ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေရခ်ိဳးခန္းထဲမွာ အမ်ားအားျဖင့္ သြားတုိက္ေဆး၊ သြားတိုက္တံ၊ေခါင္းေလွ်ာ္ရည္၊ဆပ္ျပာ စသျဖင့္ ထားသင့္ေပမယ့္ ဒီလိုပစၥည္းမ်ားကေတာ့ က်န္းမာေရးကို ထိခိုက္ေစႏိုင္ၿပီး ထုတ္ကုန္ရဲ႕အာနိသင္ကို ပ်က္ပ်ယ္ေစတာေၾကာင့္ ေရခ်ိဳးခန္းထဲမွာ မထားသင့္ပါဘူး။

၁။ ေဆး၀ါး
အပူခ်ိန္ႏွင့္ ျမင့္မားေသာစိုထိုင္းဆ ေျပာင္းလဲမႈက ေဆး၀ါးမ်ားအေပၚ ဆိုးရြားတဲ့ သက္ေရာက္မႈ ရွိႏိုင္ပါတယ္။ ေဆး၀ါးေတြရဲ႕ အက်ိဳးရွိေသာ ဂုဏ္သတိၱကို ဆံုးရံႈးႏိုင္ပါတယ္။ ဒါက သူတို႔သိုေလွာင္မႈ သက္တမ္းကိုလည္း တိုေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္က်န္းမာေရးကို ကာကြယ္ေစာင့္ေရွာက္ဖို႔ ေအးျမေျခာက္ေသြ႕တဲ့ေနရာမွာ ေဆးကိုထားပါ။

၂။ အလွကုန္
သင့္အႀကိဳက္ဆံုး ပါးနီေတြ ႏႈတ္ခမ္းနီေတြကို အလြယ္တကူအသံုးျပဳႏိုင္ေအာင္ ေရခ်ိဳးခန္းထဲမွာ ထားတတ္ပါသလား။ ဒါကမေကာင္းပါဘူး။ အလွကုန္ေတြရဲ႕ သိုေလွာင္မႈသက္တမ္းကို တိုေစပါတယ္။ ဒါ့ေၾကာင့္ အလွကုန္ပစၥည္းေတြကို အလွကုန္ အိတ္ထဲမွာထည့္ၿပီး တျခားအခန္းထဲမွာသိမ္းပါ။

၃။ မိတ္ကပ္ဘရပ္
သင့္မိတ္ကပ္ေတြကို ဂရုစိုက္သလို မိတ္ကပ္ဘရပ္ေတြကိုလညး္ ဂရုစိုက္သင့္ပါတယ္။ မိတ္ကပ္ဘရပ္ေတြကို ပံုမွန္မသန္႔ရွင္းလွ်င္ ပိုးမႊားမ်ားႏွင့္ ဘက္တီးရီးယားေတြ ခိုေအာင္းႏိုင္ပါတယ္။ ထိုဘက္တီးယားေတြက စိုစြတ္တဲ့ အေျခအေနမွာ ပိုမိုျမန္ဆန္စြာ မ်ားျပားလာတာေၾကာင့္ ေနာက္အခ်ိန္ ကၽြန္မတို႔အသံုးျပဳလုိက္တဲ့အခါ ကၽြန္မတို႔အသားအေရကို ထိခိုက္ေစႏိုင္ပါတယ္။

၄။ သင္တုန္းဓါး
ေရခ်ိဳးခန္းထဲမွာ စိုထိုင္းဆျမင့္မားတာေၾကာင့္ သင္တုန္းဓါးသြားေတြကို ေအာက္ဆီဒိုက္ႏွင့္ သံေခ်းတတ္ေစႏိုင္ပါတယ္။ မုတ္ဆိတ္ရိတ္ဓါးအပိုက အသံုးမျပဳခင္မွာေတာင္ ပ်က္စီးေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ မုတ္ဆိတ္ရိတ္ဓါးေတြကို ေရခ်ိဳးခန္္းထဲမွာ သိမ္းလွ်င္ သူတို႔ရဲ႕ပါကင္ထဲမွာ သို႔မဟုတ္ အသံုးျပဳၿပီးၿပီးခ်င္း ဗီဒိုထဲမွာ ထည့္သိမ္းပါ။

၅။ လွ်ပ္စစ္ပစၥည္းေတြ
ေရခ်ိဳးခန္းအတြင္းမွာ သီခ်င္းနားေထာင္ရတာကိုႀကိဳက္ပါသလား? တယ္လီဖုန္း၊ ဆံပင္အေျခာက္ခံစက္မ်ားႏွင့္ အျခားလွ်ပ္စစ္ပစၥည္းထုတ္ကုန္မ်ားသည္ စိုစြတ္တဲ့ ပတ္၀န္းက်င္မွာ လံုၿခံဳမႈ မရွိပါဘူး။ သို႔ေသာ္လည္း လွ်ပ္စစ္သြားတိုက္တံ၊ ေရစိုခံပစၥည္းကေတာ့ ေကာင္းပါတယ္။

၆။ လက္၀တ္ရတနာ
သင္ေရမခ်ိဳးခင္ ေရခ်ိဳးခန္းထဲမွာ ဆြဲႀကိဳးေတြ၊ လက္စြပ္ေတြခၽြတ္ထားတတ္ပါသလား? အစိုဓါတ္ေၾကာင့္ လက္၀တ္ရတနာမ်ားက ေအာက္ဆီဒိုက္ႏွင့္ သံေခ်းတတ္ႏိုင္ပါတယ္။ ေငြထည္ဆိုရင္ အေရာင္မွိန္သြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အျခားအခန္းတစ္ခန္းမွာ ဘူးတစ္ခုႏွင့္ သင့္လက္၀တ္ရတနာမ်ားကို ထားပါ။

၇။ ေရေမႊး
အပူခ်ိန္အေျပာင္းအလဲမ်ားေၾကာင့္ သင့္အႀကိဳက္ဆံုးေရေမႊးရဲ႕ အနံ႔ႏွင့္ အစြမ္းသတိၱေတြ ဆံုးရံႈးႏိုင္ပါတယ္။ အပူခ်ိန္ႏွင့္ စိုထိုင္းဆ တည္ၿငိမ္တဲ့ ေနရာမွာ ေရေမႊးေတြကို ထိန္းသိမ္းပါ။

၈။ မ်က္ႏွာသုတ္ပု၀ါ
အသံုးျပဳၿပီးေနာက္မွာ မ်က္ႏွာသုတ္ပု၀ါေတြက စိုစြတ္ၿပီး က်န္ခဲ့ပါတယ္။ ထိုမ်က္ႏွာသုတ္ပု၀ါေတြကို ေရခ်ိဳးခန္းထဲမွာ ထားခဲ့လွ်င္ ဘက္တီးရီးယားေတြ ေပါက္ဖြားႏိုင္တဲ့ ေနရာျဖစ္လာပါလိမ့္မယ္။ ဒါ့ေၾကာင့္ မ်က္ႏွာသုတ္ပု၀ါေတြကို အသံုးျပဳၿပီးေနာက္ အခန္းတစ္ခုထဲမွာ အေျခာက္ခံၿပီး ဗီဒိုတစ္ခုထဲ ဒါမွမဟုတ္ အ၀တ္စင္မွာ ခ်ိတ္ထားပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lifestyle_Myanmar (TB_Nandar)

# Unicode Version ျဖင့္ ဖတ္ပါ #
ရေချိုးခန်းထဲမှာ အများအားဖြင့် သွားတိုက်ဆေး၊ သွားတိုက်တံ၊ခေါင်းလျှော်ရည်၊ဆပ်ပြာ စသဖြင့် ထားသင့်ပေမယ့် ဒီလိုပစ္စည်းများကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ထုတ်ကုန်ရဲ့အာနိသင်ကို ပျက်ပျယ်စေတာကြောင့် ရေချိုးခန်းထဲမှာ မထားသင့်ပါဘူး။

၁။ ဆေးဝါး
အပူချိန်နှင့် မြင့်မားသောစိုထိုင်းဆ ပြောင်းလဲမှုက ဆေးဝါးများအပေါ် ဆိုးရွားတဲ့ သက်ရောက်မှု ရှိနိုင်ပါတယ်။ ဆေးဝါးတွေရဲ့ အကျိုးရှိသော ဂုဏ်သတ္တိကို ဆုံးရှုံးနိုင်ပါတယ်။ ဒါက သူတို့သိုလှောင်မှု သက်တမ်းကိုလည်း တိုစေနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ဖို့ အေးမြခြောက်သွေ့တဲ့နေရာမှာ ဆေးကိုထားပါ။

၂။ အလှကုန်
သင့်အကြိုက်ဆုံး ပါးနီတွေ နှုတ်ခမ်းနီတွေကို အလွယ်တကူအသုံးပြုနိုင်အောင် ရေချိုးခန်းထဲမှာ ထားတတ်ပါသလား။ ဒါကမကောင်းပါဘူး။ အလှကုန်တွေရဲ့ သိုလှောင်မှုသက်တမ်းကို တိုစေပါတယ်။ ဒါ့ကြောင့် အလှကုန်ပစ္စည်းတွေကို အလှကုန် အိတ်ထဲမှာထည့်ပြီး တခြားအခန်းထဲမှာသိမ်းပါ။

၃။ မိတ်ကပ်ဘရပ်
သင့်မိတ်ကပ်တွေကို ဂရုစိုက်သလို မိတ်ကပ်ဘရပ်တွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ မိတ်ကပ်ဘရပ်တွေကို ပုံမှန်မသန့်ရှင်းလျှင် ပိုးမွှားများနှင့် ဘက်တီးရီးယားတွေ ခိုအောင်းနိုင်ပါတယ်။ ထိုဘက်တီးယားတွေက စိုစွတ်တဲ့ အခြေအနေမှာ ပိုမိုမြန်ဆန်စွာ များပြားလာတာကြောင့် နောက်အချိန် ကျွန်မတို့အသုံးပြုလိုက်တဲ့အခါ ကျွန်မတို့အသားအရေကို ထိခိုက်စေနိုင်ပါတယ်။

၄။ သင်တုန်းဓါး
ရေချိုးခန်းထဲမှာ စိုထိုင်းဆမြင့်မားတာကြောင့် သင်တုန်းဓါးသွားတွေကို အောက်ဆီဒိုက်နှင့် သံချေးတတ်စေနိုင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓါးအပိုက အသုံးမပြုခင်မှာတောင် ပျက်စီးစေနိုင်ပါတယ်။ ဒါ့ကြောင့် မုတ်ဆိတ်ရိတ်ဓါးတွေကို ရေချိုးခန်းထဲမှာ သိမ်းလျှင် သူတို့ရဲ့ပါကင်ထဲမှာ သို့မဟုတ် အသုံးပြုပြီးပြီးချင်း ဗီဒိုထဲမှာ ထည့်သိမ်းပါ။

၅။ လျှပ်စစ်ပစ္စည်းတွေ
ရေချိုးခန်းအတွင်းမှာ သီချင်းနားထောင်ရတာကိုကြိုက်ပါသလား? တယ်လီဖုန်း၊ ဆံပင်အခြောက်ခံစက်များနှင့် အခြားလျှပ်စစ်ပစ္စည်းထုတ်ကုန်များသည် စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ လုံခြုံမှု မရှိပါဘူး။ သို့သော်လည်း လျှပ်စစ်သွားတိုက်တံ၊ ရေစိုခံပစ္စည်းကတော့ ကောင်းပါတယ်။

၆။ လက်ဝတ်ရတနာ
သင်ရေမချိုးခင် ရေချိုးခန်းထဲမှာ ဆွဲကြိုးတွေ၊ လက်စွပ်တွေချွတ်ထားတတ်ပါသလား? အစိုဓါတ်ကြောင့် လက်ဝတ်ရတနာများက အောက်ဆီဒိုက်နှင့် သံချေးတတ်နိုင်ပါတယ်။ ငွေထည်ဆိုရင် အရောင်မှိန်သွားနိုင်ပါတယ်။ ဒါ့ကြောင့် အခြားအခန်းတစ်ခန်းမှာ ဘူးတစ်ခုနှင့် သင့်လက်ဝတ်ရတနာများကို ထားပါ။

၇။ ရေမွှေး
အပူချိန်အပြောင်းအလဲများကြောင့် သင့်အကြိုက်ဆုံးရေမွှေးရဲ့ အနံ့နှင့် အစွမ်းသတ္တိတွေ ဆုံးရှုံးနိုင်ပါတယ်။ အပူချိန်နှင့် စိုထိုင်းဆ တည်ငြိမ်တဲ့ နေရာမှာ ရေမွှေးတွေကို ထိန်းသိမ်းပါ။

၈။ မျက်နှာသုတ်ပုဝါ
အသုံးပြုပြီးနောက်မှာ မျက်နှာသုတ်ပုဝါတွေက စိုစွတ်ပြီး ကျန်ခဲ့ပါတယ်။ ထိုမျက်နှာသုတ်ပုဝါတွေကို ရေချိုးခန်းထဲမှာ ထားခဲ့လျှင် ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တဲ့ နေရာဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် မျက်နှာသုတ်ပုဝါတွေကို အသုံးပြုပြီးနောက် အခန်းတစ်ခုထဲမှာ အခြောက်ခံပြီး ဗီဒိုတစ်ခုထဲ ဒါမှမဟုတ် အဝတ်စင်မှာ ချိတ်ထားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Lifestyle_Myanmar (TB_Nandar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top