ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ခုခ်ိန္မွာ သူမဟာ သင့္ရဲ့အိပ္ရာထက္ဝယ္။ေနာက္ဆံုးေတာ့ သူမကို သင္ပိုင္ဆိုင္ခြင့္ရျပီေပါ့။သင္သူမရဲ့အဝတ္အစားေတြကို ကူညီျပီး ခ်ြတ္ေပးတယ္။သင့္ကိုယ္ေပၚက အဝတ္အစားေတြကိုလည္း သင္ဆဲြခ်ြတ္လိုက္တယ္။သင္ သူမရဲ့ေကာက္ေၾကာင္းအလွကို ခံစားတယ္။သင္လိင္ဆက္ဆံဖို့ စတင္ျပင္ဆင္ေနျပီ။ဒါေပမယ့္ ခဏေလး သင္လိင္ဆက္ဆံဖို့မၾကိဳးစားခင္ ခဏေလးပဲ ေက်းဇူးျပဳျပီး ေအာက္ပါေမးခြန္းအခ်ိဳ့ကို သင့္ကိုယ္သင္ဆန္းစစ္ျပီး အရင္ေျဖၾကည့္ပါအံုး။

1.သူမကိုတကယ္ခ်စ္ရဲ့လား?
သင္ သူမရဲ့တင္ပါးအလွေတြကို ေၾကြခဲ့တယ္။သူမရဲ့ရင္သားေတြကို

ပြတ္သီးပြတ္သပ္လုပ္ရတာကို သင္နွစ္သက္တယ္။သင္ သူမစကားေျပာပံု သင့္ကိုခ်ဲြပံုေလးကို

သင္နွစ္သက္မယ္။ဒါေပမယ့္ ထပ္ေမးၾကည့္ပါအံုး။ဘယ္အေျခအေနမ်ိဳးေရာက္ေရာက္

သူမရဲ့ျဖစ္တည္ျခင္းကို သင္တကယ္ခ်စ္တာလား?

2.သူမနဲ့အတူအိပ္ျပီးတဲ့အခါမွာေရာ သင္သိပ္ေၾကြပါတယ္ဆိုတဲ့ သူမရဲ့ျဖစ္တည္မွဳေတြကို

ခ်စ္နိုင္ေသးလား?သူမရဲ့အျပံဳးေတြကေရာ သင့္ကိုအရင္လို ဆဲြေဆာင္နိုင္အံုးမွာလား?

3.သူမကိုယ္ဝန္ရွိလာမယ္ဆိုရင္ေရာ?

သူမဟာ ေလာကဓံကိုတစ္ေယာက္တည္းရင္ဆိုင္ရမွာလား? သင္ကသူမေဘးမွာ

မားမားမတ္မတ္ရပ္တည္ေပးမွာလား?

“ဒါဟာ ကိုယ္တို့နွစ္ေယာက္စလံုးအတူက်ဴးလြန္ခဲ့တဲ့ အမွားတစ္ခုျဖစ္သလို

ကိုယ္တို့နွစ္ေယာက္စလံုးရဲ့ကေလးျဖစ္တယ္”ဆိုျပီး Yes’ဆိုတဲ့စကားတစ္ခြန္းတည္းနဲ့

ေယာက်ၤားပီသစြာ တာဝန္ယူမွာလား? အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးေပးျပီး

ေရွာင္ထြက္သြားမွာလား?

4.သူမက သင့္ကို ကိုယ္ဝန္ရွိေနျပီလို့ ဖုန္းဆက္အေၾကာင္းၾကားခ်ိန္ မညွာမတာ သူမကို

ကိုယ္ဝန္ဖ်က္ခ်ခိုင္းဖို့စြန့္စားခိုင္းမွာလား? ဒီကေလးကိုသတၱိရွိရွိဆက္ေမြးဖို့ ခြန္အားေပးမွာလား?

5.သိပ္အေရးၾကီးတာတစ္ခုက သူမ သင္နွင့္သက္ဆိုင္တဲ့ ကေလးတစ္ေယာက္ကို

စတင္ေမြးဖြားလိုက္တဲ့အခ်ိန္မွာ အဲကေလးကိုသင္ေသခ်ာဂရုစိုက္နိုင္မွာလား?သူနဲ့ပတ္သက္တဲ့

စိတ္ပိုင္းဆိုင္ရာ၊ရုပ္ပိုင္းဆိုင္ရာ၊စိတ္ဓာတ္ပိုင္းဆိုင္ရာအျပင္ လိုအပ္တဲ့ေငြေၾကးအဝဝကို

သင္ပံ့ပိုးျဖည့္ဆည္းေပးနိုင္ဖို့ အဆင္သင့္ျဖစ္ေနျပီလား?


6.သူမဟာ သင့္အတြက္ လက္ထပ္ရေလာက္တဲ့ထိ အေရးပါတဲ့သူလား?

ညအတူအိပ္ရုံေလာက္ သေဘာထားတဲ့သူလား?

(ေတြးၾကည့္ပါ အဲမိန္းကေလးေနရာမွာ သင့္အစ္မ(သို့)ညီမသာဆိုရင္)

သူမနွင့္အတူ ညေရးညတာကုန္ဆံုးဖို့ သင္နွစ္သက္သလိုမ်ိဳး သင့္ဇနီးျဖစ္လာဖို့ကို

ဘာလို့မျဖစ္နိုင္ရတာလဲ?


7.သူမကိုဇနီးတစ္ေယာက္အျဖစ္ ျမတ္ျမတ္နိုးနိုးလက္ထပ္ျပီး ဘဝတစ္ခုကုန္ဆံုးဖို့

ဘာလို့သင္ေနွာင့္ေနွးေနတာလဲ??

သင္ သူမနဲ့အတူအိပ္ျပီး သူမကိုထားခဲ့ျပီး ထြက္ခြာသြားမယ္ဆိုရင္

ေတြးၾကည့္ပါ။သူမရဲ့ဝမ္းနည္းမွဳ၊နာက်င္မွဳ တစ္ခုခ်င္းစီ သူမဘက္ကခံစားျပီး

ေတြးၾကည့္ေပးပါ။တကယ္လို့မ်ား သင့္ကေလးတစ္ေယာက္ေယာက္

အဲလိုလုပ္ခံခဲ့ရမယ္ဆိုရင္ေရာ?


ဒီေန့ သင္သိပ္ျဖစ္ခ်င္တဲ့ဆႏၵတစ္ခုကို မေတာင့္ခံ၊မမ်ိဳသိပ္နိုင္လို့

လုပ္မိလိုက္တယ္ပဲထား၊မနက္ျဖန္အတြက္ပါ ၾကိဳေတြးထားေပးပါ။

Don’t forget GOD is watching all of us!

ဖိုးသူေတာ္ (www.phothutaw.com)
Credit: freezemyanmar

# Unicode Version ျဖင့္ ဖတ္ပါ #

ခုချိန်မှာ သူမဟာ သင့်ရဲ့အိပ်ရာထက်ဝယ်။နောက်ဆုံးတော့ သူမကို သင်ပိုင်ဆိုင်ခွင့်ရပြီပေါ့။သင်

သူမရဲ့အဝတ်အစားတွေကို ကူညီပြီး ချွတ်ပေးတယ်။သင့်ကိုယ်ပေါ်က

အဝတ်အစားတွေကိုလည်း သင်ဆွဲချွတ်လိုက်တယ်။သင် သူမရဲ့ကောက်ကြောင်းအလှကို

ခံစားတယ်။သင်လိင်ဆက်ဆံဖို့ စတင်ပြင်ဆင်နေပြီ။ဒါပေမယ့် ခဏလေး

သင်လိင်ဆက်ဆံဖို့မကြိုးစားခင် ခဏလေးပဲ ကျေးဇူးပြုပြီး အောက်ပါမေးခွန်းအချို့ကို

သင့်ကိုယ်သင်ဆန်းစစ်ပြီး အရင်ဖြေကြည့်ပါအုံး။

1.သူမကိုတကယ်ချစ်ရဲ့လား?

သင် သူမရဲ့တင်ပါးအလှတွေကို ကြွေခဲ့တယ်။သူမရဲ့ရင်သားတွေကို

ပွတ်သီးပွတ်သပ်လုပ်ရတာကို သင်နှစ်သက်တယ်။သင် သူမစကားပြောပုံ သင့်ကိုချွဲပုံလေးကို

သင်နှစ်သက်မယ်။ဒါပေမယ့် ထပ်မေးကြည့်ပါအုံး။ဘယ်အခြေအနေမျိုးရောက်ရောက်

သူမရဲ့ဖြစ်တည်ခြင်းကို သင်တကယ်ချစ်တာလား?

2.သူမနဲ့အတူအိပ်ပြီးတဲ့အခါမှာရော သင်သိပ်ကြွေပါတယ်ဆိုတဲ့ သူမရဲ့ဖြစ်တည်မှုတွေကို

ချစ်နိုင်သေးလား?သူမရဲ့အပြုံးတွေကရော သင့်ကိုအရင်လို ဆွဲဆောင်နိုင်အုံးမှာလား?

3.သူမကိုယ်ဝန်ရှိလာမယ်ဆိုရင်ရော?

သူမဟာ လောကဓံကိုတစ်ယောက်တည်းရင်ဆိုင်ရမှာလား? သင်ကသူမဘေးမှာ

မားမားမတ်မတ်ရပ်တည်ပေးမှာလား?

“ဒါဟာ ကိုယ်တို့နှစ်ယောက်စလုံးအတူကျူးလွန်ခဲ့တဲ့ အမှားတစ်ခုဖြစ်သလို

ကိုယ်တို့နှစ်ယောက်စလုံးရဲ့ကလေးဖြစ်တယ်”ဆိုပြီး Yes’ဆိုတဲ့စကားတစ်ခွန်းတည်းနဲ့

ယောင်္ကျားပီသစွာ တာဝန်ယူမှာလား? အကြောင်းပြချက်အမျိုးမျိုးပေးပြီး

ရှောင်ထွက်သွားမှာလား?

4.သူမက သင့်ကို ကိုယ်ဝန်ရှိနေပြီလို့ ဖုန်းဆက်အကြောင်းကြားချိန် မညှာမတာ သူမကို

ကိုယ်ဝန်ဖျက်ချခိုင်းဖို့စွန့်စားခိုင်းမှာလား? ဒီကလေးကိုသတ္တိရှိရှိဆက်မွေးဖို့ ခွန်အားပေးမှာလား?

5.သိပ်အရေးကြီးတာတစ်ခုက သူမ သင်နှင့်သက်ဆိုင်တဲ့ ကလေးတစ်ယောက်ကို

စတင်မွေးဖွားလိုက်တဲ့အချိန်မှာ အဲကလေးကိုသင်သေချာဂရုစိုက်နိုင်မှာလား?သူနဲ့ပတ်သက်တဲ့

စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ၊စိတ်ဓာတ်ပိုင်းဆိုင်ရာအပြင် လိုအပ်တဲ့ငွေကြေးအဝဝကို

သင်ပံ့ပိုးဖြည့်ဆည်းပေးနိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလား?


6.သူမဟာ သင့်အတွက် လက်ထပ်ရလောက်တဲ့ထိ အရေးပါတဲ့သူလား?

ညအတူအိပ်ရုံလောက် သဘောထားတဲ့သူလား?

(တွေးကြည့်ပါ အဲမိန်းကလေးနေရာမှာ သင့်အစ်မ(သို့)ညီမသာဆိုရင်)

သူမနှင့်အတူ ညရေးညတာကုန်ဆုံးဖို့ သင်နှစ်သက်သလိုမျိုး သင့်ဇနီးဖြစ်လာဖို့ကို

ဘာလို့မဖြစ်နိုင်ရတာလဲ?


7.သူမကိုဇနီးတစ်ယောက်အဖြစ် မြတ်မြတ်နိုးနိုးလက်ထပ်ပြီး ဘဝတစ်ခုကုန်ဆုံးဖို့

ဘာလို့သင်နှောင့်နှေးနေတာလဲ??

သင် သူမနဲ့အတူအိပ်ပြီး သူမကိုထားခဲ့ပြီး ထွက်ခွာသွားမယ်ဆိုရင်

တွေးကြည့်ပါ။သူမရဲ့ဝမ်းနည်းမှု၊နာကျင်မှု တစ်ခုချင်းစီ သူမဘက်ကခံစားပြီး

တွေးကြည့်ပေးပါ။တကယ်လို့များ သင့်ကလေးတစ်ယောက်ယောက်

အဲလိုလုပ်ခံခဲ့ရမယ်ဆိုရင်ရော?


ဒီနေ့ သင်သိပ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုကို မတောင့်ခံ၊မမျိုသိပ်နိုင်လို့

လုပ်မိလိုက်တယ်ပဲထား၊မနက်ဖြန်အတွက်ပါ ကြိုတွေးထားပေးပါ။

Don’t forget GOD is watching all of us!

ဖိုးသူတော် (www.phothutaw.com)
Credit: freezemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top