ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တက္တူး တစ္ခုကို လက္လြတ္စပယ္မထိုးသင့္ဘူးဆိုတာကို ပိုၿပီးထင္ရွားလာေစခဲ့ပါတယ္။ မိမိကိုယ္ေပၚမွာ ထိုးထားတဲ့ တက္တူးက မိမိရဲ႕ဆႏၵကို ထင္ဟပ္ျပသမႈ ရွိေနမယ္လို႔ ေယဘုယ်အားျဖင့္ မွတ္ယူထားၾကပါတယ္။

ေတြးၾကည့္ပါ။ ခင္ဗ်ားသာ ဆရာဝန္တစ္ေယာက္ဆိုရင္ လူတစ္ေယာက္သတိေမ့ၿပီး ေဆး႐ုံေရာက္လာတယ္ဆိုရင္၊ အဲဒီလူမွာလည္း က်န္းမာေရးျပႆနာေတြနဲ႔ ေသြးတြင္းအယ္လ္ကိုေဟာ ပမာဏ ျမင့္မားေနတာကို ေတြ႕ရွိရတယ္ဆိုပါစို႔။ အဲဒီလူမွာ မွတ္ပုံတင္တို႔၊ မိသားစုတို႔လည္း ပါမလာဘူးဆိုပါစို႔။ ဒါေပမယ့္ ရင္ဘတ္မွာ “အသက္မကယ္ပါနဲ႔” ဆိုၿပီး တက္တူးထိုးထားတယ္ဆိုရင္ ခင္ဗ်ားဘာဆက္လုပ္မွာလဲ။ သူ႔အသက္ကို ကယ္မွာလား။ မကယ္ဘူးလား။

ဒါဟာ ေဆးေက်ာင္းစာေမးပြဲေတြမွာ ေမးတတ္တဲ့ ဥပမာျပေမးခြန္းတစ္ခုဆိုရင္ ေတာ္ေတာ္ဆိုးတဲ့ ဥပမာတစ္ခုလို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ ဒီကိစၥဟာ အေမရိကန္ႏိုင္ငံ၊ ဖလိုရီဒါေဆး႐ုံမွာ တကယ္ျဖစ္သြားခဲ့တာပါ။ New England Journal of Medicine မွာေဖာ္ျပထားတဲ့ သုေတသနတစ္ခုအရ ဆရာဝန္ေတြဟာ ရင္ဘတ္မွာ အေရးေပၚအသက္ကယ္ျခင္းကို မျပဳလုပ္ဖို႔ တက္တူးထိုးၿပီး ျငင္းပယ္ထားတဲ့ လူနာတစ္ေယာက္ကို ကုသရာမွာ ဆရာဝန္က်င့္ဝတ္ပိုင္းအရ ေတာ္ေတာ္ေလးလြန္ဆြဲခဲ့ရတယ္လို႔ ဆိုထားပါတယ္။
သုေတသနထဲမွာ ေဖာ္ျပထားတာက ဆရာဝန္ေတြဟာ စစခ်င္းေတာ့ “အသက္မကယ္ပါနဲ႔” လို႔ေရးထားတဲ့ အဲဒီလူနာရဲ႕ တက္တူးကို ဥေပကၡာျပဳဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါဟာ လူနာတကယ္လိုခ်င္တာ ဟုတ္မဟုတ္ မေသခ်ာလို႔ပါပဲ။

“စစခ်င္းေတာ့ ကြၽန္ေတာ္တို႔ဟာ တက္တူးကို အေလးမထားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ မေသခ်ာမေရရာမႈေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ ျပန္လွည့္လို႔မရတဲ့ လမ္းေၾကာင္းကို မေ႐ြးခ်ယ္ရဘူးဆိုတဲ့ စည္းမ်ဥ္းကို လိုက္နာခဲ့တာပါ” လို႔ အဲဒီလူနာကို ကုသခဲ့တဲ့ ဆရာဝန္ တစ္ဦးက ဆိုပါတယ္။ ဆရာဝန္ေတြဟာ လူနာကို အဏုဇီဝေဆးဝါးမ်ား သြင္းေပးျခင္း၊ အေရးေပၚအသက္ကယ္ျခင္း အစရွိတဲ့ လုပ္ေဆာင္မႈေတြကို လုပ္ေဆာင္ဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ေဆး႐ုံရဲ႕ က်င့္ဝတ္ပိုင္းဆိုင္ရာ အတိုင္ပင္ခံပုဂၢိဳလ္ကို ေခၚလိုက္ခ်ိန္မွာေတာ့ အေျခအေနက ေျပာင္းလဲသြားခဲ့ပါတယ္။
တကယ္ေတာ့ အသက္ျပန္မကယ္ဖို႔ ေတာင္းဆိုခ်က္ေတြနဲ႔ ပတ္သက္တဲ့ ဥပေဒေတြဟာ ရႈပ္ေထြးၿပီး အခ်ိန္နဲ႔အမွ် ေျပာင္းလဲေန ပါတယ္။ General Internal Medicine ဂ်ာနယ္ထဲက ေဆာင္းပါးတစ္ပုဒ္မွာ ေဖာ္ျပထားတာေတာ့ ေဆးဘက္ဆိုင္ရာ ဝန္ထမ္းေတြဟာ က်င့္ဝတ္အရေကာ၊ ဥပေဒအရပါ လူနာေတြရဲ႕ေ႐ြးခ်ယ္မႈကို ေလးစားလိုက္နာရမယ့့္ တာဝန္ရွိပါတယ္။
အေရးေပၚ အသက္ကယ္ျခင္းကိုေတာင္ လူနာကစြန႔္လႊတ္ဖို႔ ေ႐ြးခ်ယ္ထားတယ္ဆိုရင္ ေလးစားလိုက္နာရပါမယ္” လို႔ဆိုထားပါတယ္။ ဒါေပမယ့္ ေယဘုယ်အားျဖင့္ေတာ့ တရားဝင္ေဆးစာမွာ အေရးေပၚ အသက္မကယ္ဖို႔ လက္မွတ္ထိုးထားရပါမယ္။ ဒါကို Physician Order for Life Sustaining Treatment (အေရးေပၚအသက္ကယ္ျခင္းအတြက္ သမားေတာ္ၫႊန္ၾကားမႈ) လို႔ေခၚပါတယ္။

တက္တူးေတြဟာ လူနာေတြရဲ႕ဆႏၵကို တကယ္ထင္ဟပ္ေနလားဆိုတာကေတာ့ ေမးခြန္းထုတ္ခ်င္စရာပါပဲ။ ဥပေဒအရလည္း တရားဝင္ျခင္း မရွိပါဘူး။ ေနာက္ၿပီး “Do Not Resuscitate” (အသက္ျပန္မသြင္းနဲ႔) ဆိုတဲ့ စကားလုံးေတြက တကယ္ေကာ အဲဒီစကားလုံးရဲ႕ အဓိပၸာယ္ကို ေျပာခ်င္တာာလား။ ဒါမွမဟုတ္ တစ္ေယာက္ရဲ႕ နာမည္အတိုေကာက္ကို ဝွက္ၿပီးေရးထားတာလား ဆိုတာကို ႐ုတ္တရက္မသိႏိုင္ပါဘူး။
ဖေလာ္ရီဒါေဆး႐ုံ ေက့စ္မွာေတာ့ ေဆး႐ုံရဲ႕ က်င့္ဝတ္ဆိုင္ရာ အတိုင္ပင္ခံက တက္တူးထဲက စကားလုံးကို ေလးစားဖို႔ ဆရာဝန္ေတြကို ေျပာခဲ့ပါတယ္။ အတိုင္ပင္ခံရဲ႕ ဆုံးျဖတ္ခ်က္ကို အေထာက္အကူျပဳခဲ့တဲ့ အခ်က္တစ္ခ်က္ကေတာ့ လူနာဟာ ဖေလာ္ရီဒါ က်န္းမာေရး႒ာနမွာ အေရးေပၚအသက္ျပန္သြင္းျခင္းကို တားျမစ္တဲ့ ေဆးစာတစ္ေစာင္မွာ တရားင္လက္မွတ္ထိုးထားတာကို ေတြ႕ရွိခဲ့ရပါတယ္။ သူ႔ရဲ႕တက္တူးဟာ သူ႔ရဲ႕တကယ့္ဆႏၵစစ္ကို ထင္ဟပ္ျပသေနတဲ့ သေဘာပါပဲ။
ေနာက္ဆုံးရလဒ္က ဘာျဖစ္သြားလဲဆိုေတာ့ ဆရာဝန္ေတြက လူနာရဲ႕ဆႏၵကို ေလးစားလိုက္နာခဲ့တဲ့အတြက္ လူနာေသဆုံး သြားခဲ့ပါတယ္။ ဒါေပမယ့္ တက္တူးတစ္ခုရဲ႕ ေနာက္ကြယ္က ဆႏၵအေပၚမွာ ေလးစားလိုက္နာမႈ ရွိသင့္/မရွိသင့္ကို ေဆးပညာ အသိုင္းအဝိုင္းထဲမွာ ဆက္လက္ျငင္းခုန္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။

Source: CNN

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
တက်တူး တစ်ခုကို လက်လွတ်စပယ်မထိုးသင့်ဘူးဆိုတာကို ပိုပြီးထင်ရှားလာစေခဲ့ပါတယ်။ မိမိကိုယ်ပေါ်မှာ ထိုးထားတဲ့ တက်တူးက မိမိရဲ့ဆန္ဒကို ထင်ဟပ်ပြသမှု ရှိနေမယ်လို့ ယေဘုယျအားဖြင့် မှတ်ယူထားကြပါတယ်။

တွေးကြည့်ပါ။ ခင်ဗျားသာ ဆရာဝန်တစ်ယောက်ဆိုရင် လူတစ်ယောက်သတိမေ့ပြီး ဆေးရုံရောက်လာတယ်ဆိုရင်၊ အဲဒီလူမှာလည်း ကျန်းမာရေးပြဿနာတွေနဲ့ သွေးတွင်းအယ်လ်ကိုဟော ပမာဏ မြင့်မားနေတာကို တွေ့ရှိရတယ်ဆိုပါစို့။ အဲဒီလူမှာ မှတ်ပုံတင်တို့၊ မိသားစုတို့လည်း ပါမလာဘူးဆိုပါစို့။ ဒါပေမယ့် ရင်ဘတ်မှာ “အသက်မကယ်ပါနဲ့” ဆိုပြီး တက်တူးထိုးထားတယ်ဆိုရင် ခင်ဗျားဘာဆက်လုပ်မှာလဲ။ သူ့အသက်ကို ကယ်မှာလား။ မကယ်ဘူးလား။

ဒါဟာ ဆေးကျောင်းစာမေးပွဲတွေမှာ မေးတတ်တဲ့ ဥပမာပြမေးခွန်းတစ်ခုဆိုရင် တော်တော်ဆိုးတဲ့ ဥပမာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ အမေရိကန်နိုင်ငံ၊ ဖလိုရီဒါဆေးရုံမှာ တကယ်ဖြစ်သွားခဲ့တာပါ။ New England Journal of Medicine မှာဖော်ပြထားတဲ့ သုတေသနတစ်ခုအရ ဆရာဝန်တွေဟာ ရင်ဘတ်မှာ အရေးပေါ်အသက်ကယ်ခြင်းကို မပြုလုပ်ဖို့ တက်တူးထိုးပြီး ငြင်းပယ်ထားတဲ့ လူနာတစ်ယောက်ကို ကုသရာမှာ ဆရာဝန်ကျင့်ဝတ်ပိုင်းအရ တော်တော်လေးလွန်ဆွဲခဲ့ရတယ်လို့ ဆိုထားပါတယ်။
သုတေသနထဲမှာ ဖော်ပြထားတာက ဆရာဝန်တွေဟာ စစချင်းတော့ “အသက်မကယ်ပါနဲ့” လို့ရေးထားတဲ့ အဲဒီလူနာရဲ့ တက်တူးကို ဥပေက္ခာပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါဟာ လူနာတကယ်လိုချင်တာ ဟုတ်မဟုတ် မသေချာလို့ပါပဲ။

“စစချင်းတော့ ကျွန်တော်တို့ဟာ တက်တူးကို အလေးမထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မသေချာမရေရာမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ပြန်လှည့်လို့မရတဲ့ လမ်းကြောင်းကို မရွေးချယ်ရဘူးဆိုတဲ့ စည်းမျဉ်းကို လိုက်နာခဲ့တာပါ” လို့ အဲဒီလူနာကို ကုသခဲ့တဲ့ ဆရာဝန် တစ်ဦးက ဆိုပါတယ်။ ဆရာဝန်တွေဟာ လူနာကို အဏုဇီဝဆေးဝါးများ သွင်းပေးခြင်း၊ အရေးပေါ်အသက်ကယ်ခြင်း အစရှိတဲ့ လုပ်ဆောင်မှုတွေကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဆေးရုံရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ခေါ်လိုက်ချိန်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။
တကယ်တော့ အသက်ပြန်မကယ်ဖို့ တောင်းဆိုချက်တွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေဟာ ရှုပ်ထွေးပြီး အချိန်နဲ့အမျှ ပြောင်းလဲနေ ပါတယ်။ General Internal Medicine ဂျာနယ်ထဲက ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားတာတော့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဟာ ကျင့်ဝတ်အရကော၊ ဥပဒေအရပါ လူနာတွေရဲ့ရွေးချယ်မှုကို လေးစားလိုက်နာရမယ့် တာဝန်ရှိပါတယ်။
အရေးပေါ် အသက်ကယ်ခြင်းကိုတောင် လူနာကစွန့်လွှတ်ဖို့ ရွေးချယ်ထားတယ်ဆိုရင် လေးစားလိုက်နာရပါမယ်” လို့ဆိုထားပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ တရားဝင်ဆေးစာမှာ အရေးပေါ် အသက်မကယ်ဖို့ လက်မှတ်ထိုးထားရပါမယ်။ ဒါကို Physician Order for Life Sustaining Treatment (အရေးပေါ်အသက်ကယ်ခြင်းအတွက် သမားတော်ညွှန်ကြားမှု) လို့ခေါ်ပါတယ်။

တက်တူးတွေဟာ လူနာတွေရဲ့ဆန္ဒကို တကယ်ထင်ဟပ်နေလားဆိုတာကတော့ မေးခွန်းထုတ်ချင်စရာပါပဲ။ ဥပဒေအရလည်း တရားဝင်ခြင်း မရှိပါဘူး။ နောက်ပြီး “Do Not Resuscitate” (အသက်ပြန်မသွင်းနဲ့) ဆိုတဲ့ စကားလုံးတွေက တကယ်ကော အဲဒီစကားလုံးရဲ့ အဓိပ္ပာယ်ကို ပြောချင်တာာလား။ ဒါမှမဟုတ် တစ်ယောက်ရဲ့ နာမည်အတိုကောက်ကို ဝှက်ပြီးရေးထားတာလား ဆိုတာကို ရုတ်တရက်မသိနိုင်ပါဘူး။
ဖလော်ရီဒါဆေးရုံ ကေ့စ်မှာတော့ ဆေးရုံရဲ့ ကျင့်ဝတ်ဆိုင်ရာ အတိုင်ပင်ခံက တက်တူးထဲက စကားလုံးကို လေးစားဖို့ ဆရာဝန်တွေကို ပြောခဲ့ပါတယ်။ အတိုင်ပင်ခံရဲ့ ဆုံးဖြတ်ချက်ကို အထောက်အကူပြုခဲ့တဲ့ အချက်တစ်ချက်ကတော့ လူနာဟာ ဖလော်ရီဒါ ကျန်းမာရေးဋ္ဌာနမှာ အရေးပေါ်အသက်ပြန်သွင်းခြင်းကို တားမြစ်တဲ့ ဆေးစာတစ်စောင်မှာ တရားင်လက်မှတ်ထိုးထားတာကို တွေ့ရှိခဲ့ရပါတယ်။ သူ့ရဲ့တက်တူးဟာ သူ့ရဲ့တကယ့်ဆန္ဒစစ်ကို ထင်ဟပ်ပြသနေတဲ့ သဘောပါပဲ။
နောက်ဆုံးရလဒ်က ဘာဖြစ်သွားလဲဆိုတော့ ဆရာဝန်တွေက လူနာရဲ့ဆန္ဒကို လေးစားလိုက်နာခဲ့တဲ့အတွက် လူနာသေဆုံး သွားခဲ့ပါတယ်။ ဒါပေမယ့် တက်တူးတစ်ခုရဲ့ နောက်ကွယ်က ဆန္ဒအပေါ်မှာ လေးစားလိုက်နာမှု ရှိသင့်/မရှိသင့်ကို ဆေးပညာ အသိုင်းအဝိုင်းထဲမှာ ဆက်လက်ငြင်းခုန်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Source: CNN

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top