iMyanmarHouse.com - Best Property Website for Myanmar
×

သူတစ္ကိုယ္လံုးညစ္ေပေနေပမယ့္ စိတ္ဓာတ္ေလးကေတာ့ၾကည္လင္လို႔..
ေဆာက္လုပ္ေရးတစ္ခုမွာ အလုပ္လုပ္ေနတဲ့အမ်ဳိးသမီးဟာ သူမတစ္ကိုယ္လံုးညစ္ပတ္ေနလုိ႔ ဘစ္ကားစီးေတာ့ ဒါ႐ုိက္ဘာကထိုင္ဖို႔ေျပာခဲ့ေပမယ့္ ခံုေတြေပမွာစိုးလို႔ မထုိင္ေတာ့ဘူးလို႔ ဆိုပါတယ္။
ဒါေပမယ့္ ဒါ႐ုိက္ဘာေျပာလိုက္တဲ့စကားေၾကာင့္ သူမစိတ္ေျပာင္းသြားျပီ ၾကည္ႏူးဝမ္းသာခဲ့ရတယ္။
အမ်ဳိးသမီးတစ္ေယာက္အေနနဲ႔ လူၾကားထဲညစ္ပတ္ေပေရေနတဲ့ အဝတ္စားနဲ႔ကားတိုးစီးရတာ အနည္းနဲ႔အမ်ားေတာ့႐ွက္မွာပါပဲ။

ဒါေပမယ့္လည္း ေယာက်္ားေတြနဲ႔ရင္ေဘာင္တန္းျပီး အလုပ္လုပ္ေနရတဲ့ေခတ္မွာ သာမာန္မိန္မတစ္ေယာက္အေနနဲ႔ ဒီလိုအလုပ္မ်ဳိးကို႐ွက္တယ္လုိ႔လည္း ဖြင့္ဟခ်င္ေတာ့မွာမဟုတ္ပါဘူးေလ။
အသက္ (၅၈)ႏွစ္႐ွိျပီျဖစ္တဲ့ Wang Zhenzhen ဟာ ေယာက်္ားေတြနဲ႔အတူ ရင္ေဘာင္တန္းျပီး ေဆာက္လုပ္ေရးတစ္ခုမွာအလုပ္လုပ္ပါတယ္။

သူမအလုပ္က အလြန္ပင္ပန္းတဲ့အတြက္ အဝတ္စားေတြေပေရညစ္ပတ္ျပီး အိမ္ျပန္ေရာက္မွာေတာ့ာ ေရမိုးခ်ဳိးရတယ္။ သူမအိမ္ကိုေရာက္ဖို႔ တစ္နာရီေလာက္ကားစီးရပါတယ္။ ကားေပၚမွာခံုလြတ္ေတြ႐ွိေနေပမယ့္ သူမမတ္တပ္ပဲရပ္ခဲ့တယ္။
ဒါ႐ိုက္ဘာက သူမမတ္တပ္ရပ္ေနတာျမင္ေတာ့ ထိုင္ပါလား လို႔ေျပာတာလိုက္ပါတယ္။ သူမက ” ကၽြန္မအဝတ္ေတြေပေနတယ္ ..မထုိင္ေတာ့ဘူး။ ”လို႔ေျပာတယ္။ ဒီလိုနဲ႔ စကားစပ္မိစပ္ရာကေန သူမအေၾကာင္းကုိေမးၾကည့္ေတာ့
”ကၽြန္မက ေဆာက္လုပ္ေရးမွာအလုပ္လုပ္ေနတာပါ။ ကၽြန္မအမ်ဳိးသားနဲ႔သားလည္း အဲ့ဒီမွာလုပ္ပါတယ္။ ” လို႔ေျပာေတာ့ ဒါ႐ုိက္ဘာက ဒီအလုပ္က ေယာက်္ားေတြအတြက္ပဲ သင့္တယ္တယ္။ မိန္းကေလးေတြအတြက္ အႏၱရာယ္မ်ားတယ္ ခင္ဗ်ားမေျပာင္းဘူးလား လို႔ ေမးေတာ့ ” ကိစၥမ႐ွိပါဘူး။ အရင္ကလည္း ဒီထက္ပိုပင္ပန္းတာကိုလုပ္ခဲ့ရတာပါ ” တဲ့။

သူမမွာ သားႏွစ္ေယာက္ သမီးတစ္ေယာက္႐ွိပါတယ္။ သူမအၾကီးဆံုးသားနဲ႔ သမီးျဖစ္သူက အိမ္ေထာင္က်သြားျပီး အငယ္ဆံုးသားကေတာ့ သူတို႔နဲ႔ အတူေနထုိင္ျပီး မၾကာခင္ အိမ္ေထာင္ျပဳဖို႔စီစဥ္ေနတယ္တဲ့။ သူမတို႔အိမ္ကႏွစ္ ၃ဝၾကာျပီဆိုေတာ့ အိမ္ကမိုးရြာရင္ အေျခအေနေတာ္ေတာ္ဆိုးပါတယ္။အိမ္ျပင္ဖို႔နဲ႔ သူ႔သားအငယ္ဆံုးအိမ္ေထာင္ျပဳဖို႔ကုိလည္း ပိုက္ဆံျခစ္ကုတ္စုေနရတယ္လို႔သိရပါတယ္။

ေနာက္ေန႔ေတြလည္း ထုိဒါ႐ုိက္ဘာနဲ႔ သူမျပန္ဆံုေတာ့ ထိုင္ခံုမွာထုိင္ပါ။ ညစ္ပတ္လည္း ကိစၥမ႐ွိပါဘူး။
သူျပန္သန္႔ေအာင္လုပ္လိုက္မယ္ ဆုိေတာ့မွ သူမထိုင္ခဲ့ပါတယ္။ ဒီတုိင္းေျပာလုိက္တဲ့စကားေလးတစ္ခြန္းက သူမကိုေျပာင္းလဲႏုိင္ခဲ့တယ္။ ဘယ္လုိပဲျဖစ္ျဖစ္ သူမကိုဒီလုိအသိမွတ္ျပဳတဲ့လူတစ္ေယာက္႐ွိတာ သူမအတြက္ဝမ္းသာစရာပါပဲ။ ဒါ႐ိုက္ဘာရဲ႕စိတ္ဓာတ္ကိုလည္း အားလံုးကခ်ီးက်ဳးေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
သူတစ်ကိုယ်လုံးညစ်ပေနေပေမယ့် စိတ်ဓာတ်လေးကတော့ကြည်လင်လို့..
ဆောက်လုပ်ရေးတစ်ခုမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးဟာ သူမတစ်ကိုယ်လုံးညစ်ပတ်နေလို့ ဘစ်ကားစီးတော့ ဒါရိုက်ဘာကထိုင်ဖို့ပြောခဲ့ပေမယ့် ခုံတွေပေမှာစိုးလို့ မထိုင်တော့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ဒါရိုက်ဘာပြောလိုက်တဲ့စကားကြောင့် သူမစိတ်ပြောင်းသွားပြီ ကြည်နူးဝမ်းသာခဲ့ရတယ်။
အမျိုးသမီးတစ်ယောက်အနေနဲ့ လူကြားထဲညစ်ပတ်ပေရေနေတဲ့ အဝတ်စားနဲ့ကားတိုးစီးရတာ အနည်းနဲ့အများတော့ရှက်မှာပါပဲ။

ဒါပေမယ့်လည်း ယောကျ်ားတွေနဲ့ရင်ဘောင်တန်းပြီး အလုပ်လုပ်နေရတဲ့ခေတ်မှာ သာမာန်မိန်မတစ်ယောက်အနေနဲ့ ဒီလိုအလုပ်မျိုးကိုရှက်တယ်လို့လည်း ဖွင့်ဟချင်တော့မှာမဟုတ်ပါဘူးလေ။
အသက် (၅၈)နှစ်ရှိပြီဖြစ်တဲ့ Wang Zhenzhen ဟာ ယောကျ်ားတွေနဲ့အတူ ရင်ဘောင်တန်းပြီး ဆောက်လုပ်ရေးတစ်ခုမှာအလုပ်လုပ်ပါတယ်။

သူမအလုပ်က အလွန်ပင်ပန်းတဲ့အတွက် အဝတ်စားတွေပေရေညစ်ပတ်ပြီး အိမ်ပြန်ရောက်မှာတော့ာ ရေမိုးချိုးရတယ်။ သူမအိမ်ကိုရောက်ဖို့ တစ်နာရီလောက်ကားစီးရပါတယ်။ ကားပေါ်မှာခုံလွတ်တွေရှိနေပေမယ့် သူမမတ်တပ်ပဲရပ်ခဲ့တယ်။
ဒါရိုက်ဘာက သူမမတ်တပ်ရပ်နေတာမြင်တော့ ထိုင်ပါလား လို့ပြောတာလိုက်ပါတယ်။ သူမက ” ကျွန်မအဝတ်တွေပေနေတယ် ..မထိုင်တော့ဘူး။ ”လို့ပြောတယ်။ ဒီလိုနဲ့ စကားစပ်မိစပ်ရာကနေ သူမအကြောင်းကိုမေးကြည့်တော့
”ကျွန်မက ဆောက်လုပ်ရေးမှာအလုပ်လုပ်နေတာပါ။ ကျွန်မအမျိုးသားနဲ့သားလည်း အဲ့ဒီမှာလုပ်ပါတယ်။ ” လို့ပြောတော့ ဒါရိုက်ဘာက ဒီအလုပ်က ယောကျ်ားတွေအတွက်ပဲ သင့်တယ်တယ်။ မိန်းကလေးတွေအတွက် အန္တရာယ်များတယ် ခင်ဗျားမပြောင်းဘူးလား လို့ မေးတော့ ” ကိစ္စမရှိပါဘူး။ အရင်ကလည်း ဒီထက်ပိုပင်ပန်းတာကိုလုပ်ခဲ့ရတာပါ ” တဲ့။

သူမမှာ သားနှစ်ယောက် သမီးတစ်ယောက်ရှိပါတယ်။ သူမအကြီးဆုံးသားနဲ့ သမီးဖြစ်သူက အိမ်ထောင်ကျသွားပြီး အငယ်ဆုံးသားကတော့ သူတို့နဲ့ အတူနေထိုင်ပြီး မကြာခင် အိမ်ထောင်ပြုဖို့စီစဉ်နေတယ်တဲ့။ သူမတို့အိမ်ကနှစ် ၃ဝကြာပြီဆိုတော့ အိမ်ကမိုးရွာရင် အခြေအနေတော်တော်ဆိုးပါတယ်။အိမ်ပြင်ဖို့နဲ့ သူ့သားအငယ်ဆုံးအိမ်ထောင်ပြုဖို့ကိုလည်း ပိုက်ဆံခြစ်ကုတ်စုနေရတယ်လို့သိရပါတယ်။

နောက်နေ့တွေလည်း ထိုဒါရိုက်ဘာနဲ့ သူမပြန်ဆုံတော့ ထိုင်ခုံမှာထိုင်ပါ။ ညစ်ပတ်လည်း ကိစ္စမရှိပါဘူး။
သူပြန်သန့်အောင်လုပ်လိုက်မယ် ဆိုတော့မှ သူမထိုင်ခဲ့ပါတယ်။ ဒီတိုင်းပြောလိုက်တဲ့စကားလေးတစ်ခွန်းက သူမကိုပြောင်းလဲနိုင်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူမကိုဒီလိုအသိမှတ်ပြုတဲ့လူတစ်ယောက်ရှိတာ သူမအတွက်ဝမ်းသာစရာပါပဲ။ ဒါရိုက်ဘာရဲ့စိတ်ဓာတ်ကိုလည်း အားလုံးကချီးကျုးနေကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top