ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဗိုင္းရပ္စ္ပိုးမ်ား၊ ဘတ္တီးရီးယားမ်ား ႏွင့္ အျခားေရာဂါပိုးမ်ား ခႏၶာကိုယ္အတြင္း ၀င္ေရာက္မႈမွ အဓိကအကာအကြယ္ေပးသည့္ ကိုယ္ခံအားေကာင္းမြန္မွ်တေနပါက သင့္ကိုယ္ခႏၶာသည္လည္း က်န္းမာႀကံ႕ခိုင္လာကာ ဖ်ားနာမႈအခြင့္အလမ္းလည္း နည္းပါးသြားမွာျဖစ္ပါတယ္။ ထုိ႕ေႀကာင့္ ပိုမိုေကာင္းမြန္ေသာ ကိုယ္ခံအားကို ရရွိႏိုင္ရန္အတြက္ က်န္းမာေရးႏွင့္ညီညြတ္မွ်တသည့္စားေသာက္မႈပံုစံ၊ လံုေလာက္ေသာအနားယူမႈ၊ အိပ္စက္မႈမ်ား အထူးလိုအပ္ပါတယ္။

သုိ႕ေသာ္လည္း ထိုကဲ့သို႕ စားေသာက္ေနထိုင္မႈပံုစံအျပင္ သင့္ကိုယ္ခံအားကို တိုးတက္ရန္အတြက္ လုပ္ေဆာင္ႏိုင္မည့္ အျခားအေသးအဖြဲအေလ့အက်င့္မ်ားလည္း ရွိေသးေသာေႀကာင့္ ရိုးရွင္းလြယ္ကူစြာ လုိက္လံလုပ္ေဆာင္ႏိုင္ရန္ ေ၀မွ်ေပးလိုက္ရပါတယ္။

၁။ တစ္ကိုယ္ေရသန္႕ရွင္းမႈရွိပါ။

က်န္းမာေကာင္းမြန္ေသာ ကိုယ္ခံအားစနစ္ကို ရရွိရန္အတြက္ ပထမဆံုးေသာေျခလွမ္းတစ္ခုအေနျဖင့္ ျပဳလုပ္ရန္မွာ တစ္ကိုယ္ေရသန္႕ရွင္းမႈရွိရန္ပဲျဖစ္ပါတယ္။ မိမိကိုသာမက အျခားသူမ်ားကိုပါ ပိုးမႊားမ်ားကူးစက္မႈေႀကာင့္ ေရာဂါမ်ားျဖစ္ေပၚလာမႈမွ ႀကိဳတင္ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

၂။ ေရမ်ားမ်ားေသာက္ပါ။

အစားမည္မွ်ပဲ က်န္းမာေရးႏွင့္ညီညြတ္စြာ စားသံုးေနသည္ဆိုေစကာမူ လိုအပ္သည့္ေရပမာဏကုိ လံုလံုေလာက္ေလာက္ မေသာက္သံုးလွ်င္ေတာ့ ခႏၶာကိုယ္ကိုမည္သုိ႕မွ် အေထာက္အကူျပဳႏိုင္မည္မဟုတ္ေပ။ ခႏၶာကိုယ္အတြင္းရွိ အဆိပ္အေတာက္မွန္သမွ်ကို ေရမွထုတ္ေပးမွာျဖစ္ၿပီး ဆဲလ္မ်ား၊ ကိုယ္အဂၤါအစိတ္အပိုင္းမ်ား ပံုမွန္အလုပ္လုပ္ရန္အတြက္ လိုအပ္သည့္ ေအာက္စီဂ်င္ကို ရရွိေစမွာျဖစ္ပါတယ္။

၃။ ရယ္ေမာပါ။

ရယ္ေမာျခင္းသည္ ေရာဂါပိုးမ်ား၊ ဖ်ားနာမႈမ်ားျဖစ္ေပၚသည့္အခါ ခႏၶာကိုယ္မွ ခံႏိုင္ရည္ရွိေအာင္ ေထာက္ပံ့ေပးႏိုင္သည့္အတြက္ ရယ္ေမာပါ။ ထုိ႕အျပင္ ေသြးလည္ပတ္မႈ၊ အစာေခ်ဖ်က္မႈ၊ ေသြးေပါင္ခ်ိန္က်ေစျခင္း၊ ႀကြက္သားမ်ားတင္းမာမႈကိုေျဖေလ်ာ႕ေပးျခင္း စသည့္ ေကာင္းက်ိဳးမ်ားကိုလည္း ေပးစြမ္းႏိုင္ပါတယ္။

၄။ ေနပူဆာလံႈပါ။

ကိုယ္ခံအားတိုးျမင့္ရန္အတြက္ လိုအပ္သည့္ ဗီတာမင္ဒီကို ေနေရာင္ျခည္မွ ထုတ္လႊတ္ေပးၿပီး အျခားေရာဂါမ်ား၀င္ေရာက္မႈမွ တိုက္ထုတ္ေပးသည့္ T cells မ်ားကိုေကာင္းမြန္မွ်တစြာ လည္ပတ္ေစပါတယ္။

၅။ အၿမဲတမ္းေပ်ာ္ရႊင္စြာေနထုိင္ေတြးေခၚပါ။

အေကာင္းျမင္တတ္မႈႏွင့္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနတတ္မႈသည္ က်န္းက်န္းမာမာရွိေနရန္အတြက္ လုပ္ေဆာင္သင့္သည့္ အေလ့အက်င့္တစ္ခုျဖစ္ပါတယ္။ မိမိတို႕၏အေတြးခံစားခ်က္မ်ားမွာ ကိုယ္ခံအားစနစ္အေပၚ သက္ေရာက္မႈရွိသည့္အတြက္ အေတြးဆိုး၊ အေျခအေနဆိုးမ်ား၏ လႊမ္းမိုးမႈေႀကာင့္ ေရာဂါခံစားမႈမွ ေရွာင္ရွားႏိုင္ရန္ တတ္ႏိုင္သမွ် ေပ်ာ္ရႊင္စြာေတြးေခၚေနထုိင္ေပးပါ။

၆။ တေန႕တာကို အသီးေဖ်ာ္ရည္ေသာက္သံုးျခင္းျဖင့္ အစျပဳပါ။

မနက္စာကို က်န္းမာေရးႏွင့္ညီညြတ္စြာ ျပင္ဆင္ရန္အခ်ိန္မေပးႏိုင္သည့္အခါမ်ားတြင္ လြယ္ကူသက္သာစြာျပဳလုပ္ႏိုင္သည့္ အသီးေဖ်ာ္ရည္တစ္ခြက္ေသာက္သံုးေပးျခင္းျဖင့္လည္း လံုေလာက္ပါတယ္။ ဟင္းသီးဟင္းရြက္မ်ားႏွင့္ အသီးအႏွံမ်ားသည္ ေရာဂါတုိက္ဖ်က္ႏိုင္သည့္ ကိုယ္ခံအားစြမ္းရည္ကို ႏွစ္ဆတိုးတက္ေစသည့္အတြက္ မျဖစ္မေနစားသံုးေပးသင့္ပါတယ္။

၇။ တရားထုိင္ပါ။

တရားမွတ္ျခင္းသည္ ကိုယ္ခံအားပ်ံ႕ပြားရန္အတြက္ ေကာင္းမြန္သည့္စိတ္ပိုင္းဆိုင္ရာ ပတ္၀န္းက်င္ကိုဖန္တီးေပးရံုသာမက စိတ္ဂေယာက္ဂယက္ျဖစ္ျခင္း၊ စိတ္က်ေရာဂါခံစားရျခင္းတုိ႕မွ ကာကြယ္ေပးႏိုင္ပါတယ္။

၈။ ေန႕စဥ္မွန္မွန္လမ္းေလွ်ာက္ပါ။

ကိုယ္ခံအားေကာင္းမြန္ရန္အတြက္ ျပဳလုပ္ႏိုင္သည့္အရာမ်ားထဲတြင္ အားကစားသည္လည္း အေရးႀကီးအခန္းတစ္ရပ္အေနျဖင့္ ပါ၀င္ပါတယ္။ မိနစ္သံုးဆယ္ခန္႕မွ်သာ လမ္းေလွ်ာက္ေပးျခင္းက ခႏၶာကိုယ္သင့္တင့္မွ်တစြာ အလုပ္လုပ္ႏိုင္ရန္အတြက္ အေထာက္အကူျပဳႏိုင္ပါတယ္။

၉။ ၿငိမ့္ေညာင္းေသာ သို႕မဟုတ္ ျမဴးႀကြေသာသီခ်င္းမ်ားကို နားေထာင္ပါ။

သီခ်င္းနာေထာင္ေပးသည့္အခါ ခႏၶာကိုယ္အတြင္းရွိ immunoglobulin A ဟုေခၚေသာ antibody ကို တိုးျမင့္ေစကာ ဆဲလ္မ်ားကို က်န္းမာသန္စြမ္းမႈရွိေစပါတယ္။

၁၀။ သႀကားသံုးစြဲမႈကို ရပ္တန္႕ပါ။

သႀကားစားသံုးျခင္းသည္ ကိုယ္ခံအားလုပ္ေဆာင္ခ်က္ကို က်ဆင္းေစကာ သာမန္ဖ်ားနာျခင္း၊ တုပ္ေကြး ႏွင့္ အျခားကူးစက္ေရာဂါမ်ားကို ၀င္ေရာက္ေစႏိုင္ပါတယ္။ ထုိ႕ေႀကာင့္ သႀကားသံုးစြဲမႈကို ေလွ်ာ႕ခ်လိုက္ျခင္းသည္ ထူးကဲျခားနားေသာအေျပာင္းအလဲကို သိသိသာသာ ျဖစ္ေပၚေစႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
ဗိုင်းရပ်စ်ပိုးများ၊ ဘတ်တီးရီးယားများ နှင့် အခြားရောဂါပိုးများ ခန္ဓာကိုယ်အတွင်း ဝင်ရောက်မှုမှ အဓိကအကာအကွယ်ပေးသည့် ကိုယ်ခံအားကောင်းမွန်မျှတနေပါက သင့်ကိုယ်ခန္ဓာသည်လည်း ကျန်းမာကြံ့ခိုင်လာကာ ဖျားနာမှုအခွင့်အလမ်းလည်း နည်းပါးသွားမှာဖြစ်ပါတယ်။ ထို့ကြောင့် ပိုမိုကောင်းမွန်သော ကိုယ်ခံအားကို ရရှိနိုင်ရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်မျှတသည့်စားသောက်မှုပုံစံ၊ လုံလောက်သောအနားယူမှု၊ အိပ်စက်မှုများ အထူးလိုအပ်ပါတယ်။

သို့သော်လည်း ထိုကဲ့သို့ စားသောက်နေထိုင်မှုပုံစံအပြင် သင့်ကိုယ်ခံအားကို တိုးတက်ရန်အတွက် လုပ်ဆောင်နိုင်မည့် အခြားအသေးအဖွဲအလေ့အကျင့်များလည်း ရှိသေးသောကြောင့် ရိုးရှင်းလွယ်ကူစွာ လိုက်လံလုပ်ဆောင်နိုင်ရန် ဝေမျှပေးလိုက်ရပါတယ်။

၁။ တစ်ကိုယ်ရေသန့်ရှင်းမှုရှိပါ။

ကျန်းမာကောင်းမွန်သော ကိုယ်ခံအားစနစ်ကို ရရှိရန်အတွက် ပထမဆုံးသောခြေလှမ်းတစ်ခုအနေဖြင့် ပြုလုပ်ရန်မှာ တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန်ပဲဖြစ်ပါတယ်။ မိမိကိုသာမက အခြားသူများကိုပါ ပိုးမွှားများကူးစက်မှုကြောင့် ရောဂါများဖြစ်ပေါ်လာမှုမှ ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၂။ ရေများများသောက်ပါ။

အစားမည်မျှပဲ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးနေသည်ဆိုစေကာမူ လိုအပ်သည့်ရေပမာဏကို လုံလုံလောက်လောက် မသောက်သုံးလျှင်တော့ ခန္ဓာကိုယ်ကိုမည်သို့မျှ အထောက်အကူပြုနိုင်မည်မဟုတ်ပေ။ ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်မှန်သမျှကို ရေမှထုတ်ပေးမှာဖြစ်ပြီး ဆဲလ်များ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပုံမှန်အလုပ်လုပ်ရန်အတွက် လိုအပ်သည့် အောက်စီဂျင်ကို ရရှိစေမှာဖြစ်ပါတယ်။

၃။ ရယ်မောပါ။

ရယ်မောခြင်းသည် ရောဂါပိုးများ၊ ဖျားနာမှုများဖြစ်ပေါ်သည့်အခါ ခန္ဓာကိုယ်မှ ခံနိုင်ရည်ရှိအောင် ထောက်ပံ့ပေးနိုင်သည့်အတွက် ရယ်မောပါ။ ထို့အပြင် သွေးလည်ပတ်မှု၊ အစာချေဖျက်မှု၊ သွေးပေါင်ချိန်ကျစေခြင်း၊ ကြွက်သားများတင်းမာမှုကိုဖြေလျော့ပေးခြင်း စသည့် ကောင်းကျိုးများကိုလည်း ပေးစွမ်းနိုင်ပါတယ်။

၄။ နေပူဆာလှုံပါ။

ကိုယ်ခံအားတိုးမြင့်ရန်အတွက် လိုအပ်သည့် ဗီတာမင်ဒီကို နေရောင်ခြည်မှ ထုတ်လွှတ်ပေးပြီး အခြားရောဂါများဝင်ရောက်မှုမှ တိုက်ထုတ်ပေးသည့် T cells များကိုကောင်းမွန်မျှတစွာ လည်ပတ်စေပါတယ်။

၅။ အမြဲတမ်းပျော်ရွှင်စွာနေထိုင်တွေးခေါ်ပါ။

အကောင်းမြင်တတ်မှုနှင့် ပျော်ပျော်ရွှင်ရွှင်နေတတ်မှုသည် ကျန်းကျန်းမာမာရှိနေရန်အတွက် လုပ်ဆောင်သင့်သည့် အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ မိမိတို့၏အတွေးခံစားချက်များမှာ ကိုယ်ခံအားစနစ်အပေါ် သက်ရောက်မှုရှိသည့်အတွက် အတွေးဆိုး၊ အခြေအနေဆိုးများ၏ လွှမ်းမိုးမှုကြောင့် ရောဂါခံစားမှုမှ ရှောင်ရှားနိုင်ရန် တတ်နိုင်သမျှ ပျော်ရွှင်စွာတွေးခေါ်နေထိုင်ပေးပါ။

၆။ တနေ့တာကို အသီးဖျော်ရည်သောက်သုံးခြင်းဖြင့် အစပြုပါ။

မနက်စာကို ကျန်းမာရေးနှင့်ညီညွတ်စွာ ပြင်ဆင်ရန်အချိန်မပေးနိုင်သည့်အခါများတွင် လွယ်ကူသက်သာစွာပြုလုပ်နိုင်သည့် အသီးဖျော်ရည်တစ်ခွက်သောက်သုံးပေးခြင်းဖြင့်လည်း လုံလောက်ပါတယ်။ ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများသည် ရောဂါတိုက်ဖျက်နိုင်သည့် ကိုယ်ခံအားစွမ်းရည်ကို နှစ်ဆတိုးတက်စေသည့်အတွက် မဖြစ်မနေစားသုံးပေးသင့်ပါတယ်။

၇။ တရားထိုင်ပါ။

တရားမှတ်ခြင်းသည် ကိုယ်ခံအားပျံ့ပွားရန်အတွက် ကောင်းမွန်သည့်စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ကိုဖန်တီးပေးရုံသာမက စိတ်ဂယောက်ဂယက်ဖြစ်ခြင်း၊ စိတ်ကျရောဂါခံစားရခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။

၈။ နေ့စဉ်မှန်မှန်လမ်းလျှောက်ပါ။

ကိုယ်ခံအားကောင်းမွန်ရန်အတွက် ပြုလုပ်နိုင်သည့်အရာများထဲတွင် အားကစားသည်လည်း အရေးကြီးအခန်းတစ်ရပ်အနေဖြင့် ပါဝင်ပါတယ်။ မိနစ်သုံးဆယ်ခန့်မျှသာ လမ်းလျှောက်ပေးခြင်းက ခန္ဓာကိုယ်သင့်တင့်မျှတစွာ အလုပ်လုပ်နိုင်ရန်အတွက် အထောက်အကူပြုနိုင်ပါတယ်။

၉။ ငြိမ့်ညောင်းသော သို့မဟုတ် မြူးကြွသောသီချင်းများကို နားထောင်ပါ။

သီချင်းနာထောင်ပေးသည့်အခါ ခန္ဓာကိုယ်အတွင်းရှိ immunoglobulin A ဟုခေါ်သော antibody ကို တိုးမြင့်စေကာ ဆဲလ်များကို ကျန်းမာသန်စွမ်းမှုရှိစေပါတယ်။

၁၀။ သကြားသုံးစွဲမှုကို ရပ်တန့်ပါ။

သကြားစားသုံးခြင်းသည် ကိုယ်ခံအားလုပ်ဆောင်ချက်ကို ကျဆင်းစေကာ သာမန်ဖျားနာခြင်း၊ တုပ်ကွေး နှင့် အခြားကူးစက်ရောဂါများကို ဝင်ရောက်စေနိုင်ပါတယ်။ ထို့ကြောင့် သကြားသုံးစွဲမှုကို လျှော့ချလိုက်ခြင်းသည် ထူးကဲခြားနားသောအပြောင်းအလဲကို သိသိသာသာ ဖြစ်ပေါ်စေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top