လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

စပ်စ္သီးကို အဂၤလိပ္လို Grapes လို႔ ေခၚၿပီး အသီးထဲမွာ အျမတ္ဆံုး အသီးအျဖစ္ တင္စားၾကပါတယ္။ အခုရာသီဟာ စပ်စ္သီးကို ေစ်းခ်ိဳခ်ိဳန႔ဲ ၀ယ္ယူလို႔ ရတဲ့ ရာသီျဖစ္ၿပီး ေပါေပါမ်ားမ်ား စားလို႔ ရတဲ့ ကာလလည္း ျဖစ္ပါတယ္။ စပ်စ္သီးကို မ်ားေသာအားျဖင့္ အညိဳနဲ႔ အစိမ္းေရာင္ေတြကိုသာ စားၾကတာမ်ားပါတယ္။ စပ်စ္သီးကို ၀ိုင္ခ်က္ၿပီး ေသာက္တဲ့ အခါမွာလည္း ခ်ိဳျမၿပီး ခံတြင္းကို ၿမိန္ေစႏုိင္ပါတယ္။

ဗီတာမင္ ေအ၊ စီ၊B6 နဲ႔ ေဖာလိတ္ ဓာတ္မ်ားမ်ား ပါဝင္တဲ့အ ျပင္ ပိုတက္စီယမ္၊ ကယ္လ္စီယမ္၊ သံ ဓာတ္၊ ေဖာ့စ္ဖရပ္စ္၊ မဂၢနီဆီယမ္နဲ႔ ဆီ လီနီယမ္တို႔လို မရွိမျဖစ္ သတၲဳဓာတ္ေတြ လည္း ပါဝင္ေနပါတယ္။ စပ်စ္သီးမွာ ပါ ဝင္တဲ့ ဖေလဗိုးႏြိဳက္ဟာ အစြမ္းထက္ အင္တီေအာက္ဆီးဒင့္ေတြ ျဖစ္ၿပီး ဖရီး ရယ္ဒီကယ္ေၾကာင့္ ထိခိုက္ပ်က္စီးမႈမျဖစ္ ေအာင္နဲ႔ အိုမင္းရင့္ေရာ္မႈ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။

စပ်စ္သီးဟာ အသီးတင္မက အေစ့မွာပါ အာနိသင္ ရွိပါတယ္။ အေစ့ကို ၀ါးစားေပးရင္ေတာ့ ရင္သားကင္ဆာျဖစ္ေစမယ့္ အဖုအက်ိတ္ေတြကို ကာကြယ္ေပးႏုိင္ပါတယ္။ ဒါေၾကာင့္ စပ်စ္သီးကို စားတဲ့အခါ အေစ့ပါး ညက္ေအာင္ ၀ါးစားသင့္ပါတယ္။

grapes-and-wine

စပ်စ္သီးဟာ ျမန္မာေဆးက်မ္းအရ ၀မ္းကိုေအးေစၿပီး ၀မ္းေပ်ာ့ေစပါတယ္။ ဆီးရႊင္ၿပီး ေသြးကို သန္႔စင္ေစပါတယ္။ ခြ်ဲ၊ သလိပ္ေတြကို ကင္းစင္ေစႏုိင္ပါတယ္။ ကင္ဆာေရာဂါေတြကို  သက္သာေစႏုိင္ၿပီး ရင္သားကင္ဆာ၊ ေသြးကင္ဆာ၊ အေရျပားကင္ဆာ၊ ဆီးက်ိတ္ကင္ဆာ၊ အူမႀကီးကင္ဆာ တို႔ကို ကာကြယ္ေပးႏုိင္ပါတယ္။ ေက်ာက္ကပ္ေရာဂါေတြကို သက္ သာေစပါတယ္။ မ်က္စိကို က်န္းမာေစပါတယ္။ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခကို ေလွ်ာ႕ ခ်ေပးႏိုင္ပါတယ္။ ေခါင္းတစ္ျခမ္းကိုက္တာကို သက္ သာေစပါတယ္။ ပန္းနာရင္က်ပ္ေရာဂါကို သက္ သာေစပါတယ္။

Ref: Medicalfact, GoodHealth
ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfoodmyanmar

#Unicode Version#
စပျစ်သီးကို အင်္ဂလိပ်လို Grapes လို့ ခေါ်ပြီး အသီးထဲမှာ အမြတ်ဆုံး အသီးအဖြစ် တင်စားကြပါတယ်။ အခုရာသီဟာ စပျစ်သီးကို ဈေးချိုချိုနဲ့ ဝယ်ယူလို့ ရတဲ့ ရာသီဖြစ်ပြီး ပေါပေါများများ စားလို့ ရတဲ့ ကာလလည်း ဖြစ်ပါတယ်။ စပျစ်သီးကို များသောအားဖြင့် အညိုနဲ့ အစိမ်းရောင်တွေကိုသာ စားကြတာများပါတယ်။ စပျစ်သီးကို ဝိုင်ချက်ပြီး သောက်တဲ့ အခါမှာလည်း ချိုမြပြီး ခံတွင်းကို မြိန်စေနိုင်ပါတယ်။

ဗီတာမင် အေ၊ စီ၊B6 နဲ့ ဖောလိတ် ဓာတ်များများ ပါဝင်တဲ့အ ပြင် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံ ဓာတ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်နဲ့ ဆီ လီနီယမ်တို့လို မရှိမဖြစ် သတ္တုဓာတ်တွေ လည်း ပါဝင်နေပါတယ်။ စပျစ်သီးမှာ ပါ ဝင်တဲ့ ဖလေဗိုးနွိုက်ဟာ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ ဖြစ်ပြီး ဖရီး ရယ်ဒီကယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ် အောင်နဲ့ အိုမင်းရင့်ရော်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

စပျစ်သီးဟာ အသီးတင်မက အစေ့မှာပါ အာနိသင် ရှိပါတယ်။ အစေ့ကို ဝါးစားပေးရင်တော့ ရင်သားကင်ဆာဖြစ်စေမယ့် အဖုအကျိတ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် စပျစ်သီးကို စားတဲ့အခါ အစေ့ပါး ညက်အောင် ဝါးစားသင့်ပါတယ်။

grapes-and-wine

စပျစ်သီးဟာ မြန်မာဆေးကျမ်းအရ ဝမ်းကိုအေးစေပြီး ဝမ်းပျော့စေပါတယ်။ ဆီးရွှင်ပြီး သွေးကို သန့်စင်စေပါတယ်။ ချွဲ၊ သလိပ်တွေကို ကင်းစင်စေနိုင်ပါတယ်။ ကင်ဆာရောဂါတွေကို  သက်သာစေနိုင်ပြီး ရင်သားကင်ဆာ၊ သွေးကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ တို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ကျောက်ကပ်ရောဂါတွေကို သက် သာစေပါတယ်။ မျက်စိကို ကျန်းမာစေပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ ချပေးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သက် သာစေပါတယ်။ ပန်းနာရင်ကျပ်ရောဂါကို သက် သာစေပါတယ်။

Ref: Medicalfact, GoodHealth

ဖိုးသူတော် (www.phothutaw.com)
Credit: myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top