iMyanmarHouse.com - Best Property Website for Myanmar
×

တနလၤာ သားသမီးမ်ားသည္ စိတ္သေဘာထား ႏူးညံ့သိမ္ေမြ႕ၾကၿပီး လူအမ်ားစု၏ ယံုၾကည္ အားကိုးျခင္းကို ခံၾကရမည္။ မိမိ၏ စိတ္ထားျဖဴစင္မႈကို အခြင့္ေကာင္းယူမည့္သူ မ်ားလိမ့္မည္။ သူတစ္ပါးအေပၚ ေကြ်းေမြးလိုစိတ္၊ ေပးကမ္းလိုစိတ္ အၿမဲရွိသည္။

အေပါင္းအသင္းေၾကာင့္ မိမိဘဝတြင္ အမွားအယြင္းမ်ား မၾကာခဏ ႀကံဳေတြ႕ရလိမ့္မည္။ တစ္ဖက္သားကို ထိထိေရာက္ေရာက္ ကူညီႏိုင္လွ်င္ ေပ်ာ္ရႊင္ခ်မ္းေျမ႕တတ္သူ တစ္ဦးျဖစ္သည္။

စိတ္ခ်မ္းသာမႈကို မိမိဖာသာ ရွာေဖြတတ္ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္တတ္သည္။ စိတ္ဓာတ္ ထက္ျမက္ျပီး မဟုတ္မခံ စိတ္ကေတာ့ အျပည့္အဝရွိမည္။ မိမိအေပၚ သူတစ္ပါး ခ်ယ္လွယ္လႊမ္းမိုးျခင္းကို လံုးဝမႀကိဳက္ပါဘူး။ လူတစ္ဖက္သားကို အယံုမလြယ္တတ္ၾကပါ။

မိမိကစၿပီး သူတစ္ပါးကို ေစာ္ကားခ်င္တဲ့စိတ္ မရွိပါ၊ မိမိကို ေစာ္ကားလာလွ်င္ တက္ႏိုင္သေလာက္ သည္းခံမည္။ သည္းခံစရာရွိလွ်င္ သူတစ္ပါးထက္ ပိုၿပီးသည္းခံမည္။ သည္းမခံႏိုင္ခ်ိန္ ေရာက္လွ်င္ သူတစ္ပါးထက္ ပိုၿပီး ရက္စက္တတ္သည္။ ဂလက္စားေခ်တတ္တဲ့ စိတ္ရွိမည္။

အားနည္းခ်က္တစ္ခုကေတာ့ မိမိ၏လ်ိဳ႕ဝွက္ခ်က္မ်ားကို မဆင္မခ်င္ ဖြင့္ေျပာတတ္ၾကျခင္းပင္ ျဖစ္သည္။ အလုပ္တစ္ခု လုပ္လွ်င္ သူတပါးႏွင့္ တိုင္ပင္လိုစိတ္ ရွိတတ္ၾကသည္။ သူတစ္ပါး၏ ေခ်ာက္တြန္းျခင္းကိုလည္း မၾကာခဏ ခံရတတ္ပါသည္။


ထူးျခားတာတစ္ခုကေတာ့ သင္၏စိတ္က ဝမ္းသာစရာရွိလွ်င္ သူမ်ားတကာထက္ ပိုမည္၊ ဝမ္းနည္းစရာရွိပါက သူမ်ားတကာထက္ ပိုဆိုးမည္။ အလုပ္တစ္ခု လုပ္စရာရွိလွ်င္ အခ်ိန္အခါကို မေစာင့္ဘဲ ခ်က္ခ်င္း ထလုပ္ရမွ ေက်နပ္တတ္သူမ်ား ျဖစ္ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:original

#Unicode  Version#

တနင်္လာ သားသမီးများသည် စိတ်သဘောထား နူးညံ့သိမ်မွေ့ကြပြီး လူအများစု၏ ယုံကြည် အားကိုးခြင်းကို ခံကြရမည်။ မိမိ၏ စိတ်ထားဖြူစင်မှုကို အခွင့်ကောင်းယူမည့်သူ များလိမ့်မည်။ သူတစ်ပါးအပေါ် ကျွေးမွေးလိုစိတ်၊ ပေးကမ်းလိုစိတ် အမြဲရှိသည်။

အပေါင်းအသင်းကြောင့် မိမိဘဝတွင် အမှားအယွင်းများ မကြာခဏ ကြုံတွေ့ရလိမ့်မည်။ တစ်ဖက်သားကို ထိထိရောက်ရောက် ကူညီနိုင်လျှင် ပျော်ရွှင်ချမ်းမြေ့တတ်သူ တစ်ဦးဖြစ်သည်။

စိတ်ချမ်းသာမှုကို မိမိဖာသာ ရှာဖွေတတ်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သည်။ စိတ်ဓာတ် ထက်မြက်ပြီး မဟုတ်မခံ စိတ်ကတော့ အပြည့်အဝရှိမည်။ မိမိအပေါ် သူတစ်ပါး ချယ်လှယ်လွှမ်းမိုးခြင်းကို လုံးဝမကြိုက်ပါဘူး။ လူတစ်ဖက်သားကို အယုံမလွယ်တတ်ကြပါ။

မိမိကစပြီး သူတစ်ပါးကို စော်ကားချင်တဲ့စိတ် မရှိပါ၊ မိမိကို စော်ကားလာလျှင် တက်နိုင်သလောက် သည်းခံမည်။ သည်းခံစရာရှိလျှင် သူတစ်ပါးထက် ပိုပြီးသည်းခံမည်။ သည်းမခံနိုင်ချိန် ရောက်လျှင် သူတစ်ပါးထက် ပိုပြီး ရက်စက်တတ်သည်။ ဂလက်စားချေတတ်တဲ့ စိတ်ရှိမည်။

အားနည်းချက်တစ်ခုကတော့ မိမိ၏လျို့ဝှက်ချက်များကို မဆင်မချင် ဖွင့်ပြောတတ်ကြခြင်းပင် ဖြစ်သည်။ အလုပ်တစ်ခု လုပ်လျှင် သူတပါးနှင့် တိုင်ပင်လိုစိတ် ရှိတတ်ကြသည်။ သူတစ်ပါး၏ ချောက်တွန်းခြင်းကိုလည်း မကြာခဏ ခံရတတ်ပါသည်။


ထူးခြားတာတစ်ခုကတော့ သင်၏စိတ်က ဝမ်းသာစရာရှိလျှင် သူများတကာထက် ပိုမည်၊ ဝမ်းနည်းစရာရှိပါက သူများတကာထက် ပိုဆိုးမည်။ အလုပ်တစ်ခု လုပ်စရာရှိလျှင် အချိန်အခါကို မစောင့်ဘဲ ချက်ချင်း ထလုပ်ရမှ ကျေနပ်တတ်သူများ ဖြစ်ကြသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top