×

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ တပ္ကုန္းရပ္ကြက္တြင္ ဒီဇင္ဘာ၁၉ရက္ မြန္းလြဲ၂နာရီခြဲက ခင္ပြန္းျဖစ္သူမရိွခိုက္ ခင္ပြန္း၏ညီျဖစ္သူနွင့္စကားမ်ားရာမွ မရီးျဖစ္သူကိုသတ္ၿပီး ထြက္ေျပးသြားသူအား နာရီပိုင္းအတြင္း ဖမ္းဆီးရမိေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ တပ္ကုန္းရပ္ကြက္ ရာတာေကာင္း(B)တြင္ေနထိုင္သူ ေဒၚထဖူးကင္း(၄၈)ႏွစ္(ေသဆံုးသူ)၏ ေနအိမ္တြင္ ခင္ပြန္းျဖစ္သူမရိွခိုက္ ခင္ပြန္းျဖစ္သူ၏ ညီေတာ္စပ္သူ လဒီး(၃၅)ႏွစ္ႏွင့္ အေျခအတင္စကားမ်ားရာမွ ဓားျဖင့္ခုတ္ တုတ္ျဖင္႕႐ိုက္ႏွက္ရာ အိမ္ႏွင့္ကပ္လ်က္တဲေပၚတြင္ ပြဲခ်င္းၿပီးေသဆံုးသြားၿပီး လဒီးဆိုသူမွာ ထြက္ေျပးသြားခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္။

အခင္းျဖစ္ပြားရာသို႔ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉး(ယာယီ)ဲ ဒုတိယရဲမႉးစိန္ျမင့္ထြန္း၊နယ္ေျမရဲစခန္းမႉး ဒုတိယရဲမႉးရဲထြဋ္၊နယ္ထိန္းတပ္ဖြဲ႔ဝင္မ်ား ေရာက္ရိွၿပီး လူသတ္ၿပီးထြက္ေျပးသူအား လိုက္လံ႐ွာေဖြရာ ဥ႐ုႏိုင္ဂ်ားႏွစ္ျခင္းက်မ္းစာသင္ေက်ာင္းအနီး၌ ပုနး္ေအာင္းေနသည္ကိုေတြ႔ရိွၿပီး ဖမ္းဆီးမခံပဲ ျပန္လည္ခုခံရာမွ ရဲတပ္ဖြဲ႔ဝင္မ်ားက လံုးေထြးသတ္ပုတ္ ဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။

ရဲစစ္ေဆးခ်က္မွတ္တမ္းမ်ားအရ ေဒၚထဖူးကင္း၏ မ်က္ႏွာႏွင့္နဖူးတြင္ ဓားခုတ္ဒါဏ္ရာ(၁)ခ်က္၊ပါးစပ္တြင္ တုတ္ျဖင့္႐ိုက္ႏွက္သည့္ ဒါဏ္ရာ(၁)ခ်က္၊ယာဖက္ဒူးဆစ္ေအာက္တြင္ ဓားခုတ္ျပတ္႐ွဒါဏ္ရာ(၁)ခ်က္ ရရိွခဲ့သည္။

အဆိုပါ လူသတ္ထြက္ေျပးသူ ပုန္းေအာင္းသည့္ေနရာကို ေတြ႔ရိွခဲ့သူ က်မ္းစာသင္ေက်ာင္းတက္ေနသည့္ မဂ်ာဆိုင္းဘူ(၁၇)ႏွစ္အား လဒီးမွတုတ္ျဖင့္႐ိုက္သျဖင့္ မဂ်ာဆိုင္းဘူ၏ ဦးေခါင္းဝဲဖက္ေပါက္ျပဲဒါဏ္ရာ(၁)ခ်က္၊ဦးေခါင္းခ်ဳိေစာင္းတြင္ေပါက္ျပဲဒါဏ္ရာ(၁)ခ်က္ရရိွ၍ ုျမစ္ႀကီးနားေဆးရံုသို႔ ေဆးကုသမႈခံယူရန္ ပို႔ေဆာင္ထားေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ လဒီးအား ျမစ္ႀကီးနားၿမိဳ႕မရဲစခန္းတြင္ (ပ)၄၀၁/၂၀၁၇၊ရာဇသတ္ႀကီးပုဒ္မ-၃၀၂/၃၂၅ ျဖင့္ အေရးယူထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဝင္းႏိုင္ (ကခ်င္ေျမ)

# Unicode Version ျဖင့္ ဖတ္ပါ #
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ဒီဇင်ဘာ၁၉ရက် မွန်းလွဲ၂နာရီခွဲက ခင်ပွန်းဖြစ်သူမရှိခိုက် ခင်ပွန်း၏ညီဖြစ်သူနှင့်စကားများရာမှ မရီးဖြစ်သူကိုသတ်ပြီး ထွက်ပြေးသွားသူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ တပ်ကုန်းရပ်ကွက် ရာတာကောင်း(B)တွင်နေထိုင်သူ ဒေါ်ထဖူးကင်း(၄၈)နှစ်(သေဆုံးသူ)၏ နေအိမ်တွင် ခင်ပွန်းဖြစ်သူမရှိခိုက် ခင်ပွန်းဖြစ်သူ၏ ညီတော်စပ်သူ လဒီး(၃၅)နှစ်နှင့် အခြေအတင်စကားများရာမှ ဓားဖြင့်ခုတ် တုတ်ဖြင့်ရိုက်နှက်ရာ အိမ်နှင့်ကပ်လျက်တဲပေါ်တွင် ပွဲချင်းပြီးသေဆုံးသွားပြီး လဒီးဆိုသူမှာ ထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အခင်းဖြစ်ပွားရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး(ယာယီ)ဲ ဒုတိယရဲမှူးစိန်မြင့်ထွန်း၊နယ်မြေရဲစခန်းမှူး ဒုတိယရဲမှူးရဲထွဋ်၊နယ်ထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိပြီး လူသတ်ပြီးထွက်ပြေးသူအား လိုက်လံရှာဖွေရာ ဥရုနိုင်ဂျားနှစ်ခြင်းကျမ်းစာသင်ကျောင်းအနီး၌ ပုန်းအောင်းနေသည်ကိုတွေ့ရှိပြီး ဖမ်းဆီးမခံပဲ ပြန်လည်ခုခံရာမှ ရဲတပ်ဖွဲ့ဝင်များက လုံးထွေးသတ်ပုတ် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ရဲစစ်ဆေးချက်မှတ်တမ်းများအရ ဒေါ်ထဖူးကင်း၏ မျက်နှာနှင့်နဖူးတွင် ဓားခုတ်ဒါဏ်ရာ(၁)ချက်၊ပါးစပ်တွင် တုတ်ဖြင့်ရိုက်နှက်သည့် ဒါဏ်ရာ(၁)ချက်၊ယာဖက်ဒူးဆစ်အောက်တွင် ဓားခုတ်ပြတ်ရှဒါဏ်ရာ(၁)ချက် ရရှိခဲ့သည်။

အဆိုပါ လူသတ်ထွက်ပြေးသူ ပုန်းအောင်းသည့်နေရာကို တွေ့ရှိခဲ့သူ ကျမ်းစာသင်ကျောင်းတက်နေသည့် မဂျာဆိုင်းဘူ(၁၇)နှစ်အား လဒီးမှတုတ်ဖြင့်ရိုက်သဖြင့် မဂျာဆိုင်းဘူ၏ ဦးခေါင်းဝဲဖက်ပေါက်ပြဲဒါဏ်ရာ(၁)ချက်၊ဦးခေါင်းချိုစောင်းတွင်ပေါက်ပြဲဒါဏ်ရာ(၁)ချက်ရရှိ၍ ုမြစ်ကြီးနားဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လဒီးအား မြစ်ကြီးနားမြို့မရဲစခန်းတွင် (ပ)၄၀၁/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၂၅ ဖြင့် အရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  ဝင်းနိုင် (ကချင်မြေ) 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top