န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ရွင္မဟာေမာဂၢလာန္ ကိုယ္ေတာ္ျမတ္ ၾကီး  ေသာတာပန္တည္ျပီး ရဟန္း၀တ္သည္မွာ
(၇) ရက္ေျမာက္ေသာေန ့ျဖစ္သည္း။ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္က ဥာဏ္ေတာ္ျဖင့္
ၾကည့္ရွ ူဆင္ျခင္သည္ရွိေသာ္ ရွင္ မဟာေမာဂၢလာန္ ကိုယ္ေတာ္ျမတ္အား အထက္မဂ္သံုးပါးျဖင့္
 အရဟတၱဖိုလ္ ေရာက္မည္ကိုျမင္ေတာ္မူသျဖင့္ ကိုယ္ေတာ္တိုင္ၾကြ၍ ေဟာၾကားခဲ့ေသာ တရားေတာ္
ျဖစ္ပါသည္။

၎ တရားေတာ္ကို ဓါတ္(၆)ပါး ကမၼဌာန္း ဟု ေဖၚျပထားပါသည္။

၁။ပထ၀ီဓါတ္=(ေျမ ဓါတ္) မာမွ ူသေဘာ ေပ်ာ့မွ ူ သေဘာကို ေဆာင္ေသာ တရားအစု

၂။အာေပါဓါတ္=(ေရဓါတ္) ယိုစီးမွ ူသေဘာကိုေဆာင္ေသာ တရားအစု

၃။ေတေဇာဓါတ္=(မီးဓါတ္) ပူမွ ူသေဘာ ေအးမွ ူသေဘာကိုေဆာင္ေသာ တရားအစု

၄။၀ါေယာဓါတ္=(ေလဓါတ္)လွ ူပ္ရွားရုန္းကန္မွ ူသေဘာကိုေဆာင္ေသာ တရားအစု

၅။အာကာသဓါတ္=အေပါက္အၾကား ၾကားဟင္းလင္းျပင္ ကိုေဖၚေဆာင္ေသာ တရားအစု

၆။၀ိဥာဏၰဓါတ္=သိမွ ူသေဘာကိုေဆာင္ေသာ တရားအစု


ပထ၀ီ။အာေပါ။ေတေဇာ။၀ါေယာ ဟု ေခၚေသာဓါတ္ၾကီးေလးပါးတို့ သည္ တည္ျမဲျခင္းမရွိေခ်။

ပထ၀ီ၏ မာမွ ူသေဘာ ေပ်ာ့မွ ူသေဘာတို ့ ၾကားျဖစ္သည့္အခ်ိန္ (အာကာသဓါတ္)ကို
ဥာဏ္ျဖင့္သိမွ ူ ၀ိဥာဏၰ ဓါတ္ျဖင္ ့ရွ ူမွတ္ျခင္းသည္၎။

အာေပါဓါတ္၏ ယိုစီးမွ ူတြင္ နဲနဲ ယိုစီးမွူ မ်ားမ်ားယိုစီးမွ ူတို့ၾကား  (အာကာသဓါတ္)ကို
ဥာဏ္ျဖင့္သိမွ ူ ၀ိဥာဏၰ ဓါတ္ျဖင္ ့ရွ ူမွတ္ျခင္းသည္၎။

ေတေဇာဓါတ္၏ ပူမွူ ေအးမွ ူ တြင္ တေအးႏွင့္ တေအးၾကား တပူႏွင့္တပူၾကား ျဖစ္ေပၚသည့္  (အာကာသဓါတ္)ကိုဥာဏ္ျဖင့္သိမွ ူ ၀ိဥာဏၰ ဓါတ္ျဖင္ ့ရွ ူမွတ္ျခင္းသည္၎။

၀ါေယာဓါတ္၏ လွ ူပ္ရွားရုန္းကန္ျခင္း တလွ ုပ္ႏွင့္တလွ ုပ္ ၾကား   (အာကာသဓါတ္)ကို
ဥာဏ္ျဖင့္သိမွ ူ ၀ိဥာဏၰ ဓါတ္ျဖင္ ့ရွ ူမွတ္ျခင္းသည္၎။

ၾကားျဖစ္ေပၚသည့္ တရားကို ဥာဏ္ျဖင့္ရွ ူမွတ္ဆင္ျခင္ ျခင္းျဖင့္
ဂမၻီရဆန္ေသာ လွိဳ ့၀ွက္ နက္နဲ့ေသာ အရိယာတို့သိအပ္ေသာ တရားတို့သည္ ျဖစ္ေပၚလာ၏။

၎ အရိယာတို ့သိအပ္ေသာတရားသည္ နိေရာဓ သစၥာ မည္၏။

ေဖၚျပပါ ဓါတ္ၾကီးေလးပါးတို ့ ၏ အာကာသ ဓါတ္ကို ၀ိဥာဏၰဓါတ္ျဖင့္ ရွ ုမွတ္ျခင္းျဖင့္
အရိယာတို ့သိအပ္ေသာ နိေရာဓ သစၥာ ကို ျမင္ေတြ ့နိုင္ၾကပါေစ။



 ကိုးကား။   ။ အရွင္ ဥာေဏာဘာသာ ၏ဓါတ္(၆)ပါးကမၼဌာန္း တရားေခြ ကို နာၾကား
                  မွတ္သား၍ ေရးသားပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: တရားဓမၼ
#Unicode Version#
ရှင်မဟာမောဂ္ဂလာန် ကိုယ်တော်မြတ် ကြီး  သောတာပန်တည်ပြီး ရဟန်းဝတ်သည်မှာ
(၇) ရက်မြောက်သောနေ့ဖြစ်သည်း။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ဉာဏ်တော်ဖြင့်
ကြည့်ရှ ူဆင်ခြင်သည်ရှိသော် ရှင် မဟာမောဂ္ဂလာန် ကိုယ်တော်မြတ်အား အထက်မဂ်သုံးပါးဖြင့်
 အရဟတ္တဖိုလ် ရောက်မည်ကိုမြင်တော်မူသဖြင့် ကိုယ်တော်တိုင်ကြွ၍ ဟောကြားခဲ့သော တရားတော်
ဖြစ်ပါသည်။

၎င်း တရားတော်ကို ဓါတ်(၆)ပါး ကမ္မဌာန်း ဟု ဖေါ်ပြထားပါသည်။

၁။ပထဝီဓါတ်=(မြေ ဓါတ်) မာမှ ူသဘော ပျော့မှ ူ သဘောကို ဆောင်သော တရားအစု

၂။အာပေါဓါတ်=(ရေဓါတ်) ယိုစီးမှ ူသဘောကိုဆောင်သော တရားအစု

၃။တေဇောဓါတ်=(မီးဓါတ်) ပူမှ ူသဘော အေးမှ ူသဘောကိုဆောင်သော တရားအစု

၄။ဝါယောဓါတ်=(လေဓါတ်)လှ ူပ်ရှားရုန်းကန်မှ ူသဘောကိုဆောင်သော တရားအစု

၅။အာကာသဓါတ်=အပေါက်အကြား ကြားဟင်းလင်းပြင် ကိုဖေါ်ဆောင်သော တရားအစု

၆။ဝိဉာဏ္ဏဓါတ်=သိမှ ူသဘောကိုဆောင်သော တရားအစု


ပထဝီ။အာပေါ။တေဇော။ဝါယော ဟု ခေါ်သောဓါတ်ကြီးလေးပါးတို့ သည် တည်မြဲခြင်းမရှိချေ။

ပထဝီ၏ မာမှ ူသဘော ပျော့မှ ူသဘောတို့ ကြားဖြစ်သည့်အချိန် (အာကာသဓါတ်)ကို
ဉာဏ်ဖြင့်သိမှ ူ ဝိဉာဏ္ဏ ဓါတ်ဖြင့်ရှ ူမှတ်ခြင်းသည်၎င်း။

အာပေါဓါတ်၏ ယိုစီးမှ ူတွင် နဲနဲ ယိုစီးမှူ များများယိုစီးမှ ူတို့ကြား  (အာကာသဓါတ်)ကို
ဉာဏ်ဖြင့်သိမှ ူ ဝိဉာဏ္ဏ ဓါတ်ဖြင့်ရှ ူမှတ်ခြင်းသည်၎င်း။

တေဇောဓါတ်၏ ပူမှူ အေးမှ ူ တွင် တအေးနှင့် တအေးကြား တပူနှင့်တပူကြား ဖြစ်ပေါ်သည့်  (အာကာသဓါတ်)ကိုဉာဏ်ဖြင့်သိမှ ူ ဝိဉာဏ္ဏ ဓါတ်ဖြင့်ရှ ူမှတ်ခြင်းသည်၎င်း။

ဝါယောဓါတ်၏ လှ ူပ်ရှားရုန်းကန်ခြင်း တလှ ုပ်နှင့်တလှ ုပ် ကြား   (အာကာသဓါတ်)ကို
ဉာဏ်ဖြင့်သိမှ ူ ဝိဉာဏ္ဏ ဓါတ်ဖြင့်ရှ ူမှတ်ခြင်းသည်၎င်း။

ကြားဖြစ်ပေါ်သည့် တရားကို ဉာဏ်ဖြင့်ရှ ူမှတ်ဆင်ခြင် ခြင်းဖြင့်
ဂမ္ဘီရဆန်သော လှို့ဝှက် နက်နဲ့သော အရိယာတို့သိအပ်သော တရားတို့သည် ဖြစ်ပေါ်လာ၏။

၎င်း အရိယာတို့သိအပ်သောတရားသည် နိရောဓ သစ္စာ မည်၏။

ဖေါ်ပြပါ ဓါတ်ကြီးလေးပါးတို့ ၏ အာကာသ ဓါတ်ကို ဝိဉာဏ္ဏဓါတ်ဖြင့် ရှ ုမှတ်ခြင်းဖြင့်
အရိယာတို့သိအပ်သော နိရောဓ သစ္စာ ကို မြင်တွေ့နိုင်ကြပါစေ။



 ကိုးကား။   ။ အရှင် ဉာဏောဘာသာ ၏ဓါတ်(၆)ပါးကမ္မဌာန်း တရားခွေ ကို နာကြား
                  မှတ်သား၍ ရေးသားပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: တရားဓမ္မ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top