iMyanmarHouse.com - Best Property Website for Myanmar
×

အတၱေၾကာင့္ ေႂကြလြင့္ခဲ့ေသာ ပန္းေလးတစ္ပြင့္ …!

” ဆရာမ သမီး မခိုးပါဘူး ”

” သမီး မခိုးရင္ ဒီစာအုပ္က ဘယ္လိုလုပ္ သမီး လြယ္အိတ္ထဲ ေရာက္ေနတာလဲ ”

” ဒါေတာ့သမီးလည္း မသိပါဘူး။ ဒါေပမယ့္ ဒီစာအုပ္ကို တစ္ကယ္ မခိုးခဲ့ပါဘူးရွင့္ ။ ဘုရားေပးေပး က်မ္းေပးေပးပါ ဆရာမရယ္ သမီး မခိုးခဲ့ပါဘူး..ဟီး … ဟီး ,.. ဟီး ”

“ခုမွ ငိုျပ မေနနဲ႕ေတာ့။ အခုက လက္ပူးလက္ၾကပ္ သက္ေသနဲ႕တစ္ကြ မိတာ။ ရွင္းျပခ်က္ေပးခ်င္ရင္ မနက္ျဖန္ သမီးရဲ႕ အုပ္ထိန္းသူေခၚၿပီး ေက်ာင္းအုပ္ႀကီးနဲ႕ေတြ႕ၿပီးေျပာေပါ့ ။

ခုေတာ့ ဆရာမ စာသင္ေတာ့မယ္ ။ စာအုပ္ပိုင္ရွင္လည္း ေပ်ာက္တဲ့ စာအုပ္ျပန္ေတြ႕ၿပီဆိုေတာ့ ေက်နပ္လိုက္ေတာ့ ။ အားလုံး မွတ္ထားၾကပါ သူတစ္ပါးပစၥည္း ခိုးရင္ ငရဲေရာက္တာေနာက္မွ လက္ရွိ အခ်ိန္မွာ ခုလို ဖမ္းမိ သြားရင္ အရွက္ကဲြၿပီး ႏွစ္ခါျပန္ေသေနရတာ အတူတူပဲ။ အက်င့္ပ်က္တယ္ ဆိုတာ ဆရာမအတန္းထဲမွာ မရွိေစရဘူး။ ကဲ – စာသင္ရေအာင္ စာမ်က္ႏွာ ၅၉ ကိုလွန္ အားလုံးျမန္ျမန္လုပ္ၾက ”

” ဟုတ္ကဲ့ ဆရာမ ”

ဒီေန႔ ကြ်န္မ အတန္းတြင္ စိတ္ပ်က္ဖြယ္ရာ ကိစၥမ်ားက ေစာင့္ႀကိဳေနသည္။ တစ္ေန႔တာရဲ႕ စာသင္ခ်ိန္းတစ္ ဝက္ ကုန္ဆုံးၿပီး အားလပ္ခ်ိန္ ဆင္းၿပီးေနာက္ စာသင္ခန္းထဲျပန္ဝင္ခ်ိန္တြင္ ကြ်န္မ အတန္းထဲက ေက်ာင္းသူေလး တစ္ေယာက္ ငိုယိုၿပီး စာအုပ္ေပ်ာက္ လာတိုင္သည္။

ကြ်န္မ ကိုင္တြယ္ေနသည့္ အတန္းသည္ ေျခာက္တန္း ! တန္းခဲြ အားလုံးထဲတြင္ အေတာ္ဆုံး အတန္းျဖစ္ေန ရမည္။ စာရိတၱေကာင္းေသာ ယဥ္ေက်း လိမၼာေသာ စာေတာ္ေသာ စည္းကမ္းရွိေသာ ဟူသည့္ စံနမူနာမ်ားျဖင့္ ျပည့္ေနရမည္။ ကြ်န္မလိုခ်င္ေသာ ပုံစံခြက္ အတိုင္း အတန္းထဲက ကေလးအားလုံးကို ပုံသြင္းထား သည္။

ဒါေၾကာင့္ ကြ်န္မ အႏုနည္း အၾကမ္းနည္း နည္းေပါင္းမ်ားစြာ သုံးခဲ့ရသည္။ ထိုေၾကာင့္ ေက်ာင္းသူ/ သား မ်ားၾကားတြင္ နာမည္ေက်ာ္ၾကားေလသည္ ။

ဆရာမ ေဒၚဂ်မ္းပုံ သည္ ကြ်န္မ ၏ နာမည္အရင္း မဟုတ္ေသာ္လည္း တိုးတိုးႏွင့္ၾကားေနရေသာ ကြ်န္မ၏ နာမည္ေျပာင္ပင္။ စိတ္ဓာတ္ စည္းကမ္း ပညာအရာတြင္ ထိပ္ဆုံးျဖစ္လိုေသာ ကြ်န္မ အတန္း၏ တိုင္တန္းမႈသည္ ခိုးမႈ။ ကြ်န္မ အတန္းတြင္ ဆိုဆုံးမ၍ မရေသာ ေက်ာင္းသူ/သားမ်ား လုံးဝ မလိုပါ။ ေသခ်ာ ကိုင္တြယ္ေျဖရွင္းရမည္ ။

စာအုပ္ေပ်ာက္ လာတိုင္ေသာ ေက်ာင္းသူေလးသည္ မ်က္ရည္ က်လ်က္ ေပ်ာက္သြားေသာ စာအုပ္ သည္ ႏိူင္ငံျခားေရာက္ေနေသာ အကိုျဖစ္သူက လက္ေဆာင္ေပးထားသည့္ စာအုပ္ျဖစ္ေၾကာင္း ငိုရင္းနဲ႕ေျပာျပ သည္ ။

သူမ တန္ဖိုးထားရေသာ စာအုပ္ျဖစ္သည့္အတြက္ ျပန္လိုခ်င္ေၾကာင္း ထပ္ေျပာသည္။ ဒါေၾကာင့္ အက်င့္ ပ်က္ေသာ စာအုပ္ သူခိုးကိုလည္း ကြ်န္မ ဒီအတိုင္း လႊတ္မထားႏိူင္ပါ။ အက်င့္ျပင္တန္ျပင္ မျပင္ပါက အုပ္ထိန္းသူေခၚခိုင္းၿပီး ေက်ာင္းအုပ္ရုံးခန္းသို႔ ပို႔ရမည္ ။

တစ္ခန္းလုံး လြယ္အိတ္ေတြကို စာေရးခုံေပၚတြင္ တင္ခိုင္းလိုက္ေလသည္။ စာအုပ္ေပ်ာက္ေသာ ေက်ာင္းသူအား တစ္ေယာက္ခ်င္း၏ လြယ္အိတ္ေတြကို လိုက္လံ စစ္ေဆးခိုင္းေလသည္ ။

ေက်ာင္းသူေလးသည္ လြယ္အိတ္ တစ္လုံးၿပီး တစ္လုံး စစ္ေဆးၿပီးေနာက္ အေရွ႕တန္း ၅ ခုံေျမာက္တြင္ စာအုပ္ေပ်ာက္ရွာေဖြျခင္း ရပ္ဆိုင္းလိုက္သည္။ ပန္းႏုေရာင္ စာအုပ္ေလးကို ကိုင္တြယ္ၿပီး ထြက္လာသည္။ ၾကား ရသည့္ ကိုယ့္နားကိုပင္ မယုံႏိူင္ပါ။ ဒီ စာအုပ္အား ” ႏွင္းႏြယ္ေအာင္ ” လြယ္အိတ္မွ ေတြ႕ခဲ့သည္လို႔ ေျပာပါသည္ ။

ထိုေက်ာင္းသူသည္ ကြ်န္မ အတန္းထဲတြင္ အေတာ္ဆုံး အေအးဆုံး အလိမၼာဆုံး ေက်ာင္းသူျဖစ္သည္ ။ သူမတြင္ မိဘမ်ား မရွိေတာ့ဟု မိဘမဲ့ မိန္းခေလး သီးသန္႔ေက်ာင္းက ဆရာမႀကီးက ေက်ာင္းလာအပ္ကတည္းက ေျပာျပခဲ့သည္ ။

ထို မိဘမဲ့ေက်ာင္းက ဆရာမႀကီး ကိုယ္တိုင္ကလည္း စည္းကမ္း ထိန္းသိမ္းေရးဝါဒ ကို လက္ကိုင္စဲြထားသူတစ္ဦးပင္။ ဘာအတြက္ေၾကာင့္ ဒီကေလးမ အက်င့္ပ်က္ရသည့္ကို မေတြးတတ္ပါ ။

ကြ်န္မေမးတိုင္း ” ဒီစာအုပ္ သမီးမခိုးပါဘူး ” အႀကိမ္ႀကိမ္ ထြက္ဆိုေနသျဖင့္ စိတ္လည္းတိုလာသည္။ ခိုး သည့္ အျပင္ ဝန္မခံတတ္ေသာ လူမ်ိဳးသည္ အက်င့္မေကာင္းေသာ သူမ်ားျဖစ္သည္။ ကြ်န္မေနာက္ဆုံး Warning အေနျဖင့္ သူမ အုပ္ထိန္းသူကို ေက်ာင္းအုပ္ႀကီးဆီ ေခၚလာခိုင္းပါသည္ ။

” ဆရာႀကီး ။ ေက်ာင္းသူတစ္ေယာက္ ေက်ာင္းေပၚက ခုန္ခ်လို႔။ အလံတိုင္နားေလးမွာ ေသြးေတြလည္း အိုင္လို႔ဗ် ”

ေက်ာင္းေစာင့္ႀကီးရဲ႕အသံသည္ အစည္းေဝး လုပ္ေနေသာ ခန္းမႀကီးကို လႊမ္းသြားသည္ ။

မနက္ပိုင္းေက်ာင္းလြတ္ခ်ိန္ၿပီး၍ ေက်ာင္းအုပ္ႀကီးက အစည္းေဝးေခၚတာေၾကာင့္ ဆရာ/မ အားလုံးလည္းစုံေနေသာ အစည္းေဝးခန္းထဲတြင္ အာေမဋိတ္မ်ား သံၿပိဳင္ ကိုယ္စီႏွင့္ ဝရုန္းသုန္းကား အျပင္ေျပးထြက္ေတာ့သည္။ ကြ်န္မလည္း ရင္ ထိတ္ထိတ္ပ်ာပ်ာျဖင့္ ဆရာအုပ္ႀကီးၾကား တိုးေဝွ႕ၾကည့္လိုက္သည္ ။

ေသြးအိုင္ထဲတြင္ ေက်ာင္းဝတ္စုံတို႕ အေရာင္ေျပာင္းကုန္ၿပီးျဖစ္ေသာ ကြ်န္မ အတန္းထဲကေက်ာင္းသူေလးသည္ ေသြးစြန္းေနေသာ စကၠဴေလးကို လက္ထဲတြင္ က်စ္က်စ္ ပါေအာင္ ဆုပ္ကိုင္ၿပီး ေသဆုံးေနသည္ကို ေတြ႕လိုက္ရေတာ့ ကြ်န္မေသြးမ်ား ေျပာင္းျပန္စီးသလို ခံစားရၿပီး မိုက္ခနဲျဖစ္သြားသည္။ ကြ်န္မယူႀကံဳးမရျဖစ္ခါ ေအာ္ငိုခ်မိသည္ ။

ကြ်န္မ စိုက္ပ်ိဳးခဲ့ေသာ ပန္းေလးတစ္ပြင့္ ရုတ္တရက္ ေၾကြလႊင့္သြားပါလား။ ကြ်န္မ ဆိုေသာ အတၱ ဒီဆရာမသည္ စည္းကမ္းေသသပ္သည္ ဟူေသာ ကြ်န္မ သတ္မွတ္ထားသည့္ေခါင္းစဥ္မ်ားေအာက္တြင္ ရိုးသားျဖဴ စင္ေသာ ေက်ာင္းသူေလး တစ္ေယာက္၏ ဘဝ တစ္ခု ပ်က္သုဥ္းသြားေစခဲ့သည္ ။

ေက်ာင္းသူေလး၏ ေနာက္ဆုံးစာဟု ထင္ရေသာ ညာဘက္လက္ထဲက စာရြက္ ညစ္ညစ္ေလးကို အသာအယာ ယူၿပီး ေျဖထုတ္ ဖတ္ၾကည့္လိုက္သည္။ မ်က္ရည္ေပါင္းမ်ားစြာက တစိမ့္စိမ့္ ယိုစီးလာသည္။ အခ်ိန္မတန္ဘဲ မရင့္က်က္ေသးဘဲ ေသဆုံးသြားေသာ ေက်ာင္းသူေလး လက္ထဲက စာသည္ ကြ်န္မအတြက္ ယူႀကံဳးမရေသာ ႏႈတ္ဆက္စာျဖစ္လာခဲ့သည္ ။

“ဆရာမရွင့္ ”

” တပည့္မိုက္ တစ္ေယာက္ကို ခြင့္မလႊတ္ပါနဲ႕ ။ ဆရာမႏွင့္ ေက်ာင္းရွိ ဆရာ/ မ မ်ားအားလုံးအေပၚ သမီးကံငါးပါးႏွင့္ ျပစ္မွားမိခဲ့တာရွိေသာ္ သမီးကို အားလုံး ခြင့္လႊတ္ေပးၾကပါ။သမီး ေနာက္ဆုံးအႀကိမ္ထိ ရိုးသားခဲ့တာေၾကာင့္ ဒီစာအုပ္ေလးကို လုံးဝ မခိုးပါဘူးလို႕ ဝန္ခံပါရေစ ။

သမီး ငယ္ငယ္ ကတည္းက မိဘ မရွိခဲ့တာေၾကာင့္ ဆရာမက သမီးကို အက်င့္ပ်က္သူလို႕ ထင္ေကာင္းထင္ပါလိမ့္မယ္။ သမီးဟာ မိဘမဲ့ေဂဟာ စေရာက္ကတည္းက ဆရာမႀကီးရဲ႕ လမ္းညႊန္မႈေအာက္မွာ နာခံခဲ့ၿပီး စာရိတၱလည္း လုံးဝမေဖာက္ျပားခဲ့ပါဘူး။ ေက်ာင္းတက္ေနတဲ့ ကာလ တစ္ေလွ်ာက္လုံးလည္း သူမ်ားရဲ႕ ခဲတံတိုေလး တစ္ေခ်ာင္းေတာင္မွ မခိုးခဲ့ဖူးပါဘူး ။

ဒီေန႔ ဆရာမ စြပ္စဲြခံရတာ အရမ္း နာက်င္ ခံစားရပါတယ္။ ဆရာမ အတန္းထဲက ထြက္သြားေတာ့ တစ္ခန္းလုံးက သမီးကို ( Stolen student ) လို႔ ေလွာင္ၾကတယ္။ သမီး အရမ္းရွက္တာပဲ ဆရာမရယ္။ သမီးေလ ဒီလို စြပ္စဲြရတာလည္း အတိတ္ဘဝက ဝဋ္ေႂကြးေၾကာင့္ထင္ပါတယ္ ။

သူတို႔ကိုလည္း ေျပာေပးပါ သမီးလုံးဝ မခိုးခဲ့ဘူးဆိုတာကို သမီးအသက္နဲ႕ရင္းၿပီး သက္ေသျပခဲ့ပါတယ္လို႔။ သမီးရဲ႕ မိဘမဲ့ေဂဟာက ဆရာမႀကီးကိုလည္းေျပာေပးပါ သမီးေၾကာင့္ ဆရာမႀကီး ခုလို အရွက္ကဲြ မခံေစ ခ်င္လို႔ စိတ္မပူေစခ်င္လို႔ သမီးရဲ႕ကိစၥကို သမီးရွင္းေအာင္ လုပ္သြားခဲ့ပါတယ္ ။

ဆရာမရဲ႕ ျပ႒ာန္းထားတဲ့ စည္းကမ္းေတြေအာက္မွာ အမည္းစက္ ထင္ခဲ့တဲ့ သမီးရဲ႕ အျပစ္ ကိုလည္း ဖ်က္ေပး ပါေနာ္။ သမီးရဲ႕ ျဖဴစင္ရိုးသားမႈကို ေနာက္ဆုံး အေနနဲ႕ သက္ေသျပလိုက္ပါတယ္။ သမီး ဒီီလို မလုပ္ သင့္ေပမယ့္ ႀကံမိ ႀကံရာ လုပ္ခဲ့လို႔ ဒီစာကို ဖတ္ေနတဲ့ ဆရာမကိုလည္း ခြင့္လႊတ္ပါလို႔ သမီးမေတာင္းဆိုေတာ့ပါဘူး ။

သမီးေလ အရမ္းေၾကာက္တယ္ ဆရာမရယ္။ ဒီစာကိုေရးေနတဲ့အခ်ိန္မွာေရာ ခုန္ခ်ေတာ့မယ့္ အခ်ိန္မွာေရာ သမီး ကို တားမယ့္သူ သမီးနားမွာ တစ္ေယာက္မွ မရွိၾကဘူး။ သမီး မေသခ်င္ေသးဘူး ဆရာမရယ္ … ”

တပည့္မိုက္ (ႏွင္းႏြယ္ေအာင္)

စာဖတ္ၿပီး က်မရဲ႕ ႏွလုံးအိမ္တို႔ အရည္ေပ်ာ္ကုန္ခဲ့ရသည္။ ႏွလုံးသား မရွိေသာ က်မ စည္းကမ္းကို ေရွ႕တန္းတင္ခဲ့ေသာ က်မ ဂုဏ္ပုဒ္ သိကၡာေတြ ရေစဖို႔အတြက္ ျပႆနာေျဖရွင္းမႈ ညံ႕ဖ်င္းခဲ့ေသာ က်မ စာေလး တစ္ေစာင္ေၾကာင့္ ႏွလုံးသားကဲြေၾကရပါၿပီ ။

ျဖဴစင္ရိုးသားေသာ ကေလးကိုမွ သူခိုးျဖစ္ေစခဲ့သည္။ ဒဏ္ရာမ်ားနဲ႕ အေတာင္က်ိဳးေနေသာ ငွက္ကေလးကိုမွ ရိုက္သတ္မိခဲ့သည္။ ကြ်န္မအား ဆရာမလို႔ေခၚထိုက္စရာ တစ္ကြက္မွ မရွိေတာ့ပါ။ေသြးစြန္းေနေသာ စာရြက္ေလးကို တင္းတင္းဆုတ္ကိုင္ထားေနစဥ္ ကြ်န္မေဘးနားကို တိုးတုိးေလးကပ္ လာေျပာသေယာင္ ” သမီးကို ခြင့္မလႊတ္ပါနဲ႕ သမီးမေသခ်င္ေသးဘူး ဆရာမရယ္ ” ဟူေသာ အသံေတြက ဆူညံပြတ္ေလာက္ရိုက္ေနၿပီး ေက်ာင္းသူေလးကို မ်က္လုံးထဲ ျမင္ေယာင္ကာ ကတၱရားလမ္းေပၚတြင္ ကြ်န္မလဲက်သြားေလသည္။

” ဆရာမ သမီးမေသခ်င္ေသးဘူး ဆရာမရယ္ ။ သမီးစာအုပ္ကို လုံးဝ မခိုးပါဘူး ။ သမီးေၾကာက္တယ္။ သမီးဘယ္ေနရာေရာက္ေနမွန္းမသိဘူး ေမွာင္မဲေနတာဘဲ။ ”

” သမီးေရ ဆရာမကို ခြင့္မလႊတ္ပါနဲ႕ကြယ္။ ဆရာမ စည္းကမ္းခ်က္ေတြကို ေရွ႕တန္း တင္ခဲ့မိတဲ့ အမွားေၾကာင့္ သမီးကို ဘဝျခားသြားေစခဲ့ၿပီ။ ဆရာမ မွားပါၿပီကြယ္ ။ ေနာက္ဘဝဆိုတာ ရွိခဲ့ရင္ ဆရာမဆီျပန္လာခဲ့ပါ သမီးေက်နပ္ေလာက္တဲ့အထိ ဒူးေထာက္ၿပီး ေတာင္းပန္ပါ့မယ္။”

” ဆရာမ -သမီးကို ကတိတစ္ခု ေပးပါ ။ ဆရာမ စာဆက္သင္ပါအုံးမယ္လို႔ ။ ပန္းကေလးေတြကို သမီးလို အေလအလႊင့္မရွိပဲ ျပဳစုပ်ိဳးေထာင္ပါ့မယ္လို႔ ကတိေပးပါ။ ဆရာမ ကတိေပးရင္ သမီးလြတ္လြတ္လပ္လပ္နဲ႕ ခရီးဆက္ေတာ့မယ္။ ဆရာမ သမီးကို ကတိေပးမယ္မလား ”

” ေပးပါတယ္ သမီးရယ္ ”

“သမီးသြားေတာ့မယ္ ႏႈတ္ဆက္ခဲ့ပါတယ္ ဆရာမရယ္ ”

” သမီး… သမီး … သမီးေလး ”

ကြ်န္မေအာ္ရင္း လန္႔ႏိူးလာခဲ့သည္။ အိမ္မက္ထဲတြင္ ေသသြားေသာေက်ာင္းသူေလးသည္ ေက်ာင္းဝတ္စုံေလးႏွင့္ေနာက္ဆုံး အခ်ိန္ထိ ကြ်န္မ ကို ခြန္အား သတၱိေတြ လာေပးသြားသည္ ။

ေမာဟိုက္စြာ တစ္ဒိတ္ဒိတ္ ခုန္ေနေသာ ႏွလုံးတို႔သည္ အေမေပးေသာ ေရတစ္ခြက္ကို ေသာက္ၿပီး ခဏၿငိမ္ေနေတာ့သည္။ အခုေတာ့ ဘဝသစ္ကို ျပန္စမည္ ေျခလွမ္းသစ္တိုင္းတြင္ လက္ထဲက ေသြးစြန္းေနတဲ့စာရြက္ေလးက အားအင္ ျပဳေပးေနေတာ့သည္ ။

” ဒို႔ေက်ာင္း ”

ပန္းကေလးမ်ား ပြင့္ေတာ့မည္

ဖူးတံဝင့္လို႔ခ်ီ

ေနျခည္မွာ ေရႊရည္ေလာင္း

ငါတို႕ စာသင္ေက်ာင္း ”

ကေလးမ်ား သံၿပိဳင္ရြတ္ဆိုေသာ ကဗ်ာေလးသည္ နံနက္ခင္းတြင္ ပီျပင္စြာေတးဆိုေနေသာ ငွက္ကေလးမ်ားႏွယ္။ ကြ်န္မ ၿပံဳးေပ်ာ္ေနသည္ ။ ရြာတစ္ရြာ၏ မူလတန္းစာသင္တန္းေက်ာင္းတြင္ ေျပာင္းေရြ႕ တာဝန္ခ်ခံရေသာ္လည္း ကြ်န္မ ထူးၿပီး ေစာဒက တတ္မေနေတာ့ပါ။

အခုဆို ကြ်န္မေဘာင္မေခတ္ပဲ ပန္းကေလးေတြ ပ်ိဳးတတ္လာၿပီ။ ကေလးေတြရဲ႕ အၿပံဳးကို စားသုံးရင္း တစ္ႏွစ္ၿပီး တစ္ႏွစ္ေက်ာ္လြန္ လာခဲ့သည္မွာ သုံးႏွစ္တိုင္ျပည့္ေတာ့မည္။ စိတ္ေတြလည္း အေတာ္ပင္တည္ၿငိမ္ခဲ့သည္။သုံံးႏွစ္ၾကာခဲ့ၿပီ ဆိုေသာ္လည္း အတိတ္က ေၾကြလႊင့္ခဲ့ေသာ ပန္းေလးအေၾကာင္းေတြးမိတိုင္း တစ္ဖန္ပူေႏြးလာစၿမဲ ။

ေက်ာင္းမေျပာင္းေရြ႕ရခင္ ေနာက္ဆုံးသင္ခဲ့ရသည့္ေန႕တြင္ စာအုပ္ေပ်ာက္လာတိုင္ေသာ ေက်ာင္းသူေလးက သူ႔အျပစ္ကို လာဝန္ခံခဲ့သည္။ သူမရဲ႕ မနာလိုစိတ္ေၾကာင့္ ေသခဲ့ရသည္ဟု ရႈိက္ငိုရင္း ေျပာရွာပါသည္။ အတန္းထဲတြင္ လတိုင္း အဆင့္ ၁ ရေသာ ႏွင္းႏြယ္ေအာင္ ကိုၾကည့္မရလို႔ မုန္႔စားဆင္းခ်ိန္တြင္ ႏွင္းႏြယ္ေအာင္ လြယ္အိတ္ထဲတြင္ သူမကိုယ္တိုင္ သြာထည့္ထားၿပီး လုပ္ႀကံခဲ့တာဟု ဝန္ခံခဲ့သည္။

ေထာင္းထာင္း ေၾကေနေသာစိတ္ႏွင့္သာ အျပစ္လုပ္ေသာ ကေလးမကို ေက်ာင္းစည္းမ်ဥ္း အရ ေက်ာင္းထုတ္ လိုက္ပါသည္။ ကြ်န္မလည္း ထိုေက်ာင္းႏွင့္ေဝးရာကို ဇာတ္ျမွုဳပ္ေနထိုင္ခဲ့ပါသည္။ အခုဆို ကြ်န္မပ်ိဳးထားေသာ ပန္းပြင့္ငုံေလးမ်ား လန္းဆန္းလွ်က္ ရွင္သန္ေနပါတယ္။ ကြ်န္မ ရဲ ႕အေတြးေတြ ျဖန္႔က်က္ေနစဥ္တြင္…

” ဆရာမ ”

” သားကို ဘုန္းဘုန္းေပးထားတဲ့ စာအုပ္

သာဂိ ခိုးထားတယ္။ ”

ကြ်န္မ အာရုံေတြ စုစည္းလိုက္သည္။ ကြ်န္မ ဒီတစ္ခါ ကိုင္တြယ္မႈ မမွားခ်င္ေတာ့ပါ။ လြန္ခဲ့ေသာ ႏွစ္ႏွစ္ေက်ာ္ေလာက္က ေသဆုံးသြားေသာေက်ာင္းသူေလးအား ဖ်တ္ခနဲ သတိရလိုက္သည္။

ဒိုင္ယာရီ စာအုပ္ၾကားက ေသြးစြန္းေနေသာ စာရြက္ေလးကို ဖြင့္ၾကည့္ရင္း..။

Via Ashin Taejavanta

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပ်ဴမခ (ေကာ့ေသာင္း)

# Unicode Version ျဖင့္ ဖတ္ပါ #
အတ္တကြောင့် ကြွေလွင့်ခဲ့သော ပန်းလေးတစ်ပွင့် …!

” ဆရာမ သမီး မခိုးပါဘူး ”

” သမီး မခိုးရင် ဒီစာအုပ်က ဘယ်လိုလုပ် သမီး လွယ်အိတ်ထဲ ရောက်နေတာလဲ ”

” ဒါတော့သမီးလည်း မသိပါဘူး။ ဒါပေမယ့် ဒီစာအုပ်ကို တစ်ကယ် မခိုးခဲ့ပါဘူးရှင့် ။ ဘုရားပေးပေး ကျမ်းပေးပေးပါ ဆရာမရယ် သမီး မခိုးခဲ့ပါဘူး..ဟီး … ဟီး ,.. ဟီး ”

“ခုမှ ငိုပြ မနေနဲ့တော့။ အခုက လက်ပူးလက်ကြပ် သက်သေနဲ့တစ်ကွ မိတာ။ ရှင်းပြချက်ပေးချင်ရင် မနက်ဖြန် သမီးရဲ့ အုပ်ထိန်းသူခေါ်ပြီး ကျောင်းအုပ်ကြီးနဲ့တွေ့ပြီးပြောပေါ့ ။

ခုတော့ ဆရာမ စာသင်တော့မယ် ။ စာအုပ်ပိုင်ရှင်လည်း ပျောက်တဲ့ စာအုပ်ပြန်တွေ့ပြီဆိုတော့ ကျေနပ်လိုက်တော့ ။ အားလုံး မှတ်ထားကြပါ သူတစ်ပါးပစ္စည်း ခိုးရင် ငရဲရောက်တာနောက်မှ လက်ရှိ အချိန်မှာ ခုလို ဖမ်းမိ သွားရင် အရှက်ကွဲပြီး နှစ်ခါပြန်သေနေရတာ အတူတူပဲ။ အကျင့်ပျက်တယ် ဆိုတာ ဆရာမအတန်းထဲမှာ မရှိစေရဘူး။ ကဲ – စာသင်ရအောင် စာမျက်နှာ ၅၉ ကိုလှန် အားလုံးမြန်မြန်လုပ်ကြ ”

” ဟုတ်ကဲ့ ဆရာမ ”

ဒီနေ့ ကျွန်မ အတန်းတွင် စိတ်ပျက်ဖွယ်ရာ ကိစ္စများက စောင့်ကြိုနေသည်။ တစ်နေ့တာရဲ့ စာသင်ချိန်းတစ် ဝက် ကုန်ဆုံးပြီး အားလပ်ချိန် ဆင်းပြီးနောက် စာသင်ခန်းထဲပြန်ဝင်ချိန်တွင် ကျွန်မ အတန်းထဲက ကျောင်းသူလေး တစ်ယောက် ငိုယိုပြီး စာအုပ်ပျောက် လာတိုင်သည်။

ကျွန်မ ကိုင်တွယ်နေသည့် အတန်းသည် ခြောက်တန်း ! တန်းခွဲ အားလုံးထဲတွင် အတော်ဆုံး အတန်းဖြစ်နေ ရမည်။ စာရိတ္တကောင်းသော ယဉ်ကျေး လိမ္မာသော စာတော်သော စည်းကမ်းရှိသော ဟူသည့် စံနမူနာများဖြင့် ပြည့်နေရမည်။ ကျွန်မလိုချင်သော ပုံစံခွက် အတိုင်း အတန်းထဲက ကလေးအားလုံးကို ပုံသွင်းထား သည်။

ဒါကြောင့် ကျွန်မ အနုနည်း အကြမ်းနည်း နည်းပေါင်းများစွာ သုံးခဲ့ရသည်။ ထိုကြောင့် ကျောင်းသူ/ သား များကြားတွင် နာမည်ကျော်ကြားလေသည် ။

ဆရာမ ဒေါ်ဂျမ်းပုံ သည် ကျွန်မ ၏ နာမည်အရင်း မဟုတ်သော်လည်း တိုးတိုးနှင့်ကြားနေရသော ကျွန်မ၏ နာမည်ပြောင်ပင်။ စိတ်ဓာတ် စည်းကမ်း ပညာအရာတွင် ထိပ်ဆုံးဖြစ်လိုသော ကျွန်မ အတန်း၏ တိုင်တန်းမှုသည် ခိုးမှု။ ကျွန်မ အတန်းတွင် ဆိုဆုံးမ၍ မရသော ကျောင်းသူ/သားများ လုံးဝ မလိုပါ။ သေချာ ကိုင်တွယ်ဖြေရှင်းရမည် ။

စာအုပ်ပျောက် လာတိုင်သော ကျောင်းသူလေးသည် မျက်ရည် ကျလျက် ပျောက်သွားသော စာအုပ် သည် နိူင်ငံခြားရောက်နေသော အကိုဖြစ်သူက လက်ဆောင်ပေးထားသည့် စာအုပ်ဖြစ်ကြောင်း ငိုရင်းနဲ့ပြောပြ သည် ။

သူမ တန်ဖိုးထားရသော စာအုပ်ဖြစ်သည့်အတွက် ပြန်လိုချင်ကြောင်း ထပ်ပြောသည်။ ဒါကြောင့် အကျင့် ပျက်သော စာအုပ် သူခိုးကိုလည်း ကျွန်မ ဒီအတိုင်း လွှတ်မထားနိူင်ပါ။ အကျင့်ပြင်တန်ပြင် မပြင်ပါက အုပ်ထိန်းသူခေါ်ခိုင်းပြီး ကျောင်းအုပ်ရုံးခန်းသို့ ပို့ရမည် ။

တစ်ခန်းလုံး လွယ်အိတ်တွေကို စာရေးခုံပေါ်တွင် တင်ခိုင်းလိုက်လေသည်။ စာအုပ်ပျောက်သော ကျောင်းသူအား တစ်ယောက်ချင်း၏ လွယ်အိတ်တွေကို လိုက်လံ စစ်ဆေးခိုင်းလေသည် ။

ကျောင်းသူလေးသည် လွယ်အိတ် တစ်လုံးပြီး တစ်လုံး စစ်ဆေးပြီးနောက် အရှေ့တန်း ၅ ခုံမြောက်တွင် စာအုပ်ပျောက်ရှာဖွေခြင်း ရပ်ဆိုင်းလိုက်သည်။ ပန်းနုရောင် စာအုပ်လေးကို ကိုင်တွယ်ပြီး ထွက်လာသည်။ ကြား ရသည့် ကိုယ့်နားကိုပင် မယုံနိူင်ပါ။ ဒီ စာအုပ်အား ” နှင်းနွယ်အောင် ” လွယ်အိတ်မှ တွေ့ခဲ့သည်လို့ ပြောပါသည် ။

ထိုကျောင်းသူသည် ကျွန်မ အတန်းထဲတွင် အတော်ဆုံး အအေးဆုံး အလိမ္မာဆုံး ကျောင်းသူဖြစ်သည် ။ သူမတွင် မိဘများ မရှိတော့ဟု မိဘမဲ့ မိန်းခလေး သီးသန့်ကျောင်းက ဆရာမကြီးက ကျောင်းလာအပ်ကတည်းက ပြောပြခဲ့သည် ။

ထို မိဘမဲ့ကျောင်းက ဆရာမကြီး ကိုယ်တိုင်ကလည်း စည်းကမ်း ထိန်းသိမ်းရေးဝါဒ ကို လက်ကိုင်စွဲထားသူတစ်ဦးပင်။ ဘာအတွက်ကြောင့် ဒီကလေးမ အကျင့်ပျက်ရသည့်ကို မတွေးတတ်ပါ ။

ကျွန်မမေးတိုင်း ” ဒီစာအုပ် သမီးမခိုးပါဘူး ” အကြိမ်ကြိမ် ထွက်ဆိုနေသဖြင့် စိတ်လည်းတိုလာသည်။ ခိုး သည့် အပြင် ဝန်မခံတတ်သော လူမျိုးသည် အကျင့်မကောင်းသော သူများဖြစ်သည်။ ကျွန်မနောက်ဆုံး Warning အနေဖြင့် သူမ အုပ်ထိန်းသူကို ကျောင်းအုပ်ကြီးဆီ ခေါ်လာခိုင်းပါသည် ။

” ဆရာကြီး ။ ကျောင်းသူတစ်ယောက် ကျောင်းပေါ်က ခုန်ချလို့။ အလံတိုင်နားလေးမှာ သွေးတွေလည်း အိုင်လို့ဗျ ”

ကျောင်းစောင့်ကြီးရဲ့အသံသည် အစည်းဝေး လုပ်နေသော ခန်းမကြီးကို လွှမ်းသွားသည် ။

မနက်ပိုင်းကျောင်းလွတ်ချိန်ပြီး၍ ကျောင်းအုပ်ကြီးက အစည်းဝေးခေါ်တာကြောင့် ဆရာ/မ အားလုံးလည်းစုံနေသော အစည်းဝေးခန်းထဲတွင် အာမေဋိတ်များ သံပြိုင် ကိုယ်စီနှင့် ဝရုန်းသုန်းကား အပြင်ပြေးထွက်တော့သည်။ ကျွန်မလည်း ရင် ထိတ်ထိတ်ပျာပျာဖြင့် ဆရာအုပ်ကြီးကြား တိုးဝှေ့ကြည့်လိုက်သည် ။

သွေးအိုင်ထဲတွင် ကျောင်းဝတ်စုံတို့ အရောင်ပြောင်းကုန်ပြီးဖြစ်သော ကျွန်မ အတန်းထဲကကျောင်းသူလေးသည် သွေးစွန်းနေသော စက္ကူလေးကို လက်ထဲတွင် ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ပြီး သေဆုံးနေသည်ကို တွေ့လိုက်ရတော့ ကျွန်မသွေးများ ပြောင်းပြန်စီးသလို ခံစားရပြီး မိုက်ခနဲဖြစ်သွားသည်။ ကျွန်မယူကြုံးမရဖြစ်ခါ အော်ငိုချမိသည် ။

ကျွန်မ စိုက်ပျိုးခဲ့သော ပန်းလေးတစ်ပွင့် ရုတ်တရက် ကြွေလွှင့်သွားပါလား။ ကျွန်မ ဆိုသော အတ္တ ဒီဆရာမသည် စည်းကမ်းသေသပ်သည် ဟူသော ကျွန်မ သတ်မှတ်ထားသည့်ခေါင်းစဉ်များအောက်တွင် ရိုးသားဖြူ စင်သော ကျောင်းသူလေး တစ်ယောက်၏ ဘဝ တစ်ခု ပျက်သုဉ်းသွားစေခဲ့သည် ။

ကျောင်းသူလေး၏ နောက်ဆုံးစာဟု ထင်ရသော ညာဘက်လက်ထဲက စာရွက် ညစ်ညစ်လေးကို အသာအယာ ယူပြီး ဖြေထုတ် ဖတ်ကြည့်လိုက်သည်။ မျက်ရည်ပေါင်းများစွာက တစိမ့်စိမ့် ယိုစီးလာသည်။ အချိန်မတန်ဘဲ မရင့်ကျက်သေးဘဲ သေဆုံးသွားသော ကျောင်းသူလေး လက်ထဲက စာသည် ကျွန်မအတွက် ယူကြုံးမရသော နှုတ်ဆက်စာဖြစ်လာခဲ့သည် ။

“ဆရာမရှင့် ”

” တပည့်မိုက် တစ်ယောက်ကို ခွင့်မလွှတ်ပါနဲ့ ။ ဆရာမနှင့် ကျောင်းရှိ ဆရာ/ မ များအားလုံးအပေါ် သမီးကံငါးပါးနှင့် ပြစ်မှားမိခဲ့တာရှိသော် သမီးကို အားလုံး ခွင့်လွှတ်ပေးကြပါ။သမီး နောက်ဆုံးအကြိမ်ထိ ရိုးသားခဲ့တာကြောင့် ဒီစာအုပ်လေးကို လုံးဝ မခိုးပါဘူးလို့ ဝန်ခံပါရစေ ။

သမီး ငယ်ငယ် ကတည်းက မိဘ မရှိခဲ့တာကြောင့် ဆရာမက သမီးကို အကျင့်ပျက်သူလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သမီးဟာ မိဘမဲ့ဂေဟာ စရောက်ကတည်းက ဆရာမကြီးရဲ့ လမ်းညွှန်မှုအောက်မှာ နာခံခဲ့ပြီး စာရိတ္တလည်း လုံးဝမဖောက်ပြားခဲ့ပါဘူး။ ကျောင်းတက်နေတဲ့ ကာလ တစ်လျှောက်လုံးလည်း သူများရဲ့ ခဲတံတိုလေး တစ်ချောင်းတောင်မှ မခိုးခဲ့ဖူးပါဘူး ။

ဒီနေ့ ဆရာမ စွပ်စွဲခံရတာ အရမ်း နာကျင် ခံစားရပါတယ်။ ဆရာမ အတန်းထဲက ထွက်သွားတော့ တစ်ခန်းလုံးက သမီးကို ( Stolen student ) လို့ လှောင်ကြတယ်။ သမီး အရမ်းရှက်တာပဲ ဆရာမရယ်။ သမီးလေ ဒီလို စွပ်စွဲရတာလည်း အတိတ်ဘဝက ဝဋ်ကြွေးကြောင့်ထင်ပါတယ် ။

သူတို့ကိုလည်း ပြောပေးပါ သမီးလုံးဝ မခိုးခဲ့ဘူးဆိုတာကို သမီးအသက်နဲ့ရင်းပြီး သက်သေပြခဲ့ပါတယ်လို့။ သမီးရဲ့ မိဘမဲ့ဂေဟာက ဆရာမကြီးကိုလည်းပြောပေးပါ သမီးကြောင့် ဆရာမကြီး ခုလို အရှက်ကွဲ မခံစေ ချင်လို့ စိတ်မပူစေချင်လို့ သမီးရဲ့ကိစ္စကို သမီးရှင်းအောင် လုပ်သွားခဲ့ပါတယ် ။

ဆရာမရဲ့ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းတွေအောက်မှာ အမည်းစက် ထင်ခဲ့တဲ့ သမီးရဲ့ အပြစ် ကိုလည်း ဖျက်ပေး ပါနော်။ သမီးရဲ့ ဖြူစင်ရိုးသားမှုကို နောက်ဆုံး အနေနဲ့ သက်သေပြလိုက်ပါတယ်။ သမီး ဒီလို မလုပ် သင့်ပေမယ့် ကြံမိ ကြံရာ လုပ်ခဲ့လို့ ဒီစာကို ဖတ်နေတဲ့ ဆရာမကိုလည်း ခွင့်လွှတ်ပါလို့ သမီးမတောင်းဆိုတော့ပါဘူး ။

သမီးလေ အရမ်းကြောက်တယ် ဆရာမရယ်။ ဒီစာကိုရေးနေတဲ့အချိန်မှာရော ခုန်ချတော့မယ့် အချိန်မှာရော သမီး ကို တားမယ့်သူ သမီးနားမှာ တစ်ယောက်မှ မရှိကြဘူး။ သမီး မသေချင်သေးဘူး ဆရာမရယ် … ”

တပည့်မိုက် (နှင်းနွယ်အောင်)

စာဖတ်ပြီး ကျမရဲ့ နှလုံးအိမ်တို့ အရည်ပျော်ကုန်ခဲ့ရသည်။ နှလုံးသား မရှိသော ကျမ စည်းကမ်းကို ရှေ့တန်းတင်ခဲ့သော ကျမ ဂုဏ်ပုဒ် သိက္ခာတွေ ရစေဖို့အတွက် ပြဿနာဖြေရှင်းမှု ညံ့ဖျင်းခဲ့သော ကျမ စာလေး တစ်စောင်ကြောင့် နှလုံးသားကွဲကြေရပါပြီ ။

ဖြူစင်ရိုးသားသော ကလေးကိုမှ သူခိုးဖြစ်စေခဲ့သည်။ ဒဏ်ရာများနဲ့ အတောင်ကျိုးနေသော ငှက်ကလေးကိုမှ ရိုက်သတ်မိခဲ့သည်။ ကျွန်မအား ဆရာမလို့ခေါ်ထိုက်စရာ တစ်ကွက်မှ မရှိတော့ပါ။သွေးစွန်းနေသော စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ထားနေစဉ် ကျွန်မဘေးနားကို တိုးတိုးလေးကပ် လာပြောသယောင် ” သမီးကို ခွင့်မလွှတ်ပါနဲ့ သမီးမသေချင်သေးဘူး ဆရာမရယ် ” ဟူသော အသံတွေက ဆူညံပွတ်လောက်ရိုက်နေပြီး ကျောင်းသူလေးကို မျက်လုံးထဲ မြင်ယောင်ကာ ကတ္တရားလမ်းပေါ်တွင် ကျွန်မလဲကျသွားလေသည်။

” ဆရာမ သမီးမသေချင်သေးဘူး ဆရာမရယ် ။ သမီးစာအုပ်ကို လုံးဝ မခိုးပါဘူး ။ သမီးကြောက်တယ်။ သမီးဘယ်နေရာရောက်နေမှန်းမသိဘူး မှောင်မဲနေတာဘဲ။ ”

” သမီးရေ ဆရာမကို ခွင့်မလွှတ်ပါနဲ့ကွယ်။ ဆရာမ စည်းကမ်းချက်တွေကို ရှေ့တန်း တင်ခဲ့မိတဲ့ အမှားကြောင့် သမီးကို ဘဝခြားသွားစေခဲ့ပြီ။ ဆရာမ မှားပါပြီကွယ် ။ နောက်ဘဝဆိုတာ ရှိခဲ့ရင် ဆရာမဆီပြန်လာခဲ့ပါ သမီးကျေနပ်လောက်တဲ့အထိ ဒူးထောက်ပြီး တောင်းပန်ပါ့မယ်။”

” ဆရာမ -သမီးကို ကတိတစ်ခု ပေးပါ ။ ဆရာမ စာဆက်သင်ပါအုံးမယ်လို့ ။ ပန်းကလေးတွေကို သမီးလို အလေအလွှင့်မရှိပဲ ပြုစုပျိုးထောင်ပါ့မယ်လို့ ကတိပေးပါ။ ဆရာမ ကတိပေးရင် သမီးလွတ်လွတ်လပ်လပ်နဲ့ ခရီးဆက်တော့မယ်။ ဆရာမ သမီးကို ကတိပေးမယ်မလား ”

” ပေးပါတယ် သမီးရယ် ”

“သမီးသွားတော့မယ် နှုတ်ဆက်ခဲ့ပါတယ် ဆရာမရယ် ”

” သမီး… သမီး … သမီးလေး ”

ကျွန်မအော်ရင်း လန့်နိူးလာခဲ့သည်။ အိမ်မက်ထဲတွင် သေသွားသောကျောင်းသူလေးသည် ကျောင်းဝတ်စုံလေးနှင့်နောက်ဆုံး အချိန်ထိ ကျွန်မ ကို ခွန်အား သတ္တိတွေ လာပေးသွားသည် ။

မောဟိုက်စွာ တစ်ဒိတ်ဒိတ် ခုန်နေသော နှလုံးတို့သည် အမေပေးသော ရေတစ်ခွက်ကို သောက်ပြီး ခဏငြိမ်နေတော့သည်။ အခုတော့ ဘဝသစ်ကို ပြန်စမည် ခြေလှမ်းသစ်တိုင်းတွင် လက်ထဲက သွေးစွန်းနေတဲ့စာရွက်လေးက အားအင် ပြုပေးနေတော့သည် ။

” ဒို့ကျောင်း ”

ပန်းကလေးများ ပွင့်တော့မည်

ဖူးတံဝင့်လို့ချီ

နေခြည်မှာ ရွှေရည်လောင်း

ငါတို့ စာသင်ကျောင်း ”

ကလေးများ သံပြိုင်ရွတ်ဆိုသော ကဗျာလေးသည် နံနက်ခင်းတွင် ပီပြင်စွာတေးဆိုနေသော ငှက်ကလေးများနှယ်။ ကျွန်မ ပြုံးပျော်နေသည် ။ ရွာတစ်ရွာ၏ မူလတန်းစာသင်တန်းကျောင်းတွင် ပြောင်းရွေ့ တာဝန်ချခံရသော်လည်း ကျွန်မ ထူးပြီး စောဒက တတ်မနေတော့ပါ။

အခုဆို ကျွန်မဘောင်မခေတ်ပဲ ပန်းကလေးတွေ ပျိုးတတ်လာပြီ။ ကလေးတွေရဲ့ အပြုံးကို စားသုံးရင်း တစ်နှစ်ပြီး တစ်နှစ်ကျော်လွန် လာခဲ့သည်မှာ သုံးနှစ်တိုင်ပြည့်တော့မည်။ စိတ်တွေလည်း အတော်ပင်တည်ငြိမ်ခဲ့သည်။သုံံးနှစ်ကြာခဲ့ပြီ ဆိုသော်လည်း အတိတ်က ကြွေလွှင့်ခဲ့သော ပန်းလေးအကြောင်းတွေးမိတိုင်း တစ်ဖန်ပူနွေးလာစမြဲ ။

ကျောင်းမပြောင်းရွေ့ရခင် နောက်ဆုံးသင်ခဲ့ရသည့်နေ့တွင် စာအုပ်ပျောက်လာတိုင်သော ကျောင်းသူလေးက သူ့အပြစ်ကို လာဝန်ခံခဲ့သည်။ သူမရဲ့ မနာလိုစိတ်ကြောင့် သေခဲ့ရသည်ဟု ရှိုက်ငိုရင်း ပြောရှာပါသည်။ အတန်းထဲတွင် လတိုင်း အဆင့် ၁ ရသော နှင်းနွယ်အောင် ကိုကြည့်မရလို့ မုန့်စားဆင်းချိန်တွင် နှင်းနွယ်အောင် လွယ်အိတ်ထဲတွင် သူမကိုယ်တိုင် သွာထည့်ထားပြီး လုပ်ကြံခဲ့တာဟု ဝန်ခံခဲ့သည်။

ထောင်းထာင်း ကြေနေသောစိတ်နှင့်သာ အပြစ်လုပ်သော ကလေးမကို ကျောင်းစည်းမျဉ်း အရ ကျောင်းထုတ် လိုက်ပါသည်။ ကျွန်မလည်း ထိုကျောင်းနှင့်ဝေးရာကို ဇာတ်မြှုုပ်နေထိုင်ခဲ့ပါသည်။ အခုဆို ကျွန်မပျိုးထားသော ပန်းပွင့်ငုံလေးများ လန်းဆန်းလျှက် ရှင်သန်နေပါတယ်။ ကျွန်မ ရဲ့အတွေးတွေ ဖြန့်ကျက်နေစဉ်တွင်…

” ဆရာမ ”

” သားကို ဘုန်းဘုန်းပေးထားတဲ့ စာအုပ်

သာဂိ ခိုးထားတယ်။ ”

ကျွန်မ အာရုံတွေ စုစည်းလိုက်သည်။ ကျွန်မ ဒီတစ်ခါ ကိုင်တွယ်မှု မမှားချင်တော့ပါ။ လွန်ခဲ့သော နှစ်နှစ်ကျော်လောက်က သေဆုံးသွားသောကျောင်းသူလေးအား ဖျတ်ခနဲ သတိရလိုက်သည်။

ဒိုင်ယာရီ စာအုပ်ကြားက သွေးစွန်းနေသော စာရွက်လေးကို ဖွင့်ကြည့်ရင်း..။

Via Ashin Taejavanta

ဖိုးသူတော် (www.phothutaw.com)
Credit: ပျူမခ (ကော့သောင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top