×

အရပ်​မှာ​သာနေကြပြီး
အရပ်​မှာ​နေကြရတယ်​…
ယောက်ျားဆိုတာ ဆန္ဒကို
ယောက်ျားဆိုတာကတိတစ်​လုံး
မတည်​တတ်​ကြ​ပေမဲ့
မိန်းမဆိုတာက ရထားတဲ့
ကတိတစ်​လုံးကို
မျှော်​လင့်​​နေတတ်​တယ်….
ယောက်ျား​တွေက ချစ်​တယ်​လို့
စ​ပြော​ပေမဲ့
ယောက်ျားဆိုတာက အတူတူ​နေလာတာ
မိန်းမတ​ယောက်​က
အပြစ်​တစ်ခုလုပ်​မိရင်
ယောက်ျားဆိုတာ ထပ်​ခါထပ်​ခါမြင်​တတ်​​ပေမယ့်….
ယောက်ျားတစ်​​ယောက်​က
အပြစ်တစ်ခုလုပ်​ရင်
အ​ကြောင်း​အရာလေးကိုပဲ
ယောက်ျား​တွေရဲ့အချစ်​က
ယောက်ျားဆိုတာ လမ်းခွဲချင်​ရင်
ထိ​စောင့်​တယ်​….
မိန်းမသဘာဝပါ….
ဘာလို့လည်းဆို​တော့
ဆင်းသက်​လာလို့ပါ ။
သနားလွယ်​တာ အဲ့ဒါကို
လူ​တွေက အယုံလွယ်​တယ်
ဒါ​ပေမယ့်
ယောက်ျား​​တွေထက်​ မိန်းမတွေက​ပိုလည်​ပြီး ဖြတ်ထိုးဉာဏ်ကျ
ယောက်ျားတ​ယောက်​ကို ဒုက္ခ​ပေးဖို့ပညာဆိုတာ
ပညာဆို​သောငြား
ဝန်​​လေးတတ်​ကြတာ
အ​ခြေခံစိတ်​ဓာတ်​ကိုက
ယောက်ျား​တွေထက်​သာပြီး
ယောက်ျား​တွေထက်​သာပါတယ် …
ယောက်ျား​တွေက သူတို့ကိုယ်​သူတို့
အချစ်​ရှုံးသမားဘ၀နဲ့
နာကျင်​စွာကျန်​​နေခဲ့
စိတ်​ဓာတ်​​ကြောင့်

Credit: lwinpyin
#Unicode Version#
ယောက်ျားဆိုတာ သူတို့စိတ်ပျော်ရာ
အရပ်မှာသာနေကြပြီး
မိန်းမဆိုတဲ့အမျိုးကသင့်တော်ရာ
အရပ်မှာနေကြရတယ်…
ယောကျ်ားဆိုတာ ဆန္ဒကို
ရှေ့တန်းတင်တတ်ကြပေမယ့်
မိန်းမဆိုတာ ဘဝကိုရှေ့တန်းတင်တယ်….
ယောကျ်ားဆိုတာကတိတစ်လုံး
လွယ်လွယ်ပေးတတ်ကြပြီး
မတည်တတ်ကြပေမဲ့
မိန်းမဆိုတာက ရထားတဲ့
ကတိတစ်လုံးကို
အချိန်တိုင်းတန်ဘိုးထား
မျှော်လင့်နေတတ်တယ်….
ယောကျ်ားတွေက ချစ်တယ်လို့
စပြောပေမဲ့
အပြောခံရတဲ့ မိန်းမတွေကပဲ
တသက်လုံး ဆက်ချစ်ကြရတယ်….
ယောကျ်ားဆိုတာက အတူတူနေလာတာ
ကြာရင် ရိုးအီသွားတတ်ပေမယ့်
မိန်းမတွေကတော့ အတူနေလာတာ
ကြာလေလေ သံယောဇဉ်ပိုလေပါပဲ…
မိန်းမတယောက်က
အပြစ်တစ်ခုလုပ်မိရင်
ယောကျ်ားဆိုတာ ထပ်ခါထပ်ခါမြင်တတ်ပေမယ့်….
ယောကျ်ားတစ်ယောက်က
အပြစ်တစ်ခုလုပ်ရင်
မိန်းမဆိုတာ ကောင်းခဲ့တဲ့
အကြောင်းအရာလေးကိုပဲ
ပြန်မြင်ပြီး ခွင့်လွှတ်ချင်နေကြတယ်…
ယောကျ်ားတွေရဲ့အချစ်က
ခန္ဓာကိုယ်နဲ့ရင်းပြီး သာယာမှုနဲ့ ချစ်တယ်
မိန်းမတွေရဲ့အချစ်က ခန္ဓာကိုယ်မပါလည်း
စိတ်ခံစားချက်နဲ့ရင်းပြီး နှလုံးသားနဲ့ချစ်တယ်….
ယောကျ်ားဆိုတာ လမ်းခွဲချင်ရင်
အကြောင်းပြချက်မထားတတ်ဘူး
သစ်စိမ်းချိုးလည်း ချိုးတတ်တယ်
သူတို့ကြောင့်ဘဝပျက်သွားရင်တောင်
မဆိုင်သလိုလည်း နေတတ်တယ်…
မိန်းမဆိုတာ လမ်းခွဲချင်ရင်
တစ်ဘက်လူရဲ့ ရပ်တည်မှုနဲ့
ခံနိုင်ရည်ရှိ မရှိကြည့်တယ်
ထွက်သွားရတဲ့အကြောင်းရင်းကို
လက်ခံပေးနိုင်မယ့် အနေအထား
ထိစောင့်တယ်….
နှစ်သိမ့်ဆွေးနွေးပြီးမှ နွေးနွေး
ထွေးထွေးထားခဲ့တတ်ပြီးသစ်စိမ်းချိုး
မချိုးတတ်ဘူး ပြီးတော့
သတင်းစကားလည်းအမြဲနားစွင့်ပြီး
စိတ်လေနေလား ပေတေနေလား
အမြဲစုံစမ်းပြီး ထားခဲ့မိရင်တောင်
အဝေးကနေတည့်မတ်ပေးတတ်တာ
မိန်းမသဘာဝပါ….
ဘာလို့လည်းဆိုတော့
မိန်းမဆိုတာ မိခင်မျိုးနွယ်က
ဆင်းသက်လာလို့ပါ ။
စိတ်ထိခိုက်ခံစားလွယ်ပြီး
သနားလွယ်တာ အဲ့ဒါကို
လူတွေက အယုံလွယ်တယ်
ဆိုပြီး အပြစ်တင်ကြပါတယ်…
ဒါပေမယ့်
ယောကျ်ားတွေထက် မိန်းမတွေကပိုလည်ပြီး ဖြတ်ထိုးဉာဏ်ကျ
မိန်းမတွေက ပိုကောင်းပါတယ်…
ယောကျ်ားတယောက်ကို ဒုက္ခပေးဖို့ပညာဆိုတာ
မသင်ပဲတတ်တဲ့မွေးရာပါ
ပညာဆိုသောငြား
ဒုက္ခမပေးကြတာ ဒုက္ခပေးဖို့
ဝန်လေးတတ်ကြတာ
မိန်းမတွေက အ လို့ မဟုတ်ပါဘူး …
အခြေခံစိတ်ဓာတ်ကိုက
မိန်းမတွေက ကိုယ်ချင်းစာတတ်တဲ့နေရာမှာ
ယောကျ်ားတွေထက်သာပြီး
ခွင့်လွှတ်သီးခံတတ်တဲ့ စိတ်ကလည်း
ယောကျ်ားတွေထက်သာပါတယ် …
ကမ္ဘာပေါ်မှာ ရှိသောမိန်းမတိုင်းက
မိခင်မျိုးနွယ်ကဆင်းသက်လာကြပြီး
သနားကြင်နာတတ်ကြလို့ပါ …
ယောကျ်ားတွေက သူတို့ကိုယ်သူတို့
ထားခဲ့ရလို့ အနိုင်ရတယ်ထင်နေကြပေမဲ့ …
တကယ်တော့ မြင့်မြတ်တဲ့နှလုံးသား
ပိုင်ရှင် ခွင့်လွှတ်တတ်တဲ့မိန်းမတွေက
အချစ်ရှုံးသမားဘဝနဲ့
နာကျင်စွာကျန်နေခဲ့
ရမယ်ဆိုရင်တောင် ခမ်းနားတဲ့
စိတ်ဓာတ်ကြောင့်
တစ်သက်လုံးလိပ်ပြာသန့်ပါတယ် ။
#ယောကျာ်းတိုင်းကိုမဆိုလိုပါ…

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top