iMyanmarHouse.com - Best Property Website for Myanmar
×

ကေလး သူငယ္ေတြကို ေတာင္းရမ္းခိုင္းသူေတြကို ဖမ္းဆီးအေရးယူသြားမယ္လို႔ ပဲခူးတိုင္းေဒသႀကီး ျပည္ခ႐ိုင္ရဲတပ္ဖြဲ႕မႉးကေျပာပါတယ္။

အခုရက္ပိုင္းေတြမွာ ျပည္ၿမိဳ႕က လက္ဖက္ရည္ဆိုင္ေတြ၊ ဘီယာဆိုင္ေတြနဲ႔ လူစည္ကားရာ ေနရာေတြမွာ ကေလးေတြကိုခ်ီၿပီးပိုက္ဆံ လိုက္လံေတာင္းယူသူေတြက ကေလးေတြကို လမ္းေပၚခ်ၿပီးေတာင္းသူေတြ မ်ားလာတာကိုေတြ႕ေနရပါတယ္။

အဲဒီကေလးေတြကို ေတာင္းရမ္း ခိုင္းသူေတြကို စုံစမ္းၿပီးအေရးယူဖို႔ ျပည္ခ႐ိုင္ရဲတပ္ဖြဲ႕က စီစဥ္ေနတာလို႔ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဒုရဲမႉး ျမင့္ေအးက ေျပာပါတယ္။

ခေလးငယ္ေတြ ေတာင္းစားတာေတြ႕ရင္ မိဘအုပ္ထိမ္းသူေတြမွာ တာဝန္ရွိၿပီး ဒါဟာ ဥပေဒေၾကာင္းအရ ရာဇဝတ္မႈက်ဴးလြန္ရာေရာက္တယ္လို႔ ဥပေဒပညာရွင္ေတြက ဆိုပါတယ္။

၂၀၁၄ ခုႏွစ္ ဒီဇင္ဘာလတုန္းကလည္း မိဘမရွိတဲ့ ၄ ႏွစ္အ႐ြယ္ ကေလးငယ္ တေယာက္ကို အဆင့္ဆင့္ေရာင္းခ်ၿပီး ေတာင္းရမ္းခိုင္းတာေတြျဖစ္ခဲ့ပါတယ္။ အဲဒီကေလးကို ျပည္ၿမိဳ႕က ႏိုင္ငံေရးတက္ႂကြသူေတြကစုၿပီး လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရးဦးစီးဌာနကို သြားေရာက္အပ္ႏွံခဲ့ရေပမယ့္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဘယ္သူ႔ကိုမွ အမႈဖြင့္ အေရးယူေဆာင္႐ြက္မႈ မလုပ္ခဲ့ႏိုင္ပါဘူး။

ဒါေၾကာင့္လည္း ကေလးသူငယ္ေတြကို ေတာင္းရမ္းခိုင္းစားသူေတြ ေရာင္းခ်သူေတြကို ထိထိေရာက္ေရာက္ အေရးယူႏိုင္ဖို႔ အခုလို စီစဥ္တာလို႔ ခ႐ိုင္ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMUP2

# Unicode Version ျဖင့္ ဖတ္ပါ #
ကလေး သူငယ်တွေကို တောင်းရမ်းခိုင်းသူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးကပြောပါတယ်။

အခုရက်ပိုင်းတွေမှာ ပြည်မြို့က လက်ဖက်ရည်ဆိုင်တွေ၊ ဘီယာဆိုင်တွေနဲ့ လူစည်ကားရာ နေရာတွေမှာ ကလေးတွေကိုချီပြီးပိုက်ဆံ လိုက်လံတောင်းယူသူတွေက ကလေးတွေကို လမ်းပေါ်ချပြီးတောင်းသူတွေ များလာတာကိုတွေ့နေရပါတယ်။

အဲဒီကလေးတွေကို တောင်းရမ်း ခိုင်းသူတွေကို စုံစမ်းပြီးအရေးယူဖို့ ပြည်ခရိုင်ရဲတပ်ဖွဲ့က စီစဉ်နေတာလို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မြင့်အေးက ပြောပါတယ်။

ခလေးငယ်တွေ တောင်းစားတာတွေ့ရင် မိဘအုပ်ထိမ်းသူတွေမှာ တာဝန်ရှိပြီး ဒါဟာ ဥပဒေကြောင်းအရ ရာဇဝတ်မှုကျူးလွန်ရာရောက်တယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း မိဘမရှိတဲ့ ၄ နှစ်အရွယ် ကလေးငယ် တယောက်ကို အဆင့်ဆင့်ရောင်းချပြီး တောင်းရမ်းခိုင်းတာတွေဖြစ်ခဲ့ပါတယ်။ အဲဒီကလေးကို ပြည်မြို့က နိုင်ငံရေးတက်ကြွသူတွေကစုပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနကို သွားရောက်အပ်နှံခဲ့ရပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အမှုဖွင့် အရေးယူဆောင်ရွက်မှု မလုပ်ခဲ့နိုင်ပါဘူး။

ဒါကြောင့်လည်း ကလေးသူငယ်တွေကို တောင်းရမ်းခိုင်းစားသူတွေ ရောင်းချသူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အခုလို စီစဉ်တာလို့ ခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MMUP2
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top