AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ရွယ္ယာရွင္မ်ား၏ က်ပ္သိန္းရွစ္ေသာင္းေက်ာ္ လိမ္လည္တိမ္းေရွာင္ေန သည့္ Jude Jude Family လုပ္ငန္းႏွင့္ သင့္ ျမတ္အမ်ားႏွင့္သက္ဆုိင္ေသာ ကုမၸဏီမွ ဒါ႐ိုက္တာအဖြဲ႕ဝင္ တစ္ဦးကို ရန္ကင္းၿမိဳ႕ နယ္ တရား႐ံုးတြင္ ဒီဇင္ဘာ ၁ ရက္က ႐ံုးထုတ္ခဲ့သည္။

အဆုိပါ ဒါ႐ိုက္တာအဖြဲ႕ဝင္ ထက္ဦးလြင္ (ခ) ေရႊမိုးစက္ကို ရန္ကင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ ဒုရဲမွဴး စိုးႏိုင္မွ ေျခခ်ဳပ္ႏွင့္ ခံဝန္ဥပေဒ၊ ၃(ဂ)၊ လိမ္လည္မႈတြင္ ပါဝင္ သည္ဟု သံသယျဖင့္ ေျခခ်ဳပ္ ထားရန္ တရားစြဲဆိုျခင္းျဖစ္ၿပီး ရန္ကင္းတရား႐ံုးတြင္ ႐ံုးထုတ္ ရမန္ယူခဲ့သည္။ အဆုိပါအမႈကို ၿမိဳ႕နယ္တြဲဖက္တရားသူႀကီး ဦးေနဦးက စစ္ေဆးခဲ့ၿပီး ေနာက္တစ္ ႀကိမ္ ႐ံုးခ်ိန္းကို ဒီဇင္ဘာ ၁၅ ရက္ သို႔ ခ်ိန္းဆိုကာ အင္းစိန္ေထာင္သို႔ ပို႔ေဆာင္ခဲ့သည္။

‘‘အခုကိစၥက ေငြလိမ္တာ ေၾကာင့္ မပါေသးဘူး။ ဒီလူထြက္ ေျပးမွာစိုးလုိ႔ ရန္ကင္းရဲစခန္းက ေျခခ်ဳပ္ထားတာ။ သူ႔ကို ေျခခ်ဳပ္ ထားၿပီး စစ္ေဆးရင္ တိမ္းေရွာင္ ေနတဲ့ ေဒၚသက္သက္ၿမိဳင္အပါအ ဝင္ က်န္တဲ့လူေတြကို ေဖာ္ထုတ္ ႏိုင္ဖို႔ လမ္းစရွိတယ္’’ဟု ရန္ကင္း ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ ဦးက ေျပာသည္။

အဆုိပါ လုပ္ငန္းမ်ားတြင္ ေဒၚသက္သက္ၿမိဳင္ႏွင့္ ဒါ႐ိုက္တာမ်ားအပါအဝင္ ဦးေဆာင္သူ ၁၁ ဦးရွိၿပီး လက္ရွိတြင္ ထက္ဦးလြင္ (ခ) ေရႊမိုးစက္ကိုသာ ထိန္းသိမ္းထားႏိုင္သည္။

ထို႔အျပင္ ထြက္ေျပးတိမ္း ေရွာင္သြားသည့္ ပိုင္ရွင္အမ်ိဳး သမီးက ေငြေၾကးကိစၥကို အျမန္ ဆံုးေျဖရွင္းေပးမည္ျဖစ္ေၾကာင္း၊ ၎မိသားစုအႏၲရာယ္ျဖစ္မည္စိုး ၍ ေခတၱေရွာင္သြားျခင္းျဖစ္ ေၾကာင္း ရွယ္ယာရွင္မ်ားထံ ဆက္သြယ္ခဲ့ေၾကာင္း ရွယ္ယာရွင္မ်ား က 7Day Daily သတင္းစာအား ေျပာသည္။

ထြက္ေျပး တိမ္းေရွာင္ေန သည့္ ေဒၚသက္သက္ၿမိဳင္ (ခ) ဂ်ဴးဂ်ဴးက  ေဖ့စ္ဘြတ္ခ္မွတစ္ဆင့္ ရွယ္ယာရွင္မ်ားကို ‘‘အမ်ိဳးအားလံုးကို အႏူးအၫြတ္ ေတာင္းပန္ပါတယ္ေနာ္။ ဂ်ဴးမိသားစု အႏၲရာယ္ျဖစ္မွာစိုးလို႔ ခဏေရွာင္ခဲ့တာပါ။ ဂ်ဴးအေနနဲ႔ အျမန္ဆံုး ေျပလည္ေအာင္ ေျဖရွင္းေပးမွာပါ’’ဟု ဒီဇင္ဘာ ၁ ရက္က ရွယ္ယာရွင္မ်ားႏွင့္ စုစည္းထားသည့္ ေဖ့စ္ဘြတ္ခ္ဂ႐ု(ပ္)တြင္ လာေရာက္ေရးသားခဲ့သည္။

သို႔ေသာ္ လက္ရွိတြင္ ၎က ျပန္လည္ေျဖရွင္းကာ လုပ္ငန္းျပန္လည္လည္ပတ္မည္ဆုိပါက အယံုအၾကည္မရွိဘဲ ေငြေၾကးျပန္ရလိုသူမ်ား၊ တရားစြဲလိုသူမ်ားသာရွိေၾကာင္း က်ပ္သိန္း ၆၀ ခန္႔ဆံုး႐ံႈးခဲ့သည့္ ေဒၚခင္မာလာျမင့္က ေျပာသည္။

ဒီဇင္ဘာ ၁ ရက္တြင္ ရွယ္ ယာရွင္မ်ားကို 7Day Daily သတင္းစာမွ ဆက္သြယ္ရာ ရွယ္ ယာရွင္အမ်ားစုသည္ ေဒၚသက္ သက္ၿမိဳင္ကို တရားစြဲဆိုအမႈဖြင့္ ရန္ ဗဟန္းရဲစခန္း၊ ရန္ကင္းရဲ စခန္းႏွင့္ သဃၤန္းကြၽန္းရဲစခန္းတုိ႔ တြင္ စု႐ံုးေရာက္ရွိေနခဲ့သည္။ သို႔ ေသာ္ ရွယ္ယာရွင္အမ်ားစုသည္ အမႈဖြင့္မရဘဲ သက္ဆုိင္ရာ ရဲစခန္းမ်ားမွ ေျဖရွင္းမေပး ေၾကာင္း ဗဟန္းရဲစခန္းႏွင့္ ရန္ ကင္းရဲစခန္းသို႔ ေရာက္ရွိေနေသာ ရွယ္ယာရွင္မ်ားက ေျပာသည္။

ဗဟန္းၿမိဳ႕နယ္မွ ရဲအရာရွိ တစ္ဦးက ေငြေၾကးအစုရွယ္ယာ လုပ္ငန္းကိစၥျဖစ္၍ ရဲအေရးမပိုင္ ေၾကာင္း၊ တရား႐ံုးသို႔ ဦးတိုက္ ေလွ်ာက္ထားရန္သာ ကူညီႏုိင္ ေၾကာင္း 7Day Daily သတင္းစာ အား ေျပာသည္။

‘‘ေငြလိမ္တဲ့ကိစၥဆုိ ႐ိုး႐ိုး တန္းတန္းလိမ္တာဆုိ ၄၂၀ နဲ႔ဖြင့္ လို႔ရတယ္။ ဒါေပမဲ့ ေငြျပန္လိုခ်င္ တာတုိ႔၊ အတိုးယူၿပီးတာတို႔၊ စာ ခ်ဳပ္နဲ႔ ေငြစုတာတို႔က် တရား႐ံုးကို ဦးတိုက္ေလွ်ာက္ရတယ္။ ဥပေဒ အရ ကူညီေပးပါတယ္။ အမႈမဖြင့္ ေပးတာမဟုတ္ပါဘူး’’ဟု ေျပာ သည္။

လက္ရွိတြင္ ေဒၚသက္သက္ ၿမိဳင္ကို အမႈဖြင့္ထားသူသည္ ရန္ ကင္းရဲစခန္းတြင္ ပုဒ္မ ၄၂၀ ႏွင့္ အမႈဖြင့္ထားသူတစ္ဦး၊ သဃၤန္း ကြၽန္းၿမိဳ႕နယ္တြင္ အမႈဖြင့္ထားသူ ေလးဦးရွိသည္။

Jude Jude လုပ္ငန္းမွ ေငြ ေၾကးလိမ္လည္ခံရသူ ရွယ္ယာ ရွင္ဦးေရ ၂၀ ခန္႔ကို အက်ိဳးေဆာင္ေပးေနသည့္ အထက္တန္းေရွ႕ေန ဦးေနစည္သူေဇာ္က လိမ္လည္ခံရသူမ်ားအေနျဖင့္ ဥပေဒကြၽမ္းက်င္သူႏွင့္ ဦးစြာတုိင္ပင္သင့္ေၾကာင္း ေျပာသည္။ စာခ်ဳပ္ႏွင့္ အစုရွယ္ ယာျပဳလုပ္ကာ ေငြေၾကးလိမ္ လည္သည္မွာ ခ်ည္ၿပီးတုပ္ၿပီး လိမ္သည္မ်ိဳးျဖစ္၍ ရဲအေရးပိုင္ မဟုတ္ဘဲ အမႈတည္ေဆာက္သင့္ ေၾကာင္း ၎က ေျပာသည္။

လက္ရွိ ေငြေၾကးလိမ္လည္ ခံရသူမ်ားတြင္ နယ္မွ ရွယ္ယာရွင္ မ်ားလည္း ပါဝင္ၿပီး မိမိတို႔ သက္ ဆုိင္ရာ နယ္ေျမတရား႐ံုးတြင္ အမႈဖြင့္ရန္ ေဆာင္ရြက္ေနေၾကာင္း မႏၲေလးႏွင့္ ေတာင္ႀကီးၿမိဳ႕မွ ရွယ္ ယာရွင္ႏွစ္ဦးက ေျပာသည္။

အသက္ (၂၈)ႏွစ္အရြယ္ ေဒၚသက္သက္ၿမိဳင္သည္ ေအာက္တိုဘာ ၂၆ ရက္က တိမ္းေရွာင္ သြားေၾကာင္း ရွယ္ယာရွင္မ်ားက ယူဆထားၿပီး Jude Jude လုပ္ ငန္းႏွင့္သင့္ျမတ္ အမ်ားႏွင့္သက္ ဆုိင္ေသာ ကုမၸဏီမွ ရွယ္ယာရွင္ ၁,၆၀၀ ခန္႔၏ ထည့္သြင္းေငြက်ပ္ သိန္းရွစ္ေသာင္းကိုလည္း လက္ရွိ အခ်ိန္အထိ ေျဖရွင္းေပးျခင္းမရွိ ေပ။ ၎ပိုင္ဆုိင္သည့္ ေတာင္ ဥကၠလာပၿမိဳ႕နယ္မွ အိမ္ကိုလည္း ပိတ္၍ထားသည္။ ေတာင္ဥကၠ လာ သစၥာလမ္းေပၚမွ Jude Jude Cake and Coffee ဆုိင္ႏွင့္ တာေမြၿမိဳ႕နယ္ ဦးခ်စ္ေမာင္လမ္းေပၚရွိ Jude Jude ကုမၸဏီ႐ံုးကိုလည္း ပိတ္၍ထားသည္။ ၎၏ မိသားစု ဝင္မ်ားကိုလည္း ဆက္သြယ္  မရေသးေပ။

ေဒၚသက္သက္ၿမိဳင္သည္ ၂၀၁၅ က Online ေပၚတြင္ OnlineShopping လုပ္ကိုင္သူျဖစ္ၿပီး ေနာက္ပိုင္းတြင္ စပ္တူလုပ္ငန္း လုပ္ကိုင္မည္ဆုိကာ မိတ္ေဆြ မ်ားႏွင့္ ပူးေပါင္းခဲ့သည္။ ထို႔ ေနာက္ ၂၀၁၆ တြင္ ကားေရေဆး လုပ္ငန္း Jude Jude Cake and Coffee တုိ႔ ဖြင့္လွစ္ကာ ထပ္မံ လုပ္ငန္းတိုးခ်ဲ႕မည္ျဖစ္၍ ရွယ္ ယာေခၚယူလိုေၾကာင္း Online တြင္ ေခၚယူခဲ့သည္။ ၂၀၁၆ ႏွစ္ လယ္တြင္ ရွယ္ယာလုပ္ငန္းလုပ္ ကိုင္ခဲ့ၿပီး အတိုးႏႈန္းမ်ား ပံုမွန္ေပး ခဲ့သည္။ ၂၀၁၇ ေအာက္တိုဘာ ႏွင့္ ႏိုဝင္ဘာမ်ားတြင္ အတိုးႏႈန္း ေပးျခင္းမရွိေတာ့ဘဲ ဆက္သြယ္ မရျဖစ္ခဲ့ေၾကာင္း ရွယ္ယာရွင္မ်ား က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ရှယ်ယာရှင်များ၏ ကျပ်သိန်းရှစ်သောင်းကျော် လိမ်လည်တိမ်းရှောင်နေ သည့် Jude Jude Family လုပ်ငန်းနှင့် သင့် မြတ်အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးကို ရန်ကင်းမြို့ နယ် တရားရုံးတွင် ဒီဇင်ဘာ ၁ ရက်က ရုံးထုတ်ခဲ့သည်။

အဆိုပါ ဒါရိုက်တာအဖွဲ့ဝင် ထက်ဦးလွင် (ခ) ရွှေမိုးစက်ကို ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး စိုးနိုင်မှ ခြေချုပ်နှင့် ခံဝန်ဥပဒေ၊ ၃(ဂ)၊ လိမ်လည်မှုတွင် ပါဝင် သည်ဟု သံသယဖြင့် ခြေချုပ် ထားရန် တရားစွဲဆိုခြင်းဖြစ်ပြီး ရန်ကင်းတရားရုံးတွင် ရုံးထုတ် ရမန်ယူခဲ့သည်။ အဆိုပါအမှုကို မြို့နယ်တွဲဖက်တရားသူကြီး ဦးနေဦးက စစ်ဆေးခဲ့ပြီး နောက်တစ် ကြိမ် ရုံးချိန်းကို ဒီဇင်ဘာ ၁၅ ရက် သို့ ချိန်းဆိုကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

‘‘အခုကိစ္စက ငွေလိမ်တာ ကြောင့် မပါသေးဘူး။ ဒီလူထွက် ပြေးမှာစိုးလို့ ရန်ကင်းရဲစခန်းက ခြေချုပ်ထားတာ။ သူ့ကို ခြေချုပ် ထားပြီး စစ်ဆေးရင် တိမ်းရှောင် နေတဲ့ ဒေါ်သက်သက်မြိုင်အပါအ ဝင် ကျန်တဲ့လူတွေကို ဖော်ထုတ် နိုင်ဖို့ လမ်းစရှိတယ်’’ဟု ရန်ကင်း မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ပြောသည်။

အဆိုပါ လုပ်ငန်းများတွင် ဒေါ်သက်သက်မြိုင်နှင့် ဒါရိုက်တာများအပါအဝင် ဦးဆောင်သူ ၁၁ ဦးရှိပြီး လက်ရှိတွင် ထက်ဦးလွင် (ခ) ရွှေမိုးစက်ကိုသာ ထိန်းသိမ်းထားနိုင်သည်။

ထို့အပြင် ထွက်ပြေးတိမ်း ရှောင်သွားသည့် ပိုင်ရှင်အမျိုး သမီးက ငွေကြေးကိစ္စကို အမြန် ဆုံးဖြေရှင်းပေးမည်ဖြစ်ကြောင်း၊ ၎င်းမိသားစုအန္တရာယ်ဖြစ်မည်စိုး ၍ ခေတ္တရှောင်သွားခြင်းဖြစ် ကြောင်း ရှယ်ယာရှင်များထံ ဆက်သွယ်ခဲ့ကြောင်း ရှယ်ယာရှင်များ က 7Day Daily သတင်းစာအား ပြောသည်။

ထွက်ပြေး တိမ်းရှောင်နေ သည့် ဒေါ်သက်သက်မြိုင် (ခ) ဂျူးဂျူးက  ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် ရှယ်ယာရှင်များကို ‘‘အမျိုးအားလုံးကို အနူးအညွတ် တောင်းပန်ပါတယ်နော်။ ဂျူးမိသားစု အန္တရာယ်ဖြစ်မှာစိုးလို့ ခဏရှောင်ခဲ့တာပါ။ ဂျူးအနေနဲ့ အမြန်ဆုံး ပြေလည်အောင် ဖြေရှင်းပေးမှာပါ’’ဟု ဒီဇင်ဘာ ၁ ရက်က ရှယ်ယာရှင်များနှင့် စုစည်းထားသည့် ဖေ့စ်ဘွတ်ခ်ဂရု(ပ်)တွင် လာရောက်ရေးသားခဲ့သည်။

သို့သော် လက်ရှိတွင် ၎င်းက ပြန်လည်ဖြေရှင်းကာ လုပ်ငန်းပြန်လည်လည်ပတ်မည်ဆိုပါက အယုံအကြည်မရှိဘဲ ငွေကြေးပြန်ရလိုသူများ၊ တရားစွဲလိုသူများသာရှိကြောင်း ကျပ်သိန်း ၆၀ ခန့်ဆုံးရှုံးခဲ့သည့် ဒေါ်ခင်မာလာမြင့်က ပြောသည်။

ဒီဇင်ဘာ ၁ ရက်တွင် ရှယ် ယာရှင်များကို 7Day Daily သတင်းစာမှ ဆက်သွယ်ရာ ရှယ် ယာရှင်အများစုသည် ဒေါ်သက် သက်မြိုင်ကို တရားစွဲဆိုအမှုဖွင့် ရန် ဗဟန်းရဲစခန်း၊ ရန်ကင်းရဲ စခန်းနှင့် သင်္ဃန်းကျွန်းရဲစခန်းတို့ တွင် စုရုံးရောက်ရှိနေခဲ့သည်။ သို့ သော် ရှယ်ယာရှင်အများစုသည် အမှုဖွင့်မရဘဲ သက်ဆိုင်ရာ ရဲစခန်းများမှ ဖြေရှင်းမပေး ကြောင်း ဗဟန်းရဲစခန်းနှင့် ရန် ကင်းရဲစခန်းသို့ ရောက်ရှိနေသော ရှယ်ယာရှင်များက ပြောသည်။

ဗဟန်းမြို့နယ်မှ ရဲအရာရှိ တစ်ဦးက ငွေကြေးအစုရှယ်ယာ လုပ်ငန်းကိစ္စဖြစ်၍ ရဲအရေးမပိုင် ကြောင်း၊ တရားရုံးသို့ ဦးတိုက် လျှောက်ထားရန်သာ ကူညီနိုင် ကြောင်း 7Day Daily သတင်းစာ အား ပြောသည်။

‘‘ငွေလိမ်တဲ့ကိစ္စဆို ရိုးရိုး တန်းတန်းလိမ်တာဆို ၄၂၀ နဲ့ဖွင့် လို့ရတယ်။ ဒါပေမဲ့ ငွေပြန်လိုချင် တာတို့၊ အတိုးယူပြီးတာတို့၊ စာ ချုပ်နဲ့ ငွေစုတာတို့ကျ တရားရုံးကို ဦးတိုက်လျှောက်ရတယ်။ ဥပဒေ အရ ကူညီပေးပါတယ်။ အမှုမဖွင့် ပေးတာမဟုတ်ပါဘူး’’ဟု ပြော သည်။

လက်ရှိတွင် ဒေါ်သက်သက် မြိုင်ကို အမှုဖွင့်ထားသူသည် ရန် ကင်းရဲစခန်းတွင် ပုဒ်မ ၄၂၀ နှင့် အမှုဖွင့်ထားသူတစ်ဦး၊ သင်္ဃန်း ကျွန်းမြို့နယ်တွင် အမှုဖွင့်ထားသူ လေးဦးရှိသည်။

Jude Jude လုပ်ငန်းမှ ငွေ ကြေးလိမ်လည်ခံရသူ ရှယ်ယာ ရှင်ဦးရေ ၂၀ ခန့်ကို အကျိုးဆောင်ပေးနေသည့် အထက်တန်းရှေ့နေ ဦးနေစည်သူဇော်က လိမ်လည်ခံရသူများအနေဖြင့် ဥပဒေကျွမ်းကျင်သူနှင့် ဦးစွာတိုင်ပင်သင့်ကြောင်း ပြောသည်။ စာချုပ်နှင့် အစုရှယ် ယာပြုလုပ်ကာ ငွေကြေးလိမ် လည်သည်မှာ ချည်ပြီးတုပ်ပြီး လိမ်သည်မျိုးဖြစ်၍ ရဲအရေးပိုင် မဟုတ်ဘဲ အမှုတည်ဆောက်သင့် ကြောင်း ၎င်းက ပြောသည်။

လက်ရှိ ငွေကြေးလိမ်လည် ခံရသူများတွင် နယ်မှ ရှယ်ယာရှင် များလည်း ပါဝင်ပြီး မိမိတို့ သက် ဆိုင်ရာ နယ်မြေတရားရုံးတွင် အမှုဖွင့်ရန် ဆောင်ရွက်နေကြောင်း မန္တလေးနှင့် တောင်ကြီးမြို့မှ ရှယ် ယာရှင်နှစ်ဦးက ပြောသည်။

အသက် (၂၈)နှစ်အရွယ် ဒေါ်သက်သက်မြိုင်သည် အောက်တိုဘာ ၂၆ ရက်က တိမ်းရှောင် သွားကြောင်း ရှယ်ယာရှင်များက ယူဆထားပြီး Jude Jude လုပ် ငန်းနှင့်သင့်မြတ် အများနှင့်သက် ဆိုင်သော ကုမ္ပဏီမှ ရှယ်ယာရှင် ၁,၆၀၀ ခန့်၏ ထည့်သွင်းငွေကျပ် သိန်းရှစ်သောင်းကိုလည်း လက်ရှိ အချိန်အထိ ဖြေရှင်းပေးခြင်းမရှိ ပေ။ ၎င်းပိုင်ဆိုင်သည့် တောင် ဥက္ကလာပမြို့နယ်မှ အိမ်ကိုလည်း ပိတ်၍ထားသည်။ တောင်ဥက္က လာ သစ္စာလမ်းပေါ်မှ Jude Jude Cake and Coffee ဆိုင်နှင့် တာမွေမြို့နယ် ဦးချစ်မောင်လမ်းပေါ်ရှိ Jude Jude ကုမ္ပဏီရုံးကိုလည်း ပိတ်၍ထားသည်။ ၎င်း၏ မိသားစု ဝင်များကိုလည်း ဆက်သွယ်  မရသေးပေ။

ဒေါ်သက်သက်မြိုင်သည် ၂၀၁၅ က Online ပေါ်တွင် OnlineShopping လုပ်ကိုင်သူဖြစ်ပြီး နောက်ပိုင်းတွင် စပ်တူလုပ်ငန်း လုပ်ကိုင်မည်ဆိုကာ မိတ်ဆွေ များနှင့် ပူးပေါင်းခဲ့သည်။ ထို့ နောက် ၂၀၁၆ တွင် ကားရေဆေး လုပ်ငန်း Jude Jude Cake and Coffee တို့ ဖွင့်လှစ်ကာ ထပ်မံ လုပ်ငန်းတိုးချဲ့မည်ဖြစ်၍ ရှယ် ယာခေါ်ယူလိုကြောင်း Online တွင် ခေါ်ယူခဲ့သည်။ ၂၀၁၆ နှစ် လယ်တွင် ရှယ်ယာလုပ်ငန်းလုပ် ကိုင်ခဲ့ပြီး အတိုးနှုန်းများ ပုံမှန်ပေး ခဲ့သည်။ ၂၀၁၇ အောက်တိုဘာ နှင့် နိုဝင်ဘာများတွင် အတိုးနှုန်း ပေးခြင်းမရှိတော့ဘဲ ဆက်သွယ် မရဖြစ်ခဲ့ကြောင်း ရှယ်ယာရှင်များ က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top