ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ပူလြန္း၊ ေအးလြန္းျခင္း စတဲ့ ရာသီဥတု အေျပာင္းအလဲေၾကာင့္ အသားအေရကို ထိခိုက္ေစႏုိင္ပါတယ္။ ဒါေပမဲ့ ေျခာက္ေသြ႕တဲ့ေလနဲ႔ ေအးတဲ့ရာသီဥတုရွိတဲ့ ေဆာင္းရာသီကေတာ့ အေရျပား ေျခာက္ေသြ႕ၿပီး အဖတ္ေတြ လန္ေစကာ ပိုၿပီးပ်က္စီးေစႏိုင္တဲ့အတြက္ အေရျပားကို ပံုမွန္ထက္ ပိုၿပီးဂ႐ုစိုက္ေပးဖို႔ လိုပါတယ္။

1.  ပထမအေရးႀကီးဆံုး အခ်က္ကေတာ့ မ်က္ႏွာကို ေသခ်ာသန္႔စင္ေပးဖို႔ပါပဲ။

           ဘယ္လို အေရျပားထိန္းတဲ့ ပစၥည္းေတြပဲသံုးသံုး၊ ဘယ္လိုရာသီဥတုမွာပဲျဖစ္ျဖစ္ မ်က္ႏွာကို ေသခ်ာသန္႔စင္ေပးဖို႔က အေရးႀကီးတဲ့ ပထမအဆင့္ပါ။ ေဆာင္းရာသီမွာေတာ့ အသားအေရ အလြန္အကၽြံ ေျခာက္ေသြ႕ျခင္း မျဖစ္ေစဖို႔ တစ္ေန႔ကို 2 ႀကိမ္ေလာက္ပဲ မ်က္ႏွာသစ္ေပးပါ။ ဒါ့အျပင္ ႏို႔ေအးနဲ႔ ဂြမ္းလံုးေလးေတြနဲ႔ မ်က္ႏွာသစ္ေပးပါ။

2.  မ်က္ႏွာကို ေသခ်ာပြတ္တိုက္ (Scrub) လုပ္ေပးဖို႔လည္း လိုပါတယ္။

          မ်က္ႏွာကို scrub လုပ္ေပးတဲ့အခါမွာ ေန႔တိုင္းလုပ္ျခင္းအားျဖင့္ အသားအေရကို ေျခာက္ေသြ႕ေစၿပီး ပြန္းပဲ့ေစပါတယ္။ ဒါေၾကာင့္ scrub အေပ်ာ့စားနဲ႔ တစ္ပတ္တစ္ခါေလာက္ပဲ လုပ္ေပးပါ။

         မိမိရဲ႕အိမ္မွာရွိတဲ့ ပစၥည္းေတြနဲ႔လည္း scrub ျပဳလုပ္ႏိုင္ပါတယ္။ လြယ္ကူ႐ိုးရွင္းတဲ့ scrub ျပဳလုပ္နည္း တစ္နည္းကေတာ့ -

•        ႀကိတ္ေခ်ထားေသာ ငွက္ေပ်ာသီးမွည့္ - လက္ဖက္ရည္ဇြန္း 2 ဇြန္း

•        ႀကိတ္ေခ်ထားေသာပန္းသီး - လက္ဖက္ရည္ဇြန္း 2 ဇြန္း

•        ပ်ားရည္ - လက္ဖက္ရည္ဇြန္း 1 ဇြန္း

•        Scrub အေပ်ာ့စား - 2 ခါညႇစ္စာေလာက္

         အထက္ပါတို႔ကို အားလံုးေရာေမႊၿပီး မ်က္ႏွာေပၚမွာ 2 မိနစ္ခန္႔ စက္ဝိုင္းပံု ပြတ္တိုက္ေပးပါ။ ေရေႏြးနဲ႔ မ်က္ႏွာကို ေဆးေၾကာၿပီး ေျခာက္ေသြ႕သန္႔ရွင္းေသာပုဝါျဖင့္ အသာအယာ ပြတ္ေပးပါ။

3.  အေရျပားမွာရွိတဲ့ ေခၽြးေပါက္ေတြ က်ဥ္းေစဖို႔အတြက္ တိုနာ သံုးေပးပါ။

          တိုနာ သံုးတဲ့ေနရာမွာ ဓာတုပစၥည္းေတြ အမ်ားႀကီးပါဝင္တဲ့ တိုနာသံုးမယ့္အစား အေပ်ာ့စားပဲ သံုးပါ။ အျပင္းစား တုိနာေတြက အေရျပားရဲ႕ pH ကို ပ်က္စီးေစပါတယ္။ တိုနာနဲ႔ ပြတ္ေပးျခင္းအားျဖင့္ မ်က္ႏွာသစ္ၿပီးေနာက္ က်န္ေနေသးတဲ့ အညစ္အေၾကးေတြကို ဖယ္ရွားေပးပါတယ္။ တိုနာ လိမ္းေပးျခင္းက ေခၽြးေပါက္ က်ဥ္းေစ႐ံုသာမက ညလိမ္းခရင္မ္ လိမ္းရင္လည္း ပိုၿပီးအက်ိဳးေက်းဇူး ရရွိေစပါတယ္။

4.  အသားအေရ ေခ်ာေမြ႕ေစဖို႔အတြက္ အစိုဓာတ္ထိန္းေဆး (moisturizer) လိမ္းေပးပါ။

          အသားအေရ ေျခာက္ေသြ႕ၿပီး အဖတ္လန္တဲ့ အသားအေရ ပိုင္ရွင္ေတြအတြက္ပဲ moisturizer လိုတာ မဟုတ္ပါဘူး။ ပံုမွန္အသားအေရ ရွိသူေတြမွာလည္း လိမ္းေပးဖို႔ လိုပါတယ္။ ဓာတုပစၥည္း ပါဝင္တာေတြ မသံုးခ်င္ရင္ သဘာဝပစၥည္းေတြျဖစ္တဲ့ အယ္မြန္ဆီ၊ သံလြင္ဆီ (extra virgin olive oil) ေတြ သံုးႏိုင္ပါတယ္။ ေနာက္တစ္နည္းကေတာ့ ပံုမွန္လိမ္းေနက် moisturizer နဲ႔ သံလြင္ဆီ ေရာၿပီး အေရျပားထဲ စိမ့္ဝင္တဲ့အထိ ညင္သာစြာ ပြတ္ၿပီး လိမ္းေပးပါ။

5.  မ်က္ႏွာကို ေပါင္းတင္ေပးပါ။

          ေဆာင္းတြင္းမွာ မ်က္ႏွာအသားအေရ ေကာင္းမြန္ေစဖို႔အတြက္ အိမ္မွာရွိတဲ့ ပစၥည္းေလးေတြနဲ႔ ေပါင္းတင္လို႔ ရပါတယ္။ ေဆာင္းရာသီအတြက္ သင့္ေတာ္တဲ့ ေပါင္းတင္နည္းေလးေတြကေတာ့ -

•       ေထာပတ္သီး - ေထာပတ္သီးမွာ အစိုဓာတ္ ထိန္းေပးႏိုင္တဲ့ဓာတ္ ပါဝင္မႈမ်ားၿပီး မ်က္ႏွာအတြက္သာမက ဆံပင္အတြက္လည္း ေကာင္းပါတယ္။ ေထာပတ္သီး အမွည့္ကိုေခ်ၿပီး မ်က္ႏွာေပၚမွာ 10-15 မိနစ္ခန္႔ လိမ္းထားၿပီး ေရေႏြး,ေႏြးနဲ႔ မ်က္ႏွာသစ္ေပးပါ။ ၿပီးရင္ တိုနာ မလိမ္းဘဲ moisturizer ပဲ လိမ္းေပးပါ။

•       ငွက္ေပ်ာသီး - ငွက္ေပ်ာသီးကလည္း အရမ္းေကာင္းတဲ့ အစိုဓာတ္ ထိန္းေပးတဲ့အရာ ျဖစ္ပါတယ္။ ေခ်ထားတဲ့ ငွက္ေပ်ာသီးမွည့္ စားပြဲတင္ဇြန္း 4-5 ဇြန္းခန္႔ယူၿပီး မ်က္ႏွာေပၚမွာ သုတ္လိမ္းေပးပါ။ 10 မိနစ္ခန္႔အၾကာမွာ မ်က္ႏွာသစ္ၿပီး ပ်ားရည္နဲ႔ မ်က္ႏွာက္ို ႏွိပ္နယ္ေပးပါ။ အစိုဓာတ္ ပိုမိုရရွိေစဖို႔ စက္ဝိုင္းပံုစံ ႏွိပ္လိမ္းေပးပါ။ 10 မိနစ္ခန္႔ ႏွိပ္နယ္ေပးၿပီးေနာက္ ေရေဆးၿပီး တိုနာ လိမ္းေပးပါ။

•       ေထာပတ္ - ေထာပတ္ အနည္းငယ္ႏွင့္ ဆႏြင္း အနည္းငယ္ ေရာစပ္ၿပီး မ်က္ႏွာေပၚမွာ လိမ္းကာ 10 မိနစ္ခန္႔ ထားေပးပါ။ ၿပီးေနာက္ ေရၾကက္သီးေႏြးနဲ႔ မ်က္ႏွာသစ္ပါ။

•       ရွားေစာင္းလက္ပတ္ - moisturizer အျဖစ္ အသံုးျပဳႏိုင္ပါတယ္။ ရွားေစာင္းလက္ပတ္ လိမ္းေပးျခင္းအားျဖင့္ မ်က္ႏွာအသားအေရ ေျခာက္ေသြ႕ျခင္းကို သက္သာေစၿပီး အသားအေရ ေခ်ာမြတ္ေစပါတယ္။

6.  ေရဓာတ္ ျပည့္ဝေနပါေစ။

          ေျခာက္ေသြ႕တဲ့ရာသီဥတုမွာ ခႏၶာကိုယ္ေရဓာတ္ ျပည့္ဝေနဖို႔ အလြန္အေရးႀကီးပါတယ္။ ဒါေၾကာင့္ ေရမ်ားမ်ား ေသာက္ေပးပါ။ ေရမ်ားမ်ား ေသာက္ျခင္းျဖင့္ အသားအေရ ေတာက္ေျပာင္ေစပါတယ္။

7.  ေနေရာင္ျခည္ ထိေတြ႕မႈမွ ကာကြယ္ပါ။

          ေနေရာင္ျခည္မွာပါတဲ့ ခရမ္းလြန္ေရာင္ျခည္ UV A, UV B စတာေတြက အသားအေရကို ပ်က္စီးေစတဲ့အတြက္ ေနပူထဲမထြက္မီ ေနကာခရင္မ္ လိမ္းဖို႔ မေမ့ပါနဲ႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (www.drmyanmar.com)

#Unicode Version#
ပူလွန်း၊ အေးလွန်းခြင်း စတဲ့ ရာသီဥတု အပြောင်းအလဲကြောင့် အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ ခြောက်သွေ့တဲ့လေနဲ့ အေးတဲ့ရာသီဥတုရှိတဲ့ ဆောင်းရာသီကတော့ အရေပြား ခြောက်သွေ့ပြီး အဖတ်တွေ လန်စေကာ ပိုပြီးပျက်စီးစေနိုင်တဲ့အတွက် အရေပြားကို ပုံမှန်ထက် ပိုပြီးဂရုစိုက်ပေးဖို့ လိုပါတယ်။

1.  ပထမအရေးကြီးဆုံး အချက်ကတော့ မျက်နှာကို သေချာသန့်စင်ပေးဖို့ပါပဲ။

           ဘယ်လို အရေပြားထိန်းတဲ့ ပစ္စည်းတွေပဲသုံးသုံး၊ ဘယ်လိုရာသီဥတုမှာပဲဖြစ်ဖြစ် မျက်နှာကို သေချာသန့်စင်ပေးဖို့က အရေးကြီးတဲ့ ပထမအဆင့်ပါ။ ဆောင်းရာသီမှာတော့ အသားအရေ အလွန်အကျွံ ခြောက်သွေ့ခြင်း မဖြစ်စေဖို့ တစ်နေ့ကို 2 ကြိမ်လောက်ပဲ မျက်နှာသစ်ပေးပါ။ ဒါ့အပြင် နို့အေးနဲ့ ဂွမ်းလုံးလေးတွေနဲ့ မျက်နှာသစ်ပေးပါ။

2.  မျက်နှာကို သေချာပွတ်တိုက် (Scrub) လုပ်ပေးဖို့လည်း လိုပါတယ်။

          မျက်နှာကို scrub လုပ်ပေးတဲ့အခါမှာ နေ့တိုင်းလုပ်ခြင်းအားဖြင့် အသားအရေကို ခြောက်သွေ့စေပြီး ပွန်းပဲ့စေပါတယ်။ ဒါကြောင့် scrub အပျော့စားနဲ့ တစ်ပတ်တစ်ခါလောက်ပဲ လုပ်ပေးပါ။

         မိမိရဲ့အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့လည်း scrub ပြုလုပ်နိုင်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ scrub ပြုလုပ်နည်း တစ်နည်းကတော့ -

•        ကြိတ်ချေထားသော ငှက်ပျောသီးမှည့် - လက်ဖက်ရည်ဇွန်း 2 ဇွန်း

•        ကြိတ်ချေထားသောပန်းသီး - လက်ဖက်ရည်ဇွန်း 2 ဇွန်း

•        ပျားရည် - လက်ဖက်ရည်ဇွန်း 1 ဇွန်း

•        Scrub အပျော့စား - 2 ခါညှစ်စာလောက်

         အထက်ပါတို့ကို အားလုံးရောမွှေပြီး မျက်နှာပေါ်မှာ 2 မိနစ်ခန့် စက်ဝိုင်းပုံ ပွတ်တိုက်ပေးပါ။ ရေနွေးနဲ့ မျက်နှာကို ဆေးကြောပြီး ခြောက်သွေ့သန့်ရှင်းသောပုဝါဖြင့် အသာအယာ ပွတ်ပေးပါ။

3.  အရေပြားမှာရှိတဲ့ ချွေးပေါက်တွေ ကျဉ်းစေဖို့အတွက် တိုနာ သုံးပေးပါ။

          တိုနာ သုံးတဲ့နေရာမှာ ဓာတုပစ္စည်းတွေ အများကြီးပါဝင်တဲ့ တိုနာသုံးမယ့်အစား အပျော့စားပဲ သုံးပါ။ အပြင်းစား တိုနာတွေက အရေပြားရဲ့ pH ကို ပျက်စီးစေပါတယ်။ တိုနာနဲ့ ပွတ်ပေးခြင်းအားဖြင့် မျက်နှာသစ်ပြီးနောက် ကျန်နေသေးတဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပါတယ်။ တိုနာ လိမ်းပေးခြင်းက ချွေးပေါက် ကျဉ်းစေရုံသာမက ညလိမ်းခရင်မ် လိမ်းရင်လည်း ပိုပြီးအကျိုးကျေးဇူး ရရှိစေပါတယ်။

4.  အသားအရေ ချောမွေ့စေဖို့အတွက် အစိုဓာတ်ထိန်းဆေး (moisturizer) လိမ်းပေးပါ။

          အသားအရေ ခြောက်သွေ့ပြီး အဖတ်လန်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက်ပဲ moisturizer လိုတာ မဟုတ်ပါဘူး။ ပုံမှန်အသားအရေ ရှိသူတွေမှာလည်း လိမ်းပေးဖို့ လိုပါတယ်။ ဓာတုပစ္စည်း ပါဝင်တာတွေ မသုံးချင်ရင် သဘာဝပစ္စည်းတွေဖြစ်တဲ့ အယ်မွန်ဆီ၊ သံလွင်ဆီ (extra virgin olive oil) တွေ သုံးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ပုံမှန်လိမ်းနေကျ moisturizer နဲ့ သံလွင်ဆီ ရောပြီး အရေပြားထဲ စိမ့်ဝင်တဲ့အထိ ညင်သာစွာ ပွတ်ပြီး လိမ်းပေးပါ။

5.  မျက်နှာကို ပေါင်းတင်ပေးပါ။

          ဆောင်းတွင်းမှာ မျက်နှာအသားအရေ ကောင်းမွန်စေဖို့အတွက် အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ပေါင်းတင်လို့ ရပါတယ်။ ဆောင်းရာသီအတွက် သင့်တော်တဲ့ ပေါင်းတင်နည်းလေးတွေကတော့ -

•       ထောပတ်သီး - ထောပတ်သီးမှာ အစိုဓာတ် ထိန်းပေးနိုင်တဲ့ဓာတ် ပါဝင်မှုများပြီး မျက်နှာအတွက်သာမက ဆံပင်အတွက်လည်း ကောင်းပါတယ်။ ထောပတ်သီး အမှည့်ကိုချေပြီး မျက်နှာပေါ်မှာ 10-15 မိနစ်ခန့် လိမ်းထားပြီး ရေနွေး,နွေးနဲ့ မျက်နှာသစ်ပေးပါ။ ပြီးရင် တိုနာ မလိမ်းဘဲ moisturizer ပဲ လိမ်းပေးပါ။

•       ငှက်ပျောသီး - ငှက်ပျောသီးကလည်း အရမ်းကောင်းတဲ့ အစိုဓာတ် ထိန်းပေးတဲ့အရာ ဖြစ်ပါတယ်။ ချေထားတဲ့ ငှက်ပျောသီးမှည့် စားပွဲတင်ဇွန်း 4-5 ဇွန်းခန့်ယူပြီး မျက်နှာပေါ်မှာ သုတ်လိမ်းပေးပါ။ 10 မိနစ်ခန့်အကြာမှာ မျက်နှာသစ်ပြီး ပျားရည်နဲ့ မျက်နှာကို နှိပ်နယ်ပေးပါ။ အစိုဓာတ် ပိုမိုရရှိစေဖို့ စက်ဝိုင်းပုံစံ နှိပ်လိမ်းပေးပါ။ 10 မိနစ်ခန့် နှိပ်နယ်ပေးပြီးနောက် ရေဆေးပြီး တိုနာ လိမ်းပေးပါ။

•       ထောပတ် - ထောပတ် အနည်းငယ်နှင့် ဆနွင်း အနည်းငယ် ရောစပ်ပြီး မျက်နှာပေါ်မှာ လိမ်းကာ 10 မိနစ်ခန့် ထားပေးပါ။ ပြီးနောက် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပါ။

•       ရှားစောင်းလက်ပတ် - moisturizer အဖြစ် အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပတ် လိမ်းပေးခြင်းအားဖြင့် မျက်နှာအသားအရေ ခြောက်သွေ့ခြင်းကို သက်သာစေပြီး အသားအရေ ချောမွတ်စေပါတယ်။

6.  ရေဓာတ် ပြည့်ဝနေပါစေ။

          ခြောက်သွေ့တဲ့ရာသီဥတုမှာ ခန္ဓာကိုယ်ရေဓာတ် ပြည့်ဝနေဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ရေများများ သောက်ပေးပါ။ ရေများများ သောက်ခြင်းဖြင့် အသားအရေ တောက်ပြောင်စေပါတယ်။

7.  နေရောင်ခြည် ထိတွေ့မှုမှ ကာကွယ်ပါ။

          နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် UV A, UV B စတာတွေက အသားအရေကို ပျက်စီးစေတဲ့အတွက် နေပူထဲမထွက်မီ နေကာခရင်မ် လိမ်းဖို့ မမေ့ပါနဲ့။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top