ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကမာၻေပၚရွိ မိဘတိုင္း၏ ဦးစားေပးပထမမွာ မိမိတုိ႕၏ရင္ေသြးငယ္မ်ား အစဥ္အၿမဲဲက်န္းမာႀကံ႕ခိုင္ေနရန္ပဲျဖစ္ပါတယ္။ ကေလးမ်ား၏ကိုယ္ခႏၶာမွာ ႀကီးထြားေနသည္ႏွင့္အမွ် ကိုယ္ခံအားကို ဆက္လက္တည္ေဆာက္ေနေသးသည့္အတြက္ မႀကာခဏဖ်ားနာတတ္ပါတယ္။ ဒူးၿပဲျခင္း၊ ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အဖ်ားအနည္းငယ္ရွိျခင္း စသည့္ေရာဂါလကၡဏာအေသးအဖြဲမ်ားမွာ စိတ္ပူစရာမဟုတ္ေသာ္လည္း တစ္ခါတစ္ရံတြင္ ထုိလကၡဏာမ်ားကို ေ၀ခြဲရခက္ခဲသည့္အခ်ိန္မ်ားလည္း ရွိႏိုင္ပါတယ္။

ထုိ႕ေႀကာင့္ ကေလးမ်ား၏က်န္းမာေရးႏွင့္ပတ္သက္၍ လံုး၀လ်စ္လ်ဴမရႈသင့္သည့္ ေရာဂါလကၡဏာမ်ားကို ေဖာ္ျပေပးလိုက္ရပါတယ္။

အဖ်ားႀကီးျခင္း

ဗိုက္ေအာင့္ျခင္း၊ အေသးအဖြဲကူးစက္ေရာဂါေလးမ်ားေႀကာင့္ ကေလးမ်ားကိုယ္ပူေလ့ရွိႀကပါတယ္။ သို႕ေသာ္လည္း ပံုမွန္အေျခအေနမ်ားထက္ အဖ်ားႀကီး၍ မ်က္လံုးမဖြင့္ႏိုင္ေလာက္ေအာင္ ေခါင္းကိုက္ခဲေနပါက ျပင္းထန္သည့္ဖ်ားနာမႈႈ သို႕မဟုတ္ အေရးတႀကီးကုသမႈလုိအပ္သည့္ေရာဂါတစ္မ်ိဳးမ်ိဳးျဖစ္ေပၚႏိုင္တာကို သိထားေစလိုပါတယ္။

အလြန္အမင္းေရဆာေလာင္ျခင္း

ညဖက္အခ်ိန္မေတာ္တြင္ မိမိကေလးမွ ရုတ္တရက္ေရအလြန္ဆာ၍ ေတာင္းလာပါက ဆရာ၀န္ထံခ်က္ခ်င္းေခၚသြားသင့္ပါတယ္။ အသက္ ၂၀ ေအာက္အရြယ္ရွိ ကေလးမ်ားတြင္ အဆင့္ (၁) ရွိဆီးခ်ိဳေရာဂါျဖစ္ပြားႏိုင္ၿပီး ေရအလြန္ဆာမႈသည္ ထုိေရာဂါ၏လကၡဏာတစ္ခုပဲျဖစ္ပါတယ္။

အသက္ရႈရခက္ခဲျခင္း

ကေလးမ်ားသည္ မႀကာခဏဆိုသလုိ ညည္းညဴတတ္ႀကၿပီး အသက္ရႈျမန္ျခင္းသည္လည္း အဖ်ားရွိသည့္အခါ ကေလးမ်ားပံုမွန္ျဖစ္ေလ့ရွိပါတယ္။ သို႕ရာတြင္ ကစားခ်ိန္၊ အားကစားခ်ိန္မ်ားအတြင္ အသက္ရႈရခက္ခဲရံုသာမက ေလခၽြန္သံပါ၀င္လာလွ်င္ေတာ့ ေသခ်ာေပါက္ ပန္းနာေရာဂါလကၡဏာပဲျဖစ္ပါတယ္။ ထုိ႕ေႀကာင့္ ကေလးမ်ားအသက္ရႈရခက္ခဲေနၿပီဆိုပါက ဆရာ၀န္ႏွင့္ ျပသရန္လိုအပ္ပါတယ္။

အခ်ိန္ႀကာျမင့္စြာဗိုက္ေအာင့္ျခင္း

ကေလးမ်ားသည္ အမွန္တကယ္ေသာ္လည္းေကာင္း၊ ဆင္ေျခအေနျဖင့္ေသာ္လည္းေကာင္း ဗိုက္ေအာင့္သည္ဟုဆိုကာ အၿမဲတမ္းေျပာတတ္ေလ့ရွိပါတယ္။ သို႕ေသာ္လည္း ထုိနာက်င္မႈသည္ ျပင္းထန္လာၿပီး တပတ္အတြင္းတြင္မႀကာခဏဆိုသလို ညည္းညဴေနပါက အူအတက္ျဖစ္ႏိုင္ေသာေႀကာင့္ ခ်က္ခ်င္းေဆးရံု၊ ေဆးခန္းသို႕ ေခၚေဆာင္သြားရမွာျဖစ္ပါတယ္။

ဆီးသြားေနစဥ္နာက်င္မႈေ၀ဒနာခံစားရျခင္း

သင့္ကေလးဆီးသြားေနစဥ္အတြင္း နာက်င္မႈေ၀ဒနာခံစားလာရပါက ဆီးလမ္းေႀကာင္းဆိုင္ရာတြင္ ျပႆနာတစ္ခုခုျဖစ္ေပၚေနပါၿပီ။ ေရာဂါပိုးတစ္ခုခု၀င္ေရာက္မႈေႀကာင့္ ျဖစ္ေပၚလာႏိုင္သည့္အတြက္ ေပါ့ေသးေသးမေနဘဲ ေဆးခန္းခ်က္ခ်င္းျပသသင့္ပါတယ္။

ေမာပန္းႏြမ္းနယ္ျခင္း

ကေလးဆိုသည္မွာ အခ်ိန္ျပည့္သြက္လက္တက္ႀကြေနၿပီး ဂနာမၿငိမ္ေအာင္ေဆာ့တတ္ေလ့ရွိပါတယ္။ သို႕ေသာ္လည္း ထုိကဲ့သို႕ ပံုမွန္သြားလာေဆာ့ကစားမေနဘဲ ေမာပန္းႏြမ္းလ်ေနသည့္ပံုစံေပၚေနပါက သတိထားပါ။ ေနာက္ဆက္တြဲမသိျမင္ႏိုင္သည့္ ေရာဂါမ်ားမျဖစ္ေပၚခင္ ႀကိဳတင္ဆရာ၀န္ျပသထားတာက အေကာင္းဆံုးပဲျဖစ္ပါတယ္။

ျပင္းျပန္းထန္ထန္ ပ်ိဳ႕အန္ျခင္း

ကေလးမ်ားသည္ ေခ်ာင္းျပင္းထန္စြာဆိုးျခင္း၊ ရႈိက္ႀကီးတငင္ငိုေႀကြးျခင္း၊ အစားမ်ားျခင္း ႏွင့္အစာအိမ္ျပႆနာမ်ားေႀကာင့္ လြယ္လင့္တကူ ပ်ိဳ႕အန္တတ္ပါတယ္။ သုိ႕ရာတြင္ အရည္ပမာဏအနည္းငယ္ကိုေတာင္မွ သည္းမခံႏိုင္ေလာက္ေအာင္ ပ်ိဳ႕အန္ေနပါက ေရဓာတ္ဆံုးရံႈးမႈကို ျဖစ္ေပၚေစမွာပါ။

အနီစက္မ်ားျဖစ္ေပၚျခင္း

အနီစက္မ်ားျဖစ္ေပၚျခင္းသည္ ကေလးငယ္မ်ားတြင္ ျဖစ္ေလ့ျဖစ္ထရွိေသာ္လည္း အဖ်ားရွိျခင္း၊ ပ်ိဳ႕အန္ျခင္း၊ အသက္ရႈႀကပ္ျခင္း၊ အစာမ်ိဳခ်ရခက္ခဲျခင္း၊ ဗိုက္ေအာင့္ျခင္း၊ အသက္ရႈရခက္ခဲျခင္း စသည့္ေရာဂါလကၡဏာမ်ား တြဲဖက္ျဖစ္ေပၚလာပါက အသက္အႏၱရာယ္ကိုထိခိုက္လာႏိုင္ပါတယ္။ ထို႕အတြက္ မိမိကေလးငယ္တြင္ ထုိလကၡဏာမ်ားျပလာပါက ခ်က္ခ်င္းဆိုသလို ေဆးရံုေဆးခန္းမ်ားသုိ႕ သြားေရာက္ျပသဖုိ႕ တိုက္တြန္းအႀကံေပးခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ကမ္ဘာပေါ်ရှိ မိဘတိုင်း၏ ဦးစားပေးပထမမှာ မိမိတို့၏ရင်သွေးငယ်များ အစဉ်အမြဲကျန်းမာကြံ့ခိုင်နေရန်ပဲဖြစ်ပါတယ်။ ကလေးများ၏ကိုယ်ခန္ဓာမှာ ကြီးထွားနေသည်နှင့်အမျှ ကိုယ်ခံအားကို ဆက်လက်တည်ဆောက်နေသေးသည့်အတွက် မကြာခဏဖျားနာတတ်ပါတယ်။ ဒူးပြဲခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားအနည်းငယ်ရှိခြင်း စသည့်ရောဂါလက္ခဏာအသေးအဖွဲများမှာ စိတ်ပူစရာမဟုတ်သော်လည်း တစ်ခါတစ်ရံတွင် ထိုလက္ခဏာများကို ဝေခွဲရခက်ခဲသည့်အချိန်များလည်း ရှိနိုင်ပါတယ်။

ထို့ကြောင့် ကလေးများ၏ကျန်းမာရေးနှင့်ပတ်သက်၍ လုံးဝလျစ်လျူမရှုသင့်သည့် ရောဂါလက္ခဏာများကို ဖော်ပြပေးလိုက်ရပါတယ်။

အဖျားကြီးခြင်း

ဗိုက်အောင့်ခြင်း၊ အသေးအဖွဲကူးစက်ရောဂါလေးများကြောင့် ကလေးများကိုယ်ပူလေ့ရှိကြပါတယ်။ သို့သော်လည်း ပုံမှန်အခြေအနေများထက် အဖျားကြီး၍ မျက်လုံးမဖွင့်နိုင်လောက်အောင် ခေါင်းကိုက်ခဲနေပါက ပြင်းထန်သည့်ဖျားနာမှုှု သို့မဟုတ် အရေးတကြီးကုသမှုလိုအပ်သည့်ရောဂါတစ်မျိုးမျိုးဖြစ်ပေါ်နိုင်တာကို သိထားစေလိုပါတယ်။

အလွန်အမင်းရေဆာလောင်ခြင်း

ညဖက်အချိန်မတော်တွင် မိမိကလေးမှ ရုတ်တရက်ရေအလွန်ဆာ၍ တောင်းလာပါက ဆရာဝန်ထံချက်ချင်းခေါ်သွားသင့်ပါတယ်။ အသက် ၂၀ အောက်အရွယ်ရှိ ကလေးများတွင် အဆင့် (၁) ရှိဆီးချိုရောဂါဖြစ်ပွားနိုင်ပြီး ရေအလွန်ဆာမှုသည် ထိုရောဂါ၏လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

အသက်ရှုရခက်ခဲခြင်း

ကလေးများသည် မကြာခဏဆိုသလို ညည်းညူတတ်ကြပြီး အသက်ရှုမြန်ခြင်းသည်လည်း အဖျားရှိသည့်အခါ ကလေးများပုံမှန်ဖြစ်လေ့ရှိပါတယ်။ သို့ရာတွင် ကစားချိန်၊ အားကစားချိန်များအတွင် အသက်ရှုရခက်ခဲရုံသာမက လေချွန်သံပါဝင်လာလျှင်တော့ သေချာပေါက် ပန်းနာရောဂါလက္ခဏာပဲဖြစ်ပါတယ်။ ထို့ကြောင့် ကလေးများအသက်ရှုရခက်ခဲနေပြီဆိုပါက ဆရာဝန်နှင့် ပြသရန်လိုအပ်ပါတယ်။

အချိန်ကြာမြင့်စွာဗိုက်အောင့်ခြင်း

ကလေးများသည် အမှန်တကယ်သော်လည်းကောင်း၊ ဆင်ခြေအနေဖြင့်သော်လည်းကောင်း ဗိုက်အောင့်သည်ဟုဆိုကာ အမြဲတမ်းပြောတတ်လေ့ရှိပါတယ်။ သို့သော်လည်း ထိုနာကျင်မှုသည် ပြင်းထန်လာပြီး တပတ်အတွင်းတွင်မကြာခဏဆိုသလို ညည်းညူနေပါက အူအတက်ဖြစ်နိုင်သောကြောင့် ချက်ချင်းဆေးရုံ၊ ဆေးခန်းသို့ ခေါ်ဆောင်သွားရမှာဖြစ်ပါတယ်။

ဆီးသွားနေစဉ်နာကျင်မှုဝေဒနာခံစားရခြင်း

သင့်ကလေးဆီးသွားနေစဉ်အတွင်း နာကျင်မှုဝေဒနာခံစားလာရပါက ဆီးလမ်းကြောင်းဆိုင်ရာတွင် ပြဿနာတစ်ခုခုဖြစ်ပေါ်နေပါပြီ။ ရောဂါပိုးတစ်ခုခုဝင်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်အတွက် ပေါ့သေးသေးမနေဘဲ ဆေးခန်းချက်ချင်းပြသသင့်ပါတယ်။

မောပန်းနွမ်းနယ်ခြင်း

ကလေးဆိုသည်မှာ အချိန်ပြည့်သွက်လက်တက်ကြွနေပြီး ဂနာမငြိမ်အောင်ဆော့တတ်လေ့ရှိပါတယ်။ သို့သော်လည်း ထိုကဲ့သို့ ပုံမှန်သွားလာဆော့ကစားမနေဘဲ မောပန်းနွမ်းလျနေသည့်ပုံစံပေါ်နေပါက သတိထားပါ။ နောက်ဆက်တွဲမသိမြင်နိုင်သည့် ရောဂါများမဖြစ်ပေါ်ခင် ကြိုတင်ဆရာဝန်ပြသထားတာက အကောင်းဆုံးပဲဖြစ်ပါတယ်။

ပြင်းပြန်းထန်ထန် ပျို့အန်ခြင်း

ကလေးများသည် ချောင်းပြင်းထန်စွာဆိုးခြင်း၊ ရှိုက်ကြီးတငင်ငိုကြွေးခြင်း၊ အစားများခြင်း နှင့်အစာအိမ်ပြဿနာများကြောင့် လွယ်လင့်တကူ ပျို့အန်တတ်ပါတယ်။ သို့ရာတွင် အရည်ပမာဏအနည်းငယ်ကိုတောင်မှ သည်းမခံနိုင်လောက်အောင် ပျို့အန်နေပါက ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေမှာပါ။

အနီစက်များဖြစ်ပေါ်ခြင်း

အနီစက်များဖြစ်ပေါ်ခြင်းသည် ကလေးငယ်များတွင် ဖြစ်လေ့ဖြစ်ထရှိသော်လည်း အဖျားရှိခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ အစာမျိုချရခက်ခဲခြင်း၊ ဗိုက်အောင့်ခြင်း၊ အသက်ရှုရခက်ခဲခြင်း စသည့်ရောဂါလက္ခဏာများ တွဲဖက်ဖြစ်ပေါ်လာပါက အသက်အန္တရာယ်ကိုထိခိုက်လာနိုင်ပါတယ်။ ထို့အတွက် မိမိကလေးငယ်တွင် ထိုလက္ခဏာများပြလာပါက ချက်ချင်းဆိုသလို ဆေးရုံဆေးခန်းများသို့ သွားရောက်ပြသဖို့ တိုက်တွန်းအကြံပေးချင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top