ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဘာလိုလိုနဲ႔၂၀၁၇တာင္ ကုန္ေတာ့မယ္ေနာ္။ တစ္ႏွစ္ဆိုတဲ့ အခ်ိန္ဟာ ျမန္ဆန္လြန္းပါတယ္။
၂၀၁၇ဇန္နဝါရီဟာ မေန႔တစ္ေန႔ကလိုပါလားေနာ္။
ႏွစ္သစ္ ေရာက္ေတာ့မယ္ဆိုေတာ့ ပိုေကာင္းမြန္တဲ့ ႏွစ္တစ္ႏွစ္ ျဖစ္ေအာင္ အစီအစဥ္ ဆြဲရေတာ့မယ္။
၂၀၁၈မွာ Rinလုပ္မယ့္ အရာေတြ ေျပာျပခ်င္ပါတယ္။ ေယာင္းတို႔လည္း ideaတစ္စံု တစ္ခု ရႏိုင္မယ္လို႔ ေမၽွာ္လင့္ပါတယ္။

(၁) မိသားစုကို အခ်ိန္ပိုေပးမယ္။
အလုပ္ေတြမ်ားလာေလ၊ အေပါင္းအသင္း ပိုက်ယ္ျပန္႔လာေလ မိသားစုနဲ႔ အတူရွိတဲ့ အခ်ိန္ပိုနည္းလာေလ ျဖစ္တယ္။ ဟုတ္တယ္ဟုတ္?
ကိုယ့္ကိစၥနဲ႔ ကိုယ္ အလုပ္မ်ားေနတာနဲ႔ အေမေနေကာင္းရဲ႕လား တစ္ခြန္းေတာင္ မေမးမိတဲ့ ရက္ေတြရွိတယ္။
တခ်ိန္လံုး ကြန္ပ်ဴတာနဲ႔ ဖုန္းေရွ႕မွာ အလုပ္လုပ္ေနရေတာ့ စကားေျပာစရာ အေဖာ္မရွိတဲ့ အေမဟာ ပိုၿပီး အထီးက်န္လာတယ္။ Rinတို႔လို အေမတစ္ခု သမီးတစ္ခု ဘဝေတြအတြက္ ကိုယ့္ရဲ႕ အေမကို အခ်ိန္မ်ားမ်ား ေပးဖို႔ လိုအပ္ပါတယ္။ Rinတို႔မွာက တျခားအေပါင္းအသင္းေတြရွိေပမယ့္ အေမ့မွာက ကိုယ္တစ္ေယာက္ထဲ ရွိတာေလ။ ဒါေၾကာင့္ Rin ေမေမ့ကို အခ်ိန္ေတြအမ်ားႀကီး ပိုေပးႏိုင္ဖို႔ ႀကိဳးစားပါ့မယ္။ ေယာင္းတို႔လည္း အလုပ္ေတြႀကီး စြတ္လုပ္မေနဘဲ ကိုယ္ခ်စ္တဲ့ သူေတြ ကိုယ့္ကို ခ်စ္တဲ့သူေတြကို ၂၀၁၇ကထက္ အခ်ိန္ပိုေပးႏိုင္ေအာင္ ႀကိဳးစားပါ။ လူ႔သက္တမ္းဟာ တိုေတာင္းလွပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ ဘယ္ေန႔ စြန္႔ခြာသြားရမလဲဆိုတာ ဘယ္သိႏိုင္မလဲေနာ္။ ဒါေၾကာင့္ အတူရွိေနတုန္း ခ်စ္ခ်စ္ခင္ခင္၊ ေႏြးေႏြးေထြးေထြး ေနၾကဖို႔ လိုအပ္ပါတယ္။

(၂) အားကစားလုပ္မယ္။
၂၀၁၈မွာ Gymေကာင္းေကာင္းတစ္ခုမွာ သြားကစားဖို႔ စိတ္ကူးထားတယ္။ Gymမသြားျဖစ္ရင္ေတာင္ အိမ္မွာပဲ ကိုယ္ႏိုင္သေလာက္ ေလ့က်င့္ခန္းေလးေတြ လုပ္ၾကည့္ရမယ္။ ဒါေပမယ့္ Trainerနဲ႔ ေလ့က်င့္ေတာ့ ပံုစံပိုက်တာေပါ့ေနာ္။
က်န္းမာတဲ့ အသားအေရရဖို႔လည္း အသီးအႏွံ မ်ားမ်ားစားရမယ္။
ေယာင္းတို႔ေရ Body goalလိုခ်င္ရင္ ႏႈတ္ကေရရြတ္ေနလို႔ မရဘူးေနာ္။ လက္ေတြ႕လုပ္မွရမယ္။ ဒါေၾကာင့္ ၂၀၁၉မွာ Body goalလို႔ ေႂကြးေၾကာ္ႏိုင္ေအာင္ အခုထဲက ႀကိဳးစားၾကတာေပါ့။ ၁လပိုင္း ေရာက္ေအာင္ မေစာင့္နဲ႔ေနာ္ ဒီညပဲ လႈပ္ရွားလိုက္ေတာ့။

(၃) စာမ်ားမ်ားဖတ္မယ္။
၂၀၁၇မွာ ဖတ္ျဖစ္တဲ့ စာအုပ္အေရအတြက္ထက္ ၂၀၁၈မွာ ပိုဖတ္ႏိုင္ဖို႔ Rinေမၽွာ္မွန္းထားပါတယ္။ ဖတ္ရမယ့္ စာအုပ္နာမည္ေတြကို listေတြလုပ္ထားၿပီး သတ္မွတ္ခ်ိန္ တစ္ခုထားၿပီး စာဖတ္ရမယ္။ အေျပာနဲ႔ အလုပ္ညီေအာင္ လက္ေတြ႕ျပရမွာေပါ့။ စာအုပ္ဖတ္တဲ့အခါလည္းစာေပအစံု ဖတ္မယ္။ ၂၀၁၇မွာ Rinဖတ္ျဖစ္တာက Englishဝတၳဳေတြ၊ romanceေတြနဲ႔ fantasyေတြမ်ားတယ္။ ဒါေၾကာင့္ self help bookေတြနဲ႔ motivationစာအုပ္ေတြပါ ဖတ္ရမယ္။

ဒါ့အျပင္ ဆရာႀကီး ေရႊဥေဒါင္း၊ ဆရာမင္းလူတို႔ရဲ႕ စာအုပ္ေတြကိုလည္း ဝယ္စုေဆာင္းရမယ္။ ၂၀၁၇မွာ မသြားျဖစ္ခဲ့တဲ့ စာအုပ္ဆိုင္ေတြနဲ႔ စာၾကည့္တိုက္ေတြကိုလည္း သြားျဖစ္ေအာင္ သြားရမယ္။ ေယာင္းတို႔ေရ Rinအျမဲေျပာတဲ့ အတိုင္း စာေပဟာ ဦးေႏွာက္ကိုသာမက စိတ္ကိုပါ အလွဆင္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေယာင္းတို႔လည္း Rinနဲ႔ အတူ လာမည့္ႏွစ္သစ္မွာ စာမ်ားမ်ားဖတ္ၾကပါစို႔ေနာ္။


(၄) ခရီးထြက္မယ္။
၂၀၁၈မွာ အရင္ႏွစ္ကထက္ ခရီးပိုထြက္ႏိုင္ေအာင္ ႀကိဳးစားရမယ္။ အေဝးေရာက္ေနတဲ့ အဘိုးအဘြားေတြ နဲ႔ ေဆြမ်ိဳးေတြဆီကိုလည္း သြားလည္ႏိုင္ရမယ္။
ေက်ာင္းတုန္းက သူငယ္ခ်င္းေတြနဲ႔အတူ ေနာက္တစ္ႀကိမ္ ခရီးထြက္ႏိုင္ရမယ္။
အိတ္ေဆာင္ Cameraေလး တစ္လံုး ပိုက္ဆံစုၿပီး ဝယ္ရမယ္။ ခရီးထြက္ရင္း လမ္းမွာေတြ႕ရတဲ့ အလွအပေတြကို မွတ္တမ္းတင္ဖို႔ေပါ့။ ေယာင္းတို႔ေရာ 2018မွာ ဘယ္ေတြ ခရီးထြက္ဖို႔ စီစဥ္ထားလဲ?


(၅) ဘာသာစကားတစ္ခုသင္မယ္။
၂၀၁၈မွာ ဘာသာစကားသင္တန္းတစ္ခု တက္ဖို႔ စဥ္းစားထားတယ္ ေယာင္းတို႔ေရ။ Rinက ဂ်ပန္စာနဲ႔ စပိန္စာ သင္တန္းတက္ဖို႔ စိတ္ကူးထားတယ္။ အခုေခတ္မွာက ဘာသာစကားနဲ႔ ပတ္သတ္တဲ့ အခ်ိန္ပိုင္းအလုပ္ေတြ၊ freelanceအလုပ္ေတြက အရမ္းေခတ္စားလာၿပီေလ။ တစ္ဖက္တစ္လမ္းကေန အပိုဝင္ေငြေလးရေအာင္ ဘာသာစကားသင္တန္းေလး အပိုတက္ထားမလားလို႔။ ျမန္မာ၊ အဂၤလိပ္အျပင္ တျခားဘာသာစကားေတြပါ ေျပာတက္ေတာ့ အလုပ္လုပ္တဲ့အခါ အခြင့္အေရးပိုရတာေပါ့။
၂၀၁၈မွာ အေကာင္အထည္စေဖာ္ဖို႔ အတြက္ Rinကေတာ့ အခုထဲက သင္တန္းေတြ စံုစမ္းေနတယ္။ ဂ်ပန္စာ သင္ေပးမယ့္သူကိုေတာ့ ေတြ႕ၿပီ။ Rin လက္ေတြ႕ အေကာင္အထည္ေဖာ္ဖို႔ဘဲ လိုေတာ့တယ္။
ေယာင္းတို႔လို ဘာသာစကားတစ္ခုခု တက္ဖို႔ရွိရင္ အခ်ိန္ဆြဲမေနဘဲ အခုထဲက လုပ္စရာရွိတာလုပ္ေတာ့ေနာ္။ အခုက Christmasကာလဆိုေတာ့ သင္တန္းေတြက discountေတြ ခ်ေနမွာ။

(၆) Internetကို ေသခ်ာအသံုးခ်မယ္။
၂၀၁၈မွာေတာ့ အင္တာနက္ေပၚက မဟာအခြင့္အေရးေတြကို လက္လႊတ္မခံေတာ့ဘူး။ မဟာအခြင့္အေရးဆိုလို႔ Facebookေပၚက ကံစမ္းမဲေတြကို ေျပာတာမဟုတ္ဘူးေနာ္။ Scholarship programနဲ႔ အလုပ္အကိုင္အခြင့္အလမ္း အစရွိတဲ့ မဟာအခြင့္အေရးေတြကို သတိထားၿပီး ေစာင့္ၾကည့္ေတာ့မယ္။ Facebookေပၚမွာ သူငယ္ခ်င္းေတြ ဘယ္သြားတယ္ ဘာစားတယ္ လိုက္ၾကည့္ေနမယ့္အစား သူတို႔ဘာသင္တန္းေတြတက္ေနလဲ ဘာေတြေလ့လာေနလဲဆိုတာ မ်က္ေျခမျပတ္ေအာင္ ေနေတာ့မယ္။ မဟုတ္ တခုခုဆို ကိုယ္က အျမဲက်န္ခဲ့တယ္ေလ။ ဒါေၾကာင့္ ကိုယ့္အတြက္ အက်ိဳးရွိမယ့္ pageေတြကို see firstလုပ္ထားရမယ္။ Online learningေတြကိုလည္း အခ်ိန္ေသခ်ာ သတ္မွတ္ၿပီး tryၾကည့္မယ္။ အလကား အက်ိဳးမရွိတဲ့ အရာေတြနဲ႔ internetမွာ အခ်ိန္ကုန္ေနတာကို ေလၽွာ့ႏိုင္သေလာက္ ေလၽွာ့ေတာ့မယ္ ေယာင္းတို႔ေရ။


(၇) ကိုယ္ပိုင္blogတစ္ခုလုပ္မယ္။
Rin ကိုယ္ပိုင္ blogေလး တစ္ခုစဖို႔ စဥ္းစားေနတာ အခ်ိန္အေတာ္ၾကာၿပီရွင့္။ မအားတာနဲ႔ အေကာင္အထည္မေဖာ္ျဖစ္ဘူး။ Blogေရးျခင္းဟာ မိမိကိုယ့္ကို စိတ္ထြက္ေပါက္ေပးရာေရာက္သလို သူမ်ားေတြကိုလည္း ကူညီၿပီးသားျဖစ္တယ္။
ကိုယ္သိထားတဲ့ informationတစ္ခုကို စာဖတ္သူေတြထံ ျပန္လည္မၽွေဝျခင္းအားျဖင့္ သူတို႔အတြက္လည္း တစ္ခုခုက်န္ခဲ့မယ္။ ကိုယ့္အတြက္လည္း အသိုင္းအဝိုင္း ပိုက်ယ္ျပန္႔လာမယ္။ လာမည့္ ၂၀၁၈မွာေတာ့ ေယာင္းတို႔ေရ Rin စိတ္ကူးေလးကို ျဖစ္ေအာင္လုပ္ေတာ့မယ္။ လိုအပ္မယ့္ informationေတြလည္း အခုထဲက စစုေဆာင္းေနၿပီေလ။
ေယာင္းတို႔ေရာ ကိုယ္ပိုင္ blogတစ္ခု လုပ္ဖို႔ စိတ္ကူးမရွိဘူးလား?

(၈) အႏုပညာသင္တန္းတက္မယ္။
လာမယ့္ ၂၀၁၈မွာ ထူးထူးျခားျခားေလး ျဖစ္သြားေအာင္ ဂီတတူရိယာတစ္ခု သင္ဖို႔ ရည္ရြယ္ထားပါတယ္။ တေယာထိုးတာသင္ဖို႔ ဆံုးျဖတ္ထားပါတယ္။
ပေရာဖက္ရွင္နယ္ အဆင့္မဟုတ္ရင္ေတာင္ ကိုယ္ႀကိဳက္တဲ့ေတးသြားေလးေတြ တီးႏိုင္တဲ့ အဆင့္အထိ သင္သြားဖို႔ စိတ္ကူးထားတယ္။ ကိုယ္ပိုင္တေယာေလးတစ္လံုး ဝယ္မယ္။ အားတဲ့အခ်ိန္ေလးေတြ တေယာထိုးရင္း အပန္းေျဖမယ္။ စိတ္ကူးနဲ႔တင္ ၾကည္ႏူးစရာေလး။ တေယာသင္တန္းမွာ ေသေသခ်ာခ်ာ ႀကိဳးစားၿပီး သင္ရမယ္။
ေယာင္းတို႔ေရာ တူရိယာတစ္ခုခုသင္ဖို႔ စိတ္ကူးမရွိဘူးလား? ပန္းခ်ီသင္တန္းတို႔ စက္ခ်ဳပ္သင္တန္းတို႔ေရာ မတက္ခ်င္ဘူးလား?
ကိုယ့္ဖာသာ အက်ႌခ်ဳပ္တက္ရင္ designerေတြ စက္ခ်ဳပ္ဆိုင္ေတြမွာ မ်က္ႏွာငယ္စရာ မလိုေတာ့ဘူးေနာ္။

(၉) ပိုက္ဆံစုမယ္။
၂၀၁၈မွာ ပိုက္ဆံေသခ်ာစု ျဖစ္ေအာင္ ႀကိဳးစားရမယ္။ ေငြပမာဏ တစ္ခုသတ္မွတ္ၿပီး လစဥ္ ဘဏ္ထဲထည့္ႏိုင္ရမယ္။ ပိုက္ဆံျပည့္လာရင္ တန္ဖိုးရွိတဲ့ အရာတစ္ခု ဝယ္ၿပီး စုေဆာင္းရမယ္။ ကိုယ္ရတဲ့ လခကို အက်ိဳးရွိေအာင္ လုပ္ရမယ္ေလ။ online shopping pageေတြကိုလည္း တက္ႏိုင္သမၽွ unfollow လုပ္ထားရမယ္။ ဒါမွ မဝယ္ျဖစ္မွာ။ မဟုတ္ရင္ ဟိုအက်ႌေလးလွတယ္ ဒီဖိနပ္ေလး ဝယ္ရအံုးမယ္ ဆိုတာနဲ႔ပဲ ပိုက္ဆံေတြ အေငြ႕ပ်ံသြားေရာ။ online shopping ေရာဂါကလည္း ေၾကာက္စရာေကာင္းသား။

ေယာင္းတို႔ေရ ကိုယ္ကေတာ့ ဘာေတြဘယ္လို ျဖစ္ေအာင္ လုပ္မယ္ planေတာ့ခ်ထားပါရဲ႕ မလုပ္ျဖစ္ဘဲ ႏွစ္တစ္ႏွစ္ ကုန္သြားျပန္ရင္ ရယ္စရာအျဖစ္ပဲ က်န္ခဲ့မယ္ေနာ္။ ဒါေၾကာင့္ အခုထဲက လိုအပ္တာေတြ ႀကိဳတင္ ျပင္ဆင္ထားဖို႔ အၾကံေပးခ်င္ပါတယ္။ ေယာင္းတို႔ လိုအင္ဆႏၵမ်ား ျပည့္ဝၾကပါေစရွင္။


Stay Pretty!

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Rin (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
ဘာလိုလိုနဲ့၂၀၁၇တာင် ကုန်တော့မယ်နော်။ တစ်နှစ်ဆိုတဲ့ အချိန်ဟာ မြန်ဆန်လွန်းပါတယ်။
၂၀၁၇ဇန်နဝါရီဟာ မနေ့တစ်နေ့ကလိုပါလားနော်။
နှစ်သစ် ရောက်တော့မယ်ဆိုတော့ ပိုကောင်းမွန်တဲ့ နှစ်တစ်နှစ် ဖြစ်အောင် အစီအစဉ် ဆွဲရတော့မယ်။
၂၀၁၈မှာ Rinလုပ်မယ့် အရာတွေ ပြောပြချင်ပါတယ်။ ယောင်းတို့လည်း ideaတစ်စုံ တစ်ခု ရနိုင်မယ်လို့ မျှော်လင့်ပါတယ်။

(၁) မိသားစုကို အချိန်ပိုပေးမယ်။
အလုပ်တွေများလာလေ၊ အပေါင်းအသင်း ပိုကျယ်ပြန့်လာလေ မိသားစုနဲ့ အတူရှိတဲ့ အချိန်ပိုနည်းလာလေ ဖြစ်တယ်။ ဟုတ်တယ်ဟုတ်?
ကိုယ့်ကိစ္စနဲ့ ကိုယ် အလုပ်များနေတာနဲ့ အမေနေကောင်းရဲ့လား တစ်ခွန်းတောင် မမေးမိတဲ့ ရက်တွေရှိတယ်။
တချိန်လုံး ကွန်ပျူတာနဲ့ ဖုန်းရှေ့မှာ အလုပ်လုပ်နေရတော့ စကားပြောစရာ အဖော်မရှိတဲ့ အမေဟာ ပိုပြီး အထီးကျန်လာတယ်။ Rinတို့လို အမေတစ်ခု သမီးတစ်ခု ဘဝတွေအတွက် ကိုယ့်ရဲ့ အမေကို အချိန်များများ ပေးဖို့ လိုအပ်ပါတယ်။ Rinတို့မှာက တခြားအပေါင်းအသင်းတွေရှိပေမယ့် အမေ့မှာက ကိုယ်တစ်ယောက်ထဲ ရှိတာလေ။ ဒါကြောင့် Rin မေမေ့ကို အချိန်တွေအများကြီး ပိုပေးနိုင်ဖို့ ကြိုးစားပါ့မယ်။ ယောင်းတို့လည်း အလုပ်တွေကြီး စွတ်လုပ်မနေဘဲ ကိုယ်ချစ်တဲ့ သူတွေ ကိုယ့်ကို ချစ်တဲ့သူတွေကို ၂၀၁၇ကထက် အချိန်ပိုပေးနိုင်အောင် ကြိုးစားပါ။ လူ့သက်တမ်းဟာ တိုတောင်းလှပါတယ်။ တစ်ယောက်ကို တစ်ယောက် ဘယ်နေ့ စွန့်ခွာသွားရမလဲဆိုတာ ဘယ်သိနိုင်မလဲနော်။ ဒါကြောင့် အတူရှိနေတုန်း ချစ်ချစ်ခင်ခင်၊ နွေးနွေးထွေးထွေး နေကြဖို့ လိုအပ်ပါတယ်။

(၂) အားကစားလုပ်မယ်။
၂၀၁၈မှာ Gymကောင်းကောင်းတစ်ခုမှာ သွားကစားဖို့ စိတ်ကူးထားတယ်။ Gymမသွားဖြစ်ရင်တောင် အိမ်မှာပဲ ကိုယ်နိုင်သလောက် လေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ရမယ်။ ဒါပေမယ့် Trainerနဲ့ လေ့ကျင့်တော့ ပုံစံပိုကျတာပေါ့နော်။
ကျန်းမာတဲ့ အသားအရေရဖို့လည်း အသီးအနှံ များများစားရမယ်။
ယောင်းတို့ရေ Body goalလိုချင်ရင် နှုတ်ကရေရွတ်နေလို့ မရဘူးနော်။ လက်တွေ့လုပ်မှရမယ်။ ဒါကြောင့် ၂၀၁၉မှာ Body goalလို့ ကြွေးကြော်နိုင်အောင် အခုထဲက ကြိုးစားကြတာပေါ့။ ၁လပိုင်း ရောက်အောင် မစောင့်နဲ့နော် ဒီညပဲ လှုပ်ရှားလိုက်တော့။

(၃) စာများများဖတ်မယ်။
၂၀၁၇မှာ ဖတ်ဖြစ်တဲ့ စာအုပ်အရေအတွက်ထက် ၂၀၁၈မှာ ပိုဖတ်နိုင်ဖို့ Rinမျှော်မှန်းထားပါတယ်။ ဖတ်ရမယ့် စာအုပ်နာမည်တွေကို listတွေလုပ်ထားပြီး သတ်မှတ်ချိန် တစ်ခုထားပြီး စာဖတ်ရမယ်။ အပြောနဲ့ အလုပ်ညီအောင် လက်တွေ့ပြရမှာပေါ့။ စာအုပ်ဖတ်တဲ့အခါလည်းစာပေအစုံ ဖတ်မယ်။ ၂၀၁၇မှာ Rinဖတ်ဖြစ်တာက Englishဝတ္ထုတွေ၊ romanceတွေနဲ့ fantasyတွေများတယ်။ ဒါကြောင့် self help bookတွေနဲ့ motivationစာအုပ်တွေပါ ဖတ်ရမယ်။

ဒါ့အပြင် ဆရာကြီး ရွှေဥဒေါင်း၊ ဆရာမင်းလူတို့ရဲ့ စာအုပ်တွေကိုလည်း ဝယ်စုဆောင်းရမယ်။ ၂၀၁၇မှာ မသွားဖြစ်ခဲ့တဲ့ စာအုပ်ဆိုင်တွေနဲ့ စာကြည့်တိုက်တွေကိုလည်း သွားဖြစ်အောင် သွားရမယ်။ ယောင်းတို့ရေ Rinအမြဲပြောတဲ့ အတိုင်း စာပေဟာ ဦးနှောက်ကိုသာမက စိတ်ကိုပါ အလှဆင်နိုင်ပါတယ်။ ဒါကြောင့် ယောင်းတို့လည်း Rinနဲ့ အတူ လာမည့်နှစ်သစ်မှာ စာများများဖတ်ကြပါစို့နော်။


(၄) ခရီးထွက်မယ်။
၂၀၁၈မှာ အရင်နှစ်ကထက် ခရီးပိုထွက်နိုင်အောင် ကြိုးစားရမယ်။ အဝေးရောက်နေတဲ့ အဘိုးအဘွားတွေ နဲ့ ဆွေမျိုးတွေဆီကိုလည်း သွားလည်နိုင်ရမယ်။
ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့အတူ နောက်တစ်ကြိမ် ခရီးထွက်နိုင်ရမယ်။
အိတ်ဆောင် Cameraလေး တစ်လုံး ပိုက်ဆံစုပြီး ဝယ်ရမယ်။ ခရီးထွက်ရင်း လမ်းမှာတွေ့ရတဲ့ အလှအပတွေကို မှတ်တမ်းတင်ဖို့ပေါ့။ ယောင်းတို့ရော 2018မှာ ဘယ်တွေ ခရီးထွက်ဖို့ စီစဉ်ထားလဲ?


(၅) ဘာသာစကားတစ်ခုသင်မယ်။
၂၀၁၈မှာ ဘာသာစကားသင်တန်းတစ်ခု တက်ဖို့ စဉ်းစားထားတယ် ယောင်းတို့ရေ။ Rinက ဂျပန်စာနဲ့ စပိန်စာ သင်တန်းတက်ဖို့ စိတ်ကူးထားတယ်။ အခုခေတ်မှာက ဘာသာစကားနဲ့ ပတ်သတ်တဲ့ အချိန်ပိုင်းအလုပ်တွေ၊ freelanceအလုပ်တွေက အရမ်းခေတ်စားလာပြီလေ။ တစ်ဖက်တစ်လမ်းကနေ အပိုဝင်ငွေလေးရအောင် ဘာသာစကားသင်တန်းလေး အပိုတက်ထားမလားလို့။ မြန်မာ၊ အင်္ဂလိပ်အပြင် တခြားဘာသာစကားတွေပါ ပြောတက်တော့ အလုပ်လုပ်တဲ့အခါ အခွင့်အရေးပိုရတာပေါ့။
၂၀၁၈မှာ အကောင်အထည်စဖော်ဖို့ အတွက် Rinကတော့ အခုထဲက သင်တန်းတွေ စုံစမ်းနေတယ်။ ဂျပန်စာ သင်ပေးမယ့်သူကိုတော့ တွေ့ပြီ။ Rin လက်တွေ့ အကောင်အထည်ဖော်ဖို့ဘဲ လိုတော့တယ်။
ယောင်းတို့လို ဘာသာစကားတစ်ခုခု တက်ဖို့ရှိရင် အချိန်ဆွဲမနေဘဲ အခုထဲက လုပ်စရာရှိတာလုပ်တော့နော်။ အခုက Christmasကာလဆိုတော့ သင်တန်းတွေက discountတွေ ချနေမှာ။

(၆) Internetကို သေချာအသုံးချမယ်။
၂၀၁၈မှာတော့ အင်တာနက်ပေါ်က မဟာအခွင့်အရေးတွေကို လက်လွှတ်မခံတော့ဘူး။ မဟာအခွင့်အရေးဆိုလို့ Facebookပေါ်က ကံစမ်းမဲတွေကို ပြောတာမဟုတ်ဘူးနော်။ Scholarship programနဲ့ အလုပ်အကိုင်အခွင့်အလမ်း အစရှိတဲ့ မဟာအခွင့်အရေးတွေကို သတိထားပြီး စောင့်ကြည့်တော့မယ်။ Facebookပေါ်မှာ သူငယ်ချင်းတွေ ဘယ်သွားတယ် ဘာစားတယ် လိုက်ကြည့်နေမယ့်အစား သူတို့ဘာသင်တန်းတွေတက်နေလဲ ဘာတွေလေ့လာနေလဲဆိုတာ မျက်ခြေမပြတ်အောင် နေတော့မယ်။ မဟုတ် တခုခုဆို ကိုယ်က အမြဲကျန်ခဲ့တယ်လေ။ ဒါကြောင့် ကိုယ့်အတွက် အကျိုးရှိမယ့် pageတွေကို see firstလုပ်ထားရမယ်။ Online learningတွေကိုလည်း အချိန်သေချာ သတ်မှတ်ပြီး tryကြည့်မယ်။ အလကား အကျိုးမရှိတဲ့ အရာတွေနဲ့ internetမှာ အချိန်ကုန်နေတာကို လျှော့နိုင်သလောက် လျှော့တော့မယ် ယောင်းတို့ရေ။


(၇) ကိုယ်ပိုင်blogတစ်ခုလုပ်မယ်။
Rin ကိုယ်ပိုင် blogလေး တစ်ခုစဖို့ စဉ်းစားနေတာ အချိန်အတော်ကြာပြီရှင့်။ မအားတာနဲ့ အကောင်အထည်မဖော်ဖြစ်ဘူး။ Blogရေးခြင်းဟာ မိမိကိုယ့်ကို စိတ်ထွက်ပေါက်ပေးရာရောက်သလို သူများတွေကိုလည်း ကူညီပြီးသားဖြစ်တယ်။
ကိုယ်သိထားတဲ့ informationတစ်ခုကို စာဖတ်သူတွေထံ ပြန်လည်မျှဝေခြင်းအားဖြင့် သူတို့အတွက်လည်း တစ်ခုခုကျန်ခဲ့မယ်။ ကိုယ့်အတွက်လည်း အသိုင်းအဝိုင်း ပိုကျယ်ပြန့်လာမယ်။ လာမည့် ၂၀၁၈မှာတော့ ယောင်းတို့ရေ Rin စိတ်ကူးလေးကို ဖြစ်အောင်လုပ်တော့မယ်။ လိုအပ်မယ့် informationတွေလည်း အခုထဲက စစုဆောင်းနေပြီလေ။
ယောင်းတို့ရော ကိုယ်ပိုင် blogတစ်ခု လုပ်ဖို့ စိတ်ကူးမရှိဘူးလား?

(၈) အနုပညာသင်တန်းတက်မယ်။
လာမယ့် ၂၀၁၈မှာ ထူးထူးခြားခြားလေး ဖြစ်သွားအောင် ဂီတတူရိယာတစ်ခု သင်ဖို့ ရည်ရွယ်ထားပါတယ်။ တယောထိုးတာသင်ဖို့ ဆုံးဖြတ်ထားပါတယ်။
ပရောဖက်ရှင်နယ် အဆင့်မဟုတ်ရင်တောင် ကိုယ်ကြိုက်တဲ့တေးသွားလေးတွေ တီးနိုင်တဲ့ အဆင့်အထိ သင်သွားဖို့ စိတ်ကူးထားတယ်။ ကိုယ်ပိုင်တယောလေးတစ်လုံး ဝယ်မယ်။ အားတဲ့အချိန်လေးတွေ တယောထိုးရင်း အပန်းဖြေမယ်။ စိတ်ကူးနဲ့တင် ကြည်နူးစရာလေး။ တယောသင်တန်းမှာ သေသေချာချာ ကြိုးစားပြီး သင်ရမယ်။
ယောင်းတို့ရော တူရိယာတစ်ခုခုသင်ဖို့ စိတ်ကူးမရှိဘူးလား? ပန်းချီသင်တန်းတို့ စက်ချုပ်သင်တန်းတို့ရော မတက်ချင်ဘူးလား?
ကိုယ့်ဖာသာ အကျႌချုပ်တက်ရင် designerတွေ စက်ချုပ်ဆိုင်တွေမှာ မျက်နှာငယ်စရာ မလိုတော့ဘူးနော်။

(၉) ပိုက်ဆံစုမယ်။
၂၀၁၈မှာ ပိုက်ဆံသေချာစု ဖြစ်အောင် ကြိုးစားရမယ်။ ငွေပမာဏ တစ်ခုသတ်မှတ်ပြီး လစဉ် ဘဏ်ထဲထည့်နိုင်ရမယ်။ ပိုက်ဆံပြည့်လာရင် တန်ဖိုးရှိတဲ့ အရာတစ်ခု ဝယ်ပြီး စုဆောင်းရမယ်။ ကိုယ်ရတဲ့ လခကို အကျိုးရှိအောင် လုပ်ရမယ်လေ။ online shopping pageတွေကိုလည်း တက်နိုင်သမျှ unfollow လုပ်ထားရမယ်။ ဒါမှ မဝယ်ဖြစ်မှာ။ မဟုတ်ရင် ဟိုအကျႌလေးလှတယ် ဒီဖိနပ်လေး ဝယ်ရအုံးမယ် ဆိုတာနဲ့ပဲ ပိုက်ဆံတွေ အငွေ့ပျံသွားရော။ online shopping ရောဂါကလည်း ကြောက်စရာကောင်းသား။

ယောင်းတို့ရေ ကိုယ်ကတော့ ဘာတွေဘယ်လို ဖြစ်အောင် လုပ်မယ် planတော့ချထားပါရဲ့ မလုပ်ဖြစ်ဘဲ နှစ်တစ်နှစ် ကုန်သွားပြန်ရင် ရယ်စရာအဖြစ်ပဲ ကျန်ခဲ့မယ်နော်။ ဒါကြောင့် အခုထဲက လိုအပ်တာတွေ ကြိုတင် ပြင်ဆင်ထားဖို့ အကြံပေးချင်ပါတယ်။ ယောင်းတို့ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေရှင်။


Stay Pretty!

ဖိုးသူတော် (www.phothutaw.com)
Credit: Rin (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top