ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

 အႏွိပ္ခံတာေၾကာင့္ ေအာက္ပါ ေရာဂါေဝဒနာေတြကို သက္သာ ေလ်ာ့ပါးေစတယ္လို႔ ကၽြမ္းက်င္သူေတြက ဆိုပါတယ္။

ေခါင္းတစ္ျခမ္းကိုက္ေရာဂါ

မၾကာခဏ ေခါင္းတစ္ျခမ္းကိုက္ ေဝဒနာေၾကာင့္ နာက်င္ေနရင္ အႏွိပ္ခံပါ။ ျပင္းထန္ဆိုးဝါးတဲ့ ေခါင္းကိုက္ေဝဒနာ ျဖစ္သူေတြအေနနဲ႔ အႏွိပ္ခံတဲ့ကုထံုးကို သီတင္းပတ္မ်ားစြာ ခံယူၿပီးခ်ိန္မွာ  ေဝဒနာသက္သာၿပီး အိပ္ေမာက်သြားသက္သာၿပီး အိပ္ေမာက်သြားေၾကာင္း ေအာ့ခ္လန္းတကၠသိုလ္ရဲ႕ ေလ့လာမႈအရ သိရပါတယ္။

ခႏၶာကိုယ္ ကိုက္ခဲနာက်င္မႈ

အႏွိပ္ခံတာေၾကာင့္ ေလ့က်င့္ခန္း လုပ္တဲ့အတြက္ႂကြက္သား ေရာင္ရမ္းမႈနဲ႔ ကိုက္ခဲနာက်င္မႈကို ေလ်ာ့ပါးသက္သာေစတယ္လို႔ ေလ့လာမႈက ေဖာ္ျပထားပါတယ္။ ကေနဒါႏိုင္ငံ၊ အြန္တယ္ရီယို တကၠသိုလ္ရဲ႕ေလ့လာမႈအရ အႏွိပ္ခံတဲ့ ကုထံုးဟာ ေလ့က်င့္ခန္းလုပ္ၿပီး ျဖစ္တတ္တဲ့ ေရာင္ရမ္းနာက်င္မႈကို သက္သာေစတယ္လို႔ ေတြ႕ရပါတယ္။  အႏွိပ္ခံတာဟာ ေရာင္ရမ္းမႈ သက္သာေစတဲ့ ေဆးဝါးေတြနဲ႔ အာနိသင္တူပါတယ္။

အိုမင္းရင့္ေရာ္သည့္ အသြင္အျပင္

အႏွိပ္ခံတာေၾကာင့္ ေသြးစီးဆင္းမႈကို လႈံ႔ေဆာ္ေပးႏိုင္ၿပီး မ်က္ႏွာျပင္ကို ေတာက္ပၾကည့္ေကာင္းေစပါတယ္။ အႏွိပ္ခံတာေၾကာင့္ အေရျပား ေဖာင္းအစ္မႈကို သက္သာေစတာ၊ ဆဲလ္ထဲက အဆိပ္ေတြ ထြက္ရွိေစတာစတဲ့ အက်ဳိးေက်းဇူးေတြ ရရွိေစကာ ႏြမ္းနယ္ေနတဲ့ အသားအေရကို ၾကည္လင္ ေတာက္ပေစပေစပါတယ္။

ရာသီအႀကိဳ ေဝဒနာ

အႏွိပ္ခံတာေၾကာင့္ ရာသီအႀကိဳ ေဝဒနာေတြျဖစ္တဲ့ ေလပြတာ၊ ေခါင္းကိုက္တာ၊ ကိုယ္အေလးခ်ိန္ ျမင့္တက္တာနဲ႔ စိတ္ကေယာက္ကယက္ ျဖစ္တာတို႔လို ေဝဒနာေတြကို ေလ်ာ့ပါးေစတယ္လို႔ မီယာမီ ေဆးေက်ာင္းတကၠသိုလ္က ဆိုပါတယ္။ ပံုမွန္အႏွိပ္ခံတာေၾကာင့္ အသက္ ၁၉ ႏွစ္မွ ၄၅ ႏွစ္အတြင္း အမ်ဳိးသမီးေတြမွာ ခံစားရတဲ့ ရာသီအႀကိဳေဝဒနာကို သက္သာ ေလ်ာ့ပါးေစသက္သာ ေလ်ာ့ပါးေစပါတယ္။

နာတာရွည္ ကိုက္ခဲျခင္း

နာတာရွည္ တစ္သွ်ဴးနာက်င္မႈ (အဆစ္ေရာင္နာ၊ နာတာရွည္ ႏံုးခ်ည့္ေညာင္းညာတာ၊ အဆစ္ေဝဒနာ) စတာေတြ ခံစားေနရသူေတြမွာ အႏွိပ္ခံတာေၾကာင့္ ေဝဒနာ ေလ်ာ့ပါးသက္သာတာကို ေတြ႕ရပါတယ္။ နာတာရွည္ နာက်င္ကိုက္ခဲမႈ ေဝဒနာခံစားရသူေတြ အေနနဲ႔ အႏွိပ္ခံတာေၾကာင့္ ေဝဒနာ သက္သာေစသာေစပါတယ္။ ကင္ဆာကုထံုး၏ ေဘးထြက္ဆိုးက်ဳိးမ်ား ကင္ဆာရွိသူေတြဟာ  အႏွိပ္ခံတာေၾကာင့္ ေဆးကုသမႈရဲ႕ ေဘးထြက္ဆိုးက်ဳိးေတြ ေလ်ာ့ပါးေဆးကုသမႈရဲ႕ ေဘးထြက္ဆိုးက်ဳိးေတြ ေလ်ာ့ပါးကာ အိပ္ေရးဝဝ အိပ္ေပ်ာ္တာ၊ ကိုက္ခဲနာက်င္မႈ ေလ်ာ့ပါးတာနဲ႔ ဘဝေနထိုင္မႈအရည္အေသြး ေကာင္းမြန္တာစတဲ့ အာနိသင္ေတြ ရရွိေၾကာင္း ေဘာ့စတြန္ ေလ့လာသူေတြက ဆိုပါတယ္။ ညင္ညင္သာသာ ထိေတြ႕ၿပီး ေျခေထာက္ကို ႏွိပ္နယ္တာေၾကာင့္ ကင္ဆာရွိသူေတြမွာ နာက်င္မႈ၊ ပ်ဳိ႕ခ်င္အန္ခ်င္ျဖစ္တာ စိတ္ဖိစီးမႈမ်ားတာ၊ စိတ္ဓာတ္က်တာနဲ႔ ႏံုးခ်ည့္ေညာင္းညာတာစတဲ့ ေဝဒနာေတြကို ေလ်ာ့ပါးသက္သာေစပါတယ္။          

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဇြန္

# Unicode Version ျဖင့္ ဖတ္ပါ #

 အနှိပ်ခံတာကြောင့် အောက်ပါ ရောဂါဝေဒနာတွေကို သက်သာ လျော့ပါးစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါ

မကြာခဏ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကြောင့် နာကျင်နေရင် အနှိပ်ခံပါ။ ပြင်းထန်ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်သူတွေအနေနဲ့ အနှိပ်ခံတဲ့ကုထုံးကို သီတင်းပတ်များစွာ ခံယူပြီးချိန်မှာ  ဝေဒနာသက်သာပြီး အိပ်မောကျသွားသက်သာပြီး အိပ်မောကျသွားကြောင်း အော့ခ်လန်းတက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

ခန္ဓာကိုယ် ကိုက်ခဲနာကျင်မှု

အနှိပ်ခံတာကြောင့် လေ့ကျင့်ခန်း လုပ်တဲ့အတွက်ကြွက်သား ရောင်ရမ်းမှုနဲ့ ကိုက်ခဲနာကျင်မှုကို လျော့ပါးသက်သာစေတယ်လို့ လေ့လာမှုက ဖော်ပြထားပါတယ်။ ကနေဒါနိုင်ငံ၊ အွန်တယ်ရီယို တက္ကသိုလ်ရဲ့လေ့လာမှုအရ အနှိပ်ခံတဲ့ ကုထုံးဟာ လေ့ကျင့်ခန်းလုပ်ပြီး ဖြစ်တတ်တဲ့ ရောင်ရမ်းနာကျင်မှုကို သက်သာစေတယ်လို့ တွေ့ရပါတယ်။  အနှိပ်ခံတာဟာ ရောင်ရမ်းမှု သက်သာစေတဲ့ ဆေးဝါးတွေနဲ့ အာနိသင်တူပါတယ်။

အိုမင်းရင့်ရော်သည့် အသွင်အပြင်

အနှိပ်ခံတာကြောင့် သွေးစီးဆင်းမှုကို လှုံ့ဆော်ပေးနိုင်ပြီး မျက်နှာပြင်ကို တောက်ပကြည့်ကောင်းစေပါတယ်။ အနှိပ်ခံတာကြောင့် အရေပြား ဖောင်းအစ်မှုကို သက်သာစေတာ၊ ဆဲလ်ထဲက အဆိပ်တွေ ထွက်ရှိစေတာစတဲ့ အကျိုးကျေးဇူးတွေ ရရှိစေကာ နွမ်းနယ်နေတဲ့ အသားအရေကို ကြည်လင် တောက်ပစေပစေပါတယ်။

ရာသီအကြို ဝေဒနာ

အနှိပ်ခံတာကြောင့် ရာသီအကြို ဝေဒနာတွေဖြစ်တဲ့ လေပွတာ၊ ခေါင်းကိုက်တာ၊ ကိုယ်အလေးချိန် မြင့်တက်တာနဲ့ စိတ်ကယောက်ကယက် ဖြစ်တာတို့လို ဝေဒနာတွေကို လျော့ပါးစေတယ်လို့ မီယာမီ ဆေးကျောင်းတက္ကသိုလ်က ဆိုပါတယ်။ ပုံမှန်အနှိပ်ခံတာကြောင့် အသက် ၁၉ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသမီးတွေမှာ ခံစားရတဲ့ ရာသီအကြိုဝေဒနာကို သက်သာ လျော့ပါးစေသက်သာ လျော့ပါးစေပါတယ်။

နာတာရှည် ကိုက်ခဲခြင်း

နာတာရှည် တစ်သျှူးနာကျင်မှု (အဆစ်ရောင်နာ၊ နာတာရှည် နုံးချည့်ညောင်းညာတာ၊ အဆစ်ဝေဒနာ) စတာတွေ ခံစားနေရသူတွေမှာ အနှိပ်ခံတာကြောင့် ဝေဒနာ လျော့ပါးသက်သာတာကို တွေ့ရပါတယ်။ နာတာရှည် နာကျင်ကိုက်ခဲမှု ဝေဒနာခံစားရသူတွေ အနေနဲ့ အနှိပ်ခံတာကြောင့် ဝေဒနာ သက်သာစေသာစေပါတယ်။ ကင်ဆာကုထုံး၏ ဘေးထွက်ဆိုးကျိုးများ ကင်ဆာရှိသူတွေဟာ  အနှိပ်ခံတာကြောင့် ဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးဆေးကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးတွေ လျော့ပါးကာ အိပ်ရေးဝဝ အိပ်ပျော်တာ၊ ကိုက်ခဲနာကျင်မှု လျော့ပါးတာနဲ့ ဘဝနေထိုင်မှုအရည်အသွေး ကောင်းမွန်တာစတဲ့ အာနိသင်တွေ ရရှိကြောင်း ဘော့စတွန် လေ့လာသူတွေက ဆိုပါတယ်။ ညင်ညင်သာသာ ထိတွေ့ပြီး ခြေထောက်ကို နှိပ်နယ်တာကြောင့် ကင်ဆာရှိသူတွေမှာ နာကျင်မှု၊ ပျို့ချင်အန်ချင်ဖြစ်တာ စိတ်ဖိစီးမှုများတာ၊ စိတ်ဓာတ်ကျတာနဲ့ နုံးချည့်ညောင်းညာတာစတဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေပါတယ်။          

ဖိုးသူတော် (www.phothutaw.com)
Credit: ဇွန်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top