မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×
Credit: cantwait2say
# Unicode Version ဖြင့် ဖတ်ပါ #
လက်ခလယ် ထောင်ပြခြင်း – ရိုင်းစိုင်းတဲ့ သင်္ကေတတစ်ခုပါ။ ဆဲတာပါ။
လက်နှစ်ချောင်းထောင်ပြခြင်း – လက်မ နဲ့ လက်ညှိုးကို ထောင်ပြတာဖြစ်ပြီး အမေရိကန်မှာ ငြိမ်းချမ်းခြင်း နဲ့ အောင်မြင်ခြင်းကို သရုပ်ဖော်တဲ့ သင်္ကေတ တစ်ခုဖြစ်ပါတယ်။
လက်ညှိုးထိုးခြင်း – ညွှန်ပြတဲ့ အဓိပ္ပါယ် ပါ။ ပုံသဏ္ဍာန် နဲ့ ညွန်ပြတဲ့ နေရာကို မူတည်ပြီး အမျိုးမျိုး ကွဲပြားသွားပါတယ်။ လူကို လက်ညှိုးထိုးခဲ့ရင်တော့ ရိုင်းစိုင်းပြီးမောက်မာတဲ့ အပြုအမူ ဖြစ်ပြီး နွားလိုမျိုးကို လက်ညှိုးထိုးခဲ့ရင်တော့ သတ်ရအောင် ဆိုပြီး ကွဲပြားသွားတတ်ပါတယ်။
လက်ဖဝါးနှစ်ခု ဖြတ်ပြီး ကန့်လန်ဖြတ် ထောင်ခြင်း – အားကစားပွဲတွေမှာဆိုရင် ပွဲပြီးတယ် ။ အချိန်စေ့သွားပြီ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပြီး နေ့စားဝင်ရတဲ့ ကုမ္ပဏီတချို့မှာတော့ Break Time အနားပေးတာပါ။
လက်ညှိုးဘေးယမ်းခြင်း – လာခဲ့ပါ။ ဒါမှမဟုတ် ထွက်သွားပါ လို့ အဓိပ္ပါယ် ကောက်လို့ ရပါတယ်။
လက်မထောင်ခြင်း – အောင်မြင်ခြင်း ရဲ့ အဓိပ္ပါယ် ။ တချို့နေရာတွေမှာတော့ ယုံကြည်မှုရှိတယ်။ ကြိုက်တယ် လို့ ဆိုလိုပါတယ်။
လက်ညှိုး နဲ့ လက်သန်းထောင်ခြင်း – စေတန်နတ်ရဲ့ ကိုယ်စားပြု စာလုံးပါ။ ရော့ခ်ဂီတ သမားတွေ စတင်သုံးစွဲခဲ့ပါတယ်။
လက်ဝါး ယမ်းခြင်း – နှုတ်ဆက်တာ၊ ကြိုဆိုတာကို ဆိုလိုတာပါ။
လက်မထောင်ကာ လက်ညှိုး၊လက်ခလယ် ရှေ့ကိုယမ်းခြင်း – အမေရိကန် ကောင်းဘွိုင်ခေတ်က ဆင်းသက်လာတာပါ။ တစ်ယောက်ချင်း စိန်ခေါ်တဲ့ အပြုအမူ ကို ရည်ညွှန်းပြီး ဒီနေ့ခေတ်မှာတော့ အပြောင်၊ အပျက် သဘောမျိုးပဲ ရှိပါတော့တယ်။
လက်ညှိုး နဲ့ လက်မ ဝိုင်းပြခြင်း – ငွေကြေး (မန်းနီး Money) ကို ဆိုလိုတာဖြစ်ပြီး ဘရာဇီးမှာဆိုရင်တော့ မကောင်းတာ လုပ်တာကို ဆိုလိုတာပါ။
လက်သီးဆုပ်ခြင်း – သတ္တိခွန်အားဓါတ်သွင်းပေးတာကို ဆိုလိုတာပါ။
လက်သုံးချောင်းထောင်ပြခြင်း – ဒီဖက်ခေတ်မှာတွေ့ရှိရတဲ့ ကိုယ်စားပြု သင်္ကေတပါ။ Movie ရုပ်ရှင်တစ်ခုကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်ကို the hunger games လို့ ခေါ်ဆိုပြီး အဲဒီဇာတ်ကားထဲမှာ ဇာတ်ကောင် ရဲ့ စစ်တပ်အာဏာရှင်ကို ဆန်ကျင်တဲ့ သင်္ကေတဖြစ်ပြီး တရားမျှတမှု နဲ့ လွတ်လပ်မှုကို ကိုယ်စားပြုပါတယ်။ three finger salute လို့ ခေါ်ဆိုပါတယ်။ တိုက်ပွဲခေါ်သံကို အစပြုတဲ့ သင်္ကေတ ဆိုလည်း မမှားပါဘူး
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top