ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သန္႔ရွင္းေနတဲ့အခ်ိန္ဆို စိတ္က အလိုလို ၾကည္လင္ေနတတ္တဲ့အတြက္ အိပ္ယာဝင္တဲ့အခ်ိန္မွာလည္း စိတ္ကိုၾကည္ေနေစတဲ့အတြက္ စိတ္ေက်နပ္မႈကို ျဖစ္ေပးေစႏုိင္ပါတယ္။

အိမ္ေထာင္ရယ္လို႔ ျဖစ္လာရင္ သိထားရမယ့္ပညာမ်ား

မဂၤလာေဆာင္ေတာ့မယ္ မဂၤလာေမာင္ႏွံေလးတို႔ အတြက္ မသိ မျဖစ္ သိထားရမယ့္ အရာေလးေတြကလည္း မ်ားလွပါတယ္။ ဒီထဲမွာမွ အိမ္ေထာင္သုခလို႔ ဆိုရမယ့္ အိပ္ယာေပၚမွာ အဆင္ေျပဖို႔ တတ္ထားရမယ့္ ပညာကလည္း တစ္ခု အပါပဲ ျဖစ္ပါတယ္။ အိမ္ေထာင္ရယ္လို႔ ျဖစ္လာရင္ ဒီပညာအေၾကာင္းကေတာ့ ေရွာင္ရွားလို႔ မရႏိုင္ပါဘူး။ ဘာေတြ ျဖစ္မလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။ ေပ်ာ္စရာေကာင္းတဲ့ အိမ္ေထာင္ေရး ျဖစ္ဖို႔ လိုအပ္တဲ့အရာေလးေတြကိုလည္း သိထားေပးပါေနာ္။

တစ္ကိုယ္ရည္ သန္႔ရွင္းေရးကို သတိျပဳပါ
တစ္ကိုယ္ရည္ သန္႔ရွင္းေရးကို သတိျပဳပါ

သန္႔သန္႔ရွင္းရွင္း ျဖစ္ေနပါေစ။ တစ္ကိုယ္ရည္ သန္႔ရွင္းေရးကို သတိျပဳပါ။ ညစ္ပတ္ေနတာကေတာ့ စိတ္ကို ညစ္ညဴးေစႏိုင္ပါတယ္။ သန္႔ရွင္းေနတဲ့အခ်ိန္ဆို စိတ္က အလိုလို ၾကည္လင္ေနတတ္တဲ့အတြက္ အိပ္ယာဝင္တဲ့အခ်ိန္မွာလည္း စိတ္ကိုၾကည္ေနေစမွာမို႔ စိတ္ေက်နပ္မႈကို ျဖစ္ေပးေစႏုိင္ပါတယ္။ အိပ္ယာ မဝင္ခင္ ေရမိုးခ်ိဳးေပးထားတာ အေကာင္းဆံုး ပညာလို႔ ဆိုရမွာပါ။
ၾကည္ႏူးစရာ စကားေလးေတြကို ေျပာပါ

ခ်စ္စရာေကာင္းတဲ့စကားေလးေတြ၊ အရင္က ၾကည္ႏူးခဲ့ဖူးတဲ့ အခ်ိန္ အခိုက္အတန္႔ေလးေတြ အေၾကာင္းကို ျပန္လည္ ေျပာဆိုေပးတာကေတာ့ ခ်စ္ျခင္းမ်ားကို ပိုထိေရာက္ေစႏိုင္ပါတယ္။ အိပ္ယာဝင္ခါနီးအခ်ိန္ေတြမွာ စကား မ်ားမ်ားေျပာေပးတာကေတာ့ စိတ္ကို ပိုမို လြတ္လပ္ ေပါ့ပါးလာေစႏိုင္သလို ခ်စ္တဲ့စိတ္ေတြကိုလည္း ႏိႈးထေစလာႏိုင္ပါတယ္။ သတိျပဳရမွာ တစ္ခုက ခ်စ္စရာေကာင္းတဲ့အေကာင္းျမင္စကားမ်ားကိုပဲ ေျပာဆိုပါေနာ္။ အျပစ္တင္စကားေတြ မေက်နပ္တာေလးေတြကို မေျပာမိေအာင္ သတိထားေပးပါေနာ္။

အိမ္ေထာက္ဘက္ေတြၾကားက ခ်စ္ျခင္းျဖစ္တဲ့အတြက္ ၂ ေယာက္လံုး အတြက္ အဆင္ေျပႏုိင္မယ့္ အခ်က္ကို ရွာေဖြရမွာပါ
စိတ္ရွည္ဖို႔ ကေတာ့ အေရးႀကီးဆံုးပါ

တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားက ခ်စ္ျခင္းေတြကို အေပးအယူ မွ်ဖို႔အတြက္ စိတ္ရွည္ဖို႔က အေရးအႀကီးဆံုးပါပဲ။ အိမ္ေထာက္ဘက္ေတြၾကားက ခ်စ္ျခင္းျဖစ္တဲ့အတြက္ ၂ ေယာက္လံုး အတြက္ အဆင္ေျပႏုိင္မယ့္ အခ်က္ကို ရွာေဖြရမွာပါ။ တစ္ေယာက္တည္း အဆင္ေျပတာမ်ိဳးကို ျပဳလုပ္လုိ႔ မရပါဘူး။ စိတ္ရွည္ပါ။ တစ္ေယာက္က အဆင္မေျပေသးရင္ က်န္တစ္ေယာက္က စိတ္ရွည္ရွည္နဲ႔ ေစာင့္ေပးပါ။ တစ္ေယာက္တည္း အဆင္ေျပရင္ ၿပီးေရာလို႔ သေဘာထားခဲ့ရင္ ေနာက္တစ္ခါအတြက္ဆို ဘယ္လိုမွ အဆင္ေျပႏိုင္မွာ မဟုတ္ေတာ့ပါဘူး။

လင္မယားတိုင္းေရွာင္ရွားသင့္တဲ့ အိပ္ယာထဲက အမွားေတြ ကို ေရွာင္ရွားေပးၿပီး မဂၤလာေမာင္ႏွံေလးေတြတိုင္း ပန္းခင္းလမ္းေလးလို ခ်စ္ၾကည္ႏူးစရာ ေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလုိက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry

# Unicode Version ျဖင့္ ဖတ္ပါ #
သန့်ရှင်းနေတဲ့အချိန်ဆို စိတ်က အလိုလို ကြည်လင်နေတတ်တဲ့အတွက် အိပ်ယာဝင်တဲ့အချိန်မှာလည်း စိတ်ကိုကြည်နေစေတဲ့အတွက် စိတ်ကျေနပ်မှုကို ဖြစ်ပေးစေနိုင်ပါတယ်။

အိမ်ထောင်ရယ်လို့ ဖြစ်လာရင် သိထားရမယ့်ပညာများ

မင်္ဂလာဆောင်တော့မယ် မင်္ဂလာမောင်နှံလေးတို့ အတွက် မသိ မဖြစ် သိထားရမယ့် အရာလေးတွေကလည်း များလှပါတယ်။ ဒီထဲမှာမှ အိမ်ထောင်သုခလို့ ဆိုရမယ့် အိပ်ယာပေါ်မှာ အဆင်ပြေဖို့ တတ်ထားရမယ့် ပညာကလည်း တစ်ခု အပါပဲ ဖြစ်ပါတယ်။ အိမ်ထောင်ရယ်လို့ ဖြစ်လာရင် ဒီပညာအကြောင်းကတော့ ရှောင်ရှားလို့ မရနိုင်ပါဘူး။ ဘာတွေ ဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ လိုအပ်တဲ့အရာလေးတွေကိုလည်း သိထားပေးပါနော်။

တစ်ကိုယ်ရည် သန့်ရှင်းရေးကို သတိပြုပါ
တစ်ကိုယ်ရည် သန့်ရှင်းရေးကို သတိပြုပါ

သန့်သန့်ရှင်းရှင်း ဖြစ်နေပါစေ။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို သတိပြုပါ။ ညစ်ပတ်နေတာကတော့ စိတ်ကို ညစ်ညူးစေနိုင်ပါတယ်။ သန့်ရှင်းနေတဲ့အချိန်ဆို စိတ်က အလိုလို ကြည်လင်နေတတ်တဲ့အတွက် အိပ်ယာဝင်တဲ့အချိန်မှာလည်း စိတ်ကိုကြည်နေစေမှာမို့ စိတ်ကျေနပ်မှုကို ဖြစ်ပေးစေနိုင်ပါတယ်။ အိပ်ယာ မဝင်ခင် ရေမိုးချိုးပေးထားတာ အကောင်းဆုံး ပညာလို့ ဆိုရမှာပါ။
ကြည်နူးစရာ စကားလေးတွေကို ပြောပါ

ချစ်စရာကောင်းတဲ့စကားလေးတွေ၊ အရင်က ကြည်နူးခဲ့ဖူးတဲ့ အချိန် အခိုက်အတန့်လေးတွေ အကြောင်းကို ပြန်လည် ပြောဆိုပေးတာကတော့ ချစ်ခြင်းများကို ပိုထိရောက်စေနိုင်ပါတယ်။ အိပ်ယာဝင်ခါနီးအချိန်တွေမှာ စကား များများပြောပေးတာကတော့ စိတ်ကို ပိုမို လွတ်လပ် ပေါ့ပါးလာစေနိုင်သလို ချစ်တဲ့စိတ်တွေကိုလည်း နှိုးထစေလာနိုင်ပါတယ်။ သတိပြုရမှာ တစ်ခုက ချစ်စရာကောင်းတဲ့အကောင်းမြင်စကားများကိုပဲ ပြောဆိုပါနော်။ အပြစ်တင်စကားတွေ မကျေနပ်တာလေးတွေကို မပြောမိအောင် သတိထားပေးပါနော်။

အိမ်ထောက်ဘက်တွေကြားက ချစ်ခြင်းဖြစ်တဲ့အတွက် ၂ ယောက်လုံး အတွက် အဆင်ပြေနိုင်မယ့် အချက်ကို ရှာဖွေရမှာပါ
စိတ်ရှည်ဖို့ ကတော့ အရေးကြီးဆုံးပါ

တစ်ယောက်နဲ့ တစ်ယောက်ကြားက ချစ်ခြင်းတွေကို အပေးအယူ မျှဖို့အတွက် စိတ်ရှည်ဖို့က အရေးအကြီးဆုံးပါပဲ။ အိမ်ထောက်ဘက်တွေကြားက ချစ်ခြင်းဖြစ်တဲ့အတွက် ၂ ယောက်လုံး အတွက် အဆင်ပြေနိုင်မယ့် အချက်ကို ရှာဖွေရမှာပါ။ တစ်ယောက်တည်း အဆင်ပြေတာမျိုးကို ပြုလုပ်လို့ မရပါဘူး။ စိတ်ရှည်ပါ။ တစ်ယောက်က အဆင်မပြေသေးရင် ကျန်တစ်ယောက်က စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ။ တစ်ယောက်တည်း အဆင်ပြေရင် ပြီးရောလို့ သဘောထားခဲ့ရင် နောက်တစ်ခါအတွက်ဆို ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်တော့ပါဘူး။

လင်မယားတိုင်းရှောင်ရှားသင့်တဲ့ အိပ်ယာထဲက အမှားတွေ ကို ရှောင်ရှားပေးပြီး မင်္ဂလာမောင်နှံလေးတွေတိုင်း ပန်းခင်းလမ်းလေးလို ချစ်ကြည်နူးစရာ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top