×

၀တယ္ဆိုတာ တစ္နည္းအားျဖင့္ ရိုင္းတဲ ့စကားလို့ဆိုေပမယ့္ ေကာင္းတဲ့၀ျခင္းရွိသလို ဆိုးတဲ ့၀ျခင္းမ်ိဳးလည္းရွိပါတယ္။ ၀တာရဲ ့အစ အဆီလို့လည္းေျပာနိုင္ေပမယ့္ အဆီတိုင္းမ၀ပါဘူး ။ မည္သည့္အဆီကိုမဆို စနစ္တက်စားသံုးမယ္ဆို အက်ိဳး ရွိေစနိုင္ပါတယ္။ေအာက္မွာေဖာ္ျပမယ့္အဆီေတြက က်န္းမာေရးအတြက္အသံုး၀င္တဲ ့အဆီမ်ားပဲျဖစ္ပါတယ္။

သံလြင္ဆီ

သံလြင္ဆီကိုေန့တုိင္းသံုးနိုင္ပါတယ္။အာဟာရနဲ ့အင္တီေအာင္ဆီဒန့္ၾကြယ္၀ျပီး ေကာင္းမြန္တဲ ့ကိုလက္စေတာဓါတ္ေတြပါရွိလို့ ေသြးကိုလည္း သန့္စင္မွုေပးနိုင္ပါတယ္။

Canola ဆီ

အိုမီဂါ ၆ နဲ ့၃ ပါတဲ ့အဆိုပါအဆီက က်နး္မာေစပါတယ္။အသားအရည္ကို ၾကည္လင္ေစျပီး ဆံသားကိုလည္း အားျဖည့္ေပးပါတယ္။ ဟင္းခ်က္တဲ့ေနရာတိုင္းမွာ အသံုးျပဳနိုင္သလို မုန့္ဖုတ္ရာတြင္လည္း အေထာက္အကူျပဳပါတယ္။

ေနၾကာဆီ

ေၾကာ္ေလွာ္ခ်က္ျပဳတ္ရာမွာ နာမည္ၾကီး ေနၾကာဆီက ဒယ္အိုးထဲ ထည့္ထည့္ျခင္းအေငြ့မျပန္မွီ အပူခ်ိန္ကို ၂၄၆ ဒီဂရီထိ ျမွင့္ေပးနိုင္ပါတယ္။ အရမ္းၾကီး က်န္းမာေရးနဲ ့မညီေပမယ့္ အသားဆီမဟုတ္ျခင္း၊ေပ်ာ္၀င္ဆီမဟုတ္ျခင္းေၾကာင့္ စားသံုးလို့ အဆင္ေျပေစပါတယ္။

အုန္းဆီ

က်န္းမာေရးနဲ ့အထူးသင့္ေလ်ာ္ပါတယ္။ ခ်က္ျပဳတ္ရာမွာ ၉၀ % ကူညီေပးျပီး ေလာရစ္အက္ဆစ္ ၊ ဘက္တီးရီးယားတိုက္ဖ်က္ျခင္း ၊ မွုိေရာဂါကင္းေစျခင္းတို့ပါ၀င္ျပီး ခႏၶာကိုယ္တြင္းလိုအပ္တဲ ့စြမ္းအင္ကို ထုတ္လုပ္ေပးပါတယ္။ ကိုလက္စေတာထိန္းညွိေပးျပီး အေလးခ်ိန္က်ေစနိုင္ပါတယ္။

image

ပဲဆီ

ေၾကာ္ေလွာ္ခ်က္ျပဳတ္ျခင္းတြက္ အသံုးမျပဳသင့္ေပမယ့္ သင့္ဟင္းပြဲတိုင္းကို အရသာရွိေစတဲ ့ အသုတ္သုတ္ရာတြင္ မ်ားစြာအေထာက္အကူျပဳပါတယ္။

ႏွမ္းဆီ

ဆိမ့္တဲ ့အရသာနဲ ့ျပည့္စံုတဲ ့ႏွမ္းဆီက ဆီဆမ္းစာရတြင္ အင္မတန္ခံတြင္းျမိန္ေစတဲ့အျပင္ 41% monosaturated fats ၊ 15% saturated fats ႏွင့္ 44% polyunsaturated fats တို့ပါ၀င္ပါတယ္။

ေထာပါတ္ဆီ

အျခားအသီးေတြနဲ ့ယွဥ္ရင္ ေထာပါတ္သီးက အဆီပါ၀င္မွုပိုမ်ားပါတယ္။ ကိုလက္စေတာေလွ်ာ့နည္းတဲ ့အသီးျဖစ္ကာ အသားအရည္အိုမင္းမွုကို တားဆီေပးပါတယ္။ေၾကာ္ေလွာ္ခ်က္ျပုတ္ရာမွာလည္း အသံုး၀င္တဲ ့အဆီျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
၀တယ်ဆိုတာ တစ်နည်းအားဖြင့် ရိုင်းတဲ့စကားလို့ဆိုပေမယ့် ကောင်းတဲ့ဝခြင်းရှိသလို ဆိုးတဲ့ဝခြင်းမျိုးလည်းရှိပါတယ်။ ဝတာရဲ့အစ အဆီလို့လည်းပြောနိုင်ပေမယ့် အဆီတိုင်းမဝပါဘူး ။ မည်သည့်အဆီကိုမဆို စနစ်တကျစားသုံးမယ်ဆို အကျိုး ရှိစေနိုင်ပါတယ်။အောက်မှာဖော်ပြမယ့်အဆီတွေက ကျန်းမာရေးအတွက်အသုံးဝင်တဲ့အဆီများပဲဖြစ်ပါတယ်။

သံလွင်ဆီ

သံလွင်ဆီကိုနေ့တိုင်းသုံးနိုင်ပါတယ်။အာဟာရနဲ့အင်တီအောင်ဆီဒန့်ကြွယ်ဝပြီး ကောင်းမွန်တဲ့ကိုလက်စတောဓါတ်တွေပါရှိလို့ သွေးကိုလည်း သန့်စင်မှုပေးနိုင်ပါတယ်။

Canola ဆီ

အိုမီဂါ ၆ နဲ့၃ ပါတဲ့အဆိုပါအဆီက ကျန်းမာစေပါတယ်။အသားအရည်ကို ကြည်လင်စေပြီး ဆံသားကိုလည်း အားဖြည့်ပေးပါတယ်။ ဟင်းချက်တဲ့နေရာတိုင်းမှာ အသုံးပြုနိုင်သလို မုန့်ဖုတ်ရာတွင်လည်း အထောက်အကူပြုပါတယ်။

နေကြာဆီ

ကြော်လှော်ချက်ပြုတ်ရာမှာ နာမည်ကြီး နေကြာဆီက ဒယ်အိုးထဲ ထည့်ထည့်ခြင်းအငွေ့မပြန်မှီ အပူချိန်ကို ၂၄၆ ဒီဂရီထိ မြှင့်ပေးနိုင်ပါတယ်။ အရမ်းကြီး ကျန်းမာရေးနဲ့မညီပေမယ့် အသားဆီမဟုတ်ခြင်း၊ပျော်ဝင်ဆီမဟုတ်ခြင်းကြောင့် စားသုံးလို့ အဆင်ပြေစေပါတယ်။

အုန်းဆီ

ကျန်းမာရေးနဲ့အထူးသင့်လျော်ပါတယ်။ ချက်ပြုတ်ရာမှာ ၉၀ % ကူညီပေးပြီး လောရစ်အက်ဆစ် ၊ ဘက်တီးရီးယားတိုက်ဖျက်ခြင်း ၊ မှိုရောဂါကင်းစေခြင်းတို့ပါဝင်ပြီး ခန္ဓာကိုယ်တွင်းလိုအပ်တဲ့စွမ်းအင်ကို ထုတ်လုပ်ပေးပါတယ်။ ကိုလက်စတောထိန်းညှိပေးပြီး အလေးချိန်ကျစေနိုင်ပါတယ်။

image

ပဲဆီ

ကြော်လှော်ချက်ပြုတ်ခြင်းတွက် အသုံးမပြုသင့်ပေမယ့် သင့်ဟင်းပွဲတိုင်းကို အရသာရှိစေတဲ့ အသုတ်သုတ်ရာတွင် များစွာအထောက်အကူပြုပါတယ်။

နှမ်းဆီ

ဆိမ့်တဲ့အရသာနဲ့ပြည့်စုံတဲ့နှမ်းဆီက ဆီဆမ်းစာရတွင် အင်မတန်ခံတွင်းမြိန်စေတဲ့အပြင် 41% monosaturated fats ၊ 15% saturated fats နှင့် 44% polyunsaturated fats တို့ပါဝင်ပါတယ်။

ထောပါတ်ဆီ

အခြားအသီးတွေနဲ့ယှဉ်ရင် ထောပါတ်သီးက အဆီပါဝင်မှုပိုများပါတယ်။ ကိုလက်စတောလျှော့နည်းတဲ့အသီးဖြစ်ကာ အသားအရည်အိုမင်းမှုကို တားဆီပေးပါတယ်။ကြော်လှော်ချက်ပြုတ်ရာမှာလည်း အသုံးဝင်တဲ့အဆီဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top