ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ပိတ္ရက္ေတြအတြက္ ဆီးခ်ိဳရွိသူေတြ ဘယ္လိုၾကိဳျပင္ဆင္ၾကမလဲ။

အားလပ္ရက္ေတြဟာ ဆီးခ်ဳိသမားေတြအတြက္ အင္မတန္စုိးရိမ္ရတဲ့ အခ်ိန္ပါပဲ။ အစားအေသာက္ေတြအေပၚ အာရုံစိုက္ရလြန္းလုိ႔ ျဖစ္ပါတယ္။

ဘာစားရမလဲ ဘယ္ေလာက္စားရမလဲ ေမးခြင္႔မရွိတာေၾကာင္႔ အားလပ္ရပ္ေတြအတြက္ စိတ္မပါျဖစ္ေနတတ္ပါတယ္။

ၾကဳိတင္ျပင္ဆင္ထားရင္ေတာ႔ သိပ္စိတ္ပူစရာမလိုဘဲ ကုသပိုင္းဆိုင္ရာလည္း လမ္းမလြဲဘဲ အားလပ္ရက္ကုိ အျပည္႔အ၀ ခံစားႏိုင္ပါတယ္။
စားခ်ိန္အတြက္ စဥ္းစားပါ

မိသားစုေတာ္ေတာ္မ်ားမ်ားဟာ ပိတ္ရက္ေတြမွာ စားခ်ိန္မမွန္ၾကပါဘူး။ ဥပမာအေနနဲ႔ ေက်းဇူးေတာ္ေန႔ညစာကုိ မြန္းလြဲပိုင္းမွာ စားၾကပါတယ္။  သင္႔ရဲ့စားခ်ိန္ဟာ ပုံမွန္အခ်ိန္ဇယားနဲ႔ မကုိက္ညီရင္ ဘယ္လုိ အေျပာင္းအလဲလုပ္ရမယ္ဆုိတာ ၾကဳိျပင္ထားပါ။

အင္ဆူလင္ထုိးမယ္ဆုိရင္ ဆီးခ်ဳိက်ေဆးေသာက္မယ္ဆုိရင္ ပုံမွန္စားရမယ္႔အခ်ိန္မွာသားေရစာတခုခု စားသင္႔ပါတယ္။ ဒါမွ ဂလူးကုိ႕စ္ဓာတ္နည္းသြားတာမ်ဳိးကုိ ကာကြယ္ႏိုင္ပါမယ္။ သင္႕ကုိ ကုသေနသူေတြနဲ႔ တိုင္ပင္ပါ။
ကုိယ္လက္လွဳပ္ရွားပါ

နည္းနည္းပုိစားမိတာကုိ ျပန္ကာမိေအာင္ ပုံမွန္ထက္ ပုိလွဳပ္ရွားတာ အေကာင္းဆုံးနည္းလမ္းပါ။ စားစရာေတြနားကေန ေရွာင္ေနတဲ့ အက်င္႔သစ္ကုိ ေမြးျမဴပါ။

မိသားစုနဲ႔ လမ္းေလွ်ာက္ထြက္ပါ။ ပန္းကန္ျပားပ်ံေလထဲပစ္ေဆာ႔ပါ။ ေဘာလုံးကန္ပါ။ ကေလးမ်ား၊ ေျမးမ်ား၊ အိမ္နီးခ်င္းကေလးမ်ားနဲ႔ ေဘာလုံးကစားပါ။
သင္ၾကဳိက္တဲ့ပိတ္ရက္ရဲ့စားစရာေတြကုိ က်န္းမာေရးအျမင္နဲ႔သုံးသပ္ပါ

အသားငါး ဟင္းသီးဟင္းရြက္ေတြကုိေပါင္းျပီး ျပဳတ္စားရတာ ပုံမွန္စားစရာထက္ အဆီနည္းျပီး အရသာမေလးဘဲ စားလုိ႔ေကာင္းပါတယ္။ ပဲစိမ္းေစ႔ေတြကုိ ေပါင္းစားတာဟာ ေထာပတ္နဲ႔ေၾကာ္စားတာထက္ သင္႔ေတာ္ပါတယ္။သစ္သီးစိတ္ေတြကုိ သၾကားနည္းနည္းနဲ႔ပဲ တုိ႔စားပါ။သစ္သီးေတြရဲ့ သဘာ၀အခ်ဳိဓာတ္ဟာ သၾကားအမ်ားၾကီးသုံးစရာ မလုိပါဘူး။
တျဖည္းျဖည္းစားျခင္း

သင္ခ်က္ျပဳတ္ေနစဥ္ သုိ႔ ေစာင္႔ဆိုင္းေနစဥ္ အစာကုိ တစြတ္စြတ္စားပါ။သင္ေရြးခ်ယ္တဲ့ စားစရာေတြဟာ သင္႔ဆီးခ်ဳိကုိတက္ေစမယ္႔ အရာေတြ မဟုတ္ေစဖုိ႔ေတာ႔ ဂရုစိုက္ပါ။ အသားငါး အသီးအရြက္ျပဳတ္မ်ားပါတဲ့ တပန္းကန္ေလာက္နဲ႔ သင္႔စိတ္တိုင္းက် ကယ္လုိရီနည္းတဲ့အစာမ်ား၊ အဆီနည္းတဲ့ ဒိန္ခဲမ်ားကုိ ေရြးခ်ယ္ပါ။ကယ္လုိရီမ်ားတဲ့ အစာမ်ား၊ ဆီေၾကာ္မုန္႔မ်ား မစားပါႏွင္႔။
 ေရြးခ်ယ္တတ္ပါ

ေက်းဇူးေတာ္ေန႔ရဲ့ စားစရာေတြျဖစ္တဲ့ အာလူးေပါင္း၊ ကန္စြန္းဥ၊  အစာသြတ္မုန္႔၊ ေပါင္မုန္႔လုံး၊ အခ်ဥ္ေရ၊ ဖရုံသီးမုန္႔နဲ႔ တျခား အခ်ဳိတည္းစရာေတြဟာ ကစီဓာတ္မ်ားတတ္ပါတယ္။
စားပြဲေပၚက ရွိသမွ်ကုိ ျမည္းစမ္းၾကည္႔စရာ မလုိပါဘူး။

သင္႔အတြက္ မွ်တရုံေလာက္ပဲယူျပီး က်န္တာကုိ လက္ဆင္႔သာကမ္းလိုက္ပါ။ ဥပမာ အစာသြတ္မုန္႔ကုိ စားခ်င္ရင္ ေပါင္မုန္႔လုံးကုိ ထပ္မေရြးပါနဲ႔ေတာ႔။ ကန္စြန္းဥ ဒါမွမဟုတ္ အာလူး တခုခုကုိသာ ေရြးခ်ယ္ပါ။

အားလုံးကုိစားခ်င္ေနရင္ အတိုင္းတာကုိေတာ႔ ေလွ်ာ႔စားပါ။
ေလွ်ာ႔စားပါ

ေက်းဇူးေတာ္ေန႔စားစရာေတြမွာ ကစီဓာတ္မ်ားတဲ့ စားစရာေတြ မ်ားတတ္တာေၾကာင္႔ ခ်င္႔ခ်ိန္စားပါ။ ကစီဓာတ္ပါတဲ့ စားစရာ တမ်ဳိးနဲ႔ ႏွစ္မ်ဳိး ဘယ္လုိစားရမလဲ မသိရင္ အားလုံးကုိယူျပီး နည္းနည္းပဲစားပါ။

ပုံမွန္တေန႔စာ ကစီဓာတ္စားသေလာက္ပဲ စားပါ။
အသီးအရြက္စားပါ

အသီးအရြက္ဟာ လူတိုင္းအတြက္ အေရးၾကီးပါတယ္။ ကံမေကာင္းတာက အားလပ္ရက္စားစရာစာရင္းမွာ အသီးအရြက္ေတြဟာ နည္းနည္းပဲ ပါေနပါတယ္။ ကၽြန္ေတာ္တုိ႔ဟာ စားပြဲ၀ိုင္းကုိ စားခ်င္စဖြယ္ျဖစ္ေအာင္ ဆြဲေဆာင္ျပင္ဆင္ရပါတယ္။ ဒီေနရာမွာ အေရာင္အေသြးစုံတဲ့ အသီးအရြက္ေတြကုိ ဘာလုိ႔ မထည္႔ႏိုင္ရမလဲ?

အသီးအရြက္ေတြဟာ အေရာင္အေသြးစုံျပီး အာဟာရဓာတ္လည္း အမ်ားအျပား ပါ၀င္ပါတယ္။ အသီးအရြက္သုတ္ျဖစ္ျဖစ္၊ အရြက္ျပဳတ္မ်ားျဖစ္ျဖစ္ ျပင္ဆင္ပါ။

ကစီဓာတ္နည္းတဲ့ စားစရာေတါဟာ ကယ္လုိရီပါတာ နည္းပါတယ္။ အဲဒီစားစရာေတြဟာ သင္႔ကုိဗိုက္ျပည္႔ေစျပီး ကယ္လုိရီမ်ားတဲ႔ အဆီမ်ားတဲ့ တျခားစားစရာေတြကုိ ေရွာင္သြားျပီးသား ျဖစ္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
ပိတ်ရက်တွေအတွက် ဆီးချိုရှိသူတွေ ဘယ်လိုကြိုပြင်ဆင်ကြမလဲ။

အားလပ်ရက်တွေဟာ ဆီးချိုသမားတွေအတွက် အင်မတန်စိုးရိမ်ရတဲ့ အချိန်ပါပဲ။ အစားအသောက်တွေအပေါ် အာရုံစိုက်ရလွန်းလို့ ဖြစ်ပါတယ်။

ဘာစားရမလဲ ဘယ်လောက်စားရမလဲ မေးခွင့်မရှိတာကြောင့် အားလပ်ရပ်တွေအတွက် စိတ်မပါဖြစ်နေတတ်ပါတယ်။

ကြိုတင်ပြင်ဆင်ထားရင်တော့ သိပ်စိတ်ပူစရာမလိုဘဲ ကုသပိုင်းဆိုင်ရာလည်း လမ်းမလွဲဘဲ အားလပ်ရက်ကို အပြည့်အ၀ ခံစားနိုင်ပါတယ်။
စားချိန်အတွက် စဉ်းစားပါ

မိသားစုတော်တော်များများဟာ ပိတ်ရက်တွေမှာ စားချိန်မမှန်ကြပါဘူး။ ဥပမာအနေနဲ့ ကျေးဇူးတော်နေ့ညစာကို မွန်းလွဲပိုင်းမှာ စားကြပါတယ်။  သင့်ရဲ့စားချိန်ဟာ ပုံမှန်အချိန်ဇယားနဲ့ မကိုက်ညီရင် ဘယ်လို အပြောင်းအလဲလုပ်ရမယ်ဆိုတာ ကြိုပြင်ထားပါ။

အင်ဆူလင်ထိုးမယ်ဆိုရင် ဆီးချိုကျဆေးသောက်မယ်ဆိုရင် ပုံမှန်စားရမယ့်အချိန်မှာသားရေစာတခုခု စားသင့်ပါတယ်။ ဒါမှ ဂလူးကို့စ်ဓာတ်နည်းသွားတာမျိုးကို ကာကွယ်နိုင်ပါမယ်။ သင့်ကို ကုသနေသူတွေနဲ့ တိုင်ပင်ပါ။
ကိုယ်လက်လှုပ်ရှားပါ

နည်းနည်းပိုစားမိတာကို ပြန်ကာမိအောင် ပုံမှန်ထက် ပိုလှုပ်ရှားတာ အကောင်းဆုံးနည်းလမ်းပါ။ စားစရာတွေနားကနေ ရှောင်နေတဲ့ အကျင့်သစ်ကို မွေးမြူပါ။

မိသားစုနဲ့ လမ်းလျှောက်ထွက်ပါ။ ပန်းကန်ပြားပျံလေထဲပစ်ဆော့ပါ။ ဘောလုံးကန်ပါ။ ကလေးများ၊ မြေးများ၊ အိမ်နီးချင်းကလေးများနဲ့ ဘောလုံးကစားပါ။
သင်ကြိုက်တဲ့ပိတ်ရက်ရဲ့စားစရာတွေကို ကျန်းမာရေးအမြင်နဲ့သုံးသပ်ပါ

အသားငါး ဟင်းသီးဟင်းရွက်တွေကိုပေါင်းပြီး ပြုတ်စားရတာ ပုံမှန်စားစရာထက် အဆီနည်းပြီး အရသာမလေးဘဲ စားလို့ကောင်းပါတယ်။ ပဲစိမ်းစေ့တွေကို ပေါင်းစားတာဟာ ထောပတ်နဲ့ကြော်စားတာထက် သင့်တော်ပါတယ်။သစ်သီးစိတ်တွေကို သကြားနည်းနည်းနဲ့ပဲ တို့စားပါ။သစ်သီးတွေရဲ့ သဘာဝအချိုဓာတ်ဟာ သကြားအများကြီးသုံးစရာ မလိုပါဘူး။
တဖြည်းဖြည်းစားခြင်း

သင်ချက်ပြုတ်နေစဉ် သို့ စောင့်ဆိုင်းနေစဉ် အစာကို တစွတ်စွတ်စားပါ။သင်ရွေးချယ်တဲ့ စားစရာတွေဟာ သင့်ဆီးချိုကိုတက်စေမယ့် အရာတွေ မဟုတ်စေဖို့တော့ ဂရုစိုက်ပါ။ အသားငါး အသီးအရွက်ပြုတ်များပါတဲ့ တပန်းကန်လောက်နဲ့ သင့်စိတ်တိုင်းကျ ကယ်လိုရီနည်းတဲ့အစာများ၊ အဆီနည်းတဲ့ ဒိန်ခဲများကို ရွေးချယ်ပါ။ကယ်လိုရီများတဲ့ အစာများ၊ ဆီကြော်မုန့်များ မစားပါနှင့်။
 ရွေးချယ်တတ်ပါ

ကျေးဇူးတော်နေ့ရဲ့ စားစရာတွေဖြစ်တဲ့ အာလူးပေါင်း၊ ကန်စွန်းဥ၊  အစာသွတ်မုန့်၊ ပေါင်မုန့်လုံး၊ အချဉ်ရေ၊ ဖရုံသီးမုန့်နဲ့ တခြား အချိုတည်းစရာတွေဟာ ကစီဓာတ်များတတ်ပါတယ်။
စားပွဲပေါ်က ရှိသမျှကို မြည်းစမ်းကြည့်စရာ မလိုပါဘူး။

သင့်အတွက် မျှတရုံလောက်ပဲယူပြီး ကျန်တာကို လက်ဆင့်သာကမ်းလိုက်ပါ။ ဥပမာ အစာသွတ်မုန့်ကို စားချင်ရင် ပေါင်မုန့်လုံးကို ထပ်မရွေးပါနဲ့တော့။ ကန်စွန်းဥ ဒါမှမဟုတ် အာလူး တခုခုကိုသာ ရွေးချယ်ပါ။

အားလုံးကိုစားချင်နေရင် အတိုင်းတာကိုတော့ လျှော့စားပါ။
လျှော့စားပါ

ကျေးဇူးတော်နေ့စားစရာတွေမှာ ကစီဓာတ်များတဲ့ စားစရာတွေ များတတ်တာကြောင့် ချင့်ချိန်စားပါ။ ကစီဓာတ်ပါတဲ့ စားစရာ တမျိုးနဲ့ နှစ်မျိုး ဘယ်လိုစားရမလဲ မသိရင် အားလုံးကိုယူပြီး နည်းနည်းပဲစားပါ။

ပုံမှန်တနေ့စာ ကစီဓာတ်စားသလောက်ပဲ စားပါ။
အသီးအရွက်စားပါ

အသီးအရွက်ဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ကံမကောင်းတာက အားလပ်ရက်စားစရာစာရင်းမှာ အသီးအရွက်တွေဟာ နည်းနည်းပဲ ပါနေပါတယ်။ ကျွန်တော်တို့ဟာ စားပွဲဝိုင်းကို စားချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်ပြင်ဆင်ရပါတယ်။ ဒီနေရာမှာ အရောင်အသွေးစုံတဲ့ အသီးအရွက်တွေကို ဘာလို့ မထည့်နိုင်ရမလဲ?

အသီးအရွက်တွေဟာ အရောင်အသွေးစုံပြီး အာဟာရဓာတ်လည်း အများအပြား ပါဝင်ပါတယ်။ အသီးအရွက်သုတ်ဖြစ်ဖြစ်၊ အရွက်ပြုတ်များဖြစ်ဖြစ် ပြင်ဆင်ပါ။

ကစီဓာတ်နည်းတဲ့ စားစရာတေါဟာ ကယ်လိုရီပါတာ နည်းပါတယ်။ အဲဒီစားစရာတွေဟာ သင့်ကိုဗိုက်ပြည့်စေပြီး ကယ်လိုရီများတဲ့ အဆီများတဲ့ တခြားစားစရာတွေကို ရှောင်သွားပြီးသား ဖြစ်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top