ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

သာမန္ မိေက်ာင္းတေကာင္ကို ထိပ္တိုက္ရင္ဆိုင္ေတြ႕မယ္ဆိုရင္ေတာင္ ထိတ္လန႔္သြားၾကမွာျဖစ္ေပမယ့္ ဒီအမ်ိဳးသမီးနဲ႔ မိေက်ာင္းႀကီးၾကား ပတ္သက္ မႈကေတာ့ တကယ့္ကို အံ့ဖြယ္ပါပဲ။

ဒီအျဖစ္အပ်က္ဟာ အင္ဒိုနီးရွားႏိုင္ငံ၊ ေဘာ္နီယိုကြၽန္းမွာ ဒီဇင္ဘာလ ၁ ရက္ေန႔က ျဖစ္ခဲ့တာလို႔ ေမရာသတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။
အရွည္ ၁၅ ေပေလာက္ရွိတဲ့ မိေက်ာင္းႀကီးဟာ ေရထဲမွာ သစ္တုံးႀကီးတတုံးလို ႏွာေခါင္းနဲ႔ မ်က္လုံးသာ ေဖာ္ၿပီး ေ႐ြ႕လ်ားလာခဲ့တာကို ေတြ႕ရပါတယ္။
အမ်ိဳးသမီးရဲ႕ နာမည္ကိုေတာ့ ေဒသတြင္းသတင္းေတြမွာ အမ္ဘိုလို႔ ေဖာ္ျပၾကၿပီး မိေက်ာင္းႀကီးဟာ သူ႔ဆီ အစာေတာင္းဖို႔ လာခဲ့တယ္လို႔ ဆိုပါတယ္။

ေျခတံရွည္အိမ္အနီးေရာက္ခ်ိန္မွာ မိေက်ာင္းႀကီးဆီ သူက ေရပိုက္နဲ႔ ပက္ဖ်န္းသန႔္စင္ေစခဲ့ၿပီး အစာေတြ ပစ္ေကြၽးခဲ့တာကို ေတြ႕ရပါတယ္။
အဲဒီေနာက္မွာေတာ့ မိေက်ာင္းႀကီးဟာ ေရထဲကို ျပန္ငုပ္လွ်ိဳးသြားခဲ့တာ ျဖစ္ပါတယ္။

အဆိုပါေဒသဟာ ေရငံမိေက်ာင္းေတြ ေပါမ်ားတဲ့ ေဒသျဖစ္ၿပီး ေဒသခံေတြဟာ တံငါအလုပ္နဲ႔ အသက္ေမြးၾကသူေတြမ်ားကာ အိမ္ေတြကိုလည္း ခုလို ပုံစံမ်ိဳးနဲ႔ ေရထဲမွာ ေဆာက္ၾကေလ့ရွိတယ္လို႔ ဆိုပါတယ္။

မိေက်ာင္းေတြဟာ အိမ္ေတြဆီကို အစာရွာဖို႔ မၾကာခဏ လာေရာက္ေလ့ရွိၾကၿပီး မ်ားေသာအားျဖင့္ေတာ့ တံငါသည္ေတြက ခုလိုအစာေကြၽးေလ့ရွိတယ္လို႔ ဆိုပါတယ္။

ဒီအျဖစ္အပ်က္ကို ႐ုပ္သံလႊင့္ခဲ့တဲ့ အသက္ ၂၇ ႏွစ္အ႐ြယ္ အက္ဂတ္စ္ ထ႐ိုင္ယန္တိုက “မိေက်ာင္းႀကီးကို အစာေကြၽးခဲ့သူက က်ေနာ္တို႔ အိမ္နီးခ်င္းပါပဲ။ သူ႔ကို က်ေနာ္တို႔က အေမအမ္ဘိုလို႔ သိၾကပါတယ္”လို႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #

သာမန် မိကျောင်းတကောင်ကို ထိပ်တိုက်ရင်ဆိုင်တွေ့မယ်ဆိုရင်တောင် ထိတ်လန့်သွားကြမှာဖြစ်ပေမယ့် ဒီအမျိုးသမီးနဲ့ မိကျောင်းကြီးကြား ပတ်သက် မှုကတော့ တကယ့်ကို အံ့ဖွယ်ပါပဲ။

ဒီအဖြစ်အပျက်ဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းမှာ ဒီဇင်ဘာလ ၁ ရက်နေ့က ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အရှည် ၁၅ ပေလောက်ရှိတဲ့ မိကျောင်းကြီးဟာ ရေထဲမှာ သစ်တုံးကြီးတတုံးလို နှာခေါင်းနဲ့ မျက်လုံးသာ ဖော်ပြီး ရွေ့လျားလာခဲ့တာကို တွေ့ရပါတယ်။
အမျိုးသမီးရဲ့ နာမည်ကိုတော့ ဒေသတွင်းသတင်းတွေမှာ အမ်ဘိုလို့ ဖော်ပြကြပြီး မိကျောင်းကြီးဟာ သူ့ဆီ အစာတောင်းဖို့ လာခဲ့တယ်လို့ ဆိုပါတယ်။

ခြေတံရှည်အိမ်အနီးရောက်ချိန်မှာ မိကျောင်းကြီးဆီ သူက ရေပိုက်နဲ့ ပက်ဖျန်းသန့်စင်စေခဲ့ပြီး အစာတွေ ပစ်ကျွေးခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ မိကျောင်းကြီးဟာ ရေထဲကို ပြန်ငုပ်လျှိုးသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဒေသဟာ ရေငံမိကျောင်းတွေ ပေါများတဲ့ ဒေသဖြစ်ပြီး ဒေသခံတွေဟာ တံငါအလုပ်နဲ့ အသက်မွေးကြသူတွေများကာ အိမ်တွေကိုလည်း ခုလို ပုံစံမျိုးနဲ့ ရေထဲမှာ ဆောက်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။

မိကျောင်းတွေဟာ အိမ်တွေဆီကို အစာရှာဖို့ မကြာခဏ လာရောက်လေ့ရှိကြပြီး များသောအားဖြင့်တော့ တံငါသည်တွေက ခုလိုအစာကျွေးလေ့ရှိတယ်လို့ ဆိုပါတယ်။

ဒီအဖြစ်အပျက်ကို ရုပ်သံလွှင့်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အက်ဂတ်စ် ထရိုင်ယန်တိုက “မိကျောင်းကြီးကို အစာကျွေးခဲ့သူက ကျနော်တို့ အိမ်နီးချင်းပါပဲ။ သူ့ကို ကျနော်တို့က အမေအမ်ဘိုလို့ သိကြပါတယ်”လို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top