ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# ZawGyiျဖင့္ဖတ္ရန္

အိႏၵိယႏိုင္ငံသူ ဇနီးနဲ႔ ၂ လအ႐ြယ္ သမီးျဖစ္သူကို ၿခိမ္းေျခာက္အက်ပ္ကိုင္ၿပီး ေနရပ္ျပန္ပို႔ခဲ့တဲ့ ၾသစေၾတးလ်ႏိုင္ငံသားတဦးဟာ လူကုန္ကူးမႈနဲ႔ ဖမ္းဆီးတရားစြဲဆို ခံေနရတယ္လို႔ ဘီဘီစီသတင္းမွာ ဒီဇင္ဘာလ ၅ ရက္ေန႔က ေဖာ္ျပပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ အဆိုပါအမ်ိဳးသားကို ဆစ္ဒနီတရား႐ုံးက လူကုန္ကူးမႈနဲ႔ ဗီဇာစာ႐ြက္စာတမ္းအတု ျပဳလုပ္မႈေတြအပါအဝင္ စြဲခ်က္ ၃ ခုနဲ႔ တရားစြဲဆိုထားခဲ့တာပါ။

သူဟာ ဇနီးနဲ႔ သမီးျဖစ္သူကို ေနရင္းႏိုင္ငံျဖစ္တဲ့ အိႏၵိယကို အလိုမတူပဲ ျပန္ပို႔ခဲ့ၿပီးေနာက္မွာ သူတို႔သားအမိရဲ႕ ၾသစေၾတးလ်ႏိုင္ငံသားဗီဇာကို ဖ်က္သိမ္းပစ္လိုက္ဖို႔ ႀကိဳးစားခဲ့တာပါ။

ဒါေပမယ့္ မေအာင္ျမင္ခဲ့ပဲ ဇနီးျဖစ္သူက ၾသစေၾတးလ်အေျခစိုက္ လူကြၽန္ဆန႔္က်င္ေရး အဖြဲ႕အစည္းတခုမွတဆင့္ တိုင္ၾကားခဲ့ရာမွ ခုလို ဆက္စပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

“အဲဒီအမ်ိဳးသမီးနဲ႔ ကေလးကို ေတြ႕လိုက္ရခ်ိန္မွာ ဒါဟာ ေတာ္ေတာ့္ကို စိတ္မသက္မသာ ျဖစ္ရတာပါပဲ”လို႔ ၾသစေၾတးလ်ဗဟိုရဲဌာနမွ တာဝန္ရွိသူ ဒန္အက္ဗန္စ္က ေျပာပါတယ္။

လက္ရွိမွာေတာ့ တရားခံအမ်ိဳးသားကို စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ၿပီး အခုလကုန္ခါနီးမွာ တရား႐ုံးမွာ ဆက္လက္စစ္ခ်က္ ရယူသြားမယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #
# ZawGyiဖြင့်ဖတ်ရန်

အိန္ဒိယနိုင်ငံသူ ဇနီးနဲ့ ၂ လအရွယ် သမီးဖြစ်သူကို ခြိမ်းခြောက်အကျပ်ကိုင်ပြီး နေရပ်ပြန်ပို့ခဲ့တဲ့ သြစတြေးလျနိုင်ငံသားတဦးဟာ လူကုန်ကူးမှုနဲ့ ဖမ်းဆီးတရားစွဲဆို ခံနေရတယ်လို့ ဘီဘီစီသတင်းမှာ ဒီဇင်ဘာလ ၅ ရက်နေ့က ဖော်ပြပါတယ်။

အသက် ၂၇ နှစ်အရွယ် အဆိုပါအမျိုးသားကို ဆစ်ဒနီတရားရုံးက လူကုန်ကူးမှုနဲ့ ဗီဇာစာရွက်စာတမ်းအတု ပြုလုပ်မှုတွေအပါအဝင် စွဲချက် ၃ ခုနဲ့ တရားစွဲဆိုထားခဲ့တာပါ။

သူဟာ ဇနီးနဲ့ သမီးဖြစ်သူကို နေရင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယကို အလိုမတူပဲ ပြန်ပို့ခဲ့ပြီးနောက်မှာ သူတို့သားအမိရဲ့ သြစတြေးလျနိုင်ငံသားဗီဇာကို ဖျက်သိမ်းပစ်လိုက်ဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမယ့် မအောင်မြင်ခဲ့ပဲ ဇနီးဖြစ်သူက သြစတြေးလျအခြေစိုက် လူကျွန်ဆန့်ကျင်ရေး အဖွဲ့အစည်းတခုမှတဆင့် တိုင်ကြားခဲ့ရာမှ ခုလို ဆက်စပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“အဲဒီအမျိုးသမီးနဲ့ ကလေးကို တွေ့လိုက်ရချိန်မှာ ဒါဟာ တော်တော့်ကို စိတ်မသက်မသာ ဖြစ်ရတာပါပဲ”လို့ သြစတြေးလျဗဟိုရဲဌာနမှ တာဝန်ရှိသူ ဒန်အက်ဗန်စ်က ပြောပါတယ်။

လက်ရှိမှာတော့ တရားခံအမျိုးသားကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အခုလကုန်ခါနီးမှာ တရားရုံးမှာ ဆက်လက်စစ်ချက် ရယူသွားမယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top