ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဟုတ္ပါတယ္… ။
ကြ်န္ေတာ္ သားဆိုးပါ….။
ကြ်န္ေတာ့္ကို ခြင့္မလႊတ္ပါနဲ႔အေမ…။
ကြ်န္ေတာ့္ကို အားမကိုးပါနဲ႔ အေဖ….။

“ကြ်န္ေတာ့္ အိမ္ မီးေလာင္ေနပါတယ္ ခင္ဗ်…ကယ္ၾကပါဦး ..ကြ်န္ေတာ့္မိဘေတြ အိမ္ထဲမွာပိတ္မိေနပါတယ္…။”

“လိပ္စာအျမန္ေပးပါခင္ဗ်ာ ..ကြ်န္ေတာ္တို႔မီးသတ္အဖြဲ႕က အျမန္ဆံုးလာပါမယ္.. ခင္ဗ်ားလည္း အႏၲရာယ္မရွိမဲ့ေနရာမွာ ေနပါ..။ ေလ႐ွဴလို႔ရမယ့္ေနရာမ်ိဳးေရြးေနပါ”

လိပ္စာကို သားျဖစ္သူက အလွ်င္အျမန္ ေျပာျပသည္…။

“ကယ္ၾကပါဦးဗ်ာ… ကယ္ၾကပါဦး”

သူတို႔ေနေသာ ေနရာသည္ ေတာင္ကိုရီးယား၊ ဂန္နနမ္းၿမိဳ႕နယ္၊ ဆမ္းေဆာင္းရပ္ကြက္ဆိုသည့္ လူခ်မ္းသာမ်ားသာ ေနႏိုင္သည့္ ရပ္ကြက္တစ္ခု ျဖစ္သည္။

အေနာက္တိုင္းပံုစံေဆာက္ထားေသာ လွပသည့္အိမ္ကေလးမွ မီးခိုးမ်ား အဆက္မျပတ္ထြက္ေနသည္။

၁၁၉ မီးသတ္၊ ရဲ ၊ ေဆး႐ုံကားမ်ား တခဏအတြင္းေရာက္လာၾကသည္။

သို႔ေပမယ့္ အလြန္ေနာက္က်သြားေလျပီ…။

မိခင္ႏွင့္ ဖခင္ႏွစ္ဦးစလံုး မီးေသြးတုံးႀကီးမ်ားကဲ့သို႔ မည္းနက္ၿပီး တကိုယ္လံုးရစရာမရွိေအာင္မီးေလာင္ေသဆံုးေနၿပီျဖစ္သည္…။

အပိုင္း -၁

မီးေလာင္၍ ေသဆံုးသြားေသာ မိဘႏွစ္ပါးတို႔၏ အေလာင္းကို မၾကည့္ရဲပဲျဖစ္ေနတဲ့….မ်က္ႏွာလႊဲၿပီး ျခဳံးပြဲခ် ငိုေနတဲ့ သားတစ္ေယာက္ရွိပါတယ္…၊

ကြ်န္ေတာ္ ဘာ့ခ္ ဟန္ ဆန္ (Park Han- Sang) ပါ ။

ကြ်န္ေတာ္ ေပးတဲ့ဒုကၡအမ်ိဳးမ်ိဳးကို ရင္စည္းခံခဲ့တဲ့ အေဖနဲ႔အေမရဲ႕ ေနာက္ဆံုးအခ်ိန္မွာ ကြ်န္ေတာ့္ဖက္က လုပ္ေပးႏိုင္တာမရွိခဲ့ပါ။

အဲဒီေန႔က ၁၉၉၄ ခုႏွစ္ ၅ လပိုင္း ၁၈ ရက္ေန႔ျဖစ္ပါတယ္။

အခုေတာ့ ကြ်န္ေတာ့္မိဘႏွစ္ပါး ဆံုးပါးသြားၿပီေလ..။ ကြ်န္ေတာ့္အသက္ ၂၃ ႏွစ္ပဲ ရွိပါေသးတယ္။

လူ႔ေလာကႀကီးအလယ္မွာ ကြ်န္ေတာ္တစ္ေယာက္ထဲ က်န္ခဲ့ပါၿပီ..။

ေရွ႕ဆက္ၿပီးဘာေတြျဖစ္လာမလဲ မေတြးတတ္ေတာ့ပါဘူး။

ကြ်န္ေတာ္ မေတြးခ်င္ဘူး။
ကြ်န္ေတာ္ ေၾကာက္တယ္..။

ဟုတ္ပါတယ္… ။
ကြ်န္ေတာ္ သားဆိုးပါ….။
ကြ်န္ေတာ့္ကို ခြင့္မလႊတ္ပါနဲ႔အေမ…။
ကြ်န္ေတာ့္ကို အားမကိုးပါနဲ႔ အေဖ….။

ဘဝတပါးသို႔ စြန္႔ခြာသြားတဲ့ ကြ်န္ေတာ့္ဖခင္ဟာ အသက္ ၄၇ ႏွစ္ပဲရွိပါေသးတယ္။

အေဖက ကြ်န္ေတာ့္ကို တိုင္းရင္းေဆးဆရာဝန္ႀကီးျဖစ္ေစခ်င္တာဗ်…။

ကြ်န္ေတာ္တို႔ ဒီေလာက္ခ်မ္းသာတာ ဘာလို႔ စာႀကိဳးစားရမလဲဗ်ာ..။

တိုင္းရင္းေဆးဆရာဝန္ျဖစ္ဘို႔ဆိုတာ လြယ္တယ္မ်ားမွတ္ေနလားမသိ..။

ကြ်န္ေတာ့္ အေဖကေတာ့ ေတာ္ေတာ္႐ိုးသားႀကိဳးစားတဲ့လူ…။ ကြ်န္ေတာ္နဲ႔ေတာ့ မကိုက္ပါဘူး..။ ခ်မ္းသာတယ္သာေျပာတာ သိပ္ေႁခြတာတယ္။ ကပ္စီးနည္းႀကီးဗ်…။ သူေသရင္ ယူသြားလို႔ရမယ္ မွတ္ေနတယ္ထင္ပါရဲ႕..။

အေဖဦးစီးလုပ္ကိုင္တဲ့ ကိုရီးယား႐ိုးရာေဆးေဖာ္တဲ့ သစ္ဥ သစ္ဖုမ်ားကို လက္ကားျဖန္႔ခ်ီေပးသည့္ လုပ္ငန္း ကေတာ့ ပိုက္ဆံအဝင္ဆံုးပဲ…။

အေဖက စီးပြားေရးနယ္ပယ္မွာ ေအာင္ျမင္သူတစ္ေယာက္ေပါ့…။

ဘာ့ခ္ ဟန္ ဆန္ ဆိုတဲ့ကြ်န္ေတာ္က သားအႀကီးျဖစ္ပါတယ္။

ကြ်န္ေတာ့္မွာ ကြ်န္ေတာ့္ထက္ ၂ ႏွစ္ငယ္တဲ့ ညီတစ္ေယာက္ရွိတယ္။

ကြ်န္ေတာ္ မေတာ္ခ်င္တဲ့ ညီေပါ့..။သူ ကြ်န္ေတာ့္ဘဝထဲေရာက္လာကထဲက ကြ်န္ေတာ္ မၾကည္ျဖဴႏိုင္ဘူး…။ ကြ်န္ေတာ့္ဘဝထဲမွာ သူမရွိရင္ေကာင္းမယ္။

အေဖ ၊အေမ၊ အခ်စ္ ပစၥည္းဥစၥာေတြအားလံုးကို ကြ်န္ေတာ္ တစ္ေယာက္ထဲပိုင္ခ်င္တယ္။ သူ႔ကို မခြဲေဝေပးႏိုင္ဘူး..။

ရယ္ေတာ့ ရယ္ရတယ္ဗ်… ကြ်န္ေတာ့္မိဘေတြက ကြ်န္ေတာ့္ကို စိတ္အထူးကုဆရာဝန္နဲ႔တန္းျပေတာ့တာပဲ…။

ဆရာဝန္ကိုယ္တိုင္က ႐ူးေနတာဗ်…။ ပိုက္ဆံ ႐ူး႐ူးေနတာေလ…။ ေငြရရင္ၿပီးေရာ ကြ်န္ေတာ့္ေရာဂါကို နာမည္တပ္တယ္..

“တကိုယ္ေကာင္းဆန္တဲ့ ေရာဂါ…” တဲ့ဗ်ာ..။
ၾကားလို႔မွေကာင္းေသးရဲ႕လား…။

ေနာက္ဆံုးေတာ့ ကြ်န္ေတာ့္ မိဘေတြဟာ ကၽြန္ေတာ့္ကို မလြန္ဆန္ႏိုင္ဘူး..။ ကြ်န္ေတာ့္ညီဆိုတဲ့ေကာင္ကို ကြ်န္ေတာ့္ ဦးေလးဆီ ေတြကို ေမြးစားေစခဲ့တယ္။

ဘယ္ရမလဲဗ်ာ..ကြ်န္ေတာ္က ဒါဆိုဒါပဲ..။

အေဖက ကိုရီးယားထံုးစံအတိုင္းေပါ့ဗ်ာ…သားႀကီးကို ပညာတတ္ ျဖစ္ေစခ်င္တယ္…။

ေငြအကုန္ခံၿပီး စာသင္ေပးတယ္။ ပိုက္ဆံေပးတိုင္း ပညာတတ္ျဖစ္မယ္ဆို ခ်မ္းသာတဲ့သူအားလံုး ဆရာဝန္ေတြ သိပၸံပညာရွင္ေတြျဖစ္ကုန္မွာေပါ့..။

ကြ်န္ေတာ္ စိတ္မဝင္စားတာေတြမို႔ ဘယ္အရာလုပ္လုပ္ ဆံုးေအာင္မလုပ္ႏိုင္ဘူး…။ ကြ်န္ေတာ္က ကြ်န္ေတာ့္ စတိုင္လ္ မဟုတ္ရင္ ေရာက္ရာေနရာမွာ ရပ္ပစ္တာဗ်…။

ျဖစ္ျပန္ၿပီ…ဒါလဲေရာဂါတဲ့…။
ေပးဦးေပါ့ ပိုက္ဆံေတြ အ႐ူးဆရာဝန္ကို…။

ေက်ာင္းက သူငယ္ခ်င္းေတြကလဲ ကြ်န္ေတာ့္ကို တကိုယ္ေကာင္းဆန္စိတ္ အလြန္ႀကီးတယ္ ဘာညာေပါ့…။

ကြ်န္ေတာ့္ကို ေပါင္းမည့္သူငယ္ခ်င္းမရွိတာေတာ့ ကြ်န္ေတာ္ ေဒါသျဖစ္တယ္။ ဒီေဒါသေတြကို အိမ္ေရာက္တာနဲ႔ ဝုန္းဒိုင္းႀကဲပစ္တာ…။

မိဘေလ..။ သူတို႔တေတြ ပိုက္ဆံမေပးလို႔ ကြ်န္ေတာ္ သူငယ္ခ်င္းမရတာ…။

မုန္႔ဝယ္ေကြ်းမယ္ ဘယ္သူလိုက္မလဲ..? ဆို အလကား လိုက္မစားမယ့္သူရွိလား..။

ေက်ာင္းမွာ ကြ်န္ေတာ္ဟာ အပယ္ခံတစ္ေယာက္ျဖစ္လာတယ္။ ဒါဟာ မိဘေၾကာင့္…။
ကြ်န္ေတာ့္ကို ပိုက္ဆံမေပးလို႔…။

ကြ်န္ေတာ့္အေၾကာင္းကို အေဖက သူ ကိုးကြယ္တဲ့ ခရစ္ယာန္ဘုန္းႀကီးနဲ႔တိုင္ပင္တယ္။
ၿပီးေတာ့ ကြ်န္ေတာ့္ကို ႏိုင္ငံျခားပို႔ဖို႔ေျပာလာတယ္။

“သားရယ္..ကိုရီးယားက ေက်ာင္းမွာ သားကို ဝိုင္းပယ္ၾကတာကို စိတ္မညစ္ပါနဲ႔…။ မင္းသူငယ္ခ်င္းေတြထက္သာတဲ့ အေမရိကားကို အေဖပို႔ေပးမယ္..သား စာေလးနည္းနည္း ႀကိဳးစားေပးပါ…”

“စာေတြ ဘာေတြ လာေျပာမေနနဲ႔ဗ်ာ..စိတ္မဝင္စားဘူး… ခင္ဗ်ားသြားသင္ပါလား? ကြ်န္ေတာ္ ဒီမွာ ခင္ဗ်ား စီးပြားေရး ဦးစီးေပးမယ္ေလ..”

ထံုးစံအတိုင္း သားအဖႏွစ္ေယာက္ ရန္ျဖစ္တာေပါ့ ။ အေမကေတာ့ အေဖ့အေရွ႕မွာဆို အၿမဲကြ်န္ေတာ့္ ဖက္က အကာကြယ္စကားေျပာမယ္.. ၿပီးရင္ မူယာ မာယာမ်ားၿပီး အေပ်ာ့ဆြဲနဲ႔ နားခ်မယ္…ဒါပဲေလ သူတို႔ႏွစ္ေယာက္..။ အတိုင္အေဖာက္ကိုညီလို႔…။

“မင္း အေမရိကားမသြားခ်င္ရင္ ပိုေတာင္ေကာင္းေသးတယ္။ ေငြမကုန္ေတာ့ဘူးေပါ့ကြာ..”

မျဖစ္ဘူး ႏိုင္ငံျခားေတာ့သြားခ်င္သား..။

“ခင္ဗ်ားႀကီးကို ဘယ္သူက မသြားဘူးေျပာေနလို႔လဲ… အစထဲက မပို႔ေပးခ်င္ဘူး စကားအျဖစ္ေျပာေနတာ မသိဘူးမွတ္လို႔လား”

သည္လိုနဲ႔ ဘာ့ခ္ ဟန္ ဆန္ ဆိုတဲ့ကြ်န္ေတာ္ အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လစ္ ( Los Angeles , America ) ကို ေရာက္ခဲ့သည္။

“ဟား … ေပ်ာ္လိုက္တာ! မိဘေတြနဲ႔ေနရတဲ့ ဒုကၡမေသးလွပါလား”

ကြ်န္ေတာ္..? စာႀကိဳးစားမယ္ထင္သလား?
အဂၤလိပ္စာဘယ္ေလာက္ခက္တယ္မွတ္လဲ? ကြ်န္ေတာ္နဲ႔ေတာ့ေဝးေသးတယ္..။

အေမရိကားေရာက္ၿပီး လာ့စ္ ေဗးဂါ့စ္မွာ ေလာင္းကစား မလုပ္ဖူးပဲ ကိုရီးယားကို ျပန္မလားဗ်…။ ရာဇဝင္႐ိုင္းသြားမွာေပါ့..။

ကြ်န္ေတာ္ ေလာင္းကစားစလုပ္တယ္..!
ပိုက္ဆံတဲ့ဗ်ာ…! ပိုက္ဆံရွိေတာ့ ဘယ္ေနရာမွာမဆို လူရာဝင္တယ္ဗ်..။

အေဖက တစ္လကို အနည္းဆံုးေဒၚလာ ၂၀၀၀ ပို႔ေပးတယ္။

ကိုရီးယားက ေကာင္ေတြ မနာလိုျဖစ္လို႔ ကြ်န္ေတာ့္ကို မေပါင္းတာဗ်..။ အေမရိကားမွာေနတဲ့ အေမရိကန္-ကိုရီးယားသူငယ္ခ်င္းအသစ္ေတြနဲ႔ မ်ားကြာပါ့…။

ကြ်န္ေတာ္နဲ႔ကိုက္တယ္။ အဂၤလိပ္လိုလဲေျပာစရာမလိုဘူး။ သူတို႔က ကိုရီးယားေပမယ့္ အေမရိကားစတိုင္လ္ေလ…။ ဟိုေကာင္ေတြလို ကြ်န္ေတာ့္ကို လိုက္ၾကည့္ၿပီးေဝဖန္ေနတာမဟုတ္ဘူး။

အခုေတာ့ သူတို႔ထက္သာတဲ့ အေမရိကားေရာက္ေနၿပီေပါ့..။

ကြ်န္ေတာ္ အသစ္တစ္ခု သိခဲ့ရတယ္…။ ေလာင္းကစားဗ်…။ ေဟာဗ်ာ….ဒီလို လြယ္လြယ္နဲ႔ ခ်မ္းသာတဲ့နည္း!!!

ဒါကို ကြ်န္ေတာ္ သိခဲ့ရၿပီ…။ အေဖ့လို တကုန္းကုန္း အလုပ္လုပ္စရာမလိုေတာ့ဘူးဗ်ာ..။

ေလာင္းကစားဆိုတာ လူေကာင္း လုပ္တဲ့ အလုပ္မဟုတ္ဘူးလား…?
ထင္ခ်င္သလိုထင္ဗ်ာ…ကြ်န္ေတာ္လူဆိုးပဲထားလိုက္ပါေတာ့..။

ဟုတ္ပါတယ္… ။
ကြ်န္ေတာ္ သားဆိုးပါ….။
ကြ်န္ေတာ့္ကို ခြင့္မလႊတ္ပါနဲ႔အေမ…။
ကြ်န္ေတာ့္ကို အားမကိုးပါနဲ႔ အေဖ….။

တစ္လ တစ္လ ပို႔ေပးတဲ့ေဒၚလာ ၂၀၀၀ နဲ႔မေလာက္ေတာ့ ေဒၚလာ ၁၈,၀၀၀ တန္ကားတစီးဝယ္ေပးလို႔ အေမ့ဆီလိမ္ေတာင္းတာေပါ့…။

အဲဒါလဲ ကုန္တာပါပဲဗ်ာ…အခုတေလာ ဘာလုပ္လုပ္ ကံမလိုက္ဘူး။

ေလာင္းကစားဆိုတာ အခ်ီႀကီးတခ်က္မိတဲ့အထိ စိတ္ရွည္ရမွာဗ်…။ တစ္ခ်က္ မိသြားရင္ ပြဲၿပီးသြားၿပီ…။အေဖတို႔ထက္ေတာင္ ခ်မ္းသာဦးမွာ…။

ေငြမရွိေတာ့ သူမ်ားႏိုင္ငံမွာ ဆက္ေနလို႔မရဘူးဗ်…။

ကြ်န္ေတာ္ ကိုရီးယားကို မိဘေတြမသိေအာင္ ျပန္လာခဲ့တယ္။ ကိုယ့္အျပစ္နဲ႔ကိုယ္ အေဖ့ကို မေျပာရဲဘူး။ ကိုယ္က သူတို႔ဆီက လက္ျဖန္႔ေတာင္းေနရတဲ့အခ်ိန္ဆိုေတာ့ ဒီလိုပဲေပါ့ဗ်ာ…။

ကြ်န္ေတာ္ ေငြတိုးေခ်းစားတဲ့သူေတြဆီမွာ ေငြေခ်းလိုက္တယ္။ၿပီးေတာ့ ရတဲ့ေငြနဲ႔ အိမ္မျပန္ပဲ ေဟာ္တယ္မွာေနလိုက္တယ္။

အေဖသိသြားတယ္။
ထံုးစံအတိုင္း ျပႆနာတက္ေတာ့တာေပါ့..။

အေဖ့ကို ေနာက္မလုပ္ေတာ့ပါဘူးလို႔ ဂတိေပးလိုက္တယ္။

အေဖက ကြ်န္ေတာ္ အေမရိကားကို ျပန္ပို႔ေပးတယ္။

အေမရိကားျပန္ပို႔ေတာ့လည္း ေလာင္းကစားဆက္လုပ္ရတာေပါ့ဗ်ား..။

ဒါေပမယ့္ မၾကာခင္ ေငြျပတ္သြားပါေလေရာ..။

ကြ်န္ေတာ္ေငြလိုတယ္။ အေႂကြးေတြ အထပ္ထပ္တင္ေနၿပီ…။ ကြ်န္ေတာ္ စိတ္အရမ္းညစ္လာတယ္။ ကြ်န္ေတာ္ ေမလ ၁၃ ရက္ေန႔မွာ ကိုရီးယားကို ျပန္လာတယ္။ အေဖ့အိမ္မွာ ျပန္ေနရတာ ကြ်န္ေတာ္ စိတ္ညစ္တယ္။

အေဖက ေငြမေပးဘူး..။
အေဖ့ကို မုန္းတယ္။ တေန႔ကြ်န္ေတာ့္ အေမြေပး ရမယ့္ေငြေတြကို သူတို႔က ဘာလို႔ ကိုင္ထားတာလဲ?

အေမက ဝိုင္းမေျပာေပးဘူး..။
အေမ့ကိုစိတ္နာတယ္။

အခုေတာ့ ကြ်န္ေတာ္ စိတ္နာတဲ့ မိဘႏွစ္ပါးလံုး မရွိေတာ့ပါဘူး။ ဒါေပမယ့္ ကြ်န္ေတာ့္ ခ်စ္သူေတာ့ ရွိပါေသးတယ္။ သူမ ကြ်န္ေတာ့္ကို အေတာ္ ဂ႐ုစိုက္ရွာတယ္။

“အိုးပါး ( ကိုကို) ..ညီမ ဘာလုပ္ေပးရမလဲ..! စိတ္မေကာင္းပါဘူး”

” အခ်စ္ေရ… အေရွ႕ကိုပဲေတြးဘို႔ ႀကိဳးစားမယ္ကြာ…. မင္း ကိုကို႔ ကို သစၥာမေဖာက္နဲ႔ေနာ္”

မိဘမ်ားဆံုးပါးသြားေသာ ထိုေန႔သည္ဘာ့ခ္ ဟန္ ဆန္ႏွင့္မိဘတို႔ ေနေသာ လံုးခ်င္းတိုက္ အေပၚႏွစ္ထပ္ ျပင္ေနသျဖင့္ ေျမေအာက္ထပ္တြင္ မိသားစုလိုက္ ယာယီ ေျပာင္းေနခ်ိန္ျဖစ္သည္။

မိဘႏွစ္ပါးက အိပ္ခန္းထဲတြင္အိပ္ေန၍ သားျဖစ္သူ ဘာ့ခ္ ဟန္ ဆန္ ကေတာ့ ဧည့္ခန္းထဲရွိ ဆိုဖာေပၚတြင္ အိပ္ေနခ်ိန္တြင္ မီးေလာင္မႈျဖစ္ပြားသည္ဟု ဘာ့ခ္ ဟန္ ဆန္က တာဝန္ရွိသူမ်ားအား ရွင္းျပခဲ့သည္။

“မီးေတာက္ေတြရဲ႕ အပူရွိန္ ပစၥည္းေတြ လဲၿပိဳ ေပါက္ကြဲ သံေတြေၾကာင့္ ကြ်န္ေတာ္ အိပ္ယာက လန္႔ႏိုးသြားၿပီး ဖိနပ္ေတာင္မပါ အသက္လုေျပးခဲ့ရတယ္။ ”

“အေဖနဲ႔အေမ အသက္ကိုမကယ္လိုက္ႏိုင္ခဲ့တာ ကြ်န္ေတာ္ ရဲ႕ အႀကီးမားဆံုး အျပစ္ႀကီးပါပဲဗ်ာ….။”

မီးသတ္အရာရွိတို႔က “မေတာ္တဆ မီးေလာင္မႈ” ဟု သတ္မွတ္လိုက္ၾကသည္…။

သို႔ေသာ္….

ဖိနပ္မပါပဲ အသက္လုေျပးခဲ့ရသည္ဆိုေသာ ဘာ့ခ္ ဟန္ ဆန္ ၏ေျခေထာက္မ်ားက ျဖဴေဖြးသန္႔ရွင္းေနသည္ကို ေထာက္လွမ္းေရးတစ္ဦးက သတိျပဳမိသြားေလသည္။

ဟင္… ဘာ့ခ္ ဟန္ ဆန္ က သူ႔မိဘေတြကို တမင္သက္သက္ မကယ္ခဲ့တာလား?!? သူ႔မွာ ဖိနပ္စီးဘို႔ အခ်ိန္ေတာင္ ရခဲ့ပံုရတယ္… ဖိနပ္မပါပဲ ေျပးခဲ့တယ္လို႔ လိမ္ေနတယ္….။

သို႔ေသာ္ ေထာက္လွမ္းေရးက သူ႔ကို ဘာမွမေမးခဲ့ပါ…။ ဘာ့ခ္ ဟန္ ဆန္ ၏ ခႏၶာကိုယ္တြင္ ဒါဏ္ရာအနည္းငယ္ရေနေသာေၾကာင့္ျဖစ္သည္။ ဒါဏ္ရာမျပင္းထန္ေသာ္လည္း ဘာ့ခ္ ဟန္ ဆန္ အားေဆး႐ုံပို႔လိုက္ၾကသည္။

အေလာင္းမ်ားအား သိပၸံခန္းမွ စစ္ေဆးရာ အလြန္ ရင္နင့္ဖြယ္ အျဖစ္ဆိုးႀကီးတစ္ခုကို သိရွိခဲ့ရသည္။

မိဘႏွစ္ပါး၏ခႏၶာကိုယ္ အတြင္းပိုင္းအျပင္ပိုင္း၌ ေသြးမ်ား စီးက်ေနေလသည္။ မီးေလာင္ခံရလွ်င္ အသားမ်ားက်က္၍ ေသြးမ်ား ကပ္ေနေလ့ရွိသည္။ အခုေတာ့ ေသြးမ်ားပန္းထြက္သည့္ပံုစံမ်ိဳးျဖစ္ေနသည္။

“ဟင္!?! ဓါးဒါဏ္ရာေတြနဲ႔ပါလား”

ဖခင္ႀကီးထံမွာ ဓါးဒါဏ္ရာ အခ်က္ ၅၀ ခန္႔ရွိေနသည္။

မိခင္ႀကီးထံမွာေတာ့ ဓါးဒါဏ္ရာ ၄၀ ခ်က္ခန္႔ရွိေနသည္။

မိဘႏွစ္ပါးလံုး အဓိက မ်က္ႏွာႏွင့္လည္ပင္းေနရာမ်ား စုတ္ျပတ္ေနၾကသည္။

“ဟာ!?! ဒါ မေတာ္တဆလူေသမႈမဟုတ္ဘူး.. မေသမခ်င္း ရက္ရက္စက္စက္ သတ္ထားတဲ့ လူသတ္မႈႀကီးဗ်…။ ”

ဘာ့ခ္ ဟန္ ဆန္ မိဘမ်ားတြင္ ရန္သူရွိ မရွိ ေထာက္လွမ္းေရးအဖြဲ႕က စတင္စံုစမ္းေတာ့သည္။

ဘာ့ခ္ ဟန္ ဆန္ မိဘမ်ားသည္ သမာအာဇီဝနည္းျဖင့္ ခ်မ္းသာလာသူမ်ားျဖစ္၍ ရန္သူမ်ားမရွိ…။

ဘာသာေရး အလြန္ကိုင္းရႈိင္းေသာ ခရစ္ယာန္ဘာသာဝင္မ်ား ျဖစ္ၾကေလသည္။

ဒါဆို ဘာ့ခ္ ဟန္ ဆန္ ကိုယ္တိုင္မ်ားလား ?

“ကြ်န္ေတာ္တို႔ ဘာ့ခ္ ဟန္ ဆန္ ကိုစစ္ေဆးခ်င္တယ္။”

ဘာ့ခ္ ဟန္ ဆန္ ၏ေဆြမ်ိဳးမ်ားက ရဲေထာက္လွမ္းေရးတို႔အား ကန္႔ကြက္ၾကသည္။

“ခင္ဗ်ားတို႔ ရက္စက္လွခ်ည့္လားဗ်… မိဘေတြဆံုးသြားလို ဒီေလာက္ခံစားေနတဲ့ကေလးကို ခင္ဗ်ားတို႔ကစစ္မလို႔လား?”

“မိဘေတြကို သတ္တာ ျဖစ္ႏိုင္ မျဖစ္ႏိုင္ ဦးေႏွာက္ရွိတဲ့လူတိုင္း စဥ္းစားတတ္ပါတယ္..”

ဘာ့ခ္ ဟန္ ဆန္ ကေဆး႐ုံေပၚမွာ ေဆးကုသမႈခံယူဆဲျဖစ္သည္။

ဒါဆို တရားခံဘယ္သူလဲ…?

ဘာ့ခ္ ဟန္ ဆန္ ရဲ႕ညီ…?

ဒါလည္းမျဖစ္နိင္ ဘာ့ခ္ ဟန္ ဆန္၏ ညီသည္ ဘာ့ခ္ ဟန္ ဆန္ ႏွင့္ ဆန္႔က်င္ဖက္ …႐ိုးသား ႀကိဳးစား၍ ေဆးတကၠသိုလ္ ပထမႏွစ္ေက်ာင္းသားတစ္ေယာက္…။ စိတ္ေကာင္းရွိသည္။

ဘာ့ခ္ ဟန္ ဆန္ အား သူနာျပဳဆရာမေလးက ျပဳစုေနသည္။

“ဟင္!?! ရွင့္ေခါင္းမွာ ေသြးေတြ!”

သူနာျပဳဆရာမေလး မ်က္ႏွာျဖဴျဖတ္ျဖဴေရာ္ျဖစ္သြားသည္။ ဘာ့ခ္ ဟန္ ဆန္ ေခါင္းတြင္ ဘာဒါဏ္ရာမွမရွိေသာေၾကာင့္ျဖစ္သည္…။

ထိုေၾကာင့္ ေသြးမ်ားသည္ သူ႔ေသြးမဟုတ္…။ သို႔ေသာ္ သူမ ႏႈတ္ဆိတ္ေနလိုက္သည္။

အလြန္ေတာ္ေသာ သူနာျပဳမေလးသည္ ဘာ့ခ္ ဟန္ ဆန္ ေခါင္းမွ ေသြးတို႔ကို ဂြမ္းျဖင့္ အေသအခ်ာ သုတ္၍ ထိုဂြမ္းစတို႔ကို ဘာ့ခ္ ဟန္ ဆန္ မရိပ္မိေအာင္ သိမ္းယူကာ ရဲစခန္းကိုဖုန္းဆက္လိုက္သည္။

“ဘာ့ခ္ ဟန္ ဆန္ မသကၤာဘူးရွင့္ ကြ်န္မကို အျမန္လာေတြ႕ၾကပါ”

” ဒါ သူ႔ေခါင္းက ေသြးစေတြပါ…သူ႔ေခါင္းမွာဒါဏ္ရာလံုးဝမရွိဘူး..။ ၿပီးေတာ့… ဟို … သူ႔ ညာဖက္ေျခေထာက္မွာ သြားရာအကြင္းလိုက္ႀကီးရွိတယ္”

ထိုေသြးမ်ားကို ဓာတ္ခြဲခန္းသို႔ အျမန္ပို႔၍ စစ္ေဆးလိုက္ၾကသည္။

ဘာ့ခ္ ဟန္ ဆန္ ထြက္မေျပးေအာင္ ေဆး႐ုံ၌ အရပ္ဝတ္ရဲမ်ား မသိမသာ ေစာင့္ေနၾကသည္။

“ဟာဗ်ာ…သူ႔ေခါင္းကေသြးေတြက သူ႔အေဖရဲ႕ေသြးေတြဗ်…”

သူနာျပဳမေလးအား ဘာ့ခ္ ဟန္ ဆန္ ေျခေထာက္ရွိ သြားကိုက္ရာအား ဂြမ္းျဖင့္ အေသအခ်ာသုတ္သင္ေစ၍ ထိုဂြမ္းစကိုစစ္ေဆးျပန္သည္။

“ဘာ့ခ္ ဟန္ ဆန္ ေျခေထာက္က သြားရာထဲက သြားတိုက္ေဆး က ဘာ့ခ္ ဟန္ ဆန္ အေဖသံုးတဲ့ သြားတိုက္ေဆး..!”

ရက္စက္လိုက္တာဗ်ာ ကိုယ့္မိဘ အရင္းကို ကိုယ္ျပန္သတ္လိုက္တာဗ်…။

ဘာ့ခ္ ဟန္ ဆန္ သည္ အမုိက္တကာ့ အမုိက္ဆုံး ..အဆုံးစြန္ မိုက္ခဲ့ေလၿပီ။

ဘာ့ခ္ ဟန္ ဆန္ ေဆး႐ုံမွဆင္းသြား၍ သူ႔ဦးေလးအိမ္၌ ခဏေနသည့္အခ်ိန္ျဖစ္သည္။။

သူ႔ရည္းစားႏွင့္ ဖုန္းေျပာေနသည့္ အေၾကာင္းအရာတို႔ကို အသံဖမ္းနားေထာင္ခဲ့ရာတြင္ ေပ်ာ္ရႊင္ေနသည္ကိုေတြ႕ရေလသည္။

မိဘႏွစ္ပါးကို ရက္ရက္စက္စက္ သတ္ျဖတ္ၿပီး ယခုအထိ ေနာင္တမရ…။ ေငြမ်ားရၿပီဟုေပ်ာ္ေနေသာ ဘာ့ခ္ ဟန္ ဆန္…။

ထိုစဥ္ ရဲေထာက္လွမ္းေရးတို႔က မိဘႏွစ္ပါးသတ္မႈျဖင့္ ဘာ့ခ္ ဟန္ ဆန္ အား ဝင္ေရာက္ဖမ္းဆီးခဲ့သည္။

အပိုင္း-၂

ဆင္ျခင္တံုတရားမရွိ ဉာဏ္ပညာကင္းမဲ့စြာျဖင့္ မိုက္လံုးႀကီးလွသည့္ သားဆိုး သားမုိက္ ဘာ့ခ္ ဟန္ ဆန္ သည္ မိဘႏွစ္ပါးကို သတ္ပစ္ရန္ ဆံုးျဖတ္ခဲ့ေလသည္။

သို႔မွသာ ေငြအားလံုးကို သူတစ္ဦးတည္းပိုင္မည္။ အမုန္းတရားေၾကာင့္ မဟုတ္… ေငြေၾကာင့္သက္သက္ ျဖစ္သည္။

ဓါးႏွင့္ ဓာတ္ဆီတို႔ကိုဝယ္၍ ကားဂိုေဒါင္ထဲတြင္ ဖြက္ထားလိုက္သည္။

ထို႔ေနာက္ အေျခအေနေကာင္းကို ေစာင့္ေနသည္။

ရက္ အနည္းငယ္အၾကာ …

မိခင္ႏွင့္ ဖခင္ အိမ္ေမာက်ေနသည္အထိ ေစာင့္ေနလိုက္သည္။

ေသြးစင္လွ်င္ သဲလြန္စရွိမည္စိုး၍ သူ႔တကိုယ္လံုးမွ အကႌ်တို႔ကိုခြ်တ္လိုက္သည္။

ကိုယ္တံုးလံုး ဘာ့ခ္ ဟန္ ဆန္ သည္ အိပ္ေပ်ာ္ေနေသာ ဖခင္ႏွင့္ မိခင္တို႔အား ဓါးျဖင့္ အႀကိမ္ေပါင္းမ်ားစြားထိုးသတ္ခဲ့သည္။

ဖခင္ႏွင့္မိခင္ႏွစ္ဦးလံုးေသသြားေသာအခါ သူေရခ်ိဳး၍ ခႏၶာကိုယ္မွေသြးမ်ားကို ေဆးေၾကာသည္။ သို႔ေသာ္ ေခါင္းမေလွ်ာ္မိ…။

ထို႔ေနာက္ ညအိပ္အကႌ်ဝတ္လိုက္သည္။
ဓါးမ်ား ကိုလႊင့္ပစ္ရန္ အျပင္သို႔သြားလိုက္သည္။

ထို႔ေနာက္အိမ္ျပန္လာ၍ ေသဆံုးေနေသာ မိဘႏွစ္ပါးရွိသည့္အိပ္ခန္းကို ဓာတ္ဆီျဖင့္ပက္၍ ေလာင္းမီးရႈိ႕လိုက္သည္။

အေရးေပၚဌာနကို ဖုန္းဆက္လိုက္သည္။

“ကြ်န္ေတာ့္ အိမ္ မီးေလာင္ေနပါတယ္ ခင္ဗ်…ကယ္ၾကပါဦး ..ကြ်န္ေတာ့္မိဘေတြ အိမ္ထဲမွာရွိေနပါတယ္…။”

ဘာ့ခ္ ဟန္ ဆန္ လႊင့္ပစ္ခဲ့ေသာ ဓါးမ်ားအားလည္း ဘာ့ခ္ ဟန္ ဆန္ အိမ္မွ ၂၀၀ မီတာအကြာတြင္ သက္ေသအေထာက္အထားအျဖစ္ရွာေတြ႕ႏိုင္ခဲ့သည္။

ဘာ့ခ္ ဟန္ ဆန္ ျငင္း၍မရေတာ့…။

လူသတ္ေကာင္ သားဆိုး ဘာ့ခ္ ဟန္ ဆန္ အား တရားသူႀကီးက အလုပ္ၾကမ္းႏွင့္ မေသမခ်င္းေထာင္ဒဏ္က်ေစဟု အမိန္႔ခ်ခဲ့သည္။

ဘာ့ခ္ ဟန္ ဆန္ တစ္သက္လံုးမနာလိုျဖစ္ေနသူ ညီျဖစ္သူက မိဘ အေမြအားလံုးကို အလိုလိုေနရင္းပိုင္ဆိုင္သြားေတာ့သည္။

ေမြခံမထိုက္သည္ သားဆိုး ဘာ့ခ္ ဟန္ ဆန္ တစ္ေယာက္သည္ေတာ့ ယခုလတ္တေလာ ေထာင္နန္းစံရေလၿပီ…။
ေတာင္ကိုရီးယားမွ အဇာတသတ္လက္သစ္ ဘာ့ခ္ ဟန္ ဆန္..

ဘုရားလက္ထက္မွ အဇာတသတ္သည္ဖခင္သတ္ၿပီးေနာက္ပိုင္း လံုးဝ အိပ္မရေတာ့ေခ်…။ သူ႔ကို လွံေတြနဲ႔ လာထိုးေနသလို အၿမဲ ခံစားေနရပါသည္…။

ကိုရီးယား အဇာတသတ္ကေတာ့ ဖခင္သာမက မိခင္ကိုပါ သတ္ခဲ့ေလၿပီ…။ ရက္သတၱတစ္ပတ္ေတာ့ အိပ္ေကာင္း စားေကာင္း ေပ်ာ္ေနေသးသည္။

ထို႔ေနာက္ ေထာင္ထဲတြင္ ေျဖဆည္၍မရေသာ ေနာင္တႏွင့္ စိတ္ေဝဒနာႀကီးစြာခံစားရေနရပါၿပီ…။

ထိုေဝဒနာသည္ ေထာင္ဒုကၡထက္ အဆေပါင္းမ်ားစြားဆိုးဝါးသည္။

အခု ၂၀၁၇ တြင္ ဘာ့ခ္ ဟန္ ဆန္ အသက္ ၄၆ ႏွစ္ .. အလြန္ခ်မ္းသာေသာ ဘဝအား ၂၃ ႏွစ္သာပိုင္သာဆိုင္ခဲ့သည္။ ယခုအခါ ေထာင္ထဲတြင္ ၂၃ ႏွစ္ရွိေနေလၿပီ… ။

ေနာင္ႏွစ္ေပါင္းမ်ားစြာ ေထာင္ထဲတြင္ေနရမည္ျဖစ္ၿပီး ေသဆံုးလွ်င္လည္း အဝီစိငရဲတြင္ ကမ႓ာအသေခၤ်ေပါင္းမ်ားစြာ…။

ေလာကႀကီးတြင္ လံုးဝ မစတင္ မစမ္းသပ္သင့္သည့္အရာမွာ ေလာင္းကစားႏွင့္ မူးယစ္ေဆးဝါးပင္ျဖစ္သည္။ ၎တို႔သည္ လူကိုဖ်က္ဆီးေသာ အႀကီးမားဆံုးရန္သူပင္ျဖစ္သည္။

မည္မွ်ပင္ ႀကိဳးစားျဖတ္ေသာ္လည္း တသက္လံုးမျပတ္ႏိုင္သည့္ ေၾကာက္စရာအေကာင္းဆံုးအရာမ်ားျဖစ္သည္။ ဤအရာမ်ားေၾကာင့္ မျဖစ္သင့္ မလုပ္သင့္သည့္ အမွားမ်ားကို က်ဴးလြန္ၾကသည္။

ဘဝတြင္ မိတ္ေဆြအေပါင္းအသင္း အိမ္ေထာင္ဖက္ေရြးမည္ဆိုလွ်င္ မူးယစ္ေဆး သို႔မဟုတ္ ေလာင္းကစားတစ္ခုခုလုပ္သူဆိုပါက လံုးဝ သံေယာဇဥ္ျဖတ္၍ ဘဝတြင္ လက္မတြဲအပ္သူမ်ားပင္ျဖစ္ေပသည္။

ဘာ့ခ္ ဟန္ ဆန္ သားဆိုး…။ မွန္သည္..။ သို႔ေသာ္ သားဆိုးဟူေသာ နာမည္႐ိုင္းေအာက္တြင္ မိဘမ်ား၏ တာဝန္မကင္းေပ..။

မေကာင္းျမစ္တာ၊ ေကာင္းရာညႊန္လတ္၊ အတတ္သင္ေစ၊ ေပးေဝနွီးရင္း၊ ထိမ္းျမားျခင္းလွ်င္ဝတ္ငါးအင္၊ ဖခင္မယ္တို ့တာ။

တခ်ိဳ႕ မိဘမ်ားသည္ သားသမီးမ်ားအေပၚ စည္းလြတ္၀ါးလြတ္ခ်စ္မိသည္။ မေကာင္းမႈကို တားျမစ္႐ုံႏွင့္မၿပီး ေကာင္းမႈမ်ားကို ၫႊန္ျပသင္ၾကားေပးရမည္ျဖစ္သည္။

သားသမီး မေကာင္း မိဘေခါင္း ဆိုသကဲ့သို႔ သားသမီး မေကာင္းရျခင္း၏ အဓိက တရားခံမွာ မိဘမ်ားက ေသေသခ်ာခ်ာ မဆံုးမ ခဲ့ေသာေၾကာင့္ပင္ျဖစ္သည္။

တခ်ိဳ႕ေသာ မိဘမ်ားသည္ သားသမီးကို လိုသည္ထက္ ပို၍အလိုလိုက္ျခင္းျဖင့္ သားသမီးကို ဖ်က္ဆီးမိၿပီးသားျဖစ္ေနသည္။ ထိုကဲ့သို႔ေသာ မိဘမ်ားသည္ သားသမီးမ်ားကို ရႈံးနိမ့္ေနေသာ မိဘမ်ိဳးျဖစ္သည္။

ဆိုလိုသည္မွာ သားသမီးက ဘယ္ေလာက္အမွားလုပ္လုပ္ သားသမီးစိတ္ဆႏၵကို ဆန္႔က်င္ေက်ာ္လြန္ၿပီး မေျပာႏိုင္ မဆံုးမႏိုင္ေတာ့ေသာေၾကာင့္ျဖစ္သည္။

တခ်ိဳ႕ေသာ မိဘမ်ားသည္ အလုပ္စီးပြါးေၾကာင့္ျဖစ္ေစ မိမိတို႔ အေပ်ာ္အပါးေၾကာင့္ျဖစ္ေစ ကိုယ္ပိုင္အခ်ိန္ကိုလိုခ်င္ေသာေၾကာင့္ သားသမီးမ်ားကို စိတ္ရွည္လက္ရွည္ အခ်ိန္ေပးသြန္သင္ဆံုးမျခင္း မလုပ္ေပးခဲ့ၾကပါ။ ထိုသားသမီးတို႔ အရြယ္ေရာက္လာေသာအခါ လူမိုက္မ်ားျဖစ္လာသည္မွာလည္း မထူးဆန္းပါ။

ေငြေၾကးခ်မ္းသာမႈ စည္းစိမ္ျပည့္ဝလွ်င္ ေလာကတြင္ ေပ်ာ္ရႊင္စြာေနႏိုင္ၿပီဟု ယူဆထားေသာ မိဘမ်ားအေနႏွင့္ သားသမီးမ်ားအေပၚထားရွိအပ္သည့္ တာဝန္ႏွင့္ ေမတၱာတရားတို႔အား ျပန္လည္ သံုးသပ္သင့္ေပသည္။

၎တာဝန္မွာ မိမိတို႔ ရင္ေသြးမ်ားအား လိမၼာေအာင္ ငယ္စဥ္ကတည္းက အပင္ပန္းခံ အမုန္းခံ၍ ႀကိဳးစားသင္ျပေပးေသာ တာဝန္ျဖစ္သည္။ ထိုမိဘမ်ား၏ သားသမီးတို႔သည္ မိဘကို မေစာ္ကားျခင္းဟူေသာ အက်ိဳးတရားတခုႏွင့္ပင္ သူတို႔ အကုသိုလ္ မွ ကင္းေဝးေစႏိုင္ေသာေၾကာင့္ျဖစ္သည္။ ထိုအရာသည္ပင္ သားသမီးတို႔အေပၚတြင္ထားေသာ မိဘတို႔၏ ေမတၱာျဖစ္ေပသည္။

မိဘႏွစ္ပါးသည္ ဘာ့ခ္ ဟန္ ဆန္ အား အေမရိကားပို႔မည့္အစား စိတၱဇေဆး႐ုံပို႔ခဲ့လွ်င္ သည္လို ေၾကကြဲဖြယ္ရာမ်ားအား တားဆီးႏိုင္ေကာင္း တားဆီးႏိုင္ေပမည္။

အခုေတာ့ မိသားစု ၃ ဦးစလံုး ေၾကကြဲရင္နင့္ဖြယ္ျဖစ္ရပ္ႏွင့္ ၾကံဳေတြ႕ခဲ့ရသည္။

ဘာ့ခ္ ဟန္ ဆန္ အား အလိုလိုက္ခဲ့ေသာ မိဘမ်ား၏ ေနာက္ဆံုးခရီးသည္ အလြန္ေၾကကြဲဖို႔ေကာင္းသကဲ့သို႔….အႀကီးဆုံးအကုသုိလ္ကံျဖစ္သည့္ ပဥၥာနႏၲရိယကံထိုက္ေသာ ဘာ့ခ္ ဟန္ ဆန္ သည္လည္း အဝီစိငရဲတြင္ မလြတ္တမ္းက်ေတာ့မည္ျဖစ္ပါသည္။

ထို ျဖစ္ရပ္မွန္ ဇတ္လမ္းကို အေျခခံ၍ 공공의적은 ( public enemy ) ဟူေသာ ႐ုပ္ရွင္ကို ႐ိုက္ခဲ့သည္။

မိဘကို ရက္စက္စြာ သတ္ျဖတ္ေသာ သားမိုက္ ဘာ့ခ္ ဟန္ ဆန္ အား ပထမ မီးေလာင္ေသာေန႔ကပင္ ေထာက္လွမ္းေရး တစ္ေယာက္က သူ႔ေျခေထာက္ကိုၾကည့္၍ မသကၤာျဖစ္ခဲ့သည္။

ေနာက္တစ္ရက္ ေထာက္လွမ္းေရးမဟုတ္ေသာ သူနာျပဳဆရာမေလးက ခ်က္ခ်င္း ေဖာ္ထုတ္ခ်င္ေသာ စိတ္မ်ားဝင္လာခဲ့သည္။

ေငြေၾကးခ်မ္းသာေသာ ဘာ့ခ္ ဟန္ ဆန္ သည္ ေဆး႐ုံ အထူး အခန္း၌ တစ္ေယာက္ထဲေနျခင္းျဖစ္သည္။ ေရခ်ိဳးခန္းရွိသည္။

သူနာျပဳဆရာမေလးသည္ ဘာ့ခ္ ဟန္ ဆန္ ေရမခ်ိဳးခင္ ေခါင္းမွ ေသြးမ်ားေတြ႕ခဲ့ျခင္းျဖစ္သည္။

မိဘေစာ္ကားေသာ၀ဋ္ ကံၾကမၼာ ေန႔မဆုိင္းညမဆုိင္း အက်ဳိးေပး ျမန္လြန္းပါသည္။

အျခားအမႈမ်ား လႏွင့္ခ်ီ ႏွစ္ႏွင့္ခ်ီမွ သက္ေသအေထာက္အထား ရရွိေသာ္လည္း ဘာ့ခ္ ဟန္ ဆန္ အမႈ ေဖာ္ထုတ္ရာတြင္ ရက္သတၱပတ္သာ အခ်ိန္ၾကာခဲ့သည္။

ထို႔ေၾကာင့္ မိဘ တို႔အား သတိတရား လက္ကိုင္ထားၿပီး ကိုယ္ ႏႈတ္ စိတ္ ၃ ပါးတို႔ျဖင့္ မက်ဴးလြန္မိၾကရေစရန္ အထူးသတိေပးခ်င္ပါသည္။

ဘာ့ခ္ ဟန္ ဆန္ သည္ မိဘအား မေက်နပ္ပဲ စိတ္ျဖင့္ ေစာ္ကားသည္။ ေနာင္တြင္ ႏႈတ္ျဖင့္ေစာ္ကားလာသည္။ ေနာက္ဆံုးေတာ့ သူ႔လက္ျဖင့္ သတ္ပစ္လိုက္ေတာ့သည္။

နိဂုံး

ကြ်န္ေတာ္ အိပ္ေနတဲ့အေဖ့လည္ပင္းကို ဓါးနဲ႔ အရင္ထိုးခ်လိုက္တယ္။

ဓါးဒါဏ္ရာေတြနဲ႔ အေဖက ကုတင္ေပၚကျပဳတ္ က်သြားတယ္။

အေဖက အားရွိေတာ့ သတ္ရတာ ေတာ္ေတာ္ခက္တယ္။ ရွိသမွ်အားနဲ႔ မ်က္ႏွာနဲ႔ လည္ပင္းကို ဆက္တိုက္ထိုးရတယ္။

အေဖမထႏိုင္ေတာ့ဘူး။

အေမကေတာ့ ေၾကာက္လြန္းလို႔ ထိုင္ေတာင္းပန္ေနတယ္။

ကြ်န္ေတာ္ အေမ့ဆီသြားၿပီး အေမ့ကို ဓါးနဲ႔ထိုးလိုက္တယ္။ အေမကေတာ့ အားမရွိေတာ့ လြယ္တယ္။

ေသြးအလိမ္းလိမ္းနဲ႔ အေဖက မေသေသးဘူး…။ အေမ့ကို ဓါးနဲ႔ထိုးေနတဲ့ ကြ်န္႔ေတာ့္ဆီကို တရြတ္တိုက္ ေလးဘက္တြားၿပီးကပ္လာတယ္။

အေဖကြ်န္ေတာ့္ ေျခေထာက္ကို ဖက္ထားတယ္။ သူ အားမရွိေတာ့ဘူးဆိုတာ သိလိုက္ရတယ္။ စကားေတာ့ မေျပာႏိုင္ေတာ့ဘူး။

ၿပီးေတာ့ ကြ်န္ေတာ့္ ေျခေထာက္ကို ဖမ္းကိုက္ထားတယ္။

အေမ့ကို ကယ္တင္ခ်င္လို႔ကိုက္ခဲ့တာလား?

ကြ်န္ေတာ္ကို မုန္းလို႔ကိုက္ခဲ့တာလား?

ကြ်န္ေတာ္ မသိခ်င္ေတာ့..။

ေတာင္းပန္ေနတဲ့ အေမ့ကို ေသတဲ့အထိ ဓါးနဲ႔ ဆက္တိုက္ထိုးလိုက္တယ္။

ေနာက္ဆံုးေတာ့ သူတို႔ႏွစ္ေယာက္လံုးကို ဓာတ္ဆီနဲ႔ေလာင္း မီးရႈိ႕ပစ္လိုက္တယ္။

ေထာင္ထဲမွာ ညဖက္အိပ္ခါနီး အေဖကိုက္ခဲ့တဲ့ ကြ်န္ေတာ့္ေျခေထာက္က ဒါဏ္ရာအေဟာင္းေလးကို ကြ်န္ေတာ္ ေငးၾကည့္ေနမိတယ္။

ထံုးစံအတိုင္း ေျဖဆည္မရတဲ့ ေၾကကြဲမႈနဲ႔ ရႈိက္ႀကီးတငင္ငိုမိတယ္။

အမွားႀကီးမွားခဲ့ေလၿပီ..။

ဟုတ္ပါတယ္… ။
ကြ်န္ေတာ္ သားဆိုးပါ….။
ကြ်န္ေတာ့္ကို ခြင့္မလႊတ္ပါနဲ႔အေမ…။
ကြ်န္ေတာ့္ကို အားမကိုးပါနဲ႔ အေဖ….။

၂၀၁၈ ခုႏွစ္ – ႏွစ္သစ္မွာ စိတ္သစ္လူသစ္ႏွင့္ မိဘႏွစ္ပါအား စိတ္အားျဖင့္ျဖစ္ေစ၊ ႏႈတ္အားျဖင့္ျဖစ္ေစ၊ ကိုယ္ထိလက္ေရာက္ျဖစ္ေစ မေစာ္ကားဘို႔ ဆံုးျဖတ္ႏိုင္ၾကပါေစ…။

မိဘေက်းဇူး အထူးသိတတ္ေသာ သားလိမၼာ သမီးလိမၼာေလးမ်ား အျဖစ္ရပ္တည္ႏိုင္ၾကပါေစလို႔ …။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မေရႊမိုး (ကိုရီးယား)

# Unicode Version ျဖင့္ ဖတ္ပါ #
ဟုတ်ပါတယ်… ။
ကျွန်တော် သားဆိုးပါ….။
ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့အမေ…။
ကျွန်တော့်ကို အားမကိုးပါနဲ့ အဖေ….။

“ကျွန်တော့် အိမ် မီးလောင်နေပါတယ် ခင်ဗျ…ကယ်ကြပါဦး ..ကျွန်တော့်မိဘတွေ အိမ်ထဲမှာပိတ်မိနေပါတယ်…။”

“လိပ်စာအမြန်ပေးပါခင်ဗျာ ..ကျွန်တော်တို့မီးသတ်အဖွဲ့က အမြန်ဆုံးလာပါမယ်.. ခင်ဗျားလည်း အန္တရာယ်မရှိမဲ့နေရာမှာ နေပါ..။ လေရှူလို့ရမယ့်နေရာမျိုးရွေးနေပါ”

လိပ်စာကို သားဖြစ်သူက အလျှင်အမြန် ပြောပြသည်…။

“ကယ်ကြပါဦးဗျာ… ကယ်ကြပါဦး”

သူတို့နေသော နေရာသည် တောင်ကိုရီးယား၊ ဂန်နနမ်းမြို့နယ်၊ ဆမ်းဆောင်းရပ်ကွက်ဆိုသည့် လူချမ်းသာများသာ နေနိုင်သည့် ရပ်ကွက်တစ်ခု ဖြစ်သည်။

အနောက်တိုင်းပုံစံဆောက်ထားသော လှပသည့်အိမ်ကလေးမှ မီးခိုးများ အဆက်မပြတ်ထွက်နေသည်။

၁၁၉ မီးသတ်၊ ရဲ ၊ ဆေးရုံကားများ တခဏအတွင်းရောက်လာကြသည်။

သို့ပေမယ့် အလွန်နောက်ကျသွားလေပြီ…။

မိခင်နှင့် ဖခင်နှစ်ဦးစလုံး မီးသွေးတုံးကြီးများကဲ့သို့ မည်းနက်ပြီး တကိုယ်လုံးရစရာမရှိအောင်မီးလောင်သေဆုံးနေပြီဖြစ်သည်…။

အပိုင်း -၁

မီးလောင်၍ သေဆုံးသွားသော မိဘနှစ်ပါးတို့၏ အလောင်းကို မကြည့်ရဲပဲဖြစ်နေတဲ့….မျက်နှာလွှဲပြီး ခြုံးပွဲချ ငိုနေတဲ့ သားတစ်ယောက်ရှိပါတယ်…၊

ကျွန်တော် ဘာ့ခ် ဟန် ဆန် (Park Han- Sang) ပါ ။

ကျွန်တော် ပေးတဲ့ဒုက္ခအမျိုးမျိုးကို ရင်စည်းခံခဲ့တဲ့ အဖေနဲ့အမေရဲ့ နောက်ဆုံးအချိန်မှာ ကျွန်တော့်ဖက်က လုပ်ပေးနိုင်တာမရှိခဲ့ပါ။

အဲဒီနေ့က ၁၉၉၄ ခုနှစ် ၅ လပိုင်း ၁၈ ရက်နေ့ဖြစ်ပါတယ်။

အခုတော့ ကျွန်တော့်မိဘနှစ်ပါး ဆုံးပါးသွားပြီလေ..။ ကျွန်တော့်အသက် ၂၃ နှစ်ပဲ ရှိပါသေးတယ်။

လူ့လောကကြီးအလယ်မှာ ကျွန်တော်တစ်ယောက်ထဲ ကျန်ခဲ့ပါပြီ..။

ရှေ့ဆက်ပြီးဘာတွေဖြစ်လာမလဲ မတွေးတတ်တော့ပါဘူး။

ကျွန်တော် မတွေးချင်ဘူး။
ကျွန်တော် ကြောက်တယ်..။

ဟုတ်ပါတယ်… ။
ကျွန်တော် သားဆိုးပါ….။
ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့အမေ…။
ကျွန်တော့်ကို အားမကိုးပါနဲ့ အဖေ….။

ဘဝတပါးသို့ စွန့်ခွာသွားတဲ့ ကျွန်တော့်ဖခင်ဟာ အသက် ၄၇ နှစ်ပဲရှိပါသေးတယ်။

အဖေက ကျွန်တော့်ကို တိုင်းရင်းဆေးဆရာဝန်ကြီးဖြစ်စေချင်တာဗျ…။

ကျွန်တော်တို့ ဒီလောက်ချမ်းသာတာ ဘာလို့ စာကြိုးစားရမလဲဗျာ..။

တိုင်းရင်းဆေးဆရာဝန်ဖြစ်ဘို့ဆိုတာ လွယ်တယ်များမှတ်နေလားမသိ..။

ကျွန်တော့် အဖေကတော့ တော်တော်ရိုးသားကြိုးစားတဲ့လူ…။ ကျွန်တော်နဲ့တော့ မကိုက်ပါဘူး..။ ချမ်းသာတယ်သာပြောတာ သိပ်ခြွေတာတယ်။ ကပ်စီးနည်းကြီးဗျ…။ သူသေရင် ယူသွားလို့ရမယ် မှတ်နေတယ်ထင်ပါရဲ့..။

အဖေဦးစီးလုပ်ကိုင်တဲ့ ကိုရီးယားရိုးရာဆေးဖော်တဲ့ သစ်ဥ သစ်ဖုများကို လက်ကားဖြန့်ချီပေးသည့် လုပ်ငန်း ကတော့ ပိုက်ဆံအဝင်ဆုံးပဲ…။

အဖေက စီးပွားရေးနယ်ပယ်မှာ အောင်မြင်သူတစ်ယောက်ပေါ့…။

ဘာ့ခ် ဟန် ဆန် ဆိုတဲ့ကျွန်တော်က သားအကြီးဖြစ်ပါတယ်။

ကျွန်တော့်မှာ ကျွန်တော့်ထက် ၂ နှစ်ငယ်တဲ့ ညီတစ်ယောက်ရှိတယ်။

ကျွန်တော် မတော်ချင်တဲ့ ညီပေါ့..။သူ ကျွန်တော့်ဘဝထဲရောက်လာကထဲက ကျွန်တော် မကြည်ဖြူနိုင်ဘူး…။ ကျွန်တော့်ဘဝထဲမှာ သူမရှိရင်ကောင်းမယ်။

အဖေ ၊အမေ၊ အချစ် ပစ္စည်းဥစ္စာတွေအားလုံးကို ကျွန်တော် တစ်ယောက်ထဲပိုင်ချင်တယ်။ သူ့ကို မခွဲဝေပေးနိုင်ဘူး..။

ရယ်တော့ ရယ်ရတယ်ဗျ… ကျွန်တော့်မိဘတွေက ကျွန်တော့်ကို စိတ်အထူးကုဆရာဝန်နဲ့တန်းပြတော့တာပဲ…။

ဆရာဝန်ကိုယ်တိုင်က ရူးနေတာဗျ…။ ပိုက်ဆံ ရူးရူးနေတာလေ…။ ငွေရရင်ပြီးရော ကျွန်တော့်ရောဂါကို နာမည်တပ်တယ်..

“တကိုယ်ကောင်းဆန်တဲ့ ရောဂါ…” တဲ့ဗျာ..။
ကြားလို့မှကောင်းသေးရဲ့လား…။

နောက်ဆုံးတော့ ကျွန်တော့် မိဘတွေဟာ ကျွန်တော့်ကို မလွန်ဆန်နိုင်ဘူး..။ ကျွန်တော့်ညီဆိုတဲ့ကောင်ကို ကျွန်တော့် ဦးလေးဆီ တွေကို မွေးစားစေခဲ့တယ်။

ဘယ်ရမလဲဗျာ..ကျွန်တော်က ဒါဆိုဒါပဲ..။

အဖေက ကိုရီးယားထုံးစံအတိုင်းပေါ့ဗျာ…သားကြီးကို ပညာတတ် ဖြစ်စေချင်တယ်…။

ငွေအကုန်ခံပြီး စာသင်ပေးတယ်။ ပိုက်ဆံပေးတိုင်း ပညာတတ်ဖြစ်မယ်ဆို ချမ်းသာတဲ့သူအားလုံး ဆရာဝန်တွေ သိပ္ပံပညာရှင်တွေဖြစ်ကုန်မှာပေါ့..။

ကျွန်တော် စိတ်မဝင်စားတာတွေမို့ ဘယ်အရာလုပ်လုပ် ဆုံးအောင်မလုပ်နိုင်ဘူး…။ ကျွန်တော်က ကျွန်တော့် စတိုင်လ် မဟုတ်ရင် ရောက်ရာနေရာမှာ ရပ်ပစ်တာဗျ…။

ဖြစ်ပြန်ပြီ…ဒါလဲရောဂါတဲ့…။
ပေးဦးပေါ့ ပိုက်ဆံတွေ အရူးဆရာဝန်ကို…။

ကျောင်းက သူငယ်ချင်းတွေကလဲ ကျွန်တော့်ကို တကိုယ်ကောင်းဆန်စိတ် အလွန်ကြီးတယ် ဘာညာပေါ့…။

ကျွန်တော့်ကို ပေါင်းမည့်သူငယ်ချင်းမရှိတာတော့ ကျွန်တော် ဒေါသဖြစ်တယ်။ ဒီဒေါသတွေကို အိမ်ရောက်တာနဲ့ ဝုန်းဒိုင်းကြဲပစ်တာ…။

မိဘလေ..။ သူတို့တတွေ ပိုက်ဆံမပေးလို့ ကျွန်တော် သူငယ်ချင်းမရတာ…။

မုန့်ဝယ်ကျွေးမယ် ဘယ်သူလိုက်မလဲ..? ဆို အလကား လိုက်မစားမယ့်သူရှိလား..။

ကျောင်းမှာ ကျွန်တော်ဟာ အပယ်ခံတစ်ယောက်ဖြစ်လာတယ်။ ဒါဟာ မိဘကြောင့်…။
ကျွန်တော့်ကို ပိုက်ဆံမပေးလို့…။

ကျွန်တော့်အကြောင်းကို အဖေက သူ ကိုးကွယ်တဲ့ ခရစ်ယာန်ဘုန်းကြီးနဲ့တိုင်ပင်တယ်။
ပြီးတော့ ကျွန်တော့်ကို နိုင်ငံခြားပို့ဖို့ပြောလာတယ်။

“သားရယ်..ကိုရီးယားက ကျောင်းမှာ သားကို ဝိုင်းပယ်ကြတာကို စိတ်မညစ်ပါနဲ့…။ မင်းသူငယ်ချင်းတွေထက်သာတဲ့ အမေရိကားကို အဖေပို့ပေးမယ်..သား စာလေးနည်းနည်း ကြိုးစားပေးပါ…”

“စာတွေ ဘာတွေ လာပြောမနေနဲ့ဗျာ..စိတ်မဝင်စားဘူး… ခင်ဗျားသွားသင်ပါလား? ကျွန်တော် ဒီမှာ ခင်ဗျား စီးပွားရေး ဦးစီးပေးမယ်လေ..”

ထုံးစံအတိုင်း သားအဖနှစ်ယောက် ရန်ဖြစ်တာပေါ့ ။ အမေကတော့ အဖေ့အရှေ့မှာဆို အမြဲကျွန်တော့် ဖက်က အကာကွယ်စကားပြောမယ်.. ပြီးရင် မူယာ မာယာများပြီး အပျော့ဆွဲနဲ့ နားချမယ်…ဒါပဲလေ သူတို့နှစ်ယောက်..။ အတိုင်အဖောက်ကိုညီလို့…။

“မင်း အမေရိကားမသွားချင်ရင် ပိုတောင်ကောင်းသေးတယ်။ ငွေမကုန်တော့ဘူးပေါ့ကွာ..”

မဖြစ်ဘူး နိုင်ငံခြားတော့သွားချင်သား..။

“ခင်ဗျားကြီးကို ဘယ်သူက မသွားဘူးပြောနေလို့လဲ… အစထဲက မပို့ပေးချင်ဘူး စကားအဖြစ်ပြောနေတာ မသိဘူးမှတ်လို့လား”

သည်လိုနဲ့ ဘာ့ခ် ဟန် ဆန် ဆိုတဲ့ကျွန်တော် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလစ် ( Los Angeles , America ) ကို ရောက်ခဲ့သည်။

“ဟား … ပျော်လိုက်တာ! မိဘတွေနဲ့နေရတဲ့ ဒုက္ခမသေးလှပါလား”

ကျွန်တော်..? စာကြိုးစားမယ်ထင်သလား?
အင်္ဂလိပ်စာဘယ်လောက်ခက်တယ်မှတ်လဲ? ကျွန်တော်နဲ့တော့ဝေးသေးတယ်..။

အမေရိကားရောက်ပြီး လာ့စ် ဗေးဂါ့စ်မှာ လောင်းကစား မလုပ်ဖူးပဲ ကိုရီးယားကို ပြန်မလားဗျ…။ ရာဇဝင်ရိုင်းသွားမှာပေါ့..။

ကျွန်တော် လောင်းကစားစလုပ်တယ်..!
ပိုက်ဆံတဲ့ဗျာ…! ပိုက်ဆံရှိတော့ ဘယ်နေရာမှာမဆို လူရာဝင်တယ်ဗျ..။

အဖေက တစ်လကို အနည်းဆုံးဒေါ်လာ ၂၀၀၀ ပို့ပေးတယ်။

ကိုရီးယားက ကောင်တွေ မနာလိုဖြစ်လို့ ကျွန်တော့်ကို မပေါင်းတာဗျ..။ အမေရိကားမှာနေတဲ့ အမေရိကန်-ကိုရီးယားသူငယ်ချင်းအသစ်တွေနဲ့ များကွာပါ့…။

ကျွန်တော်နဲ့ကိုက်တယ်။ အင်္ဂလိပ်လိုလဲပြောစရာမလိုဘူး။ သူတို့က ကိုရီးယားပေမယ့် အမေရိကားစတိုင်လ်လေ…။ ဟိုကောင်တွေလို ကျွန်တော့်ကို လိုက်ကြည့်ပြီးဝေဖန်နေတာမဟုတ်ဘူး။

အခုတော့ သူတို့ထက်သာတဲ့ အမေရိကားရောက်နေပြီပေါ့..။

ကျွန်တော် အသစ်တစ်ခု သိခဲ့ရတယ်…။ လောင်းကစားဗျ…။ ဟောဗျာ….ဒီလို လွယ်လွယ်နဲ့ ချမ်းသာတဲ့နည်း!!!

ဒါကို ကျွန်တော် သိခဲ့ရပြီ…။ အဖေ့လို တကုန်းကုန်း အလုပ်လုပ်စရာမလိုတော့ဘူးဗျာ..။

လောင်းကစားဆိုတာ လူကောင်း လုပ်တဲ့ အလုပ်မဟုတ်ဘူးလား…?
ထင်ချင်သလိုထင်ဗျာ…ကျွန်တော်လူဆိုးပဲထားလိုက်ပါတော့..။

ဟုတ်ပါတယ်… ။
ကျွန်တော် သားဆိုးပါ….။
ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့အမေ…။
ကျွန်တော့်ကို အားမကိုးပါနဲ့ အဖေ….။

တစ်လ တစ်လ ပို့ပေးတဲ့ဒေါ်လာ ၂၀၀၀ နဲ့မလောက်တော့ ဒေါ်လာ ၁၈,၀၀၀ တန်ကားတစီးဝယ်ပေးလို့ အမေ့ဆီလိမ်တောင်းတာပေါ့…။

အဲဒါလဲ ကုန်တာပါပဲဗျာ…အခုတလော ဘာလုပ်လုပ် ကံမလိုက်ဘူး။

လောင်းကစားဆိုတာ အချီကြီးတချက်မိတဲ့အထိ စိတ်ရှည်ရမှာဗျ…။ တစ်ချက် မိသွားရင် ပွဲပြီးသွားပြီ…။အဖေတို့ထက်တောင် ချမ်းသာဦးမှာ…။

ငွေမရှိတော့ သူများနိုင်ငံမှာ ဆက်နေလို့မရဘူးဗျ…။

ကျွန်တော် ကိုရီးယားကို မိဘတွေမသိအောင် ပြန်လာခဲ့တယ်။ ကိုယ့်အပြစ်နဲ့ကိုယ် အဖေ့ကို မပြောရဲဘူး။ ကိုယ်က သူတို့ဆီက လက်ဖြန့်တောင်းနေရတဲ့အချိန်ဆိုတော့ ဒီလိုပဲပေါ့ဗျာ…။

ကျွန်တော် ငွေတိုးချေးစားတဲ့သူတွေဆီမှာ ငွေချေးလိုက်တယ်။ပြီးတော့ ရတဲ့ငွေနဲ့ အိမ်မပြန်ပဲ ဟော်တယ်မှာနေလိုက်တယ်။

အဖေသိသွားတယ်။
ထုံးစံအတိုင်း ပြဿနာတက်တော့တာပေါ့..။

အဖေ့ကို နောက်မလုပ်တော့ပါဘူးလို့ ဂတိပေးလိုက်တယ်။

အဖေက ကျွန်တော် အမေရိကားကို ပြန်ပို့ပေးတယ်။

အမေရိကားပြန်ပို့တော့လည်း လောင်းကစားဆက်လုပ်ရတာပေါ့ဗျား..။

ဒါပေမယ့် မကြာခင် ငွေပြတ်သွားပါလေရော..။

ကျွန်တော်ငွေလိုတယ်။ အကြွေးတွေ အထပ်ထပ်တင်နေပြီ…။ ကျွန်တော် စိတ်အရမ်းညစ်လာတယ်။ ကျွန်တော် မေလ ၁၃ ရက်နေ့မှာ ကိုရီးယားကို ပြန်လာတယ်။ အဖေ့အိမ်မှာ ပြန်နေရတာ ကျွန်တော် စိတ်ညစ်တယ်။

အဖေက ငွေမပေးဘူး..။
အဖေ့ကို မုန်းတယ်။ တနေ့ကျွန်တော့် အမွေပေး ရမယ့်ငွေတွေကို သူတို့က ဘာလို့ ကိုင်ထားတာလဲ?

အမေက ဝိုင်းမပြောပေးဘူး..။
အမေ့ကိုစိတ်နာတယ်။

အခုတော့ ကျွန်တော် စိတ်နာတဲ့ မိဘနှစ်ပါးလုံး မရှိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော့် ချစ်သူတော့ ရှိပါသေးတယ်။ သူမ ကျွန်တော့်ကို အတော် ဂရုစိုက်ရှာတယ်။

“အိုးပါး ( ကိုကို) ..ညီမ ဘာလုပ်ပေးရမလဲ..! စိတ်မကောင်းပါဘူး”

” အချစ်ရေ… အရှေ့ကိုပဲတွေးဘို့ ကြိုးစားမယ်ကွာ…. မင်း ကိုကို့ ကို သစ္စာမဖောက်နဲ့နော်”

မိဘများဆုံးပါးသွားသော ထိုနေ့သည်ဘာ့ခ် ဟန် ဆန်နှင့်မိဘတို့ နေသော လုံးချင်းတိုက် အပေါ်နှစ်ထပ် ပြင်နေသဖြင့် မြေအောက်ထပ်တွင် မိသားစုလိုက် ယာယီ ပြောင်းနေချိန်ဖြစ်သည်။

မိဘနှစ်ပါးက အိပ်ခန်းထဲတွင်အိပ်နေ၍ သားဖြစ်သူ ဘာ့ခ် ဟန် ဆန် ကတော့ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် အိပ်နေချိန်တွင် မီးလောင်မှုဖြစ်ပွားသည်ဟု ဘာ့ခ် ဟန် ဆန်က တာဝန်ရှိသူများအား ရှင်းပြခဲ့သည်။

“မီးတောက်တွေရဲ့ အပူရှိန် ပစ္စည်းတွေ လဲပြို ပေါက်ကွဲ သံတွေကြောင့် ကျွန်တော် အိပ်ယာက လန့်နိုးသွားပြီး ဖိနပ်တောင်မပါ အသက်လုပြေးခဲ့ရတယ်။ ”

“အဖေနဲ့အမေ အသက်ကိုမကယ်လိုက်နိုင်ခဲ့တာ ကျွန်တော် ရဲ့ အကြီးမားဆုံး အပြစ်ကြီးပါပဲဗျာ….။”

မီးသတ်အရာရှိတို့က “မတော်တဆ မီးလောင်မှု” ဟု သတ်မှတ်လိုက်ကြသည်…။

သို့သော်….

ဖိနပ်မပါပဲ အသက်လုပြေးခဲ့ရသည်ဆိုသော ဘာ့ခ် ဟန် ဆန် ၏ခြေထောက်များက ဖြူဖွေးသန့်ရှင်းနေသည်ကို ထောက်လှမ်းရေးတစ်ဦးက သတိပြုမိသွားလေသည်။

ဟင်… ဘာ့ခ် ဟန် ဆန် က သူ့မိဘတွေကို တမင်သက်သက် မကယ်ခဲ့တာလား?!? သူ့မှာ ဖိနပ်စီးဘို့ အချိန်တောင် ရခဲ့ပုံရတယ်… ဖိနပ်မပါပဲ ပြေးခဲ့တယ်လို့ လိမ်နေတယ်….။

သို့သော် ထောက်လှမ်းရေးက သူ့ကို ဘာမှမမေးခဲ့ပါ…။ ဘာ့ခ် ဟန် ဆန် ၏ ခန္ဓာကိုယ်တွင် ဒါဏ်ရာအနည်းငယ်ရနေသောကြောင့်ဖြစ်သည်။ ဒါဏ်ရာမပြင်းထန်သော်လည်း ဘာ့ခ် ဟန် ဆန် အားဆေးရုံပို့လိုက်ကြသည်။

အလောင်းများအား သိပ္ပံခန်းမှ စစ်ဆေးရာ အလွန် ရင်နင့်ဖွယ် အဖြစ်ဆိုးကြီးတစ်ခုကို သိရှိခဲ့ရသည်။

မိဘနှစ်ပါး၏ခန္ဓာကိုယ် အတွင်းပိုင်းအပြင်ပိုင်း၌ သွေးများ စီးကျနေလေသည်။ မီးလောင်ခံရလျှင် အသားများကျက်၍ သွေးများ ကပ်နေလေ့ရှိသည်။ အခုတော့ သွေးများပန်းထွက်သည့်ပုံစံမျိုးဖြစ်နေသည်။

“ဟင်!?! ဓါးဒါဏ်ရာတွေနဲ့ပါလား”

ဖခင်ကြီးထံမှာ ဓါးဒါဏ်ရာ အချက် ၅၀ ခန့်ရှိနေသည်။

မိခင်ကြီးထံမှာတော့ ဓါးဒါဏ်ရာ ၄၀ ချက်ခန့်ရှိနေသည်။

မိဘနှစ်ပါးလုံး အဓိက မျက်နှာနှင့်လည်ပင်းနေရာများ စုတ်ပြတ်နေကြသည်။

“ဟာ!?! ဒါ မတော်တဆလူသေမှုမဟုတ်ဘူး.. မသေမချင်း ရက်ရက်စက်စက် သတ်ထားတဲ့ လူသတ်မှုကြီးဗျ…။ ”

ဘာ့ခ် ဟန် ဆန် မိဘများတွင် ရန်သူရှိ မရှိ ထောက်လှမ်းရေးအဖွဲ့က စတင်စုံစမ်းတော့သည်။

ဘာ့ခ် ဟန် ဆန် မိဘများသည် သမာအာဇီဝနည်းဖြင့် ချမ်းသာလာသူများဖြစ်၍ ရန်သူများမရှိ…။

ဘာသာရေး အလွန်ကိုင်းရှိုင်းသော ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြလေသည်။

ဒါဆို ဘာ့ခ် ဟန် ဆန် ကိုယ်တိုင်များလား ?

“ကျွန်တော်တို့ ဘာ့ခ် ဟန် ဆန် ကိုစစ်ဆေးချင်တယ်။”

ဘာ့ခ် ဟန် ဆန် ၏ဆွေမျိုးများက ရဲထောက်လှမ်းရေးတို့အား ကန့်ကွက်ကြသည်။

“ခင်ဗျားတို့ ရက်စက်လှချည့်လားဗျ… မိဘတွေဆုံးသွားလို ဒီလောက်ခံစားနေတဲ့ကလေးကို ခင်ဗျားတို့ကစစ်မလို့လား?”

“မိဘတွေကို သတ်တာ ဖြစ်နိုင် မဖြစ်နိုင် ဦးနှောက်ရှိတဲ့လူတိုင်း စဉ်းစားတတ်ပါတယ်..”

ဘာ့ခ် ဟန် ဆန် ကဆေးရုံပေါ်မှာ ဆေးကုသမှုခံယူဆဲဖြစ်သည်။

ဒါဆို တရားခံဘယ်သူလဲ…?

ဘာ့ခ် ဟန် ဆန် ရဲ့ညီ…?

ဒါလည်းမဖြစ်နိင် ဘာ့ခ် ဟန် ဆန်၏ ညီသည် ဘာ့ခ် ဟန် ဆန် နှင့် ဆန့်ကျင်ဖက် …ရိုးသား ကြိုးစား၍ ဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ယောက်…။ စိတ်ကောင်းရှိသည်။

ဘာ့ခ် ဟန် ဆန် အား သူနာပြုဆရာမလေးက ပြုစုနေသည်။

“ဟင်!?! ရှင့်ခေါင်းမှာ သွေးတွေ!”

သူနာပြုဆရာမလေး မျက်နှာဖြူဖြတ်ဖြူရော်ဖြစ်သွားသည်။ ဘာ့ခ် ဟန် ဆန် ခေါင်းတွင် ဘာဒါဏ်ရာမှမရှိသောကြောင့်ဖြစ်သည်…။

ထိုကြောင့် သွေးများသည် သူ့သွေးမဟုတ်…။ သို့သော် သူမ နှုတ်ဆိတ်နေလိုက်သည်။

အလွန်တော်သော သူနာပြုမလေးသည် ဘာ့ခ် ဟန် ဆန် ခေါင်းမှ သွေးတို့ကို ဂွမ်းဖြင့် အသေအချာ သုတ်၍ ထိုဂွမ်းစတို့ကို ဘာ့ခ် ဟန် ဆန် မရိပ်မိအောင် သိမ်းယူကာ ရဲစခန်းကိုဖုန်းဆက်လိုက်သည်။

“ဘာ့ခ် ဟန် ဆန် မသင်္ကာဘူးရှင့် ကျွန်မကို အမြန်လာတွေ့ကြပါ”

” ဒါ သူ့ခေါင်းက သွေးစတွေပါ…သူ့ခေါင်းမှာဒါဏ်ရာလုံးဝမရှိဘူး..။ ပြီးတော့… ဟို … သူ့ ညာဖက်ခြေထောက်မှာ သွားရာအကွင်းလိုက်ကြီးရှိတယ်”

ထိုသွေးများကို ဓာတ်ခွဲခန်းသို့ အမြန်ပို့၍ စစ်ဆေးလိုက်ကြသည်။

ဘာ့ခ် ဟန် ဆန် ထွက်မပြေးအောင် ဆေးရုံ၌ အရပ်ဝတ်ရဲများ မသိမသာ စောင့်နေကြသည်။

“ဟာဗျာ…သူ့ခေါင်းကသွေးတွေက သူ့အဖေရဲ့သွေးတွေဗျ…”

သူနာပြုမလေးအား ဘာ့ခ် ဟန် ဆန် ခြေထောက်ရှိ သွားကိုက်ရာအား ဂွမ်းဖြင့် အသေအချာသုတ်သင်စေ၍ ထိုဂွမ်းစကိုစစ်ဆေးပြန်သည်။

“ဘာ့ခ် ဟန် ဆန် ခြေထောက်က သွားရာထဲက သွားတိုက်ဆေး က ဘာ့ခ် ဟန် ဆန် အဖေသုံးတဲ့ သွားတိုက်ဆေး..!”

ရက်စက်လိုက်တာဗျာ ကိုယ့်မိဘ အရင်းကို ကိုယ်ပြန်သတ်လိုက်တာဗျ…။

ဘာ့ခ် ဟန် ဆန် သည် အမိုက်တကာ့ အမိုက်ဆုံး ..အဆုံးစွန် မိုက်ခဲ့လေပြီ။

ဘာ့ခ် ဟန် ဆန် ဆေးရုံမှဆင်းသွား၍ သူ့ဦးလေးအိမ်၌ ခဏနေသည့်အချိန်ဖြစ်သည်။။

သူ့ရည်းစားနှင့် ဖုန်းပြောနေသည့် အကြောင်းအရာတို့ကို အသံဖမ်းနားထောင်ခဲ့ရာတွင် ပျော်ရွှင်နေသည်ကိုတွေ့ရလေသည်။

မိဘနှစ်ပါးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ယခုအထိ နောင်တမရ…။ ငွေများရပြီဟုပျော်နေသော ဘာ့ခ် ဟန် ဆန်…။

ထိုစဉ် ရဲထောက်လှမ်းရေးတို့က မိဘနှစ်ပါးသတ်မှုဖြင့် ဘာ့ခ် ဟန် ဆန် အား ဝင်ရောက်ဖမ်းဆီးခဲ့သည်။

အပိုင်း-၂

ဆင်ခြင်တုံတရားမရှိ ဉာဏ်ပညာကင်းမဲ့စွာဖြင့် မိုက်လုံးကြီးလှသည့် သားဆိုး သားမိုက် ဘာ့ခ် ဟန် ဆန် သည် မိဘနှစ်ပါးကို သတ်ပစ်ရန် ဆုံးဖြတ်ခဲ့လေသည်။

သို့မှသာ ငွေအားလုံးကို သူတစ်ဦးတည်းပိုင်မည်။ အမုန်းတရားကြောင့် မဟုတ်… ငွေကြောင့်သက်သက် ဖြစ်သည်။

ဓါးနှင့် ဓာတ်ဆီတို့ကိုဝယ်၍ ကားဂိုဒေါင်ထဲတွင် ဖွက်ထားလိုက်သည်။

ထို့နောက် အခြေအနေကောင်းကို စောင့်နေသည်။

ရက် အနည်းငယ်အကြာ …

မိခင်နှင့် ဖခင် အိမ်မောကျနေသည်အထိ စောင့်နေလိုက်သည်။

သွေးစင်လျှင် သဲလွန်စရှိမည်စိုး၍ သူ့တကိုယ်လုံးမှ အင်္ကျီတို့ကိုချွတ်လိုက်သည်။

ကိုယ်တုံးလုံး ဘာ့ခ် ဟန် ဆန် သည် အိပ်ပျော်နေသော ဖခင်နှင့် မိခင်တို့အား ဓါးဖြင့် အကြိမ်ပေါင်းများစွားထိုးသတ်ခဲ့သည်။

ဖခင်နှင့်မိခင်နှစ်ဦးလုံးသေသွားသောအခါ သူရေချိုး၍ ခန္ဓာကိုယ်မှသွေးများကို ဆေးကြောသည်။ သို့သော် ခေါင်းမလျှော်မိ…။

ထို့နောက် ညအိပ်အင်္ကျီဝတ်လိုက်သည်။
ဓါးများ ကိုလွှင့်ပစ်ရန် အပြင်သို့သွားလိုက်သည်။

ထို့နောက်အိမ်ပြန်လာ၍ သေဆုံးနေသော မိဘနှစ်ပါးရှိသည့်အိပ်ခန်းကို ဓာတ်ဆီဖြင့်ပက်၍ လောင်းမီးရှို့လိုက်သည်။

အရေးပေါ်ဌာနကို ဖုန်းဆက်လိုက်သည်။

“ကျွန်တော့် အိမ် မီးလောင်နေပါတယ် ခင်ဗျ…ကယ်ကြပါဦး ..ကျွန်တော့်မိဘတွေ အိမ်ထဲမှာရှိနေပါတယ်…။”

ဘာ့ခ် ဟန် ဆန် လွှင့်ပစ်ခဲ့သော ဓါးများအားလည်း ဘာ့ခ် ဟန် ဆန် အိမ်မှ ၂၀၀ မီတာအကွာတွင် သက်သေအထောက်အထားအဖြစ်ရှာတွေ့နိုင်ခဲ့သည်။

ဘာ့ခ် ဟန် ဆန် ငြင်း၍မရတော့…။

လူသတ်ကောင် သားဆိုး ဘာ့ခ် ဟန် ဆန် အား တရားသူကြီးက အလုပ်ကြမ်းနှင့် မသေမချင်းထောင်ဒဏ်ကျစေဟု အမိန့်ချခဲ့သည်။

ဘာ့ခ် ဟန် ဆန် တစ်သက်လုံးမနာလိုဖြစ်နေသူ ညီဖြစ်သူက မိဘ အမွေအားလုံးကို အလိုလိုနေရင်းပိုင်ဆိုင်သွားတော့သည်။

မွေခံမထိုက်သည် သားဆိုး ဘာ့ခ် ဟန် ဆန် တစ်ယောက်သည်တော့ ယခုလတ်တလော ထောင်နန်းစံရလေပြီ…။
တောင်ကိုရီးယားမှ အဇာတသတ်လက်သစ် ဘာ့ခ် ဟန် ဆန်..

ဘုရားလက်ထက်မှ အဇာတသတ်သည်ဖခင်သတ်ပြီးနောက်ပိုင်း လုံးဝ အိပ်မရတော့ချေ…။ သူ့ကို လှံတွေနဲ့ လာထိုးနေသလို အမြဲ ခံစားနေရပါသည်…။

ကိုရီးယား အဇာတသတ်ကတော့ ဖခင်သာမက မိခင်ကိုပါ သတ်ခဲ့လေပြီ…။ ရက်သတ္တတစ်ပတ်တော့ အိပ်ကောင်း စားကောင်း ပျော်နေသေးသည်။

ထို့နောက် ထောင်ထဲတွင် ဖြေဆည်၍မရသော နောင်တနှင့် စိတ်ဝေဒနာကြီးစွာခံစားရနေရပါပြီ…။

ထိုဝေဒနာသည် ထောင်ဒုက္ခထက် အဆပေါင်းများစွားဆိုးဝါးသည်။

အခု ၂၀၁၇ တွင် ဘာ့ခ် ဟန် ဆန် အသက် ၄၆ နှစ် .. အလွန်ချမ်းသာသော ဘဝအား ၂၃ နှစ်သာပိုင်သာဆိုင်ခဲ့သည်။ ယခုအခါ ထောင်ထဲတွင် ၂၃ နှစ်ရှိနေလေပြီ… ။

နောင်နှစ်ပေါင်းများစွာ ထောင်ထဲတွင်နေရမည်ဖြစ်ပြီး သေဆုံးလျှင်လည်း အဝီစိငရဲတွင် ကမ္ဘာအသင်္ချေပေါင်းများစွာ…။

လောကကြီးတွင် လုံးဝ မစတင် မစမ်းသပ်သင့်သည့်အရာမှာ လောင်းကစားနှင့် မူးယစ်ဆေးဝါးပင်ဖြစ်သည်။ ၎င်းတို့သည် လူကိုဖျက်ဆီးသော အကြီးမားဆုံးရန်သူပင်ဖြစ်သည်။

မည်မျှပင် ကြိုးစားဖြတ်သော်လည်း တသက်လုံးမပြတ်နိုင်သည့် ကြောက်စရာအကောင်းဆုံးအရာများဖြစ်သည်။ ဤအရာများကြောင့် မဖြစ်သင့် မလုပ်သင့်သည့် အမှားများကို ကျူးလွန်ကြသည်။

ဘဝတွင် မိတ်ဆွေအပေါင်းအသင်း အိမ်ထောင်ဖက်ရွေးမည်ဆိုလျှင် မူးယစ်ဆေး သို့မဟုတ် လောင်းကစားတစ်ခုခုလုပ်သူဆိုပါက လုံးဝ သံယောဇဉ်ဖြတ်၍ ဘဝတွင် လက်မတွဲအပ်သူများပင်ဖြစ်ပေသည်။

ဘာ့ခ် ဟန် ဆန် သားဆိုး…။ မှန်သည်..။ သို့သော် သားဆိုးဟူသော နာမည်ရိုင်းအောက်တွင် မိဘများ၏ တာဝန်မကင်းပေ..။

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။

တချို့ မိဘများသည် သားသမီးများအပေါ် စည်းလွတ်ဝါးလွတ်ချစ်မိသည်။ မကောင်းမှုကို တားမြစ်ရုံနှင့်မပြီး ကောင်းမှုများကို ညွှန်ပြသင်ကြားပေးရမည်ဖြစ်သည်။

သားသမီး မကောင်း မိဘခေါင်း ဆိုသကဲ့သို့ သားသမီး မကောင်းရခြင်း၏ အဓိက တရားခံမှာ မိဘများက သေသေချာချာ မဆုံးမ ခဲ့သောကြောင့်ပင်ဖြစ်သည်။

တချို့သော မိဘများသည် သားသမီးကို လိုသည်ထက် ပို၍အလိုလိုက်ခြင်းဖြင့် သားသမီးကို ဖျက်ဆီးမိပြီးသားဖြစ်နေသည်။ ထိုကဲ့သို့သော မိဘများသည် သားသမီးများကို ရှုံးနိမ့်နေသော မိဘမျိုးဖြစ်သည်။

ဆိုလိုသည်မှာ သားသမီးက ဘယ်လောက်အမှားလုပ်လုပ် သားသမီးစိတ်ဆန္ဒကို ဆန့်ကျင်ကျော်လွန်ပြီး မပြောနိုင် မဆုံးမနိုင်တော့သောကြောင့်ဖြစ်သည်။

တချို့သော မိဘများသည် အလုပ်စီးပွါးကြောင့်ဖြစ်စေ မိမိတို့ အပျော်အပါးကြောင့်ဖြစ်စေ ကိုယ်ပိုင်အချိန်ကိုလိုချင်သောကြောင့် သားသမီးများကို စိတ်ရှည်လက်ရှည် အချိန်ပေးသွန်သင်ဆုံးမခြင်း မလုပ်ပေးခဲ့ကြပါ။ ထိုသားသမီးတို့ အရွယ်ရောက်လာသောအခါ လူမိုက်များဖြစ်လာသည်မှာလည်း မထူးဆန်းပါ။

ငွေကြေးချမ်းသာမှု စည်းစိမ်ပြည့်ဝလျှင် လောကတွင် ပျော်ရွှင်စွာနေနိုင်ပြီဟု ယူဆထားသော မိဘများအနေနှင့် သားသမီးများအပေါ်ထားရှိအပ်သည့် တာဝန်နှင့် မေတ္တာတရားတို့အား ပြန်လည် သုံးသပ်သင့်ပေသည်။

၎င်းတာဝန်မှာ မိမိတို့ ရင်သွေးများအား လိမ္မာအောင် ငယ်စဉ်ကတည်းက အပင်ပန်းခံ အမုန်းခံ၍ ကြိုးစားသင်ပြပေးသော တာဝန်ဖြစ်သည်။ ထိုမိဘများ၏ သားသမီးတို့သည် မိဘကို မစော်ကားခြင်းဟူသော အကျိုးတရားတခုနှင့်ပင် သူတို့ အကုသိုလ် မှ ကင်းဝေးစေနိုင်သောကြောင့်ဖြစ်သည်။ ထိုအရာသည်ပင် သားသမီးတို့အပေါ်တွင်ထားသော မိဘတို့၏ မေတ္တာဖြစ်ပေသည်။

မိဘနှစ်ပါးသည် ဘာ့ခ် ဟန် ဆန် အား အမေရိကားပို့မည့်အစား စိတ္တဇဆေးရုံပို့ခဲ့လျှင် သည်လို ကြေကွဲဖွယ်ရာများအား တားဆီးနိုင်ကောင်း တားဆီးနိုင်ပေမည်။

အခုတော့ မိသားစု ၃ ဦးစလုံး ကြေကွဲရင်နင့်ဖွယ်ဖြစ်ရပ်နှင့် ကြုံတွေ့ခဲ့ရသည်။

ဘာ့ခ် ဟန် ဆန် အား အလိုလိုက်ခဲ့သော မိဘများ၏ နောက်ဆုံးခရီးသည် အလွန်ကြေကွဲဖို့ကောင်းသကဲ့သို့….အကြီးဆုံးအကုသိုလ်ကံဖြစ်သည့် ပဉ္စာနန္တရိယကံထိုက်သော ဘာ့ခ် ဟန် ဆန် သည်လည်း အဝီစိငရဲတွင် မလွတ်တမ်းကျတော့မည်ဖြစ်ပါသည်။

ထို ဖြစ်ရပ်မှန် ဇတ်လမ်းကို အခြေခံ၍ 공공의적은 ( public enemy ) ဟူသော ရုပ်ရှင်ကို ရိုက်ခဲ့သည်။

မိဘကို ရက်စက်စွာ သတ်ဖြတ်သော သားမိုက် ဘာ့ခ် ဟန် ဆန် အား ပထမ မီးလောင်သောနေ့ကပင် ထောက်လှမ်းရေး တစ်ယောက်က သူ့ခြေထောက်ကိုကြည့်၍ မသင်္ကာဖြစ်ခဲ့သည်။

နောက်တစ်ရက် ထောက်လှမ်းရေးမဟုတ်သော သူနာပြုဆရာမလေးက ချက်ချင်း ဖော်ထုတ်ချင်သော စိတ်များဝင်လာခဲ့သည်။

ငွေကြေးချမ်းသာသော ဘာ့ခ် ဟန် ဆန် သည် ဆေးရုံ အထူး အခန်း၌ တစ်ယောက်ထဲနေခြင်းဖြစ်သည်။ ရေချိုးခန်းရှိသည်။

သူနာပြုဆရာမလေးသည် ဘာ့ခ် ဟန် ဆန် ရေမချိုးခင် ခေါင်းမှ သွေးများတွေ့ခဲ့ခြင်းဖြစ်သည်။

မိဘစော်ကားသောဝဋ် ကံကြမ္မာ နေ့မဆိုင်းညမဆိုင်း အကျိုးပေး မြန်လွန်းပါသည်။

အခြားအမှုများ လနှင့်ချီ နှစ်နှင့်ချီမှ သက်သေအထောက်အထား ရရှိသော်လည်း ဘာ့ခ် ဟန် ဆန် အမှု ဖော်ထုတ်ရာတွင် ရက်သတ္တပတ်သာ အချိန်ကြာခဲ့သည်။

ထို့ကြောင့် မိဘ တို့အား သတိတရား လက်ကိုင်ထားပြီး ကိုယ် နှုတ် စိတ် ၃ ပါးတို့ဖြင့် မကျူးလွန်မိကြရစေရန် အထူးသတိပေးချင်ပါသည်။

ဘာ့ခ် ဟန် ဆန် သည် မိဘအား မကျေနပ်ပဲ စိတ်ဖြင့် စော်ကားသည်။ နောင်တွင် နှုတ်ဖြင့်စော်ကားလာသည်။ နောက်ဆုံးတော့ သူ့လက်ဖြင့် သတ်ပစ်လိုက်တော့သည်။

နိဂုံး

ကျွန်တော် အိပ်နေတဲ့အဖေ့လည်ပင်းကို ဓါးနဲ့ အရင်ထိုးချလိုက်တယ်။

ဓါးဒါဏ်ရာတွေနဲ့ အဖေက ကုတင်ပေါ်ကပြုတ် ကျသွားတယ်။

အဖေက အားရှိတော့ သတ်ရတာ တော်တော်ခက်တယ်။ ရှိသမျှအားနဲ့ မျက်နှာနဲ့ လည်ပင်းကို ဆက်တိုက်ထိုးရတယ်။

အဖေမထနိုင်တော့ဘူး။

အမေကတော့ ကြောက်လွန်းလို့ ထိုင်တောင်းပန်နေတယ်။

ကျွန်တော် အမေ့ဆီသွားပြီး အမေ့ကို ဓါးနဲ့ထိုးလိုက်တယ်။ အမေကတော့ အားမရှိတော့ လွယ်တယ်။

သွေးအလိမ်းလိမ်းနဲ့ အဖေက မသေသေးဘူး…။ အမေ့ကို ဓါးနဲ့ထိုးနေတဲ့ ကျွန့်တော့်ဆီကို တရွတ်တိုက် လေးဘက်တွားပြီးကပ်လာတယ်။

အဖေကျွန်တော့် ခြေထောက်ကို ဖက်ထားတယ်။ သူ အားမရှိတော့ဘူးဆိုတာ သိလိုက်ရတယ်။ စကားတော့ မပြောနိုင်တော့ဘူး။

ပြီးတော့ ကျွန်တော့် ခြေထောက်ကို ဖမ်းကိုက်ထားတယ်။

အမေ့ကို ကယ်တင်ချင်လို့ကိုက်ခဲ့တာလား?

ကျွန်တော်ကို မုန်းလို့ကိုက်ခဲ့တာလား?

ကျွန်တော် မသိချင်တော့..။

တောင်းပန်နေတဲ့ အမေ့ကို သေတဲ့အထိ ဓါးနဲ့ ဆက်တိုက်ထိုးလိုက်တယ်။

နောက်ဆုံးတော့ သူတို့နှစ်ယောက်လုံးကို ဓာတ်ဆီနဲ့လောင်း မီးရှို့ပစ်လိုက်တယ်။

ထောင်ထဲမှာ ညဖက်အိပ်ခါနီး အဖေကိုက်ခဲ့တဲ့ ကျွန်တော့်ခြေထောက်က ဒါဏ်ရာအဟောင်းလေးကို ကျွန်တော် ငေးကြည့်နေမိတယ်။

ထုံးစံအတိုင်း ဖြေဆည်မရတဲ့ ကြေကွဲမှုနဲ့ ရှိုက်ကြီးတငင်ငိုမိတယ်။

အမှားကြီးမှားခဲ့လေပြီ..။

ဟုတ်ပါတယ်… ။
ကျွန်တော် သားဆိုးပါ….။
ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့အမေ…။
ကျွန်တော့်ကို အားမကိုးပါနဲ့ အဖေ….။

၂၀၁၈ ခုနှစ် – နှစ်သစ်မှာ စိတ်သစ်လူသစ်နှင့် မိဘနှစ်ပါအား စိတ်အားဖြင့်ဖြစ်စေ၊ နှုတ်အားဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ မစော်ကားဘို့ ဆုံးဖြတ်နိုင်ကြပါစေ…။

မိဘကျေးဇူး အထူးသိတတ်သော သားလိမ္မာ သမီးလိမ္မာလေးများ အဖြစ်ရပ်တည်နိုင်ကြပါစေလို့ …။

ဖိုးသူတော် (www.phothutaw.com)
Credit: မရွှေမိုး (ကိုရီးယား)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top