AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ ေျခာက္ခုအတြင္း ကမၻာ့ေလေၾကာင္းခရီးသြားလုပ္ငန္းထဲမွာေတာ့ အေျပာင္းအလဲေတြ အမ်ားႀကီး ျဖစ္သြားခဲ့ပါတယ္။ ယင္းကာလအတြင္း နည္းပညာအသစ္အဆန္းေတြလည္း အမ်ားႀကီး ေပၚလာခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘာေတြ ဘယ္လုိပဲ ေျပာင္းလဲသြားသြား မေျပာင္းမလဲဘဲ က်န္ရွိေနေသးတဲ့ အေၾကာင္းအရာတစ္ခုကေတာ့ ရွိေနပါေသးတယ္။ ဒါကေတာ့ ၿပီးခဲ့တဲ့ အႏွစ္ေျခာက္ဆယ္အတြင္းမွာ ေလယာဥ္စီး ခရီးသြားေတြကို အၿပံဳးခ်ဳိခ်ဳိေလး ေပးၿပီး ၀န္ေဆာင္မႈေပးေနလ်က္ရွိတဲ့ ဘက္တီ နက္ရွ္ ဆိုသူ အသက္ ၈၁ ႏွစ္အရြယ္ အေမရိကန္ ေလယာဥ္မယ္တစ္ဦးပဲ ျဖစ္ပါတယ္။

ဘက္တီ နက္ရွ္ဟာ ဆိုရင္ အေမရိကန္ေလေၾကာင္းလိုင္းမွာ လုပ္သက္ ၆၀ နီးပါး ရွိေနၿပီ ျဖစ္တဲ့ ၀န္ထမ္းတစ္ဦးျဖစ္ၿပီး ကမၻာ့ အသက္အႀကီးဆံုး ေသာ ေလယာဥ္မယ္လည္း ျဖစ္ပါတယ္။ ေလယာဥ္မယ္ လုပ္သက္က သူမတူေအာင္ ၾကာျမင့္ေနခဲ့ၿပီျဖစ္လုိ႔ ခုဆိုရင္ ပံုမွန္သြားလာေနတဲ့ ေလယာဥ္စီး ခရီးသြားေတြဆိုရင္ သူမနဲ႔ မိတ္ေဆြေတြအျဖစ္ေတာင္ ေရာက္ေနၾကၿပီ ျဖစ္ပါတယ္။

ဘက္တီ ပံုမွန္ လိုက္ေနၾက ခရီးစဥ္ကေတာ့ ၀ါရွင္တန္- ေဘာ္စတြန္- ၀ါရွင္တန္ လမ္းေၾကာင္း ျဖစ္ပါတယ္။ သူမ ပံုမွန္လိုက္ေနက် လမ္းေၾကာင္းျဖစ္လို႔ စီးနင္းသြားလာေနတဲ့ ခရီးသည္ေတြက သူမရဲ႕ သူငယ္ခ်င္းေတြ ျဖစ္ေနပါၿပီ။

" ကၽြန္မ အသက္ ၁၆ ႏွစ္အရြယ္တုန္းက ပထမဆံုး ေလယာဥ္စီးဖို႔ ေလဆိပ္ေရာက္ခဲ့ခ်ိန္မွာပဲ ခုလို ေလယာဥ္မယ္ျဖစ္ခ်င္စိတ္ ျဖစ္လာခဲ့တာပါ၊ အဲဒီတုန္းက မွတ္မိပါေသးတယ္ ၊ ကၽြန္မ အေမနဲ႔ အတူ ၀ါရွင္တန္ ေရဂင္ ေလဆိပ္မွာ ထုိင္ေစာင့္ေနတုန္း ေလယာဥ္ ပိုင္းေလာ့တစ္ေယာက္နဲ႔ ေလယာဥ္မယ္တစ္ေယာက္တို႔ ကၽြန္မတို႔ ေရွ႕ကေန ျဖတ္ေလွ်ာက္သြားတာကို ေတြ႕လိုက္ရတယ္၊ အဲဒီအခ်ိန္မွာပဲ 'အုိးမိုင္ေဂ့ါ၊ သူတို႔ကို အားက်လိုက္တာ၊ ငါလဲ သူတို႔လို ျဖစ္ခ်င္လိုက္တာ၊ ဟုတ္ၿပီ ငါျဖစ္ေအာင္ လုပ္မယ္' ဆိုတဲ့ အိပ္မက္ စမက္ခဲ့ေတာ့တာပါပဲ" လို႔ ဘက္တီက ေျပာပါတယ္။

အဲဒီေနာက္ ဘက္တီဟာ ေကာလိပ္ဒီဂရီတစ္ခု ရေအာင္ လုပ္ခဲ့ၿပီးေနာက္ ေလယာဥ္မယ္အလုပ္ကုိ ေလွ်ာက္ခဲ့ပါတယ္။ ယင္းေနာက္ ၁၉၅၇ ခုႏွစ္ ႏို၀င္ဘာ ၄ ရက္မွာပဲ ယခုအခ်ိန္မွာ ေပ်ာက္ကြယ္သြားၿပီျဖစ္တဲ့ Eastern Airlines မွာ အလုပ္ရခဲ့တယ္လို႔ သိရပါတယ္။

ယင္းေနာက္ ေလေၾကာင္းလုပ္ငန္းထဲမွာ အေျပာင္းအလဲ ေတြဘာေတြပဲ ျဖစ္ခဲ့ျဖစ္ခဲ့ သူမကေတာ့ ဘ၀တစ္ေလွ်ာက္ ေလယာဥ္မယ္အျဖစ္နဲ႔ စြဲစြဲၿမဲၿမဲ ဆက္ရွိေနခဲ့ပါတယ္။ အေမရိကန္ႏိုင္ငံမွာကလည္း ေလယာဥ္ ပိုင္းေလာ့ေတြကို အသက္ ၆၅ ႏွစ္မွာ အနားယူရမယ္လို ျပဌာန္းထားေပမယ့္ ေလယာဥ္မယ္ေတြအေပၚမွာေတာ့ ဘယ္လို ကန္႔သတ္ခ်က္မွ မရွိတာေၾကာင့္ ဘက္တီက ယခုလို ကမၻာ့အသက္ႀကီးဆံုးေသာ စီနီယာ ေလယာဥ္မယ္တစ္ဦး ျဖစ္ေနႏိုင္တာျဖစ္ပါတယ္။

ခုလက္ရွိအခ်ိန္မွာေတာ့ သူမဟာ အေမရိကန္ေလေၾကာင္းလုိင္းမွာ အလုပ္လုပ္ကိုင္ေနလ်က္ရွိတုန္းပဲ ျဖစ္ၿပီး အနားယူဖို႔လည္း အစီအစဥ္မရွိေသးဘူးလို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #
ပြီးခဲ့တဲ့ ဆယ်စုနှစ် ခြောက်ခုအတွင်း ကမ္ဘာ့လေကြောင်းခရီးသွားလုပ်ငန်းထဲမှာတော့ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားခဲ့ပါတယ်။ ယင်းကာလအတွင်း နည်းပညာအသစ်အဆန်းတွေလည်း အများကြီး ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာတွေ ဘယ်လိုပဲ ပြောင်းလဲသွားသွား မပြောင်းမလဲဘဲ ကျန်ရှိနေသေးတဲ့ အကြောင်းအရာတစ်ခုကတော့ ရှိနေပါသေးတယ်။ ဒါကတော့ ပြီးခဲ့တဲ့ အနှစ်ခြောက်ဆယ်အတွင်းမှာ လေယာဉ်စီး ခရီးသွားတွေကို အပြုံးချိုချိုလေး ပေးပြီး ဝန်ဆောင်မှုပေးနေလျက်ရှိတဲ့ ဘက်တီ နက်ရှ် ဆိုသူ အသက် ၈၁ နှစ်အရွယ် အမေရိကန် လေယာဉ်မယ်တစ်ဦးပဲ ဖြစ်ပါတယ်။

ဘက်တီ နက်ရှ်ဟာ ဆိုရင် အမေရိကန်လေကြောင်းလိုင်းမှာ လုပ်သက် ၆၀ နီးပါး ရှိနေပြီ ဖြစ်တဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ကမ္ဘာ့ အသက်အကြီးဆုံး သော လေယာဉ်မယ်လည်း ဖြစ်ပါတယ်။ လေယာဉ်မယ် လုပ်သက်က သူမတူအောင် ကြာမြင့်နေခဲ့ပြီဖြစ်လို့ ခုဆိုရင် ပုံမှန်သွားလာနေတဲ့ လေယာဉ်စီး ခရီးသွားတွေဆိုရင် သူမနဲ့ မိတ်ဆွေတွေအဖြစ်တောင် ရောက်နေကြပြီ ဖြစ်ပါတယ်။

ဘက်တီ ပုံမှန် လိုက်နေကြ ခရီးစဉ်ကတော့ ဝါရှင်တန်- ဘော်စတွန်- ဝါရှင်တန် လမ်းကြောင်း ဖြစ်ပါတယ်။ သူမ ပုံမှန်လိုက်နေကျ လမ်းကြောင်းဖြစ်လို့ စီးနင်းသွားလာနေတဲ့ ခရီးသည်တွေက သူမရဲ့ သူငယ်ချင်းတွေ ဖြစ်နေပါပြီ။

" ကျွန်မ အသက် ၁၆ နှစ်အရွယ်တုန်းက ပထမဆုံး လေယာဉ်စီးဖို့ လေဆိပ်ရောက်ခဲ့ချိန်မှာပဲ ခုလို လေယာဉ်မယ်ဖြစ်ချင်စိတ် ဖြစ်လာခဲ့တာပါ၊ အဲဒီတုန်းက မှတ်မိပါသေးတယ် ၊ ကျွန်မ အမေနဲ့ အတူ ဝါရှင်တန် ရေဂင် လေဆိပ်မှာ ထိုင်စောင့်နေတုန်း လေယာဉ် ပိုင်းလော့တစ်ယောက်နဲ့ လေယာဉ်မယ်တစ်ယောက်တို့ ကျွန်မတို့ ရှေ့ကနေ ဖြတ်လျှောက်သွားတာကို တွေ့လိုက်ရတယ်၊ အဲဒီအချိန်မှာပဲ 'အိုးမိုင်ဂေ့ါ၊ သူတို့ကို အားကျလိုက်တာ၊ ငါလဲ သူတို့လို ဖြစ်ချင်လိုက်တာ၊ ဟုတ်ပြီ ငါဖြစ်အောင် လုပ်မယ်' ဆိုတဲ့ အိပ်မက် စမက်ခဲ့တော့တာပါပဲ" လို့ ဘက်တီက ပြောပါတယ်။

အဲဒီနောက် ဘက်တီဟာ ကောလိပ်ဒီဂရီတစ်ခု ရအောင် လုပ်ခဲ့ပြီးနောက် လေယာဉ်မယ်အလုပ်ကို လျှောက်ခဲ့ပါတယ်။ ယင်းနောက် ၁၉၅၇ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာပဲ ယခုအချိန်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ Eastern Airlines မှာ အလုပ်ရခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက် လေကြောင်းလုပ်ငန်းထဲမှာ အပြောင်းအလဲ တွေဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ သူမကတော့ ဘဝတစ်လျှောက် လေယာဉ်မယ်အဖြစ်နဲ့ စွဲစွဲမြဲမြဲ ဆက်ရှိနေခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာကလည်း လေယာဉ် ပိုင်းလော့တွေကို အသက် ၆၅ နှစ်မှာ အနားယူရမယ်လို ပြဌာန်းထားပေမယ့် လေယာဉ်မယ်တွေအပေါ်မှာတော့ ဘယ်လို ကန့်သတ်ချက်မှ မရှိတာကြောင့် ဘက်တီက ယခုလို ကမ္ဘာ့အသက်ကြီးဆုံးသော စီနီယာ လေယာဉ်မယ်တစ်ဦး ဖြစ်နေနိုင်တာဖြစ်ပါတယ်။

ခုလက်ရှိအချိန်မှာတော့ သူမဟာ အမေရိကန်လေကြောင်းလိုင်းမှာ အလုပ်လုပ်ကိုင်နေလျက်ရှိတုန်းပဲ ဖြစ်ပြီး အနားယူဖို့လည်း အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top