ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မင္းေသြး က ဂန္႕ေဂါမွာ ဇာတ္ကား ရိုက္ကူးစဥ္က ပရိသတ္ေတြကို ဆက္ဆံမိတဲ့ အျပဳအမူနဲ႕ ပတ္သက္ၿပီး ျပန္လည္ ေတာင္းပန္လိုက္တာပါ။ မုန္းစြဲ ရုပ္ရွင္ဇာတ္ကားမွာ မင္းေသြး က ထူးေမာ္ဆိုတဲ့ ေကာင္ေလး ေနရာက သရုပ္ေဆာင္ရတာ ျဖစ္ၿပီး ခပ္ဆိုးဆိုးေကာင္ေလး ဘယ္သူ႕ကိုမွ ဂရုမစိုက္တတ္တဲ့သူ လုပ္ခ်င္ရာ လုပ္တဲ့ ေကာင္ေလး တစ္ေယာက္ေနရာက ပါဝင္ထားရတာပါ။အျပဳအမူ ရိုင္းသြားခဲ့ရင္တဲ့။

အဲ့ဒီဇာတ္ကားရိုက္ေနစဥ္က မင္းေသြးဟာ ထူးေမာ္ ကာရိုက္တာကို သြင္းၿပီး ရိုက္ေနတုန္း ပရိသတ္ေတြအေပၚ အဆင္မေျပမႈမ်ားရွိခဲ့ၿပီး အျပဳအမူေတြ ရိုင္းသြားပါက သူ႕အေနနဲ႕ ေတာင္းပန္တယ္ဆိုၿပီး ေျပာထားတာပါ။

‘‘ကြၽန္ေတာ္တို႔နယ္မွာ သြား ႐ိုက္ေတာ့ နယ္သူနယ္သားေတြ က မင္းသား၊ မင္းသမီးဆိုေတာ့ ေတြ႕ခ်င္ျမင္ခ်င္ၾကတာေပါ့ေလ။ တစ္ရက္က်ေတာ့ ထူးေမာ္ကာ ႐ိုက္တာကို စိတ္သြင္းထားတဲ့အ ခ်ိန္ သူက ဘယ္သူမွဂ႐ုမစိုက္ဘူး၊ သူလုပ္ခ်င္ရာလုပ္တယ္။ သူလို ခ်င္တာရွိရင္ ရေအာင္ယူတတ္ တယ္၊ အဲဒီအခ်ိန္က တန္ပိုဆင္းန္ ျဖစ္ေနတဲ့အခါက်ေတာ့ ပရိသတ္ က ေခၚေပမယ့္ ဥေပကၡာျပဳထား တယ္၊ လက္တို႔တယ္။ တျဖည္း ျဖည္းနဲ႔ မာနႀကီးတယ္ျဖစ္လာ ေရာ’’လို႕မင္းေသြးက 7day Daily ကုိ ေျဖဆိုေပးထားပါတယ္။
ကာရိုက္တာေတြကို ျပန္ေဖာ္ေနတဲ့အခါ ကိုယ္ေျပာရမယ့္ ဒိုင္ယာေလာ့ခ္ေတြကို မွတ္ေနရတဲ့ အခါ ပရိသတ္မ်ားက ဓာတ္ပံုရိုက္ခ်င္ေၾကာင္း လာေျပာေပမယ့္လည္း သူ႕အေနနဲ႕ မလိုက္ေလ်ာခဲ့မိေၾကာင္း ဇာတ္ေကာင္ စရိုက္ ပီျပင္ေအာင္ အသက္သြင္းရင္း အမွားပါသြားျခင္းျဖစ္တယ္ ဆိုၿပီး ေျပာထားပါတယ္။

မင္းေသြးဟာ လက္ရွိမွာ Myanmar Media 7 နဲ႕အတူ ကယားျပည္နယ္သို႕ ခရီးသြားပရိုဂရမ္ တစ္ခု ရိုက္ကူးဖို႕ ရွိတယ္လို႕ သိရပါတယ္။
အဲ့ဒီ ခရီးစဥ္ဟာ ဒီဇင္ဘာ(၃)ရက္ေန႕ကေန(၇)ရက္အထိ ျဖစ္ၿပီး ဒါရိုက္တာ ကိုေပါက္က ရိုက္ကူးမွာ ျဖစ္တယ္လို႕ သိရပါတယ္။ ယင္းခရီးမွာ ေတာ့ မင္းေသြးနဲ႕ အတူ သားငယ္၊ နန္းခင္ေဇယ်ာနဲ႕ ႏြယ္ဒါလီထြန္းတို႕လည္း ပါဝင္တယ္လို႕ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#


မင်းသွေး က ဂန့်ဂေါမှာ ဇာတ်ကား ရိုက်ကူးစဉ်က ပရိသတ်တွေကို ဆက်ဆံမိတဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ပြန်လည် တောင်းပန်လိုက်တာပါ။ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားမှာ မင်းသွေး က ထူးမော်ဆိုတဲ့ ကောင်လေး နေရာက သရုပ်ဆောင်ရတာ ဖြစ်ပြီး ခပ်ဆိုးဆိုးကောင်လေး ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့သူ လုပ်ချင်ရာ လုပ်တဲ့ ကောင်လေး တစ်ယောက်နေရာက ပါဝင်ထားရတာပါ။အပြုအမူ ရိုင်းသွားခဲ့ရင်တဲ့။

အဲ့ဒီဇာတ်ကားရိုက်နေစဉ်က မင်းသွေးဟာ ထူးမော် ကာရိုက်တာကို သွင်းပြီး ရိုက်နေတုန်း ပရိသတ်တွေအပေါ် အဆင်မပြေမှုများရှိခဲ့ပြီး အပြုအမူတွေ ရိုင်းသွားပါက သူ့အနေနဲ့ တောင်းပန်တယ်ဆိုပြီး ပြောထားတာပါ။

‘‘ကျွန်တော်တို့နယ်မှာ သွား ရိုက်တော့ နယ်သူနယ်သားတွေ က မင်းသား၊ မင်းသမီးဆိုတော့ တွေ့ချင်မြင်ချင်ကြတာပေါ့လေ။ တစ်ရက်ကျတော့ ထူးမော်ကာ ရိုက်တာကို စိတ်သွင်းထားတဲ့အ ချိန် သူက ဘယ်သူမှဂရုမစိုက်ဘူး၊ သူလုပ်ချင်ရာလုပ်တယ်။ သူလို ချင်တာရှိရင် ရအောင်ယူတတ် တယ်၊ အဲဒီအချိန်က တန်ပိုဆင်းန် ဖြစ်နေတဲ့အခါကျတော့ ပရိသတ် က ခေါ်ပေမယ့် ဥပေက္ခာပြုထား တယ်၊ လက်တို့တယ်။ တဖြည်း ဖြည်းနဲ့ မာနကြီးတယ်ဖြစ်လာ ရော’’လို့မင်းသွေးက 7day Daily ကို ဖြေဆိုပေးထားပါတယ်။
ကာရိုက်တာတွေကို ပြန်ဖော်နေတဲ့အခါ ကိုယ်ပြောရမယ့် ဒိုင်ယာလော့ခ်တွေကို မှတ်နေရတဲ့ အခါ ပရိသတ်များက ဓာတ်ပုံရိုက်ချင်ကြောင်း လာပြောပေမယ့်လည်း သူ့အနေနဲ့ မလိုက်လျောခဲ့မိကြောင်း ဇာတ်ကောင် စရိုက် ပီပြင်အောင် အသက်သွင်းရင်း အမှားပါသွားခြင်းဖြစ်တယ် ဆိုပြီး ပြောထားပါတယ်။

မင်းသွေးဟာ လက်ရှိမှာ Myanmar Media 7 နဲ့အတူ ကယားပြည်နယ်သို့ ခရီးသွားပရိုဂရမ် တစ်ခု ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ ခရီးစဉ်ဟာ ဒီဇင်ဘာ(၃)ရက်နေ့ကနေ(၇)ရက်အထိ ဖြစ်ပြီး ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ယင်းခရီးမှာ တော့ မင်းသွေးနဲ့ အတူ သားငယ်၊ နန်းခင်ဇေယျာနဲ့ နွယ်ဒါလီထွန်းတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top