို မနှစ်မျို့၍စစ်ကိုင်းရွာသူလေးကို သားသမီးချင်းကိုယ်ချင်စာပြီး အဖြစ်မှန်ကို တရားရုံးမှာ လာရောက်ပြီး သက်သေထွက်ဆိုပေးသွားပါတယ်။

ကျေးရွာမှ တာဝန်ရှိလူကြီးတွေကလည်း လာရောက် သက်သေထွက်ဆိုပေးကြပါတယ်ဆိုတာသိရပါတယ်။

သို့ပါ၍ အမှန်တရားအတွက် တရာရုံးသို့လာရောက်ပြီး သက်သေထွက်ဆိုပေးသောကျောက်သမားသဌေးလေးရဲ့ ဦးလေးလုပ်သူနဲ့ ကျေးရွာမှ လူကြီးများကိုလည်းခလေးမလေးနဲ့ ခလေးမလေးမိသားစုကိုယ်စား ကျွန်တော်မှ ကျေးဇူးတင်ပါတယ်။

စိတ်ဝင်စားသူများ မနက်ဖြန် ချမ်အေးသာစံတရားမှာမနက် ၁၁ နာရီကျော်မှာ လာရောက်ပြီး နာထောင်နိုင်ပါတယ်။

ဓါတ်ပုံက စစ်ကိုင်းရွာသူလေးနဲ့ သူရဲ့ အဖေပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: သိန်းအောင်မြင့်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top