စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အသီးေဖ်ာ္ရည္ေတြက သင့္သြားေတြကို ပ်က္စီးေစသလား

က်န္းမာေရးအေထာက္အကူျပဳ သစ္သီးေဖ်ာ္ရည္ေတြဟာ အခုေနာက္ပိုင္း ေဟာ့ျဖစ္ေနျပီး အေသာက္မ်ားလာၾကပါတယ္။

ဒီသစ္သီးေဖ်ာ္ရည္ေတြကို ေန့စဥ္ေသာက္ျခင္းဟာ ကိုယ္အေလးခ်ိန္က်ေစတယ္ဆိုေပမယ့္ သြားနဲ႕ခံတြင္းဆိုင္ရာ ျပႆနာေတြကိုလည္း ျဖစ္ေစတယ္လို႕ London Smiling သြားနဲ႕ခံတြင္းအဖြဲ႕အစည္းက သြားဆရာဝန္ Dr Uchenna Okoye က ဆိုပါတယ္။

အဆိုပါ သစ္သီးေဖ်ာ္ရည္ေတြဟာ သင့္ကို ပိန္သြယ္ေစ႐ံုသာမက ခႏၶာကိုယ္ထဲမွာရွိတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ႏွင္းခူလိုမ်ိဳး အေရျပားေရာဂါေတြကိုေတာင္ ကုသေပးႏိုင္တယ္လို႕ ဆိုပါတယ္။

ဒါ့အျပင္ အဆိုပါ က်န္းမာေရးအေထာက္အကူျပဳ သစ္သီးေဖ်ာ္ရည္ေတြဟာ သစ္သီးနဲ႕ ဟင္းသီးဟင္းရြက္ေတြ စားသုံးမႈကို တဖက္တလမ္းက မ်ားျပားေစတဲ့အတြက္ ဗီတာမင္ဓာတ္ခ်ိဳ႕တဲ့မႈကို ေလွ်ာ့ခ်ေပးႏိုင္တဲ့အျပင္ အမွ်င္ဓာတ္ရရွိမႈကိုလည္း မ်ားျပားေစတာေၾကာင့္ အစာေၾကဝမ္းမွန္ေစတယ္လို႕လည္း ေဖ်ာ္ရည္ပရိသတ္ေတြက ေျပာပါတယ္။
သစ္သီးေဖ်ာ္ရည္ေတြဟာ ခ်ိဳလြန္းသလို အက္ဆစ္ဓာတ္လည္း ကဲလြန္းတယ္။

သစ္သီးေတြမွာ ပါဝင္တဲ့ သၾကားအခ်ိဳဓာတ္ဟာ သဘာဝအေလ်ာက္ ပါဝင္ေနတာျဖစ္လို႕ အဆိုပါ သၾကားဓာတ္ကို ခႏၶာကိုယ္အေနနဲ႕ စြမ္းအင္အျဖစ္ ေျပာင္းလဲဖို႕ ပိုမိုလြယ္ကူသလို အဆီအေနနဲ႕ သိုေလွာင္ထားႏိုင္ေခ်လည္း နည္းတယ္လို႕ ကြၽန္ေတာ္တို႕ သိထားေလ့ရွိၾကပါတယ္။

ဒါေပမယ့္ အခ်ိဳဓာတ္လြန္ကဲျခင္းဟာ ကြၽန္ေတာ္တို႕တေတြရဲ့ သြားနဲ႕ သြားဖုံးကို ပိုမိုယိုယြင္းပ်က္စီးေစျပီး ဆိုးရြားတဲ့ သြားနဲ႕ခံတြင္းဆိုင္ရာ ျပႆနာေတြကိုလည္း ျဖစ္လာေစႏိုင္ပါတယ္။

သြားေႂကြလႊာေတြကို ထိခိုက္ေစတဲ့အျပင္ သြားဖုံးေတြကိုလည္း ပ်က္စီးေစပါတယ္။တျဖည္းျဖည္းနဲ႕ သင့္သြားေတြဟာ ပိုမိုယိုင္နဲ႕ပ်က္စီးလာမွာ ျဖစ္တာမို႕ အဆိုပါ သစ္သီးေဖ်ာ္ရည္ေတြကို အသုံးျပဳျပီး သင့္ခႏၶာကိုယ္က အဆိပ္အေတာက္ဖယ္ရွားမႈကို ဆက္လက္ျပဳလုပ္သြားမယ္ဆိုရင္ ေနာက္ဆုံးမွာ သြားေတြကြၽတ္ထြက္သြားပါလိမ့္မယ္။

သစ္သီးအမ်ားစု (အထူးသျဖင့္ ခ်ဥ္တဲ့အသီးေတြ)ဟာ အက္ဆစ္ဓာတ္ေတြ ပါဝင္တာေၾကာင့္ သြားကို ပ်က္စီးေစႏိုင္ပါတယ္။သံပုရာသီးက အဆိုးဆုံးပါပဲ။သူတို႕မွာ citric acid ပမာဏ ျမင့္မားစြာ ပါဝင္တာမို႕ သြားေႂကြလႊာေတြကို တခဏအတြင္းမွာ ပ်က္စီးေစႏိုင္ပါတယ္။

အဆိုပါ ေႂကြလႊာေတြဟာ ဆိုးရြားစြာ တခါပ်က္စီးျပီးရင္ အသစ္ျပန္ျဖစ္ဖို႕ ခက္ခဲျပီး ျပဳျပင္ဖို႕ မျဖစ္ႏိုင္ေလာက္တဲ့အထိ ျဖစ္သြားႏိုင္ပါတယ္။
သြားေႂကြလႊာပ်က္စီးျခင္းရဲ့ လကၡဏာေတြက

သြားအေရာင္ေျပာင္းျခင္း : သြားေတြျဖဴေဖြးေနေအာင္ ေႂကြလႊာေတြက လုပ္ေပးထားပါတယ္။ေႂကြလႊာေတြပ်က္စီးတဲ့အခါ သြားအတြင္းဖက္မွာရွိတဲ့ dentin ဆိုတဲ့ ဓာတ္ပစၥည္းတမ်ိဳးက အေပၚယံကို ထြက္ေပၚလာတာေၾကာင့္ သြားေတြဟာ အဝါေရာင္ေျပာင္းလာရပါတယ္။

သြားထပ္ေတြ အၾကည္ေရာင္ ျဖစ္လာျခင္း : သြားထိပ္ေတြ အၾကည္ေရာင္ျဖစ္လာျပီဆိုရင္ ေႂကြလႊာေတြပါးလာျပီး လိုအပ္သေလာက္ ၾကံ့ခိုင္မႈမရွိေတာ့ဖူးဆိုတဲ့ အဓိပၸာယ္ပဲ ျဖစ္ပါတယ္။
သြားက်ဥ္ျခင္း

dentin ဟာ သြားအာ႐ံုေၾကာေတြနဲ႕ ထိစပ္လို႕ ေနပါတယ္။ဒါေၾကာင့္ သြားေႂကြလႊာေတြပါးျပီး ပ်က္စီးသြားျပီဆိုရင္ ေပၚလာတဲ့သြားအတြင္းဖက္အလႊာဟာ ေအးတဲ့အစားအေသာက္ေတြကို စားေသာက္ရင္ မခံႏိုင္ဘဲ က်ဥ္လာရပါတယ္။
အထက္ပါ ေဘးထြက္အႏၲရာယ္ေတြကို ဘယ္လိုရင္ဆိုင္မလဲ။

ဟုတ္ျပီ၊ အေပၚမွာ ေျပာျပခဲ့တဲ့ ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္ေတာ့လည္း က်န္းမာေရးအေထာက္အကူျပဳ သစ္သီးေဖ်ာ္ရည္ေတြကို မေသာက္ေတာ့ဘဲ ေရွာင္စရာေတာ့လည္း မလိုပါဘူး။

အႏၲရာယ္ေတြ ရွိလာႏိုင္တယ္ဆိုေပမယ့္ သင့္အေနနဲ႕ ထိခိုက္မႈေတြကို ၾကိဳတင္ေရွာင္ရွားႏိုင္ပါတယ္။ဘယ္လိုၾကိဳတင္ကာကြယ္ေရွာင္ရွားရမလဲဆိုတာကို ေအာက္မွာ မွ်ေဝေပးထားပါတယ္။
အဆိုပါ က်န္းမာေရးအေထာက္အကူျပဳ သစ္သီးေဖ်ာ္ရည္ေတြကို ေရခဲနဲ႕ ေသာက္ပါ။

အပူခ်ိန္က်သြားတဲ့အတြက္ အက္ဆစ္နဲ႕ သင့္သြားထိေတြ႕ႏိုင္ေခ် နည္းသြားပါလိမ့္မယ္။
ေဖ်ာ္ရည္ေတြေသာက္ျပီးျပီးခ်င္း သြားမတိုက္ပါနဲ႕။

ဒီလိုတိုက္ျခင္းဟာ citric acid ေလာေလာလတ္လတ္ဖ်က္ဆီးထားတဲ့ သြားေႂကြလႊာကို ပိုမိုပ်က္စီးသြားေအာင္ လုပ္လိုက္သလို ျဖစ္သြားပါလိမ့္မယ္။သြားမတိုက္မီ အာလုပ္ေကာင္းေကာင္း က်င္းပါ။
က်န္းမာေရးအေထာက္အကူျပဳ သစ္သီးေဖ်ာ္ရည္ေတြကို ေသာက္တဲ့အခါ သြားနဲ႕တတ္ႏိုင္သမွ် မထိေအာင္ ၾကိဳးစားျပီး ေသာက္ပါ။ျဖစ္ႏိုင္ရင္ ပိုက္နဲ႕ေသာက္ပါ။

က်န္းမာေရးအေထာက္အကူျပဳ သစ္သီးေဖ်ာ္ရည္ေတြအစား ခႏၶာကိုယ္အတြက္ လိုအပ္ျပီး အက်ိဳးလည္းရွိတဲ့ အဆီေတြကို ေျပာင္းစားပါ။သစ္သီးေဖ်ာ္ရည္ေတြ ေပးစြမ္းႏိုင္တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြအားလုံးကို အဆိုပါ အဆီေတြကေန ေပးစြမ္းႏိုင္တဲ့အတြက္ သူတို႕ဟာ သစ္သီးေတြေနရာမွာ ေကာင္းစြာ အစားထိုးဝင္ေရာက္ႏိုင္ပါလိမ့္မယ္။

ဒါ့အျပင္ သင့္သြားေတြကို ထိခိုက္မွာလည္း မပူရေတာ့ပါဘူး။ေရတခြက္ထဲမွာ အဆီေလးတစက္ႏွစ္စက္ေလာက္ ထည့္ေပးလိုက္႐ံုပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
အသီးဖျော်ရည်တွေက သင့်သွားတွေကို ပျက်စီးစေသလား

ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဟာ အခုနောက်ပိုင်း ဟော့ဖြစ်နေပြီး အသောက်များလာကြပါတယ်။

ဒီသစ်သီးဖျော်ရည်တွေကို နေ့စဉ်သောက်ခြင်းဟာ ကိုယ်အလေးချိန်ကျစေတယ်ဆိုပေမယ့် သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်စေတယ်လို့ London Smiling သွားနဲ့ခံတွင်းအဖွဲ့အစည်းက သွားဆရာဝန် Dr Uchenna Okoye က ဆိုပါတယ်။

အဆိုပါ သစ်သီးဖျော်ရည်တွေဟာ သင့်ကို ပိန်သွယ်စေရုံသာမက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် နှင်းခူလိုမျိုး အရေပြားရောဂါတွေကိုတောင် ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဟာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုကို တဖက်တလမ်းက များပြားစေတဲ့အတွက် ဗီတာမင်ဓာတ်ချို့တဲ့မှုကို လျှော့ချပေးနိုင်တဲ့အပြင် အမျှင်ဓာတ်ရရှိမှုကိုလည်း များပြားစေတာကြောင့် အစာကြေဝမ်းမှန်စေတယ်လို့လည်း ဖျော်ရည်ပရိသတ်တွေက ပြောပါတယ်။
သစ်သီးဖျော်ရည်တွေဟာ ချိုလွန်းသလို အက်ဆစ်ဓာတ်လည်း ကဲလွန်းတယ်။

သစ်သီးတွေမှာ ပါဝင်တဲ့ သကြားအချိုဓာတ်ဟာ သဘာဝအလျောက် ပါဝင်နေတာဖြစ်လို့ အဆိုပါ သကြားဓာတ်ကို ခန္ဓာကိုယ်အနေနဲ့ စွမ်းအင်အဖြစ် ပြောင်းလဲဖို့ ပိုမိုလွယ်ကူသလို အဆီအနေနဲ့ သိုလှောင်ထားနိုင်ချေလည်း နည်းတယ်လို့ ကျွန်တော်တို့ သိထားလေ့ရှိကြပါတယ်။

ဒါပေမယ့် အချိုဓာတ်လွန်ကဲခြင်းဟာ ကျွန်တော်တို့တတွေရဲ့ သွားနဲ့ သွားဖုံးကို ပိုမိုယိုယွင်းပျက်စီးစေပြီး ဆိုးရွားတဲ့ သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။

သွားကြွေလွှာတွေကို ထိခိုက်စေတဲ့အပြင် သွားဖုံးတွေကိုလည်း ပျက်စီးစေပါတယ်။တဖြည်းဖြည်းနဲ့ သင့်သွားတွေဟာ ပိုမိုယိုင်နဲ့ပျက်စီးလာမှာ ဖြစ်တာမို့ အဆိုပါ သစ်သီးဖျော်ရည်တွေကို အသုံးပြုပြီး သင့်ခန္ဓာကိုယ်က အဆိပ်အတောက်ဖယ်ရှားမှုကို ဆက်လက်ပြုလုပ်သွားမယ်ဆိုရင် နောက်ဆုံးမှာ သွားတွေကျွတ်ထွက်သွားပါလိမ့်မယ်။

သစ်သီးအများစု (အထူးသဖြင့် ချဉ်တဲ့အသီးတွေ)ဟာ အက်ဆစ်ဓာတ်တွေ ပါဝင်တာကြောင့် သွားကို ပျက်စီးစေနိုင်ပါတယ်။သံပုရာသီးက အဆိုးဆုံးပါပဲ။သူတို့မှာ citric acid ပမာဏ မြင့်မားစွာ ပါဝင်တာမို့ သွားကြွေလွှာတွေကို တခဏအတွင်းမှာ ပျက်စီးစေနိုင်ပါတယ်။

အဆိုပါ ကြွေလွှာတွေဟာ ဆိုးရွားစွာ တခါပျက်စီးပြီးရင် အသစ်ပြန်ဖြစ်ဖို့ ခက်ခဲပြီး ပြုပြင်ဖို့ မဖြစ်နိုင်လောက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
သွားကြွေလွှာပျက်စီးခြင်းရဲ့ လက္ခဏာတွေက

သွားအရောင်ပြောင်းခြင်း : သွားတွေဖြူဖွေးနေအောင် ကြွေလွှာတွေက လုပ်ပေးထားပါတယ်။ကြွေလွှာတွေပျက်စီးတဲ့အခါ သွားအတွင်းဖက်မှာရှိတဲ့ dentin ဆိုတဲ့ ဓာတ်ပစ္စည်းတမျိုးက အပေါ်ယံကို ထွက်ပေါ်လာတာကြောင့် သွားတွေဟာ အဝါရောင်ပြောင်းလာရပါတယ်။

သွားထပ်တွေ အကြည်ရောင် ဖြစ်လာခြင်း : သွားထိပ်တွေ အကြည်ရောင်ဖြစ်လာပြီဆိုရင် ကြွေလွှာတွေပါးလာပြီး လိုအပ်သလောက် ကြံ့ခိုင်မှုမရှိတော့ဖူးဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်ပါတယ်။
သွားကျဉ်ခြင်း

dentin ဟာ သွားအာရုံကြောတွေနဲ့ ထိစပ်လို့ နေပါတယ်။ဒါကြောင့် သွားကြွေလွှာတွေပါးပြီး ပျက်စီးသွားပြီဆိုရင် ပေါ်လာတဲ့သွားအတွင်းဖက်အလွှာဟာ အေးတဲ့အစားအသောက်တွေကို စားသောက်ရင် မခံနိုင်ဘဲ ကျဉ်လာရပါတယ်။
အထက်ပါ ဘေးထွက်အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်မလဲ။

ဟုတ်ပြီ၊ အပေါ်မှာ ပြောပြခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်တော့လည်း ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေကို မသောက်တော့ဘဲ ရှောင်စရာတော့လည်း မလိုပါဘူး။

အန္တရာယ်တွေ ရှိလာနိုင်တယ်ဆိုပေမယ့် သင့်အနေနဲ့ ထိခိုက်မှုတွေကို ကြိုတင်ရှောင်ရှားနိုင်ပါတယ်။ဘယ်လိုကြိုတင်ကာကွယ်ရှောင်ရှားရမလဲဆိုတာကို အောက်မှာ မျှဝေပေးထားပါတယ်။
အဆိုပါ ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေကို ရေခဲနဲ့ သောက်ပါ။

အပူချိန်ကျသွားတဲ့အတွက် အက်ဆစ်နဲ့ သင့်သွားထိတွေ့နိုင်ချေ နည်းသွားပါလိမ့်မယ်။
ဖျော်ရည်တွေသောက်ပြီးပြီးချင်း သွားမတိုက်ပါနဲ့။

ဒီလိုတိုက်ခြင်းဟာ citric acid လောလောလတ်လတ်ဖျက်ဆီးထားတဲ့ သွားကြွေလွှာကို ပိုမိုပျက်စီးသွားအောင် လုပ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။သွားမတိုက်မီ အာလုပ်ကောင်းကောင်း ကျင်းပါ။
ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေကို သောက်တဲ့အခါ သွားနဲ့တတ်နိုင်သမျှ မထိအောင် ကြိုးစားပြီး သောက်ပါ။ဖြစ်နိုင်ရင် ပိုက်နဲ့သောက်ပါ။

ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေအစား ခန္ဓာကိုယ်အတွက် လိုအပ်ပြီး အကျိုးလည်းရှိတဲ့ အဆီတွေကို ပြောင်းစားပါ။သစ်သီးဖျော်ရည်တွေ ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအားလုံးကို အဆိုပါ အဆီတွေကနေ ပေးစွမ်းနိုင်တဲ့အတွက် သူတို့ဟာ သစ်သီးတွေနေရာမှာ ကောင်းစွာ အစားထိုးဝင်ရောက်နိုင်ပါလိမ့်မယ်။

ဒါ့အပြင် သင့်သွားတွေကို ထိခိုက်မှာလည်း မပူရတော့ပါဘူး။ရေတခွက်ထဲမှာ အဆီလေးတစက်နှစ်စက်လောက် ထည့်ပေးလိုက်ရုံပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top