ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပါတီ ပြဲမ်ားတြင္ လူမွန္းသူမွန္းမသိေအာင္ ေသာက္ၿပီးမူးကြဲကာ အိမ္ေရာက္ေအာင္ မျပန္ႏိုင္ပဲ လမ္းေပၚတြင္ ေသာင္တင္ေနသူမ်ား၊ ရထားေပၚတြင္ အိပ္ေပ်ာ္ေနသူမ်ားကို လိုက္လံကူညီမည့္ အထူးဘတ္စ္ကား အစီစဥ္ကို ဂ်ပန္ႏိုင္ငံတိုက်ိဳၿမိဳ႕တြင္ မၾကာမီစတင္ေျပးဆြဲေတာ့မည္ျဖစ္ေၾကာင္း သိရွိရသည္။

ႏွစ္သစ္ကူးအခ်ိန္ခါ နီးကပ္လာၿပီျဖစ္သျဖင့္ ပါတီပြဲမ်ား၊ အခမ္းအနားမ်ားတြင္ အမူးလြန္ကာ ရထားခ်ိန္၊ ကားခ်ိန္ေနာက္က်ၿပီး လမ္းမေပၚတြင္ေသာင္တင္ေနသူမ်ားအား တင္ေခၚကာ စုရပ္တစ္ခုသို႔ ပို႔ေဆာင္ေပးမည့္ ယင္းအစီစဥ္ကို ေဆာင္႐ြက္ခဲ့တာ ၄ ႏွစ္ေျမာက္ၿပီျဖစ္ေၾကာင္း သိရွိရသည္။

ဒီဇင္ဘာလ၏ ေသာၾကာေန႔မ်ားတြင္ ပါတီပြဲမ်ားရွိတတ္သျဖင့္ (၉၊ ၁၆၊ ၂၃) ရက္မ်ား၏ နံနက္ ၁ နာရီ ၅ မိနစ္မွ စတင္ကာ တိုက်ိဳၿမိဳ႕ေျမာက္ဘက္ဂိတ္ျဖစ္ေသာ Takao မွ စတင္ထြက္ခြာမည္ျဖစ္ၿပီး လမ္းေပၚတြင္ က်န္ေနသူမ်ားကို အေရွ႕ဘက္ဂိတ္ Hachioji သို႔ပို႔ေဆာင္ေပးသြားမည္ျဖစ္ၿပီး ယာဥ္စီးခမွာ ယန္း ၈၈၀ ( တစ္ေသာင္းက်ပ္ခန႔္) က်သင့္မည္ျဖစ္သည္။

Hachioji Station သည္ တိုက်ိဳၿမိဳ႕လယ္ႏွင့္ အတန္ငယ္ အလွမ္းေဝးေသာ္လည္း အဆိုပါေနရာတြင္ တည္ခိုစရာေနရာႏွင့္ ထိုင္စရာေနရာမ်ား လုံလုံေလာက္ေလာက္ရွိကာ နံနက္ေရာက္သည္ထိ အခ်ိန္ျဖဳန္းႏိုင္ေၾကာင္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
ပါတီ ပွဲများတွင် လူမှန်းသူမှန်းမသိအောင် သောက်ပြီးမူးကွဲကာ အိမ်ရောက်အောင် မပြန်နိုင်ပဲ လမ်းပေါ်တွင် သောင်တင်နေသူများ၊ ရထားပေါ်တွင် အိပ်ပျော်နေသူများကို လိုက်လံကူညီမည့် အထူးဘတ်စ်ကား အစီစဉ်ကို ဂျပန်နိုင်ငံတိုကျိုမြို့တွင် မကြာမီစတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရှိရသည်။

နှစ်သစ်ကူးအချိန်ခါ နီးကပ်လာပြီဖြစ်သဖြင့် ပါတီပွဲများ၊ အခမ်းအနားများတွင် အမူးလွန်ကာ ရထားချိန်၊ ကားချိန်နောက်ကျပြီး လမ်းမပေါ်တွင်သောင်တင်နေသူများအား တင်ခေါ်ကာ စုရပ်တစ်ခုသို့ ပို့ဆောင်ပေးမည့် ယင်းအစီစဉ်ကို ဆောင်ရွက်ခဲ့တာ ၄ နှစ်မြောက်ပြီဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ၏ သောကြာနေ့များတွင် ပါတီပွဲများရှိတတ်သဖြင့် (၉၊ ၁၆၊ ၂၃) ရက်များ၏ နံနက် ၁ နာရီ ၅ မိနစ်မှ စတင်ကာ တိုကျိုမြို့မြောက်ဘက်ဂိတ်ဖြစ်သော Takao မှ စတင်ထွက်ခွာမည်ဖြစ်ပြီး လမ်းပေါ်တွင် ကျန်နေသူများကို အရှေ့ဘက်ဂိတ် Hachioji သို့ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး ယာဉ်စီးခမှာ ယန်း ၈၈၀ ( တစ်သောင်းကျပ်ခန့်) ကျသင့်မည်ဖြစ်သည်။

Hachioji Station သည် တိုကျိုမြို့လယ်နှင့် အတန်ငယ် အလှမ်းဝေးသော်လည်း အဆိုပါနေရာတွင် တည်ခိုစရာနေရာနှင့် ထိုင်စရာနေရာများ လုံလုံလောက်လောက်ရှိကာ နံနက်ရောက်သည်ထိ အချိန်ဖြုန်းနိုင်ကြောင်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Popolay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top