AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

၁၂ ႏွစ္ဆိုသည့္ အခ်ိန္သည္ အကုန္ျမန္လြန္းလွသည္…။

၂၀၀၈ ခုႏွစ္

လြန္ခဲ့ေသာ ၂၀၀၈ ခုႏွစ္တြင္ ေထာင္ဒဏ္ ၁၂ ႏွစ္ အျပစ္ေပးခံရေသာ ဂ်ဳိ ဒို ဆြန္း (Cho Doo-Soon) ဆိုသည့္ အသက္ ၅၆ ႏွစ္အမ်ိဳးသားႀကီးသည္ မ်ားမၾကာမီ ၂၀၂၀ ဆိုလွ်င္ ေထာင္က လြတ္လာေတာ့မည္ျဖစ္သည္။

ယခု ၂၀၁၇ ခုႏွစ္ဆိုေတာ့ ေနာက္ ၃ ႏွစ္…။

ထိုအခ်ိန္တြင္ Cho သည္ အသက္ ၆၈ ႏွစ္ အဘိုးႀကီးျဖစ္ေနေပေတာ့မည္။ သူသည္ ယခု ေထာင္ထဲတြင္ က်န္းမာေရးလည္း သိပ္မေကာင္းဟု သတင္းရသည္။

ထိုအသက္ ၇၀ နားကပ္ေနေတာ့မည့္ အဘိုးႀကီး ေထာင္မွျပန္လြတ္လာေတာ့မည္…။

ဒါကို ေတာင္ကိုရီးယားျပည္သူတို႔က မၾကည္ျဖဴၾကပါ..။ ယခုတေလာ ထို အဘိုးႀကီးအေၾကာင္းကို လူေတြကေျပာေနၾကသည္။

“ေထာင္ထဲမွာ တသက္လံုးေနရမွာ..”

” ဟင္… မေသေသးဘူးလား!?!”

” ဘုရား..ဘုရား … မိစၧာေကာင္ႀကီး ကို ကြ်န္မတို႔ လူ႔အဖြဲ႕အစည္းထဲကို ျပန္မထည့္ဖို႔ ေတာင္းဆိုပါတယ္…”

“သူ႔ကို တသက္ တကြ်န္း ေထာင္ထဲမွာထည့္ထားေပးပါ”

ေတာင္ကိုရီးယား အင္တာနက္ လူထု ႀကီး (Netizen) မွ မေက်နပ္သူမ်ား အေတာ္မ်ားေနသည္။

ယခု ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာအထိ စာရင္းအရ လူေပါင္း ၃၅၉,၈၈၈ ေယာက္က ထို အဘိုးႀကီးအား ေထာင္မွ ျပန္မလႊတ္ရန္ လက္မွတ္ထိုး၍ အစိုးရထံ ဆႏၵျပေတာင္းဆိုေနသည္။

***************************************
🌟အပိုင္းတစ္

ကြ်န္မ အသက္ရွင္ေနရတာကိုပဲ ေက်းဇူးတင္လွပါၿပီ…။

ကြ်န္မမွာ သူငယ္ခ်င္းရယ္လို႔ မရွိပါဘူး။
ရည္းစားရွိဖို႔ အိမ္ေထာင္က်ဖို႔ဆိုတာ အိမ္မက္ေတာင္မမက္ရဲတဲ့ဘဝပါ..။

မစင္အနံ႔ အၿမဲနံေစာ္ေနတဲ့ ကြ်န္မကို ဘယ္သူက သူငယ္ခ်င္းလုပ္မွာလဲ…?
ဘယ္သူက ရည္းစားေတာ္ခ်င္မွာလဲ..?

ကြ်န္မဟာ လူၾကားထဲမွာေတာင္ မသြားလာရဲခဲ့ပါဘူး။ စာတတ္ခ်င္လြန္းလို႔သာ ေက်ာင္းဆက္တက္ေနရပါတယ္။ ကြ်န္မအတြက္ေတာ့ အၿမဲ သိမ္ငယ္ေနမိတယ္..။

ကြ်န္မ သူငယ္ခ်င္းေတြနဲ႔ အၿမဲေဝးေဝးေနမိတယ္။

ကြ်န္မဆီက အနံ႔ဆိုးေတြ အတြက္ ကြ်န္မရွက္တယ္…။ အားနာတယ္..။

***************************************
ကြ်န္မ အိမ္သာေတြကို ေၾကာက္တယ္။
ကြ်န္မ အိမ္က အိမ္သာကလြဲၿပီး တျခားအျပင္က အိမ္သာေတြထဲမဝင္ခဲ့တာ ၁၀ ႏွစ္ေလာက္ၾကာေပါ့…။

ဟုတ္ပါတယ္..။ ကြ်န္မဟာ အိမ္သာသြားၿပီး အညစ္အေၾကးစြန္႔ဖို႔ အဂၤါမရွိတဲ့ ဒုကၡိတတစ္ေယာက္ပါ..။

ကြ်န္မသြားေလရာ ဆီး/မစင္အိတ္ ခါးေဘးမွာခ်ိတ္ထားရတယ္ေလ..။

ေဆာင္းတြင္းဆိုရင္ အကႌ်အထူႀကီးေတြ ဝတ္ေတာ့ ဒီအိတ္ေတြခ်ိတ္ထားတာ လူမျမင္ေတာ့ဘူးေပါ့..။

ဒါေပမဲ.. ေႏြရာသီပူပူေလာင္ေလာင္ႀကီးမွာ အက်ီအပြ အထူႀကီးေတြဝတ္ရတာ ကြ်န္မအတြက္ အဆင္မေျပလွဘူး..။

ဒါေၾကာင့္ ကြ်န္မ ေႏြရာသီေတြကိုလည္း ေၾကာက္တယ္…။

***************************************
ကြ်န္မ ငယ္ငယ္တုန္းကဘဝျပန္ရခ်င္တယ္။
ငယ္ငယ္တုန္းကဆို ဒီလို မစင္အိတ္ခါးမွာခ်ိတ္စရာမလိုဘူး..။ ကြ်န္မဟာ ေမြးရာပါဒုကၡိတ မဟုတ္ပါဘူးရွင္..။

အဲဒီတုန္းက လြတ္လြတ္လပ္လပ္ ေျပးလႊားလို႔ရပါတယ္။ သိပ္ေပ်ာ္ဖို႔ေကာင္းခဲ့ပါတယ္..။

ဒါေပမယ္…ကြ်န္မဘဝဟာ အသက္ ၈ ႏွစ္မျပည့္ခင္အထိပဲ ေပ်ာ္စရာေကာင္းခဲ့ပါတယ္။

***************************************
၂၀၀၈ ခုႏွစ္ ဒီဇင္ဘာလ ၁၁ ရက္ေန႔

သမီးဟာ ပထမတန္းေက်ာင္းသူေလးပါ။

ခ်မ္းေအးလွတဲ့ ဒီဇင္ဘာလႀကီးမွာ သမီး ေက်ာင္းတက္ဖို႔ အိမ္ကထြက္လာခဲ့တယ္။

မနက္ ၈ နာရီ ၃၀ မိနစ္ေပါ့ ..။

သမီးတို႔ေက်ာင္းသြားရင္ ခရစ္ယာန္ေက်ာင္းတစ္ေက်ာင္းကို ျဖတ္သြားရတယ္..။

ခရစ္ယာန္ေက်ာင္းနားမွာ အဘအရြယ္ လူႀကီး တစ္ေယာက္ သမီးအေရွ႕ကိုလာရပ္ပါတယ္။

“နင္ ဒီခရစ္ယာန္ေက်ာင္းတက္ဘူးလား”

“ဟင့္အင္း”

**************************************
အဘႀကီးဟာ သမီးရဲ႕ ပါးစပ္ကိုပိတ္ၿပီး အိမ္သာထဲလို အတင္းဆြဲေခၚသြားတယ္။

အဘႀကီးဟာ သူ႔ေဘာင္းဘီကိုခြ်တ္တယ္။ ၿပီးေတာ့ သမီး မလုပ္ခ်င္တာေတြကိုခိုင္းပါေတာ့ တယ္..။

သမီး ရြံတယ္။

ၿပီးေတာ့ သမီး ေၾကာက္တယ္ ..။

သမီးေအာ္ေတာ့ အဘႀကီးက ပါးစပ္ပိတ္ထားတယ္ ..။ သမီးမ်က္ႏွာေတြကို႐ိုက္တယ္။

“အေဖေရ ကယ္ပါ..။ သမီး နာက်င္လွပါၿပီ..”

သမီးကို လည္ပင္းၫွစ္တယ္..သမီးအသက္ရႈလို႔မဝေတာ့ဘူး..။ သမီးေခါင္းေတြ အရမ္းမူးလာတယ္..။ သမီးမ်က္ႏွာေတြ လည္ပင္းေတြနာတယ္…။ သမီး နာလြန္းလို႔ သတိရလိုက္… မရလိုက္ပါပဲ..။

ေနာက္ဆံုးမွတ္မိတာက အဘႀကီးက သမီးမ်က္ႏွာတခုလံုး အိမ္သာခြက္ထဲကို အတင္းထည့္ၿပီး ဖိထားတယ္။ အိမ္သာေရဆိုးေတြက သမီးရဲ႕ႏွာခါင္းနဲ႔ ပါးစပ္ထဲကိုဝင္လာတယ္။

သမီး ဘာကိုမွ မမွတ္မိေတာ့ဘူး။

**************************************
သမီး သတိရေတာ့ အိမ္သာထဲမွာပါပဲ..။ ေဆာင္းရာသီဆိုေတာ့ ခ်မ္းလိုက္တာ..။
သမီးအက်ႌေတြ ေဘာင္းဘီေတြ သမီးကိုယ္မွာမရွိဘူးထင္ပါရဲ႕…။ ခ်မ္းလိုက္တာ ေသမတတ္ပါပဲ…။

“အေမေရ… အေဖေရ … သမီးကို လာကယ္ပါ”

သမီးတကိုယ္လံုးလႈပ္လို႔မရေတာ့ဘူး။ လႈပ္ရင္ အရမ္းနာတယ္။ လႈပ္ဖို႔လဲ အားမရွိပါဘူး။ သမီး ေခါင္းေတြမူးလာၿပီး ဘာမွ မသိေတာ့ျပန္ဘူး..။

*************************************
သမီးသတိရေတာ့ ေဆး႐ုံမွာပါ…။ သမီးအေဖနဲ႔ အေမကို ျပန္ေတြ႕ရပါၿပီ..။

ဟင္.?!?.သမီးဗိုက္ကေနေဖာက္ထားတဲ့ပိုက္တန္းလန္းႀကီးနဲ႔…။ နာက်င္လွေပမယ့္ သမီးမေၾကာက္ေတာ့ပါဘူး..။ သမီး အေဖက ျပံဳးၿပီး ေျပာတယ္။

“သမီးေနေကာင္းသြားမွာပါ..” တဲ့

ဒါေပမယ့္ အဲဒီအခ်ိန္ကစၿပီး သမီးျပန္မေကာင္းေတာ့ပါဘူး။ သမီးမွာ ဆီးသြားဖို႔နဲ႔ မစင္စြန္႔ဖို႔ အဂၤါေတြမရွိေတာ့ဘူးဆိုတာ သိလိုက္ရပါတယ္။

သမီးဒုကၡိတျဖစ္သြားပါၿပီ။

သမီးခႏၶာကိုယ္က အညစ္အေၾကးေတြဟာ သမီးဗိုက္ထဲမွာ ထည့္ဆက္ထားတဲ့ ဆီးပိုက္ မစင္ပိုက္တို႔ကတဆင့္ သမီးခါးမွာခ်ိတ္ထားတဲ့အိတ္ထဲကို တစက္ျခင္းက်ေနပါတယ္။

အနံ႔ေတြကလည္း တအားဆိုးပါတယ္။

*************************************
🌟အပိုင္းႏွစ္

Cho ဆိုသည့္ အသက္ ၅၆ ႏွစ္အရြယ္ မုဒိမ္းသမားသည္ ကေလးမေလးအား ဆံပင္မွဆြဲ၍ မ်က္ႏွာအား အိမ္သာခြက္ထဲ ႏွစ္ထားလိုက္သည္။

ကေလးမေလး သတိေမ့သြားသည္။ ပို၍ေသခ်ာေစရန္ ထိုကေလးမေလးအား ထပ္၍ လည္ပင္းၫွစ္လိုက္သည္။

ကေလးမေလးေပ်ာ့ေခြ၍ သြားသည္။

အိမ္သာ အဖုံးကိုပိတ္၍ ကေလးမေလးအား ပစ္တင္လိုက္သည္။

ထို႔ေနာက္ ေျမးအရြယ္ ကေလးေလးအား Cho သည္ မုဒိမ္းက်င့္သည္။

သူသည္ အႀကိမ္ေပါင္းမ်ားစြာ မုဒိမ္းက်င့္သည္။

*************************************
ကေလးမေလး၏ ဦးေခါင္းႏွင့္ ပုခံုးသည္ အိမ္သာ ေရအိုးနံရံႏွင့္ အႀကိမ္ေပါင္းမ်ားစြာ ေဆာင့္မိ၍ ျပင္းထန္ေသာ ဒါဏ္ရာရကာ ေသြးမ်ား ဒလေဟာ စီးက်လာသည္။

ကေလးမေလး၏ အညစ္အေၾကးစြန္႔ အဂၤါမ်ား အားလံုး စုတ္ျပတ္သြားၿပီး ေသြးအလိမ္းလိမ္းျဖင့္ ကေလးမေလး၏ အူမ်ားထြက္က်လာသည္။

ကေလးမေလး၏ သားအိမ္လမ္းေၾကာင္းႏွင့္ အစာေဟာင္းလမ္းေၾကာင္းၾကားရွိ နံရံအားလံုးပြင့္သြားသည္။

*************************************
Cho သည္ အိမ္သာထဲရွိ တစ္ရႈးမ်ားပိတ္ဆို႔လွ်င္ စုပ္ယူ ဖယ္ရွားသည့္ ေရာ္ဘာစုပ္တံခြက္ျဖင့္ ကေလးမေလး၏ အူမ်ားကို အျပင္ေရာက္ေအာင္ စုပ္ထုတ္လိုက္သည္။

ထိုအူမ်ားအေပၚတြင္ သူ၏ သုတ္ရည္မ်ား သက္ေသအျဖစ္ က်န္ရွိေနမွာ စိုးေသာေၾကာင့္ျဖစ္သည္။

အူမ်ားထြက္ေနသည့္ ကေလးမ၏ ခႏၶာကို အိမ္သာေရထဲႏွစ္၍ အိမ္သာခြက္ရွိေရျဖင့္ ေဆးသည္။ ထိုေနာက္ အူမ်ားကိုဗိုက္ထဲ ျပန္ထိုးသြင္းလိုက္သည္။

အူမ်ားက ျပန္က်လာသည္။

*************************************
ကေလးမေလးအား ပက္လက္အေနအထားျပဳလုပ္လိုက္သည္။ အူမ်ားကို ျပန္သြင္းသည္။ သည္တႀကိမ္တြင္ အူမ်ားထြက္မက်ေတာ့ …။

“ေျပးမွ..”

Cho သည္ ကေလးမေလးအား တစ္ခ်က္ၾကည့္၍ ေျပးရန္ ျပင္ဆင္သည္။ သို႔ေသာ္ သူ၏ တိရိစၧာန္စိတ္ ရမက္ေၾကာင့္ မေျပးႏိုင္ …ဗိုက္ပြင့္၍ ေသလုေျမာပါးျဖစ္ေနေသာ ကေလးမေလးအား ရက္စက္စြာထပ္၍ မုဒိမ္းက်င့္ေလသည္။

ထို႔ေနာက္ ခ်မ္းေအးလွေသာ ေဆာင္းရာသီတြင္ အူမ်ားႏွင့္တကြ တကိုယ္လံုးကို ေဘးရွိ ဘံုဘိုင္ေရေအးျဖင့္အထပ္ထပ္ အခါခါေဆးသည္။ သူ၏ ေျခရာလက္ရာမ်ားက်န္ခဲ့မည္စိုး၍ျဖစ္သည္။

ကေလးေလးအား အိမ္သာေပၚ ထိုင္ရက္အနအထား ထိုင္ေစသည္။

ထို႔ေနာက္ အိမ္သာထဲမွ ထြက္လာခဲ့သည္။

မၾကာမီပင္ အိမ္သာတက္သူမ်ားက ရဲစခန္းကို အေၾကာင္းၾကားေသာေၾကာင့္ ရဲကား ေဆး႐ုံကားမ်ားေရာက္လာက ကေလးမေလးအား အေရးေပၚ ေဆးကုသမႈမ်ားခ်က္ခ်င္းျပဳလုပ္ခဲ့သည္။

*************************************
ကေလးေလး၏ အူမ်ား အပိုင္းပိုင္းျပတ္ကုန္သည္။ ေရမသန္႔ေသာေၾကာင့္ ပိုးဝင္၍ အေျခအေနဆိုးကုန္သည္။

ကေလးမေလး၏ ေအာက္ပိုင္းအဂၤါအားလံုး၏ ၈၀% သည္ လံုးဝဖယ္ရွား ျဖတ္ေတာက္ပစ္ခဲ့ရသည္။

*************************************
🌟အပိုင္း သံုး

၂၀၀၈ ခုႏွစ္ ဒီဇင္ဘာလ ၁၃ ရက္ေန႔

ကေလးမေလး၏ ခႏၶာကိုယ္ကို ေဆးေၾကာခဲ့ေသာ္လည္း သဲလြန္စမ်ားက်န္ေနခဲ့သည္။
၂ ရက္အၾကာတြင္ Cho ကိုဖမ္းမိခဲ့သည္။

*************************************
Cho သည္ ဘယ္ေသာအခါမွ ေနာင္တရမည့္သူမဟုတ္။ လူစိတ္ေပ်ာက္ေနသူျဖစ္သည္။

အျပစ္ဒါဏ္ က်ခံရမည္စိုး၍ အမ်ဳိးမ်ိဳးလိမ္ခဲ့သည္။ သူ႔အမွားကို မဝန္ခံခဲ့ပါ..။

” ကြ်န္ေတာ္ မသိဘူး”

“ဒါဆို အိမ္သာထဲက ခင္ဗ်ားေျခရာေတြကေရာ..။ ဒီမွာ ခင္ဗ်ားဖိနပ္..။ ခင္ဗ်ားေျခရာ တထပ္တည္းပဲ…”

ထိုအခါ စကားေျပာင္း၍ ထပ္လိမ္သည္။

“ကြ်န္ေတာ္ အိမ္သာတက္မလို႔သြားေတာ့ အိမ္သာထဲကလူတေယာက္ေျပးထြက္လာတယ္..ကြ်န္ေတာ္လဲ ကေလးမေလးလဲေနတာေတြ႕ၿပီး အမႈပတ္မွာစိုးလို႔ ျပန္ထြက္လာခဲ့တာ..။ ဒါေၾကာင့္ ကြ်န္ေတာ့္ေျခရာက်န္ခဲ့တာေပါ့”

“ဒီဟာ ခင္ဗ်ားေျခအိတ္..! ကေလးမေလးရဲ႕ေသြးေတြ..”

“ဪ ေသြးေတြနင္းမိတယ္ထင္ပါရဲ႕…”

ထိုလူမဆန္ေသာ လူယုတ္မာ Cho သည္ အႀကိမ္ႀကိမ္လိမ္ေနေသာေၾကာင့္ ေဆး႐ုံတြင္ ေဆးကုသခံေနရေသာ ကေလးမေလးအား တရား႐ုံးအထိ ေခၚစစ္ရေသာ အေနအထားေရာက္လာသည္။

*************************************
ကံၾကမၼာသည္ သူမေလးအတြက္ ရက္စက္ေပစြ…။

တရား႐ုံးတြင္ မိမိ မုဒိမ္းက်င့္ခံရေၾကာင္း ကိုယ္တိုင္ျပန္ေျပာရေသာ အျဖစ္ထက္ဆိုးတာ ရွိပါဦးမည္လား။

“သမီးကို မေအာ္နဲ႔ တိတ္တိတ္ေနလို႔ ေျပာခဲ့လို႔ မ်က္ႏွာမွတ္မိေနပါတယ္”

“အဲ့ဒီ ဓာတ္ပံုေတြ႕ရင္ လက္တဖက္ေျမႇာက္ျပပါ”

ေထာက္လွမ္းေရးတို႔က မုဒိမ္းေကာင္မ်ား၏ ဓာတ္ပံု ၉ ပံုျပ၍ ေရြးေစသည္။

ကေလးမေလးသည္ လူယုတ္မာ Cho အားေရြးခ်ယ္ျပခဲ့သည္။

*************************************
၈ ႏွစ္အရြယ္ကေလးမေလးသည္ အရြယ္ႏွင့္မလိုက္ေအာင္ မၾကားဝံ့မနာသာေမးခြန္းမ်ားကို ေျဖေနရသည္။

သူမ ေျဖၾကားရေသာ အေျဖမ်ားသည္ သူမဘဝတြင္ စိတ္ဒါဏ္ရာအႀကီးအက်ယ္ရေစခဲ့သည္..။

တရား႐ုံးတြင္ ကေလးမေလးအား Cho၏ မ်က္ႏွာကို မေတြ႕ေစရန္ နံရံမ်ားျပဳလုပ္၍ ကာေပးခဲ့သည္။ (ကေလးမေလးအား တရား႐ုံးတြင္ လူယုတ္မာ Cho နံေဘး၌ ရွိေနသည္ကို အသိမေပးခဲ့ပါ..)

*************************************
သို႔ေသာ္ ကေလးမေလးက
“အဲဒီအဘမွာ ဆံပင္ျဖဴမရွိဘူး” ဟုေျပာခဲ့သည္။

Cho ၏ဆံပင္မ်ားက ေဖြးေဖြးျဖဴေနသည္။

ထို႔ေၾကာင့္ လူယုတ္မာႀကီးကဆက္လိမ္သည္။

“ကြ်န္ေတာ္ မဟုတ္ပါဘူး”

*************************************
” ကေလးမေလး အူမႀကီးထဲမွာ ခင္ဗ်ားရဲ႕ သုတ္ရည္ေတြ စစ္ေဆးေတြ႕ရွိရတယ္..ဘာျငင္းဦးမလဲ?”

(ထိုစဥ္က ေတာင္ကိုရီးယားတြင္ DNA Test မရွိေသး၍ ႏိုင္ငံျခားသို႔တင္ပို႔ စစ္ေဆးရသျဖင့္ အခ်ိန္ၾကာခဲ့သည္။)

ဆံပင္ႏွင့္ပတ္သက္၍လည္း ထိုအခ်ိန္က ဆံပင္အမည္းေဆးဆိုးခဲ့ေၾကာင္းသိရသည္။

*************************************
ထိုအခါ လူယုတ္မာ လူလိမ္ Cho က

“ကြ်န္ေတာ္ မူးေနလို႔မမွတ္မိပါဘူး” ဟုေျဖသည္။

ကေလးမေလးကလည္း ” အရက္ေစာ္နံပါတယ္” ဟုေျဖခဲ့သည္။

အရက္ေသာက္၍ လူမွန္းမသိေသာသူသည္ ထိုသို႔ သဲလြန္စမ်ားကို ေဖ်ာက္ပစ္ႏိုင္မည္လား? သတိတရားရွိေန၍သာ ထိုအလုပ္မ်ားလုပ္ႏိုင္ျခင္းျဖစ္သည္။

ကေလးမေလး အရက္နံ႔ရသည္မွာ အခင္းမျဖစ္ပြားခင္ ညက ေသာက္ထားေသာ အရက္ျဖစ္ႏိုင္သည္။

*************************************
ထိုလူယုတ္မာအား တရားသူႀကီး.. ႏွစ္ဖက္ေရွ႕ေန အားလံုးက ေသဒဏ္ သို႔မဟုတ္ တသက္တကြ်န္းက်ေစလိုသည္။

သို႔ေသာ္ ေထာက္လွမ္းေရးတို႔က လူယုတ္မာ Cho အရက္ေသာက္ထား မေသာက္ထားကို ဖမ္းမိမိခ်င္း စစ္ေဆးမႈမ်ားမျပဳမိခဲ့..၊ ကေလးမေလး၏ အက်ႌစသည္တို႔တြင္ အရက္နံ႔ရွိမရွိစစ္ေဆးျခင္း…၊အခင္းျဖစ္ပြားေသာ အိမ္သာထဲတြင္ အရက္နံ႔ရ မရ စစ္ေဆးျခင္း…တို႔ကို ေထာက္လွမ္းေရးဖက္မွ ပ်က္ကြက္ခဲ့သည္။

ဒါကို သိေနေသာ လူယုတ္မာသည္ အၾကံျဖင့္ အခ်ိန္ဆြဲခဲ့ျခင္းျဖစ္သည္။

ကေလးမေလးဆီမွ

“အရက္နံ႔ရပါတယ္..” ဟူေသာအေျဖသည္ လူယုတ္မာ Cho အား တသက္တကြ်န္းမွ ကယ္ခဲ့ေလသည္။

*************************************
၂၀၀၈ ခုႏွစ္ ေတာင္ကိုရီးယား ဥပေဒအရ အရက္ေသာက္ထား၍ လူစိတ္ေပ်ာက္ေနသျဖင့္ ျပဳမိေသာအမွားအား ေထာင္ဒါဏ္ ၇ ႏွစ္ႏွင့္ အထက္သာအျပစ္ေပးခြင့္ရွိသည္။

သည္အတိုင္းဆို ေတာင္ကိုရီးယားမွာ ရာဇဝတ္မႈက်ဴးလြန္ခ်င္လွ်င္ အရက္ေသာက္ရမလိုျဖစ္ေနသည္..ဟု ျပည္သူမ်ားက အျပစ္တင္ၾကသည္။

တရားသူႀကီးက အစြမ္းကုန္ အျပစ္ေပးဘို႔ နည္းလမ္းရွာေသာ္လည္း ေထာင္ဒါဏ္ ၁၂ ႏွစ္သာ အျပစ္ေပးႏိုင္ခဲ့ေလသည္။

သူကေျပာလိုက္ေသးသည္။

“ဒီကေလးမ ငါျပန္ထြက္လာရင္ သိမယ္..။ ငါ့ဘဝပ်က္ေအာင္ တရားစြဲတဲ့မိသားစု! ”

*************************************
ထို႔ေၾကာင့္ ႏိုင္ငံတစ္ႏိုင္ငံ၏ ဥပေဒသည္ အလြန္အေရးႀကီးသည္။ ထို ဥေပေဒသည္ အမွန္တရားအတြက္ အကာအကြယ္ ျဖစ္ႏိုင္သလို အဓမၼမ်ားကို အားေပးေနေသာ အေထာက္အပံ့လည္း ျဖစ္သြားႏိုင္သည္။

ေတာင္ကိုရီးယားျပည္သူတို႔သည္ ထိုလူယုတ္မာအား ေထာင္ထဲမွ မလႊတ္ေပးရန္ ေတာင္းဆိုေနၾကသည္။

*************************************
ကေလးမေလး၏ အရွက္ကိုကာကြယ္သည့္ အေနႏွင့္ ထိုအျဖစ္အပ်က္ကို ၂၀၀၈ ခုႏွစ္ သတင္းမ်ား၌ မေၾကျငာခဲ့ေပ..။

၂၀၀၉ ခုႏွစ္ ၉ လပိုင္း ၂၂ ရက္ေန႔

တစ္ႏွစ္အၾကာတြင္ ကေလးမေလး မိသားစုမွ မူရင္း နာမည္ေျပာင္း၍ ထိုအျဖစ္အပ်က္ကို တႏိုင္ငံလံုးအသိေပးရန္ ခြင့္ျပဳခဲ့သည္။

သူတို႔မိသားစု၏ ေစတနာမွာ ဤလူ႔အဖြဲ႕အစည္းတြင္ Cho Doo Soon ကဲ့သို႔ လူယုတ္မာမ်ားရွိေနေၾကာင္း အသိေပးလို၍ျဖစ္သည္။

သူတို႔ သမီးေလး၏ အျဖစ္ဆိုးကို တႏိုင္ငံလံုးသိရွိ၍ ရင္ေသြးငယ္မ်ားအား မိဘတို႔က ႀကိဳတင္ ကာကြယ္ႏိုင္ရန္ျဖစ္သည္။

ထို႔အျပင္ ၂၀၁၃ ခုႏွစ္တြင္
Hope ဟူေသာ ႐ုပ္ရွင္ကားကို ဖန္တီးခဲ့သည္။

ကိုရီးယားအသံထြက္ -ဆိိုဝန္ (소원 -Sowon) ဆိုေသာ ႐ုပ္ရွင္အား ဒါ႐ိုက္တာ Lee Joon-ik က ႐ုပ္ရွင္သ႐ုပ္ေဆာင္ Sol Kyung-gu, Uhm Ji-won ႏွင့္ Lee Re တို႔ျဖင့္႐ိုက္ကူးခဲ့သည္။

ထို႐ုပ္ရွင္အား မ်က္ရည္မက်ဘဲ ၾကည့္ႏိုင္သူ အေတာ္ရွားပါသည္။

ထို႐ုပ္ရွင္သည္ ” Best Film at the 34th Blue Dragon Film Awards” ဟူေသာ အေကာင္းဆံုး႐ုပ္ရွင္ အကယ္ဒမီဆုကိုရခဲ့သည္။

*************************************
ကြ်န္မ ဤေဆာင္ပါးကိုေရးရျခင္းရည္ရြယ္ခ်က္မွာ ကြ်န္မတို႔ ျမန္မာႏိုင္ငံမွ မိဘ အုပ္ထိန္းသူမ်ား မိမိတို႔ရင္ေသြးအား အရင္ကထက္ပို၍ ဂ႐ုစိုက္ေစလို၍ ျဖစ္ပါသည္။

ေဆာင္းပါးမွ ကေလးမေလး၏ ဖခင္သည္ အလုပ္ၾကမ္းသမားျဖစ္၍ မိခင္သည္ အိမ္အကူျဖစ္သည္။ အလြန္ဆင္းရဲေသာေၾကာင့္ သားသမီးအား ေက်ာင္းလိုက္ပို႔ရန္ မတတ္ႏိုင္ခဲ့ပါ။

ျမန္မာႏိုင္ငံတြင္လည္း ဘဝရပ္တည္ေရးအတြက္ ဆင္းဆင္းရဲရဲ ႐ုန္းကန္အလုပ္လုပ္ေနရေသာ မိဘမ်ား မ်ားစြာရွိၿပီး မိမိတို႔ သားသမီးတို႔အား ရင္အုပ္မကြာ ဂ႐ုမစိုက္ႏိုင္ၾကသည္က မ်ားသည္။

ကေလးေပ်ာက္၍ ျပန္ရွာမေတြ႕ေတာ့ေသာမိဘမ်ားလည္း မၾကာခဏ ၾကားေနရသည္။

ေတာင္ကိုရီးယားႏိုင္ငံသည္ ရာဇဝတ္မႈနည္းပါးေသာ လံုျခဳံေသာႏိုင္ငံျဖစ္ပါသည္။

ရာဇဝတ္အမႈတစ္ခုျဖစ္လာလွ်င္ သတင္းမ်ား မ်ားေသာအားျဖင့္ မထိန္ခ်န္ပါ..။ သတင္းမ်ားတြင္ ထည့္သြင္းေၾကျငာျခင္း၊ မႈခင္းTV program မ်ားျဖင့္ အသိေပးျခင္း၊ ႐ုပ္ရွင္မ်ား႐ိုက္၍ ျပည္သူအား သတိေပးျခင္း စသည္ ပညာေပးမ်ားစြာလုပ္ပါသည္။

ထိုကဲ့သို႔ေသာ ႏိုင္ငံ၌ပင္ ထိုကဲ့သို႔အျဖစ္ဆိုးမ်ားရွိေနလွ်င္….

တရားဥပေဒ အျပည့္အဝ စိုးမိုးမႈမရွိေသာ…၊ မူးယစ္ေဆးဝါး သံုးစြဲသူမ်ားေသာ…၊
ေငြေၾကးဆင္းရဲ၍ သားသမီးတို႔အား ဂ႐ုမစိုက္ႏိုင္ေသာ..၊
လာဘ္ေပးလာဘ္ယူ ပေပ်ာက္မႈမရွိေသးေသာ ျမန္မာႏိုင္ငံကဲ့သို႔ေသာေနရာမ်ိဳးတြင္ မိမိတို႔ရင္ေသြးမ်ားကို မိမိကိုယ္တိုင္ကူညီ ေစာင့္ေရွာက္႐ုံမွလြဲ၍ အျခားနည္းလမ္းမရွိေပ…။

ေတာင္ကိုရီးယားႏိုင္ငံတြင္ အထက္ပါ အျဖစ္အပ်က္တို႔ ျဖစ္ၿပီး သားသမီးတို႔အား မူႀကိဳေက်ာင္းမွ စ၍ တစိမ္းသူမ်ားႏွင့္ စကားမေျပာရန္ အဓိကထား၍ ထပ္ခါထပ္ခါ ပညာေပးခဲ့သည္။

” လမ္းေပၚက မသိတဲ့ ဦးေလးႀကီးက မုန္႔ေကြ်းမယ္ဆို လိုက္သြားလို႔ျဖစ္မလား?”

အေ႐းေပၚ ဝီစီ ( whistle ) မ်ား ကေလးတို႔၏ လည္ပင္းတြင္ ခ်ိတ္ေပးထားျခင္း.. စသည္တို႔ကို ျပဳလုပ္ေပးထားသည္။

*************************************
မူႀကိဳေက်ာင္းမ်ားကို အစိုးရမွ ဦးစီး၍ ခ်ဳပ္ကိုင္ခဲ့သည္။ပုဂၢလိက မူႀကိဳေက်ာင္းမ်ားတြင္ ျပႆနာအျဖစ္မ်ား၍ျဖစ္သည္။ ယခုဆိုလွ်င္ မူႀကိဳေက်ာင္းမွစ၍ ေက်ာင္းတိုင္းတြင္ CCTV မ်ားမတပ္မေနရ ဥပေဒ ထုတ္ခဲ့သည္။

ကေလးမ်ားအား ၃ ႏွစ္အရြယ္မွစ၍ ရဲစခန္းတြင္ ကေလးတို႔၏ လက္ေဗြရာမ်ားကို မွတ္တမ္းတင္ထားရသည္။

ကေလးတို႔၏ ခႏၶာကိုယ္တြင္ ဒါဏ္ရာအနည္းငယ္ (ပြန္းရာ ျခစ္ရာ) ေတြ႕လွ်င္ပင္ မူႀကိဳေက်ာင္းဆရာမမ်ားက မိဘထံအေၾကာင္းၾကား ေမးျမန္းမႈမ်ား ျပဳလုပ္ပါသည္။ မသကၤာလွ်င္ ရဲစခန္းကို အေၾကာင္းၾကားသည္။

အလြန္ေၾကာက္ဖို႔ေကာင္းေသာ ယေန႔ေခတ္လူမႈဖြဲ႕စည္းမႈႀကီးတြင္ မည္သူ႔ကိုမွ် ယံုၾကည္၍မရပါ။

မိဘမ်ားကလည္း ကေလးမ်ား၏ ခႏၶာကိုယ္တြင္ ဒါဏ္ရာတခုခုေတြ႕ရွိလွ်င္ မူႀကိဳေက်ာင္း CCTV ကိုၾကည့္ရႈစစ္ေဆးပါသည္။

မိဘမ်ားသည္ မည္မွ်ပင္ အလုပ္မ်ားပါေစ မိမိတို႔ရင္ေသြးမ်ား၏ အားကိုးရာ ကယ္တင္ရွင္ အျဖစ္ ရပ္တည္ေနရပါမည္။

*************************************
လူမဆန္ေသာ Cho က

“ငါ ၁၂ ႏွစ္ေထာင္က်တာ မတရားဘူး။ ေထာင္ကထြက္လာရင္ ဒီကေလးမကို ရေအာင္လိုက္ရွာမယ္..။ ေထာင္ထဲမွာ အားကစားလုပ္ၿပီး အားေမြးထားမယ္” ဟုၾကံဳးဝါးေၾကာင္း ေထာင္ထဲမွ လူမ်ားကေျပာသည့္ ေကာလဟာလမ်ားလည္းထြက္ေနသည္။

မုဒိမ္းေကာင္ Cho အား ေထာင္သားအခ်င္းခ်င္းပင္ရြံရွာ၍ မၾကာခဏ အ႐ိုက္ခံရသျဖင့္ ေထာင္ထဲတြင္ တစ္ဦးတည္း ခြဲထားရသည္ဟုဆိုသည္။

ထို႔ေၾကာင့္ ကိုရီးယားျပည္သူမ်ားက ထိုလူယုတ္မာႀကီး ေထာင္မွ ျပန္မလႊတ္ရန္ ဆႏၵျပၾကျခင္းျဖစ္သည္။

*************************************
🌟နိဂုံး

ကြ်န္မ အသက္ ၁၈ ႏွစ္ျပည့္ပါေတာ့မယ္။ ေနာင္ႏွစ္ဆို ကြ်န္မ တကၠသိုလ္ေက်ာင္းသူႀကီးျဖစ္ေတာ့မွာ..။ ကြ်န္မ ဘဝကိုအရႈံးမေပးဖို႔ အေဖက အၿမဲအားေပးတယ္။

ဒါေပမယ့္ အရက္နံ႔ေတြရရင္ ကြ်န္မ ဘယ္ေျပးရမလဲမသိ…ကြ်န္မ အရက္နံ႔ေတြကိုေၾကာက္ေနေသးတယ္..။

ေဆး႐ုံကိုလဲေၾကာက္ေပမယ့္ ကြ်န္မဘဝဟာ ခြဲစိတ္ခန္းကို ခဏခဏသြားေနရပါေသးတယ္။

အခုေတာ့ အေမရိကန္ႏိုင္ငံကလွဴတဲ့ အနံ႔ေပ်ာက္ေဆး၊ သန္႔စင္ေဆးရည္ေၾကာင့္ ကြ်န္မ အေတာ္ စိတ္သက္သာရာရေနပါၿပီ…။

ကြ်န္မကိုယ္ကထြက္တဲ့ မစင္ေတြ ထည့္ထားတဲ့ အိတ္ကိုဖြက္ထားရင္ ကြ်န္မလူေကာင္းေပါ့… ။အနံ႔မထြက္တဲ့ ေဆးရည္နဲ႔ ကူညီၾကတာ ကြ်န္မ အတြက္ အႀကီးမားဆံုး ဆုလာဘ္ပါပဲ…။ ကြ်န္မ တသက္တာလံုး အခမဲ့ ကူညီမယ္လို႔ ကတိေပးတဲ့ အေမရိကန္ႏိုင္ငံက ေဆးပညာရွင္ေတြကို ေက်းဇူးတင္ပါတယ္။

ကြ်န္မ အားမေလွ်ာ့ဘူး…အဆင့္ျမင့္ျမင့္တကၠသိုလ္ႀကီးတစ္ခုခုမွာတက္ခြင့္ရေအာင္ ႀကိဳးစားမယ္။

*************************************
ကေလးမေလး၏ ၾကမ္းတမ္းေသာဘဝအား အရႈံးမေပးပဲ ၾကံ့ခိုင္ေသာစိတ္ဓာတ္အား ေလးစားမိပါသည္။

ႀကီးျမတ္ေသာ စိတ္စြမ္းအင္သည္ ဒုကၡိတျဖစ္ျခင္း၊ ဆင္းရဲႏြမ္းပါးျခင္း၊ လူမႈေရးႏွင့္ မိသားစုျပသနာ အစရွိေသာ ဒုကၡအလံုးစံုကို ေက်ာ္လႊားေအာင္ျမင္ႏိုင္ေၾကာင္း ကေလးမေလးက သက္ေသျပခဲ့ေလသည္။

ထိုႀကီးျမတ္ေသာ စိတ္စြမ္းအင္သည္ ကၽြန္မတို႔ လူတိုင္းလူတိုင္း ကိုယ္စီကိုယ္ငွ ပိုင္ဆိုင္ေနသည္ကို ျပန္လည္ သတိရျခင္းျဖင့္ ဘဝအေမာမ်ား ဘဝဒုကၡမ်ားကို ေျဖေလ်ာ့ႏိုင္ၾကလိမ့္မည္ဟု ေမွ်ာ္လင့္မိပါေတာ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မေရႊမိုး (ကိုရီးယား)

# Unicode Version ျဖင့္ ဖတ္ပါ #
၁၂ နှစ်ဆိုသည့် အချိန်သည် အကုန်မြန်လွန်းလှသည်…။

***************************************
၂၀၀၈ ခုနှစ်

လွန်ခဲ့သော ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံရသော ဂျို ဒို ဆွန်း (Cho Doo-Soon) ဆိုသည့် အသက် ၅၆ နှစ်အမျိုးသားကြီးသည် များမကြာမီ ၂၀၂၀ ဆိုလျှင် ထောင်က လွတ်လာတော့မည်ဖြစ်သည်။

ယခု ၂၀၁၇ ခုနှစ်ဆိုတော့ နောက် ၃ နှစ်…။

ထိုအချိန်တွင် Cho သည် အသက် ၆၈ နှစ် အဘိုးကြီးဖြစ်နေပေတော့မည်။ သူသည် ယခု ထောင်ထဲတွင် ကျန်းမာရေးလည်း သိပ်မကောင်းဟု သတင်းရသည်။

ထိုအသက် ၇၀ နားကပ်နေတော့မည့် အဘိုးကြီး ထောင်မှပြန်လွတ်လာတော့မည်…။

ဒါကို တောင်ကိုရီးယားပြည်သူတို့က မကြည်ဖြူကြပါ..။ ယခုတလော ထို အဘိုးကြီးအကြောင်းကို လူတွေကပြောနေကြသည်။

“ထောင်ထဲမှာ တသက်လုံးနေရမှာ..”

” ဟင်… မသေသေးဘူးလား!?!”

” ဘုရား..ဘုရား … မိစ္ဆာကောင်ကြီး ကို ကျွန်မတို့ လူ့အဖွဲ့အစည်းထဲကို ပြန်မထည့်ဖို့ တောင်းဆိုပါတယ်…”

“သူ့ကို တသက် တကျွန်း ထောင်ထဲမှာထည့်ထားပေးပါ”

တောင်ကိုရီးယား အင်တာနက် လူထု ကြီး (Netizen) မှ မကျေနပ်သူများ အတော်များနေသည်။

ယခု ၂၀၁၇ ခုနှစ် နိုဝင်ဘာအထိ စာရင်းအရ လူပေါင်း ၃၅၉,၈၈၈ ယောက်က ထို အဘိုးကြီးအား ထောင်မှ ပြန်မလွှတ်ရန် လက်မှတ်ထိုး၍ အစိုးရထံ ဆန္ဒပြတောင်းဆိုနေသည်။

***************************************
🌟အပိုင်းတစ်

ကျွန်မ အသက်ရှင်နေရတာကိုပဲ ကျေးဇူးတင်လှပါပြီ…။

ကျွန်မမှာ သူငယ်ချင်းရယ်လို့ မရှိပါဘူး။
ရည်းစားရှိဖို့ အိမ်ထောင်ကျဖို့ဆိုတာ အိမ်မက်တောင်မမက်ရဲတဲ့ဘဝပါ..။

မစင်အနံ့ အမြဲနံစော်နေတဲ့ ကျွန်မကို ဘယ်သူက သူငယ်ချင်းလုပ်မှာလဲ…?
ဘယ်သူက ရည်းစားတော်ချင်မှာလဲ..?

ကျွန်မဟာ လူကြားထဲမှာတောင် မသွားလာရဲခဲ့ပါဘူး။ စာတတ်ချင်လွန်းလို့သာ ကျောင်းဆက်တက်နေရပါတယ်။ ကျွန်မအတွက်တော့ အမြဲ သိမ်ငယ်နေမိတယ်..။

ကျွန်မ သူငယ်ချင်းတွေနဲ့ အမြဲဝေးဝေးနေမိတယ်။

ကျွန်မဆီက အနံ့ဆိုးတွေ အတွက် ကျွန်မရှက်တယ်…။ အားနာတယ်..။

***************************************
ကျွန်မ အိမ်သာတွေကို ကြောက်တယ်။
ကျွန်မ အိမ်က အိမ်သာကလွဲပြီး တခြားအပြင်က အိမ်သာတွေထဲမဝင်ခဲ့တာ ၁၀ နှစ်လောက်ကြာပေါ့…။

ဟုတ်ပါတယ်..။ ကျွန်မဟာ အိမ်သာသွားပြီး အညစ်အကြေးစွန့်ဖို့ အင်္ဂါမရှိတဲ့ ဒုက္ခိတတစ်ယောက်ပါ..။

ကျွန်မသွားလေရာ ဆီး/မစင်အိတ် ခါးဘေးမှာချိတ်ထားရတယ်လေ..။

ဆောင်းတွင်းဆိုရင် အင်္ကျီအထူကြီးတွေ ဝတ်တော့ ဒီအိတ်တွေချိတ်ထားတာ လူမမြင်တော့ဘူးပေါ့..။

ဒါပေမဲ.. နွေရာသီပူပူလောင်လောင်ကြီးမှာ အကျီအပွ အထူကြီးတွေဝတ်ရတာ ကျွန်မအတွက် အဆင်မပြေလှဘူး..။

ဒါကြောင့် ကျွန်မ နွေရာသီတွေကိုလည်း ကြောက်တယ်…။

***************************************
ကျွန်မ ငယ်ငယ်တုန်းကဘဝပြန်ရချင်တယ်။
ငယ်ငယ်တုန်းကဆို ဒီလို မစင်အိတ်ခါးမှာချိတ်စရာမလိုဘူး..။ ကျွန်မဟာ မွေးရာပါဒုက္ခိတ မဟုတ်ပါဘူးရှင်..။

အဲဒီတုန်းက လွတ်လွတ်လပ်လပ် ပြေးလွှားလို့ရပါတယ်။ သိပ်ပျော်ဖို့ကောင်းခဲ့ပါတယ်..။

ဒါပေမယ်…ကျွန်မဘဝဟာ အသက် ၈ နှစ်မပြည့်ခင်အထိပဲ ပျော်စရာကောင်းခဲ့ပါတယ်။

***************************************
၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့

သမီးဟာ ပထမတန်းကျောင်းသူလေးပါ။

ချမ်းအေးလှတဲ့ ဒီဇင်ဘာလကြီးမှာ သမီး ကျောင်းတက်ဖို့ အိမ်ကထွက်လာခဲ့တယ်။

မနက် ၈ နာရီ ၃၀ မိနစ်ပေါ့ ..။

သမီးတို့ကျောင်းသွားရင် ခရစ်ယာန်ကျောင်းတစ်ကျောင်းကို ဖြတ်သွားရတယ်..။

ခရစ်ယာန်ကျောင်းနားမှာ အဘအရွယ် လူကြီး တစ်ယောက် သမီးအရှေ့ကိုလာရပ်ပါတယ်။

“နင် ဒီခရစ်ယာန်ကျောင်းတက်ဘူးလား”

“ဟင့်အင်း”

**************************************
အဘကြီးဟာ သမီးရဲ့ ပါးစပ်ကိုပိတ်ပြီး အိမ်သာထဲလို အတင်းဆွဲခေါ်သွားတယ်။

အဘကြီးဟာ သူ့ဘောင်းဘီကိုချွတ်တယ်။ ပြီးတော့ သမီး မလုပ်ချင်တာတွေကိုခိုင်းပါတော့ တယ်..။

သမီး ရွံတယ်။

ပြီးတော့ သမီး ကြောက်တယ် ..။

သမီးအော်တော့ အဘကြီးက ပါးစပ်ပိတ်ထားတယ် ..။ သမီးမျက်နှာတွေကိုရိုက်တယ်။

“အဖေရေ ကယ်ပါ..။ သမီး နာကျင်လှပါပြီ..”

သမီးကို လည်ပင်းညှစ်တယ်..သမီးအသက်ရှုလို့မဝတော့ဘူး..။ သမီးခေါင်းတွေ အရမ်းမူးလာတယ်..။ သမီးမျက်နှာတွေ လည်ပင်းတွေနာတယ်…။ သမီး နာလွန်းလို့ သတိရလိုက်… မရလိုက်ပါပဲ..။

နောက်ဆုံးမှတ်မိတာက အဘကြီးက သမီးမျက်နှာတခုလုံး အိမ်သာခွက်ထဲကို အတင်းထည့်ပြီး ဖိထားတယ်။ အိမ်သာရေဆိုးတွေက သမီးရဲ့နှာခါင်းနဲ့ ပါးစပ်ထဲကိုဝင်လာတယ်။

သမီး ဘာကိုမှ မမှတ်မိတော့ဘူး။

**************************************
သမီး သတိရတော့ အိမ်သာထဲမှာပါပဲ..။ ဆောင်းရာသီဆိုတော့ ချမ်းလိုက်တာ..။
သမီးအကျႌတွေ ဘောင်းဘီတွေ သမီးကိုယ်မှာမရှိဘူးထင်ပါရဲ့…။ ချမ်းလိုက်တာ သေမတတ်ပါပဲ…။

“အမေရေ… အဖေရေ … သမီးကို လာကယ်ပါ”

သမီးတကိုယ်လုံးလှုပ်လို့မရတော့ဘူး။ လှုပ်ရင် အရမ်းနာတယ်။ လှုပ်ဖို့လဲ အားမရှိပါဘူး။ သမီး ခေါင်းတွေမူးလာပြီး ဘာမှ မသိတော့ပြန်ဘူး..။

*************************************
သမီးသတိရတော့ ဆေးရုံမှာပါ…။ သမီးအဖေနဲ့ အမေကို ပြန်တွေ့ရပါပြီ..။

ဟင်.?!?.သမီးဗိုက်ကနေဖောက်ထားတဲ့ပိုက်တန်းလန်းကြီးနဲ့…။ နာကျင်လှပေမယ့် သမီးမကြောက်တော့ပါဘူး..။ သမီး အဖေက ပြုံးပြီး ပြောတယ်။

“သမီးနေကောင်းသွားမှာပါ..” တဲ့

ဒါပေမယ့် အဲဒီအချိန်ကစပြီး သမီးပြန်မကောင်းတော့ပါဘူး။ သမီးမှာ ဆီးသွားဖို့နဲ့ မစင်စွန့်ဖို့ အင်္ဂါတွေမရှိတော့ဘူးဆိုတာ သိလိုက်ရပါတယ်။

သမီးဒုက္ခိတဖြစ်သွားပါပြီ။

သမီးခန္ဓာကိုယ်က အညစ်အကြေးတွေဟာ သမီးဗိုက်ထဲမှာ ထည့်ဆက်ထားတဲ့ ဆီးပိုက် မစင်ပိုက်တို့ကတဆင့် သမီးခါးမှာချိတ်ထားတဲ့အိတ်ထဲကို တစက်ခြင်းကျနေပါတယ်။

အနံ့တွေကလည်း တအားဆိုးပါတယ်။

*************************************
🌟အပိုင်းနှစ်

Cho ဆိုသည့် အသက် ၅၆ နှစ်အရွယ် မုဒိမ်းသမားသည် ကလေးမလေးအား ဆံပင်မှဆွဲ၍ မျက်နှာအား အိမ်သာခွက်ထဲ နှစ်ထားလိုက်သည်။

ကလေးမလေး သတိမေ့သွားသည်။ ပို၍သေချာစေရန် ထိုကလေးမလေးအား ထပ်၍ လည်ပင်းညှစ်လိုက်သည်။

ကလေးမလေးပျော့ခွေ၍ သွားသည်။

အိမ်သာ အဖုံးကိုပိတ်၍ ကလေးမလေးအား ပစ်တင်လိုက်သည်။

ထို့နောက် မြေးအရွယ် ကလေးလေးအား Cho သည် မုဒိမ်းကျင့်သည်။

သူသည် အကြိမ်ပေါင်းများစွာ မုဒိမ်းကျင့်သည်။

*************************************
ကလေးမလေး၏ ဦးခေါင်းနှင့် ပုခုံးသည် အိမ်သာ ရေအိုးနံရံနှင့် အကြိမ်ပေါင်းများစွာ ဆောင့်မိ၍ ပြင်းထန်သော ဒါဏ်ရာရကာ သွေးများ ဒလဟော စီးကျလာသည်။

ကလေးမလေး၏ အညစ်အကြေးစွန့် အင်္ဂါများ အားလုံး စုတ်ပြတ်သွားပြီး သွေးအလိမ်းလိမ်းဖြင့် ကလေးမလေး၏ အူများထွက်ကျလာသည်။

ကလေးမလေး၏ သားအိမ်လမ်းကြောင်းနှင့် အစာဟောင်းလမ်းကြောင်းကြားရှိ နံရံအားလုံးပွင့်သွားသည်။

*************************************
Cho သည် အိမ်သာထဲရှိ တစ်ရှုးများပိတ်ဆို့လျှင် စုပ်ယူ ဖယ်ရှားသည့် ရော်ဘာစုပ်တံခွက်ဖြင့် ကလေးမလေး၏ အူများကို အပြင်ရောက်အောင် စုပ်ထုတ်လိုက်သည်။

ထိုအူများအပေါ်တွင် သူ၏ သုတ်ရည်များ သက်သေအဖြစ် ကျန်ရှိနေမှာ စိုးသောကြောင့်ဖြစ်သည်။

အူများထွက်နေသည့် ကလေးမ၏ ခန္ဓာကို အိမ်သာရေထဲနှစ်၍ အိမ်သာခွက်ရှိရေဖြင့် ဆေးသည်။ ထိုနောက် အူများကိုဗိုက်ထဲ ပြန်ထိုးသွင်းလိုက်သည်။

အူများက ပြန်ကျလာသည်။

*************************************
ကလေးမလေးအား ပက်လက်အနေအထားပြုလုပ်လိုက်သည်။ အူများကို ပြန်သွင်းသည်။ သည်တကြိမ်တွင် အူများထွက်မကျတော့ …။

“ပြေးမှ..”

Cho သည် ကလေးမလေးအား တစ်ချက်ကြည့်၍ ပြေးရန် ပြင်ဆင်သည်။ သို့သော် သူ၏ တိရိစ္ဆာန်စိတ် ရမက်ကြောင့် မပြေးနိုင် …ဗိုက်ပွင့်၍ သေလုမြောပါးဖြစ်နေသော ကလေးမလေးအား ရက်စက်စွာထပ်၍ မုဒိမ်းကျင့်လေသည်။

ထို့နောက် ချမ်းအေးလှသော ဆောင်းရာသီတွင် အူများနှင့်တကွ တကိုယ်လုံးကို ဘေးရှိ ဘုံဘိုင်ရေအေးဖြင့်အထပ်ထပ် အခါခါဆေးသည်။ သူ၏ ခြေရာလက်ရာများကျန်ခဲ့မည်စိုး၍ဖြစ်သည်။

ကလေးလေးအား အိမ်သာပေါ် ထိုင်ရက်အနအထား ထိုင်စေသည်။

ထို့နောက် အိမ်သာထဲမှ ထွက်လာခဲ့သည်။

မကြာမီပင် အိမ်သာတက်သူများက ရဲစခန်းကို အကြောင်းကြားသောကြောင့် ရဲကား ဆေးရုံကားများရောက်လာက ကလေးမလေးအား အရေးပေါ် ဆေးကုသမှုများချက်ချင်းပြုလုပ်ခဲ့သည်။

*************************************
ကလေးလေး၏ အူများ အပိုင်းပိုင်းပြတ်ကုန်သည်။ ရေမသန့်သောကြောင့် ပိုးဝင်၍ အခြေအနေဆိုးကုန်သည်။

ကလေးမလေး၏ အောက်ပိုင်းအင်္ဂါအားလုံး၏ ၈၀% သည် လုံးဝဖယ်ရှား ဖြတ်တောက်ပစ်ခဲ့ရသည်။

*************************************
🌟အပိုင်း သုံး

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့

ကလေးမလေး၏ ခန္ဓာကိုယ်ကို ဆေးကြောခဲ့သော်လည်း သဲလွန်စများကျန်နေခဲ့သည်။
၂ ရက်အကြာတွင် Cho ကိုဖမ်းမိခဲ့သည်။

*************************************
Cho သည် ဘယ်သောအခါမှ နောင်တရမည့်သူမဟုတ်။ လူစိတ်ပျောက်နေသူဖြစ်သည်။

အပြစ်ဒါဏ် ကျခံရမည်စိုး၍ အမျိုးမျိုးလိမ်ခဲ့သည်။ သူ့အမှားကို မဝန်ခံခဲ့ပါ..။

” ကျွန်တော် မသိဘူး”

“ဒါဆို အိမ်သာထဲက ခင်ဗျားခြေရာတွေကရော..။ ဒီမှာ ခင်ဗျားဖိနပ်..။ ခင်ဗျားခြေရာ တထပ်တည်းပဲ…”

ထိုအခါ စကားပြောင်း၍ ထပ်လိမ်သည်။

“ကျွန်တော် အိမ်သာတက်မလို့သွားတော့ အိမ်သာထဲကလူတယောက်ပြေးထွက်လာတယ်..ကျွန်တော်လဲ ကလေးမလေးလဲနေတာတွေ့ပြီး အမှုပတ်မှာစိုးလို့ ပြန်ထွက်လာခဲ့တာ..။ ဒါကြောင့် ကျွန်တော့်ခြေရာကျန်ခဲ့တာပေါ့”

“ဒီဟာ ခင်ဗျားခြေအိတ်..! ကလေးမလေးရဲ့သွေးတွေ..”

“ဪ သွေးတွေနင်းမိတယ်ထင်ပါရဲ့…”

ထိုလူမဆန်သော လူယုတ်မာ Cho သည် အကြိမ်ကြိမ်လိမ်နေသောကြောင့် ဆေးရုံတွင် ဆေးကုသခံနေရသော ကလေးမလေးအား တရားရုံးအထိ ခေါ်စစ်ရသော အနေအထားရောက်လာသည်။

*************************************
ကံကြမ္မာသည် သူမလေးအတွက် ရက်စက်ပေစွ…။

တရားရုံးတွင် မိမိ မုဒိမ်းကျင့်ခံရကြောင်း ကိုယ်တိုင်ပြန်ပြောရသော အဖြစ်ထက်ဆိုးတာ ရှိပါဦးမည်လား။

“သမီးကို မအော်နဲ့ တိတ်တိတ်နေလို့ ပြောခဲ့လို့ မျက်နှာမှတ်မိနေပါတယ်”

“အဲ့ဒီ ဓာတ်ပုံတွေ့ရင် လက်တဖက်မြှောက်ပြပါ”

ထောက်လှမ်းရေးတို့က မုဒိမ်းကောင်များ၏ ဓာတ်ပုံ ၉ ပုံပြ၍ ရွေးစေသည်။

ကလေးမလေးသည် လူယုတ်မာ Cho အားရွေးချယ်ပြခဲ့သည်။

*************************************
၈ နှစ်အရွယ်ကလေးမလေးသည် အရွယ်နှင့်မလိုက်အောင် မကြားဝံ့မနာသာမေးခွန်းများကို ဖြေနေရသည်။

သူမ ဖြေကြားရသော အဖြေများသည် သူမဘဝတွင် စိတ်ဒါဏ်ရာအကြီးအကျယ်ရစေခဲ့သည်..။

တရားရုံးတွင် ကလေးမလေးအား Cho၏ မျက်နှာကို မတွေ့စေရန် နံရံများပြုလုပ်၍ ကာပေးခဲ့သည်။ (ကလေးမလေးအား တရားရုံးတွင် လူယုတ်မာ Cho နံဘေး၌ ရှိနေသည်ကို အသိမပေးခဲ့ပါ..)

*************************************
သို့သော် ကလေးမလေးက
“အဲဒီအဘမှာ ဆံပင်ဖြူမရှိဘူး” ဟုပြောခဲ့သည်။

Cho ၏ဆံပင်များက ဖွေးဖွေးဖြူနေသည်။

ထို့ကြောင့် လူယုတ်မာကြီးကဆက်လိမ်သည်။

“ကျွန်တော် မဟုတ်ပါဘူး”

*************************************
” ကလေးမလေး အူမကြီးထဲမှာ ခင်ဗျားရဲ့ သုတ်ရည်တွေ စစ်ဆေးတွေ့ရှိရတယ်..ဘာငြင်းဦးမလဲ?”

(ထိုစဉ်က တောင်ကိုရီးယားတွင် DNA Test မရှိသေး၍ နိုင်ငံခြားသို့တင်ပို့ စစ်ဆေးရသဖြင့် အချိန်ကြာခဲ့သည်။)

ဆံပင်နှင့်ပတ်သက်၍လည်း ထိုအချိန်က ဆံပင်အမည်းဆေးဆိုးခဲ့ကြောင်းသိရသည်။

*************************************
ထိုအခါ လူယုတ်မာ လူလိမ် Cho က

“ကျွန်တော် မူးနေလို့မမှတ်မိပါဘူး” ဟုဖြေသည်။

ကလေးမလေးကလည်း ” အရက်စော်နံပါတယ်” ဟုဖြေခဲ့သည်။

အရက်သောက်၍ လူမှန်းမသိသောသူသည် ထိုသို့ သဲလွန်စများကို ဖျောက်ပစ်နိုင်မည်လား? သတိတရားရှိနေ၍သာ ထိုအလုပ်များလုပ်နိုင်ခြင်းဖြစ်သည်။

ကလေးမလေး အရက်နံ့ရသည်မှာ အခင်းမဖြစ်ပွားခင် ညက သောက်ထားသော အရက်ဖြစ်နိုင်သည်။

*************************************
ထိုလူယုတ်မာအား တရားသူကြီး.. နှစ်ဖက်ရှေ့နေ အားလုံးက သေဒဏ် သို့မဟုတ် တသက်တကျွန်းကျစေလိုသည်။

သို့သော် ထောက်လှမ်းရေးတို့က လူယုတ်မာ Cho အရက်သောက်ထား မသောက်ထားကို ဖမ်းမိမိချင်း စစ်ဆေးမှုများမပြုမိခဲ့..၊ ကလေးမလေး၏ အကျႌစသည်တို့တွင် အရက်နံ့ရှိမရှိစစ်ဆေးခြင်း…၊အခင်းဖြစ်ပွားသော အိမ်သာထဲတွင် အရက်နံ့ရ မရ စစ်ဆေးခြင်း…တို့ကို ထောက်လှမ်းရေးဖက်မှ ပျက်ကွက်ခဲ့သည်။

ဒါကို သိနေသော လူယုတ်မာသည် အကြံဖြင့် အချိန်ဆွဲခဲ့ခြင်းဖြစ်သည်။

ကလေးမလေးဆီမှ

“အရက်နံ့ရပါတယ်..” ဟူသောအဖြေသည် လူယုတ်မာ Cho အား တသက်တကျွန်းမှ ကယ်ခဲ့လေသည်။

*************************************
၂၀၀၈ ခုနှစ် တောင်ကိုရီးယား ဥပဒေအရ အရက်သောက်ထား၍ လူစိတ်ပျောက်နေသဖြင့် ပြုမိသောအမှားအား ထောင်ဒါဏ် ၇ နှစ်နှင့် အထက်သာအပြစ်ပေးခွင့်ရှိသည်။

သည်အတိုင်းဆို တောင်ကိုရီးယားမှာ ရာဇဝတ်မှုကျူးလွန်ချင်လျှင် အရက်သောက်ရမလိုဖြစ်နေသည်..ဟု ပြည်သူများက အပြစ်တင်ကြသည်။

တရားသူကြီးက အစွမ်းကုန် အပြစ်ပေးဘို့ နည်းလမ်းရှာသော်လည်း ထောင်ဒါဏ် ၁၂ နှစ်သာ အပြစ်ပေးနိုင်ခဲ့လေသည်။

သူကပြောလိုက်သေးသည်။

“ဒီကလေးမ ငါပြန်ထွက်လာရင် သိမယ်..။ ငါ့ဘဝပျက်အောင် တရားစွဲတဲ့မိသားစု! ”

*************************************
ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ဥပဒေသည် အလွန်အရေးကြီးသည်။ ထို ဥပေဒေသည် အမှန်တရားအတွက် အကာအကွယ် ဖြစ်နိုင်သလို အဓမ္မများကို အားပေးနေသော အထောက်အပံ့လည်း ဖြစ်သွားနိုင်သည်။

တောင်ကိုရီးယားပြည်သူတို့သည် ထိုလူယုတ်မာအား ထောင်ထဲမှ မလွှတ်ပေးရန် တောင်းဆိုနေကြသည်။

*************************************
ကလေးမလေး၏ အရှက်ကိုကာကွယ်သည့် အနေနှင့် ထိုအဖြစ်အပျက်ကို ၂၀၀၈ ခုနှစ် သတင်းများ၌ မကြေငြာခဲ့ပေ..။

၂၀၀၉ ခုနှစ် ၉ လပိုင်း ၂၂ ရက်နေ့

တစ်နှစ်အကြာတွင် ကလေးမလေး မိသားစုမှ မူရင်း နာမည်ပြောင်း၍ ထိုအဖြစ်အပျက်ကို တနိုင်ငံလုံးအသိပေးရန် ခွင့်ပြုခဲ့သည်။

သူတို့မိသားစု၏ စေတနာမှာ ဤလူ့အဖွဲ့အစည်းတွင် Cho Doo Soon ကဲ့သို့ လူယုတ်မာများရှိနေကြောင်း အသိပေးလို၍ဖြစ်သည်။

သူတို့ သမီးလေး၏ အဖြစ်ဆိုးကို တနိုင်ငံလုံးသိရှိ၍ ရင်သွေးငယ်များအား မိဘတို့က ကြိုတင် ကာကွယ်နိုင်ရန်ဖြစ်သည်။

ထို့အပြင် ၂၀၁၃ ခုနှစ်တွင်
Hope ဟူသော ရုပ်ရှင်ကားကို ဖန်တီးခဲ့သည်။

ကိုရီးယားအသံထွက် -ဆိုဝန် (소원 -Sowon) ဆိုသော ရုပ်ရှင်အား ဒါရိုက်တာ Lee Joon-ik က ရုပ်ရှင်သရုပ်ဆောင် Sol Kyung-gu, Uhm Ji-won နှင့် Lee Re တို့ဖြင့်ရိုက်ကူးခဲ့သည်။

ထိုရုပ်ရှင်အား မျက်ရည်မကျဘဲ ကြည့်နိုင်သူ အတော်ရှားပါသည်။

ထိုရုပ်ရှင်သည် ” Best Film at the 34th Blue Dragon Film Awards” ဟူသော အကောင်းဆုံးရုပ်ရှင် အကယ်ဒမီဆုကိုရခဲ့သည်။

*************************************
ကျွန်မ ဤဆောင်ပါးကိုရေးရခြင်းရည်ရွယ်ချက်မှာ ကျွန်မတို့ မြန်မာနိုင်ငံမှ မိဘ အုပ်ထိန်းသူများ မိမိတို့ရင်သွေးအား အရင်ကထက်ပို၍ ဂရုစိုက်စေလို၍ ဖြစ်ပါသည်။

ဆောင်းပါးမှ ကလေးမလေး၏ ဖခင်သည် အလုပ်ကြမ်းသမားဖြစ်၍ မိခင်သည် အိမ်အကူဖြစ်သည်။ အလွန်ဆင်းရဲသောကြောင့် သားသမီးအား ကျောင်းလိုက်ပို့ရန် မတတ်နိုင်ခဲ့ပါ။

မြန်မာနိုင်ငံတွင်လည်း ဘဝရပ်တည်ရေးအတွက် ဆင်းဆင်းရဲရဲ ရုန်းကန်အလုပ်လုပ်နေရသော မိဘများ များစွာရှိပြီး မိမိတို့ သားသမီးတို့အား ရင်အုပ်မကွာ ဂရုမစိုက်နိုင်ကြသည်က များသည်။

ကလေးပျောက်၍ ပြန်ရှာမတွေ့တော့သောမိဘများလည်း မကြာခဏ ကြားနေရသည်။

တောင်ကိုရီးယားနိုင်ငံသည် ရာဇဝတ်မှုနည်းပါးသော လုံခြုံသောနိုင်ငံဖြစ်ပါသည်။

ရာဇဝတ်အမှုတစ်ခုဖြစ်လာလျှင် သတင်းများ များသောအားဖြင့် မထိန်ချန်ပါ..။ သတင်းများတွင် ထည့်သွင်းကြေငြာခြင်း၊ မှုခင်းTV program များဖြင့် အသိပေးခြင်း၊ ရုပ်ရှင်များရိုက်၍ ပြည်သူအား သတိပေးခြင်း စသည် ပညာပေးများစွာလုပ်ပါသည်။

ထိုကဲ့သို့သော နိုင်ငံ၌ပင် ထိုကဲ့သို့အဖြစ်ဆိုးများရှိနေလျှင်….

တရားဥပဒေ အပြည့်အဝ စိုးမိုးမှုမရှိသော…၊ မူးယစ်ဆေးဝါး သုံးစွဲသူများသော…၊
ငွေကြေးဆင်းရဲ၍ သားသမီးတို့အား ဂရုမစိုက်နိုင်သော..၊
လာဘ်ပေးလာဘ်ယူ ပပျောက်မှုမရှိသေးသော မြန်မာနိုင်ငံကဲ့သို့သောနေရာမျိုးတွင် မိမိတို့ရင်သွေးများကို မိမိကိုယ်တိုင်ကူညီ စောင့်ရှောက်ရုံမှလွဲ၍ အခြားနည်းလမ်းမရှိပေ…။

တောင်ကိုရီးယားနိုင်ငံတွင် အထက်ပါ အဖြစ်အပျက်တို့ ဖြစ်ပြီး သားသမီးတို့အား မူကြိုကျောင်းမှ စ၍ တစိမ်းသူများနှင့် စကားမပြောရန် အဓိကထား၍ ထပ်ခါထပ်ခါ ပညာပေးခဲ့သည်။

” လမ်းပေါ်က မသိတဲ့ ဦးလေးကြီးက မုန့်ကျွေးမယ်ဆို လိုက်သွားလို့ဖြစ်မလား?”

အရေးပေါ် ဝီစီ ( whistle ) များ ကလေးတို့၏ လည်ပင်းတွင် ချိတ်ပေးထားခြင်း.. စသည်တို့ကို ပြုလုပ်ပေးထားသည်။

*************************************
မူကြိုကျောင်းများကို အစိုးရမှ ဦးစီး၍ ချုပ်ကိုင်ခဲ့သည်။ပုဂ္ဂလိက မူကြိုကျောင်းများတွင် ပြဿနာအဖြစ်များ၍ဖြစ်သည်။ ယခုဆိုလျှင် မူကြိုကျောင်းမှစ၍ ကျောင်းတိုင်းတွင် CCTV များမတပ်မနေရ ဥပဒေ ထုတ်ခဲ့သည်။

ကလေးများအား ၃ နှစ်အရွယ်မှစ၍ ရဲစခန်းတွင် ကလေးတို့၏ လက်ဗွေရာများကို မှတ်တမ်းတင်ထားရသည်။

ကလေးတို့၏ ခန္ဓာကိုယ်တွင် ဒါဏ်ရာအနည်းငယ် (ပွန်းရာ ခြစ်ရာ) တွေ့လျှင်ပင် မူကြိုကျောင်းဆရာမများက မိဘထံအကြောင်းကြား မေးမြန်းမှုများ ပြုလုပ်ပါသည်။ မသင်္ကာလျှင် ရဲစခန်းကို အကြောင်းကြားသည်။

အလွန်ကြောက်ဖို့ကောင်းသော ယနေ့ခေတ်လူမှုဖွဲ့စည်းမှုကြီးတွင် မည်သူ့ကိုမျှ ယုံကြည်၍မရပါ။

မိဘများကလည်း ကလေးများ၏ ခန္ဓာကိုယ်တွင် ဒါဏ်ရာတခုခုတွေ့ရှိလျှင် မူကြိုကျောင်း CCTV ကိုကြည့်ရှုစစ်ဆေးပါသည်။

မိဘများသည် မည်မျှပင် အလုပ်များပါစေ မိမိတို့ရင်သွေးများ၏ အားကိုးရာ ကယ်တင်ရှင် အဖြစ် ရပ်တည်နေရပါမည်။

*************************************
လူမဆန်သော Cho က

“ငါ ၁၂ နှစ်ထောင်ကျတာ မတရားဘူး။ ထောင်ကထွက်လာရင် ဒီကလေးမကို ရအောင်လိုက်ရှာမယ်..။ ထောင်ထဲမှာ အားကစားလုပ်ပြီး အားမွေးထားမယ်” ဟုကြုံးဝါးကြောင်း ထောင်ထဲမှ လူများကပြောသည့် ကောလဟာလများလည်းထွက်နေသည်။

မုဒိမ်းကောင် Cho အား ထောင်သားအချင်းချင်းပင်ရွံရှာ၍ မကြာခဏ အရိုက်ခံရသဖြင့် ထောင်ထဲတွင် တစ်ဦးတည်း ခွဲထားရသည်ဟုဆိုသည်။

ထို့ကြောင့် ကိုရီးယားပြည်သူများက ထိုလူယုတ်မာကြီး ထောင်မှ ပြန်မလွှတ်ရန် ဆန္ဒပြကြခြင်းဖြစ်သည်။

*************************************
🌟နိဂုံး

ကျွန်မ အသက် ၁၈ နှစ်ပြည့်ပါတော့မယ်။ နောင်နှစ်ဆို ကျွန်မ တက္ကသိုလ်ကျောင်းသူကြီးဖြစ်တော့မှာ..။ ကျွန်မ ဘဝကိုအရှုံးမပေးဖို့ အဖေက အမြဲအားပေးတယ်။

ဒါပေမယ့် အရက်နံ့တွေရရင် ကျွန်မ ဘယ်ပြေးရမလဲမသိ…ကျွန်မ အရက်နံ့တွေကိုကြောက်နေသေးတယ်..။

ဆေးရုံကိုလဲကြောက်ပေမယ့် ကျွန်မဘဝဟာ ခွဲစိတ်ခန်းကို ခဏခဏသွားနေရပါသေးတယ်။

အခုတော့ အမေရိကန်နိုင်ငံကလှူတဲ့ အနံ့ပျောက်ဆေး၊ သန့်စင်ဆေးရည်ကြောင့် ကျွန်မ အတော် စိတ်သက်သာရာရနေပါပြီ…။

ကျွန်မကိုယ်ကထွက်တဲ့ မစင်တွေ ထည့်ထားတဲ့ အိတ်ကိုဖွက်ထားရင် ကျွန်မလူကောင်းပေါ့… ။အနံ့မထွက်တဲ့ ဆေးရည်နဲ့ ကူညီကြတာ ကျွန်မ အတွက် အကြီးမားဆုံး ဆုလာဘ်ပါပဲ…။ ကျွန်မ တသက်တာလုံး အခမဲ့ ကူညီမယ်လို့ ကတိပေးတဲ့ အမေရိကန်နိုင်ငံက ဆေးပညာရှင်တွေကို ကျေးဇူးတင်ပါတယ်။

ကျွန်မ အားမလျှော့ဘူး…အဆင့်မြင့်မြင့်တက္ကသိုလ်ကြီးတစ်ခုခုမှာတက်ခွင့်ရအောင် ကြိုးစားမယ်။

*************************************
ကလေးမလေး၏ ကြမ်းတမ်းသောဘဝအား အရှုံးမပေးပဲ ကြံ့ခိုင်သောစိတ်ဓာတ်အား လေးစားမိပါသည်။

ကြီးမြတ်သော စိတ်စွမ်းအင်သည် ဒုက္ခိတဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ လူမှုရေးနှင့် မိသားစုပြသနာ အစရှိသော ဒုက္ခအလုံးစုံကို ကျော်လွှားအောင်မြင်နိုင်ကြောင်း ကလေးမလေးက သက်သေပြခဲ့လေသည်။

ထိုကြီးမြတ်သော စိတ်စွမ်းအင်သည် ကျွန်မတို့ လူတိုင်းလူတိုင်း ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်နေသည်ကို ပြန်လည် သတိရခြင်းဖြင့် ဘဝအမောများ ဘဝဒုက္ခများကို ဖြေလျော့နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါတော့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မရွှေမိုး (ကိုရီးယား)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top