မြန်မာတစ်နိုင်ငံလုံးမှာ Facility အများဆုံးပါတဲ့ ကမ္ဘာ့အဆင့်မီ Diamond Inya Palace ကွန်ဒို အထူးအရောင်းပြပွဲကြီး
×
(၄) လစ်လျှူရှုလိုက်ပါ
#Unicode Version#
လောကမှာ ယဉ်ကျေးတဲ့သူထက် ရိုင်းစိုင်းတဲ့ သူတွေက ပိုများပါတယ်။ ကိုယ့်အပေါ်ကို ရိုင်းစိုင်းစွာ လာဆက်ဆံခဲ့ရင် ဘယ်လိုတုံ့ပြန်သင့်လဲဆိုတာလေးကို ပြောပြပေးမယ်နော်။
(၁) အသက်ဝဝရှူပြီး မပြောခင်သေချာပြန်စဉ်းစားပါ
ကိုယ့်ကို တစ်ယောက်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း လာပြောတဲ့အခါမှာ စိတ်လိုက်မာန်ပါ ပြန်မပြောပါနဲ့။
ကိုယ့်ကို တစ်ယောက်ယောက်က ရိုင်းရိုင်းစိုင်းစိုင်း လာပြောတဲ့အခါမှာ စိတ်လိုက်မာန်ပါ ပြန်မပြောပါနဲ့။ သင်အရမ်းစိတ်တိုနေမယ်ဆိုတာ သိပေမယ့် သူ့ကိုပြန်မတုန့်ပြန်ခင်မှာ အသက်ဝအောင် အရင်ရှူပြီး ခဏပြန်စဉ်းစားပါ။ သင်စိတ်လိုက်မာန်ပါ တုန့်ပြန်လိုက်ချင်းအားဖြင့် မလိုလားအပ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေဖြစ်လာနိုင်တဲ့အပြင် သင်ရဲ့ အဆင့်အတန်းဟာ အဲဒီ့လူတွေနဲ့ တစ်တန်းတည်း ဖြစ်သွားမှာပါ။ ဒါကြောင့် စိတ်ကိုလျှော့ပြီး ဝေးဝေးမှာနေပါ။
(၂) သင်ဟာသူတို့နဲ့ အဆင့်မတူပါ
သင်သိထားရမှာက သင်ဟာယဉ်ကျေးတဲ့သူ၊ အဆင့်အတန်းရှိတဲ့ သူပါ။ သူတို့နဲ့ ဖက်ပြီး ရန်ဖြစ်နေစရာ လုံးဝမလိုပါဘူး။ အချိန်တန်ရင် သင်နဲ့သူတို့နဲ့ သွားတဲ့လမ်းရော ရောက်တဲ့နေရာပါ ကွဲပြားနေမှာဖြစ်တဲ့အတွက် သင်သိထားရမှာက သင်နဲ့ သူတို့နဲ့က အဆင့်ချင်းမတူဘူးဆိုတာကိုပါ။
(၃) သဘောထားကြီးပေးလိုက်ပါ
တစ်ခါတလေ ကိုယ့်ကို ဘလိုင်းကြီး လာရိုင်းတဲ့သူတွေ ရှိတတ်ပါတယ်။ အကြောင်းရင်းကတော့ ကိုုယ့်ကို မနာလိုလို့၊ သူတို့မှာစိတ်ရှုပ်စရာ တစ်ခုခုရှိလို့၊ ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ ပင်ကိုယ်စရိုက်လည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အပေါ်ကို သင်သဘောထားကြီးပေးလိုက်ပါ။ သင်မတုန့်ပြန်လည်း သူ့ဘာသာသူ ပူလောင်နေပြီးသားမို့ သနားစရာတောင် ကောင်းနေပါသေးတယ်။
(၄) လစ်လျှူရှုလိုက်ပါ
သူတို့သင့်အပေါ် ဘယ်လောက်ပဲရိုင်းရိုင်း စိတ်ထဲမထားပါနဲ့။ လျစ်လျှူရှုလိုက်ပါ။ သင်က လျစ်လျှူရှုလိုက်မှတော့ သူတို့ရဲ့ အပြုအမူဟာ နံရံကိုကြက်ဥနဲ့ ပေါက်သလိုပဲ ဖြစ်နေမှာပါ။ ပြီးတော့ သူတို့ဘယ်လိုရိုင်းရိုင်း သင့်ဘက်က တုတ်တုတ်မျှ မလှုပ်တာကြောင့် သူတို့ရင်ထဲမှာ တနုံ့နုံ့ဖြစ်နေမှာပါ။ လျစ်လျှူရှုခြင်းဟာ အကောင်းဆုံး တုန့်ပြန်ခြင်းပဲနော်။
(၅) မေတ္တာဖြင့်အနိုင်ယူပါ
ဘယ်လိုလုပ်လုပ် သူတို့အကျင့်က မပြောင်းလဲရင်တောင် သင်မေတ္တာထားလိုက်ပါ။ မေတ္တာကသာ အရာအားလုံးကို အနိုင်ယူပါစေ။ သူတို့အပေါ်ကို သင်မေတ္တာထားလိုက်ခြင်းအားဖြင့် ပူလောင်မနေတော့ပဲ သင်ကိုယ်တိုင်ငြိမ်းချမ်းမှုကို ခံစားရမှာပါ။
သင်အရမ်းစိတ်တိုနေမယ်ဆိုတာ သိပေမယ့် သူ့ကိုပြန်မတုန့်ပြန်ခင်မှာ အသက်ဝအောင် အရင်ရှူပြီး ခဏပြန်စဉ်းစားပါ။ သင်စိတ်လိုက်မာန်ပါ တုန့်ပြန်လိုက်ချင်းအားဖြင့် မလိုလားအပ်တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေဖြစ်လာနိုင်တဲ့အပြင် သင်ရဲ့ အဆင့်အတန်းဟာ အဲဒီ့လူတွေနဲ့ တစ်တန်းတည်း ဖြစ်သွားမှာပါ။ ဒါကြောင့် စိတ်ကိုလျှော့ပြီး ဝေးဝေးမှာနေပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top