န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ေက်ာင္းၿပီးလို႔၊ ဘြဲ႕ရၿပီးလို႔ အလုပ္ဝင္ေတာ့မယ္ဆိုရင္ လုပ္ရမွာေတြက အမ်ားႀကီးပါပဲ။ ကိုယ္ပိုင္ဝင္ေငြေလး ရွိ္လာၿပီဆိုေတာ့ အရင္တုန္းက ဝယ္ခ်င္လ်က္နဲ႔ မဝယ္ႏိုင္လို႔ ေအာင့္ထားရတာေတြကို ဝယ္သံုးမိမယ္။

စားခ်င္လ်က္နဲ႔ မစားႏိုင္လို႔ ေအာင့္ထားရတာေတြကို ဝယ္စားမိမယ္။ ဒါေပမယ့္ ကိုယ္ရွာထားတဲ့ ကိုယ္ပိုင္ဝင္ေငြနဲ႔ မိဘေတြကို ျပန္သိတတ္ဖို႔ကိုေကာ သတိရမိၾကလား။

ကိုယ္ပိုင္ဝင္ေငြ ရွာႏိုင္ၿပီဆိုရင္ မိဘေတြကို ျပန္သိတတ္ဖို႔ ေအာက္ပါအခ်က္ေလးေတြကိုေတာ့ သိထားသင့္ပါတယ္။

၁။ အိမ္ကပိုက္ဆံ ျပန္မေတာင္းပါနဲ႔ေတာ့

ကိုယ့္ဝင္ေငြကိုယ္ ႐ွာႏိုင္ၿပီဆိုတာနဲ႔ ပထမဦးဆံုး လုပ္သင့္တာကေတာ့ မိဘေတြဆီက လက္ျဖန္႔ေတာင္းေနတာကို ရပ္တန္႔လိုက္ပါ။ ပထမဦးွဆံုးရတဲ့ လစာက ဘယ္ေလာက္ပဲနည္းပါေစ။ အဲဒီလစာနဲ႔ ေလာက္ေအာင္သံုးပါ။

မိဘေတြအေနနဲ႔ သင္အခုလိုမ်ိဳး ကိုယ္ပိုင္ဝင္ေငြ ႐ွာႏိုင္တဲ့ အေနအထားထိေရာက္ေအာင္ ေက်ာင္းေတြထားေပး၊ က်ဴရွင္ေတြထားေပးနဲ႔ တတ္ႏိုင္သမွ် ပညာအေမြ ေပးၿပီးပါၿပီ။ ဒါေၾကာင့္ အလုပ္စဝင္ၿပီး ကိုယ္ပိုင္ဝင္ေငြ ရွာႏိုင္ၿပီဆိုတာနဲ႔ မိဘေတြဆီက လက္ျဖန္႔ေတာင္းေနဖို႔ မသင့္ေတာ့ပါဘူး။

ဘာပဲေျပာေျပာ ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္ႏိုင္တဲ့အရြယ္ ေရာက္ၿပီဆိုရင္ မိဘေတြအေပၚ ဝန္ပိုမပိေစသင့္ေတာ့ပါဘူး။

၂။ ျပန္ကန္ေတာ့ပါ

ပထမဦးဆံုး လစာရၿပီဆိုတာနဲ႔ ကိုယ္သံုးဖို႔ပမာဏတစ္ခုခ်န္ၿပီး က်န္တဲ့ပိုက္ဆံကို မိဘေတြကို ကန္ေတာ့လိုက္ပါ။ မိဘေတြကေတာ့ သားသမီးေတြဆီက ဘာကိုမွ ေမွ်ာ္ကိုးမွာေတာ့ မဟုတ္ပါဘူး။

ဒါေပမယ့္ သားသမီးေတြ သိတတ္တဲ့အခါ သူတို႔ရင္ထဲမွာ ပီတိတစ္ခုျဖစ္ရၿပီး အဲဒီပီတက ဘာနဲ႔မွလဲလို႔ မရပါဘူး။

ဒါေၾကာင့္ မိဘေတြအတြက္ ကိုယ္ပထမဦးဆံုး ရတဲ့လစာရဲ႕ ရာခိုင္ႏႈန္း ေတာ္ေတာ္မ်ားမ်ားကို ကန္ေတာ့ဖို႔ မေမ့ပါနဲ႔။ ဒါဟာ သင္အရြယ္ေရာက္ၿပီျဖစ္ေၾကာင္း သက္ေသျပခ်က္တစ္ခု ျဖစ္သလို သူတို႔သင့္အေပၚ လုပ္ေပးခဲ့သမွ် ေက်းဇူးေတြကို သိနားလည္ပါတယ္လို႔ အသံတိတ္ေျပာတာနဲ႔ အတူတူပါပဲ။

၃။ ေငြေရးေၾကးေရးအေၾကာင္း ေဆြးေႏြးပါ

မိဘေတြက သူတို႔ရဲ႕ဘ႑ာေရးအေျခအေနေတြကုိ သားသမီးေတြေရွ႕မွာ မေဆြးေႏြးတတ္ၾကပါဘူး။ အရမ္းခက္ခဲတဲ့ အေျခအေန ေတြကလြဲလို႔ ကိစၥေတာ္ေတာ္မ်ားမ်ားကို သူတို႔ဘာသာပဲ ေျဖရွင္းလိုက္တာ မ်ားပါတယ္။

တစ္ခါတေလမွာ အေျခအေနေတြက မွန္းထားသလို မျဖစ္တတ္ဘဲ မိဘေတြရဲ႕ ဘ႑ာေရးအေျခအေနမွာလည္း အခက္အခဲေတြ ၾကံဳႏိုင္ပါတယ္။

ဒီလိုအေျခအေနမ်ိဳးမွာ မိဘေတြရဲ႕ ဘ႑ာေရးအခက္အခဲကို ကုိယ္တတ္ႏိုင္သေလာက္ ဝင္ရွင္းေပးဖို႔ လိုလာႏိုင္ပါတယ္။ ဒါေၾကာင့္ မိဘေတြရဲ႕ ေငြေရးေၾကးေရး အေျခအေနကို ပြင့္ပြင့္လင္းလင္း ေမးျမန္းပါ။

၄။ ပိုက္ဆံစုပါ

ေဘဘီလံုမွာ အခ်မ္းသာဆံုးပုဂၢိဳလ္ စာအုပ္ကိုဖတ္ဖူးမယ္ဆိုရင္ ဝင္ေငြရဲ႕ဆယ္ပံုတစ္ပံုကို စုဖို႔ဆိုတာ ခ်မ္းသာျခင္းရဲ႕ အေျခခံအက်ဆံုး ဥပေဒသဆိုတာကို သိမွာပါ။

ဒါတင္မကေသးပါဘူး။ ကိုယ့္မွာသာ ဝင္ေငြကို စုေဆာင္းတတ္တဲ့ အေလ့အထ႐ွိမယ္ဆိုရင္ မိဘေတြ အခက္အခဲၾကံဳရတဲ့အခါ ဝင္ရွင္းေပးႏိုင္တာေပါ့။

အလုပ္စ ဝင္ဝင္ခ်င္းမွာ မစုႏိုင္ေသးရင္ေတာင္ လုပ္သက္နဲ႔ ကြ်မ္းက်င္မႈ တျဖည္းျဖည္း မ်ားျပားလာတာနဲ႔အမွ် လစာဝင္ေငြလည္း မ်ားျပားလာၿပီး ဝင္ေငြရဲ႕ပမာဏတစ္ခုကို စုေဆာင္းႏိုင္လာမွာပါ။ ဒါဟာလည္း မိဘေတြအတြက္ တစ္ဖက္တစ္လမ္းက လုပ္ေပးျခင္းတစ္မ်ိဳးပါပဲ။

၅။ အလည္အပတ္ခရီး ပို႔ေပးပါ

မိဘေတြလည္း စိတ္ဖိစီးမႈေတြကို ေျဖေလွ်ာ့ဖို႔လိုတယ္ဆိုတာကို မေမ့ပါနဲ႔။ မိဘျဖစ္သြားၿပီဆိုရင္ သားသမီးေတြရဲ႕ ပညာေရး၊ က်န္းမာေရး၊ စားေသာက္ေနထိုင္ေရးအတြက္ ကုန္က်စရိတ္ေတြက သူတို႔အတြက္ အဓိကဦးစားေပး ျဖစ္လာၿပီး အေပ်ာ္အပါးေတြ၊ အပန္းေျဖခရီးေတြအတြက္ ပိုက္ဆံမျဖဳန္းႏိုင္ေတာ့ပါဘူး။

ကိုယ့္မွာ ဝင္ေငြရွာႏိုင္ၿပီဆိုတာနဲ႔ မိဘႏွစ္ပါး ပင္ပန္းခဲ့ရသမွ်ကို အတိုင္းအတာ တစ္ခုထိ ေလ်ာ့ပါးေစဖို႔ အပန္းေျဖခရီးတစ္ခု စီစဥ္ေပးဖို႔ကိုလည္း မေမ့ပါနဲ႔ဦးေနာ္။

၆။ သူတို႔ရဲ႕အိမ္မက္ေတြကို အေကာင္အထည္ေဖာ္ေပးပါ

လူတိုင္းမွာ စိတ္ကူးယဥ္အိမ္မက္ေတြ ကိုယ္စီရွိၾကပါတယ္။ မိဘေတြကေတာ့ သူတို႔ရဲ႕အိမ္မက္ေတြကို ေမ့ထားၿပီး သင့္အိမ္မက္ေတြကို အေကာင္အထည္ေဖာ္ေပးခဲ့တာပါ။ သင့္ရဲ႕အနာဂတ္ ေတာက္ပေစဖို႔အတြက္ သူတို႔ရဲ႕အခ်ိန္ေတြ၊ ေငြေတြကိုရင္းၿပီး စြန္႔လႊတ္အနစ္နာ ခံခဲ့ရတာပါ။

သူတို႔ရဲ႕အိမ္မက္ေတြ တကယ္ျဖစ္လာေစဖုိ႔အတြက္လည္း ျပန္လည္အေကာင္အထည္ ေဖာ္ေပးဖို႔ မေမ့ပါေစနဲ႔။ သူတို႔ျဖစ္ခ်င္တဲ့ အိမ္မက္ေတြကို ပြင့္ပြင့္လင္းလင္းေမးထားလိုက္ပါ။ လက္ငင္းအေကာင္အထည္ မေဖာ္ေပးႏိုင္ေသးရင္ေတာင္ တစ္ေန႔မွာ လက္ေတြ႕ျ့ဖစ္လာေစဖို႔ အစီအစဥ္ ဆြဲထားလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #
ကျောင်းပြီးလို့၊ ဘွဲ့ရပြီးလို့ အလုပ်ဝင်တော့မယ်ဆိုရင် လုပ်ရမှာတွေက အများကြီးပါပဲ။ ကိုယ်ပိုင်ဝင်ငွေလေး ရှိလာပြီဆိုတော့ အရင်တုန်းက ဝယ်ချင်လျက်နဲ့ မဝယ်နိုင်လို့ အောင့်ထားရတာတွေကို ဝယ်သုံးမိမယ်။

စားချင်လျက်နဲ့ မစားနိုင်လို့ အောင့်ထားရတာတွေကို ဝယ်စားမိမယ်။ ဒါပေမယ့် ကိုယ်ရှာထားတဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ မိဘတွေကို ပြန်သိတတ်ဖို့ကိုကော သတိရမိကြလား။

ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်ပြီဆိုရင် မိဘတွေကို ပြန်သိတတ်ဖို့ အောက်ပါအချက်လေးတွေကိုတော့ သိထားသင့်ပါတယ်။

၁။ အိမ်ကပိုက်ဆံ ပြန်မတောင်းပါနဲ့တော့

ကိုယ့်ဝင်ငွေကိုယ် ရှာနိုင်ပြီဆိုတာနဲ့ ပထမဦးဆုံး လုပ်သင့်တာကတော့ မိဘတွေဆီက လက်ဖြန့်တောင်းနေတာကို ရပ်တန့်လိုက်ပါ။ ပထမဦးှဆုံးရတဲ့ လစာက ဘယ်လောက်ပဲနည်းပါစေ။ အဲဒီလစာနဲ့ လောက်အောင်သုံးပါ။

မိဘတွေအနေနဲ့ သင်အခုလိုမျိုး ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်တဲ့ အနေအထားထိရောက်အောင် ကျောင်းတွေထားပေး၊ ကျူရှင်တွေထားပေးနဲ့ တတ်နိုင်သမျှ ပညာအမွေ ပေးပြီးပါပြီ။ ဒါကြောင့် အလုပ်စဝင်ပြီး ကိုယ်ပိုင်ဝင်ငွေ ရှာနိုင်ပြီဆိုတာနဲ့ မိဘတွေဆီက လက်ဖြန့်တောင်းနေဖို့ မသင့်တော့ပါဘူး။

ဘာပဲပြောပြော ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်တဲ့အရွယ် ရောက်ပြီဆိုရင် မိဘတွေအပေါ် ဝန်ပိုမပိစေသင့်တော့ပါဘူး။

၂။ ပြန်ကန်တော့ပါ

ပထမဦးဆုံး လစာရပြီဆိုတာနဲ့ ကိုယ်သုံးဖို့ပမာဏတစ်ခုချန်ပြီး ကျန်တဲ့ပိုက်ဆံကို မိဘတွေကို ကန်တော့လိုက်ပါ။ မိဘတွေကတော့ သားသမီးတွေဆီက ဘာကိုမှ မျှော်ကိုးမှာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် သားသမီးတွေ သိတတ်တဲ့အခါ သူတို့ရင်ထဲမှာ ပီတိတစ်ခုဖြစ်ရပြီး အဲဒီပီတက ဘာနဲ့မှလဲလို့ မရပါဘူး။

ဒါကြောင့် မိဘတွေအတွက် ကိုယ်ပထမဦးဆုံး ရတဲ့လစာရဲ့ ရာခိုင်နှုန်း တော်တော်များများကို ကန်တော့ဖို့ မမေ့ပါနဲ့။ ဒါဟာ သင်အရွယ်ရောက်ပြီဖြစ်ကြောင်း သက်သေပြချက်တစ်ခု ဖြစ်သလို သူတို့သင့်အပေါ် လုပ်ပေးခဲ့သမျှ ကျေးဇူးတွေကို သိနားလည်ပါတယ်လို့ အသံတိတ်ပြောတာနဲ့ အတူတူပါပဲ။

၃။ ငွေရေးကြေးရေးအကြောင်း ဆွေးနွေးပါ

မိဘတွေက သူတို့ရဲ့ဘဏ္ဍာရေးအခြေအနေတွေကို သားသမီးတွေရှေ့မှာ မဆွေးနွေးတတ်ကြပါဘူး။ အရမ်းခက်ခဲတဲ့ အခြေအနေ တွေကလွဲလို့ ကိစ္စတော်တော်များများကို သူတို့ဘာသာပဲ ဖြေရှင်းလိုက်တာ များပါတယ်။

တစ်ခါတလေမှာ အခြေအနေတွေက မှန်းထားသလို မဖြစ်တတ်ဘဲ မိဘတွေရဲ့ ဘဏ္ဍာရေးအခြေအနေမှာလည်း အခက်အခဲတွေ ကြုံနိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ မိဘတွေရဲ့ ဘဏ္ဍာရေးအခက်အခဲကို ကိုယ်တတ်နိုင်သလောက် ဝင်ရှင်းပေးဖို့ လိုလာနိုင်ပါတယ်။ ဒါကြောင့် မိဘတွေရဲ့ ငွေရေးကြေးရေး အခြေအနေကို ပွင့်ပွင့်လင်းလင်း မေးမြန်းပါ။

၄။ ပိုက်ဆံစုပါ

ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ကိုဖတ်ဖူးမယ်ဆိုရင် ဝင်ငွေရဲ့ဆယ်ပုံတစ်ပုံကို စုဖို့ဆိုတာ ချမ်းသာခြင်းရဲ့ အခြေခံအကျဆုံး ဥပဒေသဆိုတာကို သိမှာပါ။

ဒါတင်မကသေးပါဘူး။ ကိုယ့်မှာသာ ဝင်ငွေကို စုဆောင်းတတ်တဲ့ အလေ့အထရှိမယ်ဆိုရင် မိဘတွေ အခက်အခဲကြုံရတဲ့အခါ ဝင်ရှင်းပေးနိုင်တာပေါ့။

အလုပ်စ ဝင်ဝင်ချင်းမှာ မစုနိုင်သေးရင်တောင် လုပ်သက်နဲ့ ကျွမ်းကျင်မှု တဖြည်းဖြည်း များပြားလာတာနဲ့အမျှ လစာဝင်ငွေလည်း များပြားလာပြီး ဝင်ငွေရဲ့ပမာဏတစ်ခုကို စုဆောင်းနိုင်လာမှာပါ။ ဒါဟာလည်း မိဘတွေအတွက် တစ်ဖက်တစ်လမ်းက လုပ်ပေးခြင်းတစ်မျိုးပါပဲ။

၅။ အလည်အပတ်ခရီး ပို့ပေးပါ

မိဘတွေလည်း စိတ်ဖိစီးမှုတွေကို ဖြေလျှော့ဖို့လိုတယ်ဆိုတာကို မမေ့ပါနဲ့။ မိဘဖြစ်သွားပြီဆိုရင် သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားသောက်နေထိုင်ရေးအတွက် ကုန်ကျစရိတ်တွေက သူတို့အတွက် အဓိကဦးစားပေး ဖြစ်လာပြီး အပျော်အပါးတွေ၊ အပန်းဖြေခရီးတွေအတွက် ပိုက်ဆံမဖြုန်းနိုင်တော့ပါဘူး။

ကိုယ့်မှာ ဝင်ငွေရှာနိုင်ပြီဆိုတာနဲ့ မိဘနှစ်ပါး ပင်ပန်းခဲ့ရသမျှကို အတိုင်းအတာ တစ်ခုထိ လျော့ပါးစေဖို့ အပန်းဖြေခရီးတစ်ခု စီစဉ်ပေးဖို့ကိုလည်း မမေ့ပါနဲ့ဦးနော်။

၆။ သူတို့ရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်ပေးပါ

လူတိုင်းမှာ စိတ်ကူးယဉ်အိမ်မက်တွေ ကိုယ်စီရှိကြပါတယ်။ မိဘတွေကတော့ သူတို့ရဲ့အိမ်မက်တွေကို မေ့ထားပြီး သင့်အိမ်မက်တွေကို အကောင်အထည်ဖော်ပေးခဲ့တာပါ။ သင့်ရဲ့အနာဂတ် တောက်ပစေဖို့အတွက် သူတို့ရဲ့အချိန်တွေ၊ ငွေတွေကိုရင်းပြီး စွန့်လွှတ်အနစ်နာ ခံခဲ့ရတာပါ။

သူတို့ရဲ့အိမ်မက်တွေ တကယ်ဖြစ်လာစေဖို့အတွက်လည်း ပြန်လည်အကောင်အထည် ဖော်ပေးဖို့ မမေ့ပါစေနဲ့။ သူတို့ဖြစ်ချင်တဲ့ အိမ်မက်တွေကို ပွင့်ပွင့်လင်းလင်းမေးထားလိုက်ပါ။ လက်ငင်းအကောင်အထည် မဖော်ပေးနိုင်သေးရင်တောင် တစ်နေ့မှာ လက်တွေ့ြ့ဖစ်လာစေဖို့ အစီအစဉ် ဆွဲထားလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top