ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အိႏၵိယနုိင္ငံ၊ ဥတၱရာပရာေဒ့႐ွ္ျပည္နယ္ မွေကာင္မေလးတစ္ေယာက္ဟာ ရြာမွာ လွ်ပ္စစ္မီးမရိွလို႔ လွ်ပ္စစ္မီးရႏုိင္သည့္တစ္ခုတည္းေသာ ေနရာျဖစ္သည့္ ဘူတာရံုကို ညတုိင္း ဖိနပ္မပါဘဲ လမ္းေလွ်ာက္သြားၿပီး စာက်က္ေန ရပါသတဲ့။

ပညာေရးသည္ ခိုးယူလို႔မရ၊ ေပ်ာက္လဲမေပ်ာက္ႏုိင္သည့္ တစ္ခုတည္းေသာအရာျဖစ္သည္။ ခက္တာက လြယ္လြယ္ကူကူလဲ မရရိွႏုိင္ျပန္ပါဘူး။ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားမွာေတာ့ ဆင္းရဲမဲြေတမႈက ပညာလိုခ်င္သည့္ကေလးမ်ားအတြက္ အဟန္႔အတားတစ္ခုျဖစ္ေနပါတယ္။

အခမဲ့ပညာသင္ေပးသည့္ေက်ာင္းေတြရိွေပမယ့္လို႔. တစ္ခ်ိဳ႕မိဘေတြကေတာ့ သူတို႔ကေလးေတြကို ေထာက္ပံ့ေပးဖို႔ မတတ္ႏုိင္ၾကေသးပါဘူး။

ထုိ႔အျပင္ ဆင္းရဲသည့္လူ႔အဖဲြ႔အစည္းက ကေလးေတြအတြက္ေတာ့ ပုိၿပီးခက္ခဲပါတယ္။ အထူးသျဖင့္ လွ်စ္စ္မီးမရိွသည့္ ေနရာမိ်ဳးေတြကေပါ့။

ဒိဗ် လို႔အမည္ရတဲ့ ကေလးမေလးဟာ သူမရဲ႕ assignment ကို ေရးဖို႔အတြက္ ဘူတာရံုကို ညတိုင္းသြားရပါသတဲ့။
သူမဟာ ဖိနပ္မပါဘဲ ဥတၱရာပရာေဒ့႐ွ္ျပည္နယ္ က ရထားဘူတာရံုကို စာအုပ္ေတြသယ္ၿပီး လမ္းေလွ်ာက္သြားရပါတယ္။
ဘူတာရံုေရာက္သည့္အခါမွာေတာ့ တစ္ျခားဘာအာရံုမွ မထားဘဲ စာကိုသာ အျပင္းအထန္လုပ္ပါတယ္။ ေဘးကလူေတြကိုလဲ ဂ႐ုမစိုက္ပါဘူး။

ရာဂ်က္႐ွ္ကုမာဆင္း လို႔ေခၚတဲ့လူတစ္ေယာက္က သူမကို သတိထားမိၿပီး ဓာတ္ပံု႐ိုက္ယူဖို႔ ဆံုးျဖတ္လိုက္ပါတယ္။
ကေလးမေလးကေတာ့ သတိမထားမိပဲ စာကိုသာ ဆက္လုပ္ေနပါသတဲ့။
ဆင္းရဲသည့္မိသားစုတစ္စုမွာေနတဲ့ သူမဟာအိမ္မွာ လွ်ပ္စစ္မီးမရိွသည့္အတြက္ ဘူတာ႐ံု ကိုလာၿပီး စာက်က္ရတာျဖစ္ေၾကာင္း ရာဂ်က္႐ွ္က ေမးလို႔ ေျဖပါတယ္။

ရထားဘူတာရံုဟာ ဥတၱရာပရာေဒ့႐ွ္ျပည္နယ္ မွာတည္ရိွၿပီး အိႏၵိယႏုိင္ငံရဲ႕ အဆင္းရဲဆံုးနဲ႔ လူဦးေရ အထူထပ္ဆံုး ျပည္နယ္တစ္ခုၿပီး အိႏၵိယႏုိင္ငံရဲ႕ ဇာတ္နိမ့္၊ဇာတ္ျမင့္ခဲြျခားသည့္ စနစ္အရ ဇာတ္အနိမ့္ဆံုး လူမ်ိဳးေတြေနထုိင္သည့္ ျပည္နယ္တစ္ခုလဲျဖစ္ပါတယ္။

ရာဂ်က္႐ွ္က သူမအေၾကာင္းကို ဆို႐ွယ္မီဒီယာေပၚမွာ share လိုက္သည့္အခါမွာေတာ့ အင္တာနက္အသံုးျပဳသူေတြဟာ အဆိုပါကေလးမေလးကို ခ်ီးမြမ္းၾကၿပီး မၾကာခင္ အကူအညီရရိွပါေစေၾကာင္းလဲ ဆုမြန္ေကာင္းေတာင္းေပးၾကပါသတဲ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myint Zaw Thein ( Hello Myanmar )

# Unicode Version ျဖင့္ ဖတ္ပါ #

အိန္ဒိယနိုင်ငံ၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် မှကောင်မလေးတစ်ယောက်ဟာ ရွာမှာ လျှပ်စစ်မီးမရှိလို့ လျှပ်စစ်မီးရနိုင်သည့်တစ်ခုတည်းသော နေရာဖြစ်သည့် ဘူတာရုံကို ညတိုင်း ဖိနပ်မပါဘဲ လမ်းလျှောက်သွားပြီး စာကျက်နေ ရပါသတဲ့။

ပညာရေးသည် ခိုးယူလို့မရ၊ ပျောက်လဲမပျောက်နိုင်သည့် တစ်ခုတည်းသောအရာဖြစ်သည်။ ခက်တာက လွယ်လွယ်ကူကူလဲ မရရှိနိုင်ပြန်ပါဘူး။ နိုင်ငံတော်တော်များများမှာတော့ ဆင်းရဲမွဲတေမှုက ပညာလိုချင်သည့်ကလေးများအတွက် အဟန့်အတားတစ်ခုဖြစ်နေပါတယ်။

အခမဲ့ပညာသင်ပေးသည့်ကျောင်းတွေရှိပေမယ့်လို့. တစ်ချို့မိဘတွေကတော့ သူတို့ကလေးတွေကို ထောက်ပံ့ပေးဖို့ မတတ်နိုင်ကြသေးပါဘူး။

ထို့အပြင် ဆင်းရဲသည့်လူ့အဖွဲ့အစည်းက ကလေးတွေအတွက်တော့ ပိုပြီးခက်ခဲပါတယ်။ အထူးသဖြင့် လျှစ်စ်မီးမရှိသည့် နေရာမျိုးတွေကပေါ့။

ဒိဗျ လို့အမည်ရတဲ့ ကလေးမလေးဟာ သူမရဲ့ assignment ကို ရေးဖို့အတွက် ဘူတာရုံကို ညတိုင်းသွားရပါသတဲ့။
သူမဟာ ဖိနပ်မပါဘဲ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် က ရထားဘူတာရုံကို စာအုပ်တွေသယ်ပြီး လမ်းလျှောက်သွားရပါတယ်။
ဘူတာရုံရောက်သည့်အခါမှာတော့ တစ်ခြားဘာအာရုံမှ မထားဘဲ စာကိုသာ အပြင်းအထန်လုပ်ပါတယ်။ ဘေးကလူတွေကိုလဲ ဂရုမစိုက်ပါဘူး။

ရာဂျက်ရှ်ကုမာဆင်း လို့ခေါ်တဲ့လူတစ်ယောက်က သူမကို သတိထားမိပြီး ဓာတ်ပုံရိုက်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကလေးမလေးကတော့ သတိမထားမိပဲ စာကိုသာ ဆက်လုပ်နေပါသတဲ့။
ဆင်းရဲသည့်မိသားစုတစ်စုမှာနေတဲ့ သူမဟာအိမ်မှာ လျှပ်စစ်မီးမရှိသည့်အတွက် ဘူတာရုံ ကိုလာပြီး စာကျက်ရတာဖြစ်ကြောင်း ရာဂျက်ရှ်က မေးလို့ ဖြေပါတယ်။

ရထားဘူတာရုံဟာ ဥတ္တရာပရာဒေ့ရှ်ပြည်နယ် မှာတည်ရှိပြီး အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံးနဲ့ လူဦးရေ အထူထပ်ဆုံး ပြည်နယ်တစ်ခုပြီး အိန္ဒိယနိုင်ငံရဲ့ ဇာတ်နိမ့်၊ဇာတ်မြင့်ခွဲခြားသည့် စနစ်အရ ဇာတ်အနိမ့်ဆုံး လူမျိုးတွေနေထိုင်သည့် ပြည်နယ်တစ်ခုလဲဖြစ်ပါတယ်။

ရာဂျက်ရှ်က သူမအကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာ share လိုက်သည့်အခါမှာတော့ အင်တာနက်အသုံးပြုသူတွေဟာ အဆိုပါကလေးမလေးကို ချီးမွမ်းကြပြီး မကြာခင် အကူအညီရရှိပါစေကြောင်းလဲ ဆုမွန်ကောင်းတောင်းပေးကြပါသတဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Myint Zaw Thein ( Hello Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top