ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပရိသတ္အားေပးမႈရရွိ ေနသည့္ ေခါင္းေလွ်ာ္ရည္ေၾကာ္ ျငာ႐ိုက္ၿပီးခ်ိန္တြင္ ႏွာေစး၊ ေခ်ာင္းဆိုး အေအးမိေဝဒနာ  ခံစားေန ရေၾကာင္း အကယ္ဒမီေက်ာ္သူက ေၾကာ္ျငာ႐ိုက္ကူးေရး  အမွတ္ တရကို ေျပာသည္။

‘‘အလွကုန္ေတြ ေၾကာ္ျငာရ တာ တစ္မ်ိဳးေတာ့တစ္မ်ိဳးပဲ။ ဒါ ေပမဲ့ အံဝင္လို႔ ႐ိုက္တာေပါ့ေလ။ Ginvera ဆုိလည္း ေအာင္ျမင္ သြားတာေပါ့။ Comedy ဆန္ဆန္ ေလး႐ိုက္ထားေတာ့။ ဒါေပမဲ့ အဲ ဒါ႐ိုက္ၿပီးေနာက္ပိုင္း ႏွာေစး၊ ေခ်ာင္းဆိုး အေအးမိေရာဂါျဖစ္ သြားတယ္။ ရင္ဘတ္ေတြေတာင္ နည္းနည္းျပန္ေအာင့္လာတယ္’’ ဟု ေက်ာ္သူက ေျပာသည္။

ေက်ာ္သူႏွင့္ ႐ိုက္ကူးထား သည့္ စကၠန္႔သံုးေဆာင္ခန္႔ၾကာ ေခါင္းေလွ်ာ္ရည္   ေၾကာ္ျငာကို ၎တုိ႔၏ ေဖ့စ္ဘြတ္ခ္ေပ့ခ်္တြင္ တင္ထားရာ သံုးပတ္အတြင္း ၾကည့္႐ႈသူႏွစ္သန္းခန္႔ရွိသည္။

လတ္တေလာ အႏုပညာ လႈပ္ရွားမႈအေနျဖင့္ ပုဂံၿမိဳ႕သူ ဇာတ္လမ္းတြဲကို ဒီဇင္ဘာ ၁၅ ရက္တြင္ ပုဂံသို႔ သြားေရာက္ ႐ိုက္ကူးမည္ျဖစ္ၿပီး သံုးလခန္႔အ ခ်ိန္ယူ ႐ိုက္ကူးမည္ျဖစ္ေၾကာင္း အသက္ (၅၈)ႏွစ္ျပည့္ခ့ဲသည့္ ေက်ာ္သူက ေျပာသည္။

ပုဂံၿမိဳ႕သူ ဇာတ္လမ္းတြဲတြင္ ေဒါင္းႏွင့္ ေမျမင့္မိုရ္တုိ႔  အဓိက ပါဝင္သ႐ုပ္ေဆာင္မည္ျဖစ္ၿပီး ေက်ာ္သူက သ႐ုပ္ေဆာင္အျပင္ ဒါ႐ိုက္တာအျဖစ္ ပါဝင္႐ိုက္ကူး မည္ျဖစ္သည္။

ထို႔အျပင္ ေက်ာ္သူူသည္ မႏၲေလးႏွင့္ ရန္ကုန္ၿမိဳ႕တြင္ ကျပ မည့္ လကၤာဒီပခ်စ္သူ စင္တင္ ျပဇာတ္၌    ဦးရီးေတာ္မာရဇၨေန ရာမွ ပါဝင္ကျပရန္ လက္ခံထား သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#

ပရိသတ်အားပေးမှုရရှိ နေသည့် ခေါင်းလျှော်ရည်ကြော် ငြာရိုက်ပြီးချိန်တွင် နှာစေး၊ ချောင်းဆိုး အအေးမိဝေဒနာ  ခံစားနေ ရကြောင်း အကယ်ဒမီကျော်သူက ကြော်ငြာရိုက်ကူးရေး  အမှတ် တရကို ပြောသည်။

‘‘အလှကုန်တွေ ကြော်ငြာရ တာ တစ်မျိုးတော့တစ်မျိုးပဲ။ ဒါ ပေမဲ့ အံဝင်လို့ ရိုက်တာပေါ့လေ။ Ginvera ဆိုလည်း အောင်မြင် သွားတာပေါ့။ Comedy ဆန်ဆန် လေးရိုက်ထားတော့။ ဒါပေမဲ့ အဲ ဒါရိုက်ပြီးနောက်ပိုင်း နှာစေး၊ ချောင်းဆိုး အအေးမိရောဂါဖြစ် သွားတယ်။ ရင်ဘတ်တွေတောင် နည်းနည်းပြန်အောင့်လာတယ်’’ ဟု ကျော်သူက ပြောသည်။

ကျော်သူနှင့် ရိုက်ကူးထား သည့် စက္ကန့်သုံးဆောင်ခန့်ကြာ ခေါင်းလျှော်ရည်   ကြော်ငြာကို ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင် တင်ထားရာ သုံးပတ်အတွင်း ကြည့်ရှုသူနှစ်သန်းခန့်ရှိသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ပုဂံမြို့သူ ဇာတ်လမ်းတွဲကို ဒီဇင်ဘာ ၁၅ ရက်တွင် ပုဂံသို့ သွားရောက် ရိုက်ကူးမည်ဖြစ်ပြီး သုံးလခန့်အ ချိန်ယူ ရိုက်ကူးမည်ဖြစ်ကြောင်း အသက် (၅၈)နှစ်ပြည့်ခဲ့သည့် ကျော်သူက ပြောသည်။

ပုဂံမြို့သူ ဇာတ်လမ်းတွဲတွင် ဒေါင်းနှင့် မေမြင့်မိုရ်တို့  အဓိက ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး ကျော်သူက သရုပ်ဆောင်အပြင် ဒါရိုက်တာအဖြစ် ပါဝင်ရိုက်ကူး မည်ဖြစ်သည်။

ထို့အပြင် ကျော်သူူသည် မန္တလေးနှင့် ရန်ကုန်မြို့တွင် ကပြ မည့် လင်္ကာဒီပချစ်သူ စင်တင် ပြဇာတ်၌    ဦးရီးတော်မာရဇ္ဇနေ ရာမှ ပါဝင်ကပြရန် လက်ခံထား သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top