ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မင္းကင္းၿမိဳ႕နယ္တြင္ ေျခေထာက္၌ ေျခရာခံစက္တပ္ ဆင္ထားေသာ လင္းယုန္ငွက္တစ္ ေကာင္ကုိ ဖမ္းမိခဲ့ၿပီး သစ္ေတာဦး စီးဌာနက ေဆးကုသၿပီးပါက ၎ ၏ ဇာတိႏုိင္ငံသို႔ ျပန္လည္လႊဲအပ္သြားမည္ဟု တာဝန္ရွိသူအခ်ိဳ႕ကေျပာသည္။

 စစ္ကုိင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္ သာစည္ရြာတြင္ လင္းယုန္ငွက္ တစ္ေကာင္ကို ေက်းရြာသားမ်ားက ဒီဇင္ဘာ ၆ ရက္ နံနက္က ဖမ္းမိခဲ့သည္။ အ ဆိုပါ လင္းယုန္ငွက္၏ ေနာက္ ေက်ာတြင္ ေျခရာခံစက္ တပ္ထား ၿပီး ေျခခ်င္းဝတ္တြင္ကုတ္နံပါတ္ 272 ဟုပါရွိၿပီး ရဲတပ္ဖြဲ႕က ရဲစခန္းသို႔ ယူေဆာင္ကာ သစ္ေတာ ဌာနဝန္ထမ္းမ်ားကို ျပသစစ္ေဆးခဲ့သည္။


‘‘လင္းယုန္ငွက္ မိတာကို သတင္းပို႔လာတယ္။ ဘယ္ကလာ လဲ၊ ဘာလဲဆိုတာ အေသးစိတ္ကို ေတာ့ သစ္ေတာအပ္ၿပီးမွ၊ စစ္ေဆးၿပီးမွသိရမယ္’’ဟု စစ္ကိုင္းတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ ဒုတိယ တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး တင္ဝင္းကေျပာသည္။

အဆိုပါငွက္၏ ေျခေထာက္ တြင္ တပ္ဆင္ထားသည့္ ကုတ္နံ ပါတ္အရ မြန္ဂိုလီးယားႏိုင္ငံပိုင္ ဟု ယူဆရၿပီး အမ်ိဳးအစားသည္ steppe Eagle (ေခၚ) ျမက္ခင္း လင္းယုန္ျဖစ္ေၾကာင္း သစ္ေတာ ဦးစီးဌာနမွ အရာရွိတစ္ဦးက ေျပာသည္။ ေက်ာကုန္းတြင္ တပ္ ထားသည့္ ေျခရာခံစက္သည္ လင္းယုန္ငွက္၏ သဘာဝက်က္ စားရာေဒသကို ေျခရာခံစက္မွ တစ္ဆင့္ စံုစမ္းႏိုင္ရန္ ငွက္ေလ့ လာေရးအဖြဲ႕တစ္ခုက လႊတ္ျခင္း ျဖစ္ႏိုင္ေၾကာင္း အဆိုပါတာဝန္ ရွိသူက သံုးသပ္ေျပာၾကားသည္။

အဆိုပါ လင္းယုန္သည္ဒဏ္ရာရေန၍ မႏၲေလးရတနာပံု ဥယ်ာဥ္တြင္ ေဆးကုသေပးမည္ျဖစ္ကာ က်န္းမာသန္စြမ္းလာပါက ၎၏ မူလဇာတိႏိုင္ငံသို႔ ျပန္လည္ ေပးအပ္မည္ျဖစ္ေၾကာင္း သစ္ေတာဦးစီးဌာန ဝန္ထမ္းမ်ား ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#

မင်းကင်းမြို့နယ်တွင် ခြေထောက်၌ ခြေရာခံစက်တပ် ဆင်ထားသော လင်းယုန်ငှက်တစ် ကောင်ကို ဖမ်းမိခဲ့ပြီး သစ်တောဦး စီးဌာနက ဆေးကုသပြီးပါက ၎င်း ၏ ဇာတိနိုင်ငံသို့ ပြန်လည်လွှဲအပ်သွားမည်ဟု တာဝန်ရှိသူအချို့ကပြောသည်။

 စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် သာစည်ရွာတွင် လင်းယုန်ငှက် တစ်ကောင်ကို ကျေးရွာသားများက ဒီဇင်ဘာ ၆ ရက် နံနက်က ဖမ်းမိခဲ့သည်။ အ ဆိုပါ လင်းယုန်ငှက်၏ နောက် ကျောတွင် ခြေရာခံစက် တပ်ထား ပြီး ခြေချင်းဝတ်တွင်ကုတ်နံပါတ် 272 ဟုပါရှိပြီး ရဲတပ်ဖွဲ့က ရဲစခန်းသို့ ယူဆောင်ကာ သစ်တော ဌာနဝန်ထမ်းများကို ပြသစစ်ဆေးခဲ့သည်။


‘‘လင်းယုန်ငှက် မိတာကို သတင်းပို့လာတယ်။ ဘယ်ကလာ လဲ၊ ဘာလဲဆိုတာ အသေးစိတ်ကို တော့ သစ်တောအပ်ပြီးမှ၊ စစ်ဆေးပြီးမှသိရမယ်’’ဟု စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဝင်းကပြောသည်။

အဆိုပါငှက်၏ ခြေထောက် တွင် တပ်ဆင်ထားသည့် ကုတ်နံ ပါတ်အရ မွန်ဂိုလီးယားနိုင်ငံပိုင် ဟု ယူဆရပြီး အမျိုးအစားသည် steppe Eagle (ခေါ်) မြက်ခင်း လင်းယုန်ဖြစ်ကြောင်း သစ်တော ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။ ကျောကုန်းတွင် တပ် ထားသည့် ခြေရာခံစက်သည် လင်းယုန်ငှက်၏ သဘာဝကျက် စားရာဒေသကို ခြေရာခံစက်မှ တစ်ဆင့် စုံစမ်းနိုင်ရန် ငှက်လေ့ လာရေးအဖွဲ့တစ်ခုက လွှတ်ခြင်း ဖြစ်နိုင်ကြောင်း အဆိုပါတာဝန် ရှိသူက သုံးသပ်ပြောကြားသည်။

အဆိုပါ လင်းယုန်သည်ဒဏ်ရာရနေ၍ မန္တလေးရတနာပုံ ဥယျာဉ်တွင် ဆေးကုသပေးမည်ဖြစ်ကာ ကျန်းမာသန်စွမ်းလာပါက ၎င်း၏ မူလဇာတိနိုင်ငံသို့ ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန ဝန်ထမ်းများ ထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top