iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာေပါင္းတင္ဖို႔ေတာင္ အခ်ိန္မေပးႏုိင္တဲ့လူေတြအတြက္ အခုေျပာျပမယ့္နည္းလမ္းေလးေတြက ပုိက္ဆံကုန္လည္းသက္သာ၊

အခ်ိန္လည္းသိပ္မေပးရမယ့္ နည္းလမ္းေလးျဖစ္ပါတယ္။ ဆိုင္ေတြမွာသြားလုပ္သလို အရည္အေသြးေကာင္းမြန္ျပီး တကယ္လည္းထိေရာက္တဲ့ ေပါင္းတင္နည္းေလးေတြပါ။ လုိအပ္တာေလးေတြကုိ ေဖာ္ျပေပးလိုက္ပါတယ္။ ကိုယ့္အသားေရေပၚမူတည္ျပီး ဘယ္လုိေပါင္းတင္နည္းက အဆင္မေျပလဲဆိုတာ ဖတ္ၾကည့္လုိက္ေနာ္။

(၁) ငွက္ေပ်ာသီးနဲ႔ ေပါင္းတင္နည္း

ငွက္ေပ်ာသီးက ေျခာက္ေသြ႔တတ္တဲ့အသားေရပုိင္႐ွင္ေတြအတြက္ အေကာင္းဆံုး ေရဓာတ္ျဖည့္ေပးႏုိင္ပါတယ္။ ငွက္ေပ်ာသီးကို ေခ်ပစ္ကာ ပ်ားရည္ေလးနဲ႔ေရာျပီး မ်က္ႏွာေပၚမွာသုတ္လိမ္းလိုက္ပါ။ ၁၀မိနစ္ေလာက္ထားျပီးရင္ ၾကက္သီးေႏြးေရနဲ႔ေဆးခ်ပါ။

တစ္ပတ္ကို ၃ခါေလာက္လုပ္ေပးရင္ ထူးျခားတဲ့ရလဒ္ကုိေတြ႔ရပါလိမ့္မယ္။

(၂) ေထာပတ္သီး ေပါင္းတင္နည္း

သဘာ၀တိုင္း စိုက္ပ်ဳိးထားတဲ့ ေထာပတ္သီးအဆီနဲ႔ဆို ပိုေကာင္းပါတယ္။ ေထာပတ္သီးအဆီ ၊ၾကက္ဥနဲ႔ ပ်ားရည္တို႔ကိုေရာစပ္ျပီး

မ်က္ႏွာေပၚသုတ္လိမ္းပါ။ ၅- ၁၀မိနစ္ေလာက္ထားျပီးတာနဲ႔ ေရေဆးခ်လို႔ရပါျပီ။ မ်က္လွည့္ျပလိုက္သလို သင့္မ်က္ႏွာအသားရည္ေတြ

ၾကည္လင္ေတာက္ပလာတာေတြ႔ရပါလိမ့္မယ္။ ဒီထက္ပိုေကာင္းတဲ့ရလဒ္လိုခ်င္ရင္ ၁ပတ္ခါကို ၃ခါေလာက္လုပ္ေပးပါ။

(၃) ဗီတာမင္အျပည့္ပါတဲ့ ကီ၀ီသီး

ကီ၀ီမွာ ဗီတာမင္စီအျပည့္ပါတဲ့အတြက္ ေျခာက္ေသြ႔တဲ့အသားေရေတြနဲ႔ ပိုျပီးေတာ္သင့္ပါတယ္။ အရမ္းမိုက္တဲ့ ဒီေပါင္းတင္နည္းမွာ

နည္းနည္းစိတ္ကသိကေအာင့္ျဖစ္စရာတစ္ခုေတာ့ပါမယ္။ အဲ့ဒါက ဒိန္ခ်ဥ္ပါ။ ဒိန္ခ်ဥ္ၾကိဳက္တဲ့လူေတြအတြက္ အဆင္ေျပႏိုင္ေပမယ့္

မၾကိဳက္တဲ့လူေတြကေတာ့ စိတ္မပူပါနဲ႔။ အျခားေပါင္းတင္နည္းေတြ႐ွိပါေသးတယ္။ ကီ၀ီနဲ႔ ဒိန္ခ်ဥ္ကိုေရာျပီး မ်က္ႏွာနားတစ္၀ိွက္ကို

ေ႐ွာင္ကာ မ်က္ႏွာမွာသုတ္လိမ္းေပးပါ။ ၅- ၁၀ မိနစ္ေလာက္ထားျပီးတာနဲ႔ ေရေဆးခ်လိုက္ပါ။ မ်က္ႏွာအသားရည္ အရမ္းေခ်ာမြတ္သြားတာကို ေတြ႔ရပါလိမ့္မယ္။

(၄) ေျပာင္လက္တင္းရင္းတဲ့အသားေရျဖစ္ခ်င္ရင္

သဘၤာသီးမွာ အစိုဓာတ္အျပည့္အ၀ပါ၀င္တဲ့အတြက္ ကိုရီးယားမင္းသမီးေလးေတြလို မ်က္ႏွာေျပာင္ေျပာင္တင္းတင္းေလးကို ရ႐ွိေစမွာျဖစ္ပါတယ္။ လုပ္ရတာလည္း လြယ္ကူပါတယ္။ သဘၤာသီးကိုအရည္ပ်စ္ပ်စ္ေလးထုတ္၊ ႏြားႏို႔နဲ႔ ဒိန္ခ်ဥ္ပါ ေရာစပ္ျပီး

မ်က္ႏွာရဲ ႔အမည္းစက္႐ွိတဲ့ေနရာေလးေတြကို မ်ားမ်ားသုတ္လိမ္းပါ။ ၁၀မိနစ္ဆိုတာနဲ႔ ေရေဆးပါ။ အ့ဲထက္ပိုျပီး အခ်ိန္မေက်ာ္ပါေစနဲ႔။

အသားေရေလးေပ်ာ့ေပ်ာင္းျပီး ေျပာင္တင္းေနပါလိမ့္မယ္။

(၅) ၀က္ျခံသမားမ်ားအတြက္

၀က္ျခံထြက္တတ္တဲ့ အသားေရေတြက အရမ္းဂ႐ုစိုက္ရပါတယ္။ သံုးခ်င္တဲ့ ေလွ်ာက္သံုးလို႔မရဘူး။ အသားေရနဲ႔မတည့္ရင္ ပုိျပီး

အေျခအေနဆိုးလာႏုိင္တယ္။ ၀က္ျခံကို အေကာင္းဆံုးတုိက္ထုတ္ေပးႏိုင္တဲ့ သဘာ၀ပစၥည္းကေတာ့ ပင္စိမ္းပါပဲ။ ပင္စိမ္းနည္းနည္းနဲ႔

ပ်ားရည္ေလးပဲလိုမယ္။ ပင္စိမ္းကုိအရည္ထုတ္ျပီး ပ်ားရည္နဲ႔ေရာလိမ္းပါ။ ၅မိနစ္ေလာက္ထားျပီးတာနဲ႔ ေရေဆးခ်ပါ။ အျခားေပါင္းတင္နည္းေတြလည္း အမ်ားၾကီး႐ွိေပမယ့္ ဘယ္ဟာနဲ႔မွအဆင္မေျပရင္ ဒီနည္းလမ္းသံုးၾကည့္ပါ။ ဒါလည္း မထူးျခားလာဘူးဆိုရင္ေတာ့ အေရျပားဆရာ၀န္နဲ႔ေဆြးေႏြးၾကည့္တာ ပိုေကာင္းပါလိမ့္မယ္။

(၆) စေတာ္ဘယ္ရီနဲ႔ ေပါင္းတင္မယ္

ပန္းေရာင္သန္းတဲ့ မ်က္ႏွာေလးကိုပုိင္ဆိုင္ခ်င္ပါသလား ? စေတာ္ဘယ္ရီကိုၾကိဳက္လို႔ စားမပစ္လုိက္နဲ႔ေနာ္။ စားတာမက္ရင္ မလွပဲေနမယ္။ စေတာ္ဘယ္ရီသီးကို အရည္ထြက္ေခ်လိုက္ျပီးေတာ့ ဒိန္ခ်ဥ္နဲ႔ ေရာပါ။ မ်က္ႏွာမွာ ၅မိနစ္ေလာက္သုတ္လိမ္းျပီးတာနဲ႔

ေရေဆးခ်ပါ။ မ်က္ႏွာျမန္ျမန္ပန္းေရာင္သန္းခ်င္ရင္ တစ္ပတ္ကို (၄)ခါေလာက္ ေပါင္းတင္ေပးပါ။

(၇)ခရမ္းခ်ဥ္သီး

အဆီျပန္တတ္တဲ့ အသားေရပုိင္႐ွင္ေတြဆို ခရမ္းခ်ဥ္သီးနဲ႔ေပါင္းတင္ၾကည့္ပါ။ ခရမ္းခ်ဥ္သီးမွာပါတဲ့ အခ်ဥ္ဓာတ္က အဆီကိုစုပ္ယူေပး

ႏိုင္တာေၾကာင့္ လုပ္ျပီးတာနဲ႔ မ်က္ႏွာကသိသာပါတယ္။ ခရမ္းခ်ဥ္သီးအရည္ လက္ဖက္ရည္ဇြန္း ၃ဇြန္းစာေလာက္ရေအာင္လုပ္ပါ။ ခရမ္းခ်ဥ္သီးအရည္နဲ႔နဲ႔ ႏုိ႔ေထာပတ္ကိုေရာျပီး မ်က္ႏွာမွာ ၅မိနစ္ေလာက္ေပါင္းတင္ျပီးတာနဲ႔ ေရေဆးခ်လိုက္႐ံုပါပဲ ။ မ်က္ႏွာက အဆီေလးေတြ ေမွာ္၀င္သလို ေပ်ာက္သြားလိမ့္မယ္ ။

(၈) အျပစ္နာဆာ ကင္းမဲ့တဲ့ မ်က္ႏွာေလးအတြက္

ဗာဒံေစ့နဲ႔ ႏြားႏို႔ပဲလိုပါတယ္။ လုပ္ရတာ လြယ္ပါတယ္။ ဗာဒံေစ့ကို ႏြားႏုိ႔ထဲမွာ တစ္ညေလာက္စိမ္ထားလိုက္ပါ။ မနက္ေရာက္ရင္

ဆယ္ျပီး ခဲြလိုက္။ ႏြားႏို႔ေတြကုိ မသြန္ပစ္လုိက္နဲ႔ေနာ္။ ခဲြထားတဲ့ဗာဒံေစ့နဲ႔ ႏြားႏို႔ကိုေရာျပီး ၅- ၁၀ မိနစ္ေလာက္ေပါင္းတင္ပါ။

မ်က္ႏွာေပၚက ေနေလာင္ဒဏ္ေတြ၊ အဖုထစ္ေတြ၊ အမည္းစက္ေတြ အားလံုးေပ်ာက္သြားတာျမင္ျပီး ပါးစပ္အေဟာင္းသားမျဖစ္သြားနဲ႔ဦး။ အျမဲဒီိလိုအသားေရမ်ဳိးေလးလိုခ်င္ရင္ တစ္ပတ္တစ္ခါေလာက္ေတာ့ ပံုမွန္လုပ္ေပးပါ။

မလွတဲ့ မိန္းကေလးမ႐ွိဘူး… ပ်င္းတဲ့မိန္းကေလးပဲ႐ွိတယ္တဲ့…။ အားလံုးပဲ လွပတဲ့အသားေရေလးေတြပုိင္ဆုိင္ႏုိင္ပါေစ…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #
မျက်နှာပေါင်းတင်ဖို့တောင် အချိန်မပေးနိုင်တဲ့လူတွေအတွက် အခုပြောပြမယ့်နည်းလမ်းလေးတွေက ပိုက်ဆံကုန်လည်းသက်သာ၊

အချိန်လည်းသိပ်မပေးရမယ့် နည်းလမ်းလေးဖြစ်ပါတယ်။ ဆိုင်တွေမှာသွားလုပ်သလို အရည်အသွေးကောင်းမွန်ပြီး တကယ်လည်းထိရောက်တဲ့ ပေါင်းတင်နည်းလေးတွေပါ။ လိုအပ်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်အသားရေပေါ်မူတည်ပြီး ဘယ်လိုပေါင်းတင်နည်းက အဆင်မပြေလဲဆိုတာ ဖတ်ကြည့်လိုက်နော်။

(၁) ငှက်ပျောသီးနဲ့ ပေါင်းတင်နည်း

ငှက်ပျောသီးက ခြောက်သွေ့တတ်တဲ့အသားရေပိုင်ရှင်တွေအတွက် အကောင်းဆုံး ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ ငှက်ပျောသီးကို ချေပစ်ကာ ပျားရည်လေးနဲ့ရောပြီး မျက်နှာပေါ်မှာသုတ်လိမ်းလိုက်ပါ။ ၁၀မိနစ်လောက်ထားပြီးရင် ကြက်သီးနွေးရေနဲ့ဆေးချပါ။

တစ်ပတ်ကို ၃ခါလောက်လုပ်ပေးရင် ထူးခြားတဲ့ရလဒ်ကိုတွေ့ရပါလိမ့်မယ်။

(၂) ထောပတ်သီး ပေါင်းတင်နည်း

သဘာဝတိုင်း စိုက်ပျိုးထားတဲ့ ထောပတ်သီးအဆီနဲ့ဆို ပိုကောင်းပါတယ်။ ထောပတ်သီးအဆီ ၊ကြက်ဥနဲ့ ပျားရည်တို့ကိုရောစပ်ပြီး

မျက်နှာပေါ်သုတ်လိမ်းပါ။ ၅- ၁၀မိနစ်လောက်ထားပြီးတာနဲ့ ရေဆေးချလို့ရပါပြီ။ မျက်လှည့်ပြလိုက်သလို သင့်မျက်နှာအသားရည်တွေ

ကြည်လင်တောက်ပလာတာတွေ့ရပါလိမ့်မယ်။ ဒီထက်ပိုကောင်းတဲ့ရလဒ်လိုချင်ရင် ၁ပတ်ခါကို ၃ခါလောက်လုပ်ပေးပါ။

(၃) ဗီတာမင်အပြည့်ပါတဲ့ ကီဝီသီး

ကီဝီမှာ ဗီတာမင်စီအပြည့်ပါတဲ့အတွက် ခြောက်သွေ့တဲ့အသားရေတွေနဲ့ ပိုပြီးတော်သင့်ပါတယ်။ အရမ်းမိုက်တဲ့ ဒီပေါင်းတင်နည်းမှာ

နည်းနည်းစိတ်ကသိကအောင့်ဖြစ်စရာတစ်ခုတော့ပါမယ်။ အဲ့ဒါက ဒိန်ချဉ်ပါ။ ဒိန်ချဉ်ကြိုက်တဲ့လူတွေအတွက် အဆင်ပြေနိုင်ပေမယ့်

မကြိုက်တဲ့လူတွေကတော့ စိတ်မပူပါနဲ့။ အခြားပေါင်းတင်နည်းတွေရှိပါသေးတယ်။ ကီဝီနဲ့ ဒိန်ချဉ်ကိုရောပြီး မျက်နှာနားတစ်ဝှိက်ကို

ရှောင်ကာ မျက်နှာမှာသုတ်လိမ်းပေးပါ။ ၅- ၁၀ မိနစ်လောက်ထားပြီးတာနဲ့ ရေဆေးချလိုက်ပါ။ မျက်နှာအသားရည် အရမ်းချောမွတ်သွားတာကို တွေ့ရပါလိမ့်မယ်။

(၄) ပြောင်လက်တင်းရင်းတဲ့အသားရေဖြစ်ချင်ရင်

သင်္ဘာသီးမှာ အစိုဓာတ်အပြည့်အဝပါဝင်တဲ့အတွက် ကိုရီးယားမင်းသမီးလေးတွေလို မျက်နှာပြောင်ပြောင်တင်းတင်းလေးကို ရရှိစေမှာဖြစ်ပါတယ်။ လုပ်ရတာလည်း လွယ်ကူပါတယ်။ သင်္ဘာသီးကိုအရည်ပျစ်ပျစ်လေးထုတ်၊ နွားနို့နဲ့ ဒိန်ချဉ်ပါ ရောစပ်ပြီး

မျက်နှာရဲ့အမည်းစက်ရှိတဲ့နေရာလေးတွေကို များများသုတ်လိမ်းပါ။ ၁၀မိနစ်ဆိုတာနဲ့ ရေဆေးပါ။ အဲ့ထက်ပိုပြီး အချိန်မကျော်ပါစေနဲ့။

အသားရေလေးပျော့ပျောင်းပြီး ပြောင်တင်းနေပါလိမ့်မယ်။

(၅) ဝက်ခြံသမားများအတွက်

ဝက်ခြံထွက်တတ်တဲ့ အသားရေတွေက အရမ်းဂရုစိုက်ရပါတယ်။ သုံးချင်တဲ့ လျှောက်သုံးလို့မရဘူး။ အသားရေနဲ့မတည့်ရင် ပိုပြီး

အခြေအနေဆိုးလာနိုင်တယ်။ ဝက်ခြံကို အကောင်းဆုံးတိုက်ထုတ်ပေးနိုင်တဲ့ သဘာဝပစ္စည်းကတော့ ပင်စိမ်းပါပဲ။ ပင်စိမ်းနည်းနည်းနဲ့

ပျားရည်လေးပဲလိုမယ်။ ပင်စိမ်းကိုအရည်ထုတ်ပြီး ပျားရည်နဲ့ရောလိမ်းပါ။ ၅မိနစ်လောက်ထားပြီးတာနဲ့ ရေဆေးချပါ။ အခြားပေါင်းတင်နည်းတွေလည်း အများကြီးရှိပေမယ့် ဘယ်ဟာနဲ့မှအဆင်မပြေရင် ဒီနည်းလမ်းသုံးကြည့်ပါ။ ဒါလည်း မထူးခြားလာဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ဆွေးနွေးကြည့်တာ ပိုကောင်းပါလိမ့်မယ်။

(၆) စတော်ဘယ်ရီနဲ့ ပေါင်းတင်မယ်

ပန်းရောင်သန်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ချင်ပါသလား ? စတော်ဘယ်ရီကိုကြိုက်လို့ စားမပစ်လိုက်နဲ့နော်။ စားတာမက်ရင် မလှပဲနေမယ်။ စတော်ဘယ်ရီသီးကို အရည်ထွက်ချေလိုက်ပြီးတော့ ဒိန်ချဉ်နဲ့ ရောပါ။ မျက်နှာမှာ ၅မိနစ်လောက်သုတ်လိမ်းပြီးတာနဲ့

ရေဆေးချပါ။ မျက်နှာမြန်မြန်ပန်းရောင်သန်းချင်ရင် တစ်ပတ်ကို (၄)ခါလောက် ပေါင်းတင်ပေးပါ။

(၇)ခရမ်းချဉ်သီး

အဆီပြန်တတ်တဲ့ အသားရေပိုင်ရှင်တွေဆို ခရမ်းချဉ်သီးနဲ့ပေါင်းတင်ကြည့်ပါ။ ခရမ်းချဉ်သီးမှာပါတဲ့ အချဉ်ဓာတ်က အဆီကိုစုပ်ယူပေး

နိုင်တာကြောင့် လုပ်ပြီးတာနဲ့ မျက်နှာကသိသာပါတယ်။ ခရမ်းချဉ်သီးအရည် လက်ဖက်ရည်ဇွန်း ၃ဇွန်းစာလောက်ရအောင်လုပ်ပါ။ ခရမ်းချဉ်သီးအရည်နဲ့နဲ့ နို့ထောပတ်ကိုရောပြီး မျက်နှာမှာ ၅မိနစ်လောက်ပေါင်းတင်ပြီးတာနဲ့ ရေဆေးချလိုက်ရုံပါပဲ ။ မျက်နှာက အဆီလေးတွေ မှော်ဝင်သလို ပျောက်သွားလိမ့်မယ် ။

(၈) အပြစ်နာဆာ ကင်းမဲ့တဲ့ မျက်နှာလေးအတွက်

ဗာဒံစေ့နဲ့ နွားနို့ပဲလိုပါတယ်။ လုပ်ရတာ လွယ်ပါတယ်။ ဗာဒံစေ့ကို နွားနို့ထဲမှာ တစ်ညလောက်စိမ်ထားလိုက်ပါ။ မနက်ရောက်ရင်

ဆယ်ပြီး ခွဲလိုက်။ နွားနို့တွေကို မသွန်ပစ်လိုက်နဲ့နော်။ ခွဲထားတဲ့ဗာဒံစေ့နဲ့ နွားနို့ကိုရောပြီး ၅- ၁၀ မိနစ်လောက်ပေါင်းတင်ပါ။

မျက်နှာပေါ်က နေလောင်ဒဏ်တွေ၊ အဖုထစ်တွေ၊ အမည်းစက်တွေ အားလုံးပျောက်သွားတာမြင်ပြီး ပါးစပ်အဟောင်းသားမဖြစ်သွားနဲ့ဦး။ အမြဲဒီလိုအသားရေမျိုးလေးလိုချင်ရင် တစ်ပတ်တစ်ခါလောက်တော့ ပုံမှန်လုပ်ပေးပါ။

မလှတဲ့ မိန်းကလေးမရှိဘူး… ပျင်းတဲ့မိန်းကလေးပဲရှိတယ်တဲ့…။ အားလုံးပဲ လှပတဲ့အသားရေလေးတွေပိုင်ဆိုင်နိုင်ပါစေ…။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top