ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္ဗိုလ္ တစ္ေယာက္ကေတာ့ အဖိုးျဖစ္သူ အလကၤာေက်ာ္စြာ ေရႊမန္း ဦးတင္ေမာင္ရဲ့ သီခ်င္းကို သရုပ္ဖ်က္ခံရတာေၾကာင့္ စိတ္မေကာင္း ျဖစ္ေနရပါတယ္။ ေက်ာ္ေက်ာ္ဗိုလ္ က အႏုပညာပါရမီရွင္ ေရႊမန္းတင္ေမာင္ရဲ့ေျမးတစ္ေယာက္ျဖစ္ၿပီး အဖိုးရဲ့ နာမည္ႀကီးသီခ်င္း တစ္ပုဒ္ျဖစ္တဲ့ ေအာင္ပါေစ ကို သရုပ္ဖ်က္ထားတဲ့ ဗီြဒီယိုဖုိင္တစ္ခု ေဖ့စ္ဘြက္မွာ ေတြ႔လိုက္ရတာ ျဖစ္ပါတယ္။ဒါကို သူ႔ရဲ့ ေဖ့စ္ဘြက္စာမ်က္ႏွာမွာ “ကိုယ္တိုင္မဖန္တီးနိင္လို႔ေသရင္ေသသြားပါေစ သူတစ္ပါးဖန္တီးထားတာကိုေတာ့ဘယ္ေတာ့မွမဖ်က္ဆီးဘူး အဲ့ဒါ … ကၽြန္ေတာ္ဘဝရဲ႕ ” အႏုပညာသစၥာ “အခုေတာ့ … စိတ္မေကာင္းျဖစ္ရံုမွတပါး” လို႔ ေရးသားထားတာ ျဖစ္ပါတယ္။ဗီြဒီယိုဖိုင္ကေတာ့ ေအာင္ပါေစ သီခ်င္းကို ေခတ္ေပၚသံစဥ္မ်ားႏွင့္ မစ္လုပ္ထားတဲ့ သားစိုးရဲ့ သီခ်င္းကို သရုပ္ေဖာ္ကေနတာပဲ ျဖစ္ပါတယ္။ ကတဲ့အခါမွာ မဖြယ္မရာပံုစံမ်ားလည္း ပါလာတာကို ေတြ႔ရသည္။ေက်ာ္ေက်ာ္ဗိုလ္က ေရႊမန္းတင္ေမာင္၏ သားျဖစ္သူ ဦးဝင္းဗိုလ္္က ေမြးဖြားလာသူျဖစ္ၿပီး ဖခင္ျဖစ္သူကေတာ့ ၂၀၁၅ ခုႏွစ္က ကြယ္လြန္သြားခဲ့တာ ျဖစ္ပါတယ္။

(ေက်ာ္ေက်ာ္ဗိုလ္၏ ဖခင္ ဦးဝင္းဗိုလ္)
(ေရႊမန္း တင္ေမာင္ မိသားစု)

Photos©Kyaw Kyaw Bo,Video©Original

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  KYAW KYAW BO

#Unicode Version#
သရုပ်ဆောင် ကျော်ကျော်ဗိုလ် တစ်ယောက်ကတော့ အဖိုးဖြစ်သူ အလင်္ကာကျော်စွာ ရွှေမန်း ဦးတင်မောင်ရဲ့ သီချင်းကို သရုပ်ဖျက်ခံရတာကြောင့် စိတ်မကောင်း ဖြစ်နေရပါတယ်။ ကျော်ကျော်ဗိုလ် က အနုပညာပါရမီရှင် ရွှေမန်းတင်မောင်ရဲ့မြေးတစ်ယောက်ဖြစ်ပြီး အဖိုးရဲ့ နာမည်ကြီးသီချင်း တစ်ပုဒ်ဖြစ်တဲ့ အောင်ပါစေ ကို သရုပ်ဖျက်ထားတဲ့ ဗွီဒီယိုဖိုင်တစ်ခု ဖေ့စ်ဘွက်မှာ တွေ့လိုက်ရတာ ဖြစ်ပါတယ်။ဒါကို သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ “ကိုယ်တိုင်မဖန်တီးနိင်လို့သေရင်သေသွားပါစေ သူတစ်ပါးဖန်တီးထားတာကိုတော့ဘယ်တော့မှမဖျက်ဆီးဘူး အဲ့ဒါ … ကျွန်တော်ဘဝရဲ့ ” အနုပညာသစ္စာ “အခုတော့ … စိတ်မကောင်းဖြစ်ရုံမှတပါး” လို့ ရေးသားထားတာ ဖြစ်ပါတယ်။ဗွီဒီယိုဖိုင်ကတော့ အောင်ပါစေ သီချင်းကို ခေတ်ပေါ်သံစဉ်များနှင့် မစ်လုပ်ထားတဲ့ သားစိုးရဲ့ သီချင်းကို သရုပ်ဖော်ကနေတာပဲ ဖြစ်ပါတယ်။ ကတဲ့အခါမှာ မဖွယ်မရာပုံစံများလည်း ပါလာတာကို တွေ့ရသည်။ကျော်ကျော်ဗိုလ်က ရွှေမန်းတင်မောင်၏ သားဖြစ်သူ ဦးဝင်းဗိုလ်က မွေးဖွားလာသူဖြစ်ပြီး ဖခင်ဖြစ်သူကတော့ ၂၀၁၅ ခုနှစ်က ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။



(ကျော်ကျော်ဗိုလ်၏ ဖခင် ဦးဝင်းဗိုလ်)
(ရွှေမန်း တင်မောင် မိသားစု)

Photos©Kyaw Kyaw Bo,Video©Original


ဖိုးသူတော် (www.phothutaw.com)
Credit:  KYAW KYAW BO
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top