ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကေလးယူဖုိ႕ ဆံုးျဖတ္ထားတဲ့ စံုတြဲေတြအေနနဲ႕ တစ္ေန႕ကို ဘယ္ႏွစ္ၾကိမ္ ခ်စ္တင္းေႏွာရမယ္၊ အၾကိမ္ၾကိမ္ ေနၾကရမယ္ဆုိတာမ်ိဳး တျခားသူေတြ ေျပာတာမ်ိဳး၊ အသိမိတ္ေဆြေတြက အၾကံေပးတာမ်ိဳး ၾကားဖူးၾကပါလိမ့္မယ္။

တကယ္ေရာ တစ္ေန႕ကို အၾကိမ္ေပါင္းမ်ားစြာ ခ်စ္တင္းေႏွာသင့္ပါရဲ႕လား?

အဲ့ဒီေမးခြန္းကို ကေလးယူေတာ့မယ့္ လူတိုင္း စဥ္းစားမိၾကပါတယ္ ၊ အေျဖကေတာ့ မလုပ္သင့္ပါဘူး။ “မ်ိဳးပြားျခင္းရဲ႕ အသိပညာမရွိေသးပဲ မိဘေတြျဖစ္ဖို႔ အဆင့္သင့္ျဖစ္ေနၿပီဆိုတဲ့ စံုတြဲေတြဟာ ေန႔စဥ္ ႀကိမ္ဖန္မ်ားစြာ ခ်စ္တင္းႏွီးေႏွာၾကပါတယ္။ အဲဒီလိုႀကိမ္ဖန္မ်ားစြာ ခ်စ္တင္းႏွီးေႏွာျခင္းဟာ စံုတြဲေတြကို ပိုမိုအလုပ္မ်ားေအာင္ တြန္းအားေပးေနပါတယ္။ ကၽြႏ္ုပ္တို႔အေနနဲ႔ ဒီလို ကိစၥမ်ိဳးကို စိတ္ဖိစီးမႈေတြနဲ႔ ျဖစ္ခ်င္ၾကမွာ မဟုတ္ပါဘူး” လို႔ နယူးေယာ့ခ္ၿမိဳ႕ေတာ္မွာရွိတဲ့ NYU Fertility Center က မ်ိဳးပြားျခင္း အထူးကု တစ္ေယာက္ျဖစ္တဲ့ Elizabeth Fino က ေျပာပါတယ္။

မ်ိဳးပြားႏိုင္ဖို႔အတြက္ အမ်ိဳးသားေတြရဲ႕ သုတ္ရည္ေတြဟာ လတ္ဆတ္ၿပီး သန္စြမ္းေနဖို႔ လိုပါတယ္။ စံုတြဲေတြ ကေလးရယူဖို႔ ႀကိဳးစားရာမွာ မေအာင္ျမင္တဲ့အခ်က္က သုတ္ပိုးမွာ ျပသနာ ရွိေနႏိုင္ပါတယ္။ ဒါေၾကာင့္ စံုတြဲေတြ ကေလးရယူဖို႔အတြက္ ၂ ရက္ (သို႔) ၃ ရက္ တစ္ခါခန္႕သာ ခ်စ္တင္းႏွီးေႏွာေပးျခင္းျဖင့္ အမ်ိဳးသားေတြကို သုတ္ ပမာဏ မ်ားမ်ားနဲ႔ စြမ္းေဆာင္ရည္ ျပည့္၀တဲ့ သုတ္ ေတြကို တည္ေဆာက္ ႏိုင္ဖို႔အတြက္ အခြင့္အေရး ေပးသင့္တယ္လို႔ Fino ကဆိုပါတယ္။

တစ္ဖက္မွာလည္း ၈ ရက္ခန္႔ ခ်စ္တင္းႏွီးေႏွာမႈမရွိပဲ ေနထုိင္ျခင္းဟာလည္း မွားယြင္းေနပါတယ္။ အမ်ိဳးသား တစ္ေယာက္ရဲ႕ စိတ္ေျဖခ်င္းက ထြက္ေပၚလာတဲ့ သုတ္ရည္ေတြမွာ အိုမင္းေနၿပီး မစြမ္းေဆာင္ႏိုင္ေတာ့တဲ့ သုတ္ေကာင္ေတြ ပါ၀င္ေနတဲ့အတြက္ ထိုသုတ္ရည္ေတြကို ဖယ္ရွားလိုက္ႏိုင္မွ ကေလးရဖို႔အတြက္ အခြင့္အေရး ပိုမိုရရွိႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

ကဲ ဒါေၾကာင့္ ကေလးယူဖို႔ စဥ္းစားထားတဲ့ အိမ္ေထာင္သည္တိုင္း ကေလးရႏိုင္ေအာင္ဆိုျပီး အၾကိမ္ေပါင္းမ်ားစြာ ခ်စ္တင္းမေႏွာသင့္ ပါဘူးလို႔ပဲ ေျပာလိုက္ရပါတယ္ေနာ္ ...........

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Orginal Writer

# Unicode Version ျဖင့္ ဖတ္ပါ #
ကလေးယူဖို့ ဆုံးဖြတ်ထားတဲ့ စုံတွဲတွေအနေနဲ့ တစ်နေ့ကို ဘယ်နှစ်ကြိမ် ချစ်တင်းနှောရမယ်၊ အကြိမ်ကြိမ် နေကြရမယ်ဆိုတာမျိုး တခြားသူတွေ ပြောတာမျိုး၊ အသိမိတ်ဆွေတွေက အကြံပေးတာမျိုး ကြားဖူးကြပါလိမ့်မယ်။

တကယ်ရော တစ်နေ့ကို အကြိမ်ပေါင်းများစွာ ချစ်တင်းနှောသင့်ပါရဲ့လား?

အဲ့ဒီမေးခွန်းကို ကလေးယူတော့မယ့် လူတိုင်း စဉ်းစားမိကြပါတယ် ၊ အဖြေကတော့ မလုပ်သင့်ပါဘူး။ “မျိုးပွားခြင်းရဲ့ အသိပညာမရှိသေးပဲ မိဘတွေဖြစ်ဖို့ အဆင့်သင့်ဖြစ်နေပြီဆိုတဲ့ စုံတွဲတွေဟာ နေ့စဉ် ကြိမ်ဖန်များစွာ ချစ်တင်းနှီးနှောကြပါတယ်။ အဲဒီလိုကြိမ်ဖန်များစွာ ချစ်တင်းနှီးနှောခြင်းဟာ စုံတွဲတွေကို ပိုမိုအလုပ်များအောင် တွန်းအားပေးနေပါတယ်။ ကျွန်ုပ်တို့အနေနဲ့ ဒီလို ကိစ္စမျိုးကို စိတ်ဖိစီးမှုတွေနဲ့ ဖြစ်ချင်ကြမှာ မဟုတ်ပါဘူး” လို့ နယူးယော့ခ်မြို့တော်မှာရှိတဲ့ NYU Fertility Center က မျိုးပွားခြင်း အထူးကု တစ်ယောက်ဖြစ်တဲ့ Elizabeth Fino က ပြောပါတယ်။

မျိုးပွားနိုင်ဖို့အတွက် အမျိုးသားတွေရဲ့ သုတ်ရည်တွေဟာ လတ်ဆတ်ပြီး သန်စွမ်းနေဖို့ လိုပါတယ်။ စုံတွဲတွေ ကလေးရယူဖို့ ကြိုးစားရာမှာ မအောင်မြင်တဲ့အချက်က သုတ်ပိုးမှာ ပြသနာ ရှိနေနိုင်ပါတယ်။ ဒါကြောင့် စုံတွဲတွေ ကလေးရယူဖို့အတွက် ၂ ရက် (သို့) ၃ ရက် တစ်ခါခန့်သာ ချစ်တင်းနှီးနှောပေးခြင်းဖြင့် အမျိုးသားတွေကို သုတ် ပမာဏ များများနဲ့ စွမ်းဆောင်ရည် ပြည့်ဝတဲ့ သုတ် တွေကို တည်ဆောက် နိုင်ဖို့အတွက် အခွင့်အရေး ပေးသင့်တယ်လို့ Fino ကဆိုပါတယ်။

တစ်ဖက်မှာလည်း ၈ ရက်ခန့် ချစ်တင်းနှီးနှောမှုမရှိပဲ နေထိုင်ခြင်းဟာလည်း မှားယွင်းနေပါတယ်။ အမျိုးသား တစ်ယောက်ရဲ့ စိတ်ဖြေချင်းက ထွက်ပေါ်လာတဲ့ သုတ်ရည်တွေမှာ အိုမင်းနေပြီး မစွမ်းဆောင်နိုင်တော့တဲ့ သုတ်ကောင်တွေ ပါဝင်နေတဲ့အတွက် ထိုသုတ်ရည်တွေကို ဖယ်ရှားလိုက်နိုင်မှ ကလေးရဖို့အတွက် အခွင့်အရေး ပိုမိုရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ကဲ ဒါကြောင့် ကလေးယူဖို့ စဉ်းစားထားတဲ့ အိမ်ထောင်သည်တိုင်း ကလေးရနိုင်အောင်ဆိုပြီး အကြိမ်ပေါင်းများစွာ ချစ်တင်းမနှောသင့် ပါဘူးလို့ပဲ ပြောလိုက်ရပါတယ်နော် ...........

ဖိုးသူတော် (www.phothutaw.com)
Credit: Orginal Writer

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top