ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အသက္ (၃၃)ႏွစ္အရြယ္ သမီးျဖစ္သူတြင္ အၾကမ္းဖက္ တတ္ေသာ စိတ္က်န္းမာေရး မေကာင္းသည့္ ပံုစံတစ္မ်ိဳးရိွသည္ဟု မိဘမ်ားက ယံုၾကည္ၿပီး ၎ကို အခန္းငယ္တစ္ခုအတြင္း ႏွစ္မ်ားစြာၾကာ ကန္႔သတ္ခ်ဳပ္ေႏွာင္ထားရာ အေအးလြန္ၿပီး ေသဆံုးသြားေၾကာင္း ဂ်ပန္ရဲတပ္ဖြဲ႕က ဒီဇင္ဘာ ၂၇ ရက္တြင္ ေျပာ သည္။

အီရီကာကီမုိတို (၃၃)ႏွစ္ ေသဆံုးသြားေၾကာင္း ၎၏မိဘ မ်ားက စေနေန႔တြင္ သတင္းပို႔ခဲ့ ၿပီးေနာက္ ၎၏အေလာင္းကုိ အလြန္ အာဟာရျပတ္လပ္ေနေသာ အေျခအေနမ်ိဳးျဖင့္ ေတြ႕ခဲ့ သည္ဟု ဂ်ပန္ႏုိင္ငံအေနာက္ပုိင္း အုိဆာကာေဒသဆုိင္ရာ ရဲတပ္ဖြဲ႕ကေျပာသည္။


၎သည္ ၁၄၅ စင္တီမီတာ သာ အရပ္ျမင့္ၿပီး ကုိယ္အေလး ခ်ိန္ ၁၉ ကီလိုဂရမ္သာရိွသည္။

 ယာဆူတာကာကာကီမုိတို (၅၅)ႏွစ္ႏွင့္ ယူကာရီကာကီမိုတို (၅၃)ႏွစ္တုိ႔က သမီးျဖစ္သူအား တစ္ေန႔လွ်င္ အစာတစ္ႀကိမ္သာ ေကြၽးၿပီး သံုးစတုရန္းမီတာ အ က်ယ္ရိွေသာ အခန္းတစ္ခန္းအ တြင္း (၁၅)ႏွစ္ၾကာ ေလွာင္ပိတ္  ထားခဲ့သည္ဟု ဝန္ခံသည္။

‘‘ကြၽန္ေတာ္တို႔ရဲ႕ သမီးမွာ စိတ္ေရာဂါရိွပါတယ္။ အသက္ (၁၆)ႏွစ္၊ (၁၇)ႏွစ္အရြယ္ကစလို႔ သူဟာ အၾကမ္းဖက္တတ္လာပါ တယ္။ ဒါေၾကာင့္ သူ႔ကုိ ကြၽန္ ေတာ္တို႔ ဒီအခန္းထဲမွာ ထားခဲ့ပါတယ္’’ဟု မိဘမ်ား၏ ေျပာဆုိခ်က္ကို ကုိးကား၍ ရဲတပ္ဖြဲ႕က ေျပာၾကားသည္။

ဂ်ပန္ႏုိင္ငံတြင္ အမ်ားျပည္ သူ သေဘာထား အေျပာင္းအလဲ အခ်ိဳ႕ရိွေသာ္လည္း စိတ္ပုိင္းဆုိင္ ရာႏွင့္ ႐ုပ္ပုိင္းဆုိင္ရာ မူမမွန္ရိွ သူမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္ မ်ားသည္ အရွက္ရေလ့ရိွၿပီး မမွ် မတ ဆက္ဆံခံရေလ့ရိွသည္။

မိဘမ်ားက အခန္းငယ္ကုိ ကင္မရာတစ္လံုးတပ္ကာ အျပင္ ဘက္မွသာဖြင့္၍ ရႏုိင္ေသာ တံ ခါးႏွစ္ထပ္ကပ္ၿပီး ေရႊ႕ေျပာင္း ယာယီအိမ္သာႏွင့္ အျပင္ဘက္ရိွ ေရတုိင္ကီတစ္ခုႏွင့္ ပုိက္တစ္ခု ဆက္၍ သမီးကုိ ပိတ္ေလွာင္ထား ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာသည္။

တစ္ထပ္အိမ္ အျပင္ဘက္ တြင္ ေစာင့္ၾကည့္ေရးကင္မရာ  ၁၀ လံုးခန္႔တပ္ဆင္ထားၿပီး ယင္း အိမ္ကုိ ႏွစ္မီတာျမင့္ေသာ ၿခံစည္း႐ုိးျဖင့္ ကာရံထားေၾကာင္း ရဲတပ္ ဖြဲ႕ကေျပာသည္။

၎တုိ႔၏သမီးျဖစ္သူ ေသ ဆံုးေနေၾကာင္း ဒီဇင္ဘာ ၁၈ ရက္တြင္ မိဘမ်ားက ေတြ႕ရိွေသာ္ လည္း ၿပီးခဲ့သည့္ စေနေန႔ကမွ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားခဲ့ ၍ ရဲတပ္ဖြဲ႕က မိဘႏွစ္ပါးကုိ ဖမ္းဆီးထားသည္။

Ref: Reuters

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
အသက် (၃၃)နှစ်အရွယ် သမီးဖြစ်သူတွင် အကြမ်းဖက် တတ်သော စိတ်ကျန်းမာရေး မကောင်းသည့် ပုံစံတစ်မျိုးရှိသည်ဟု မိဘများက ယုံကြည်ပြီး ၎င်းကို အခန်းငယ်တစ်ခုအတွင်း နှစ်များစွာကြာ ကန့်သတ်ချုပ်နှောင်ထားရာ အအေးလွန်ပြီး သေဆုံးသွားကြောင်း ဂျပန်ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၇ ရက်တွင် ပြော သည်။

အီရီကာကီမိုတို (၃၃)နှစ် သေဆုံးသွားကြောင်း ၎င်း၏မိဘ များက စနေနေ့တွင် သတင်းပို့ခဲ့ ပြီးနောက် ၎င်း၏အလောင်းကို အလွန် အာဟာရပြတ်လပ်နေသော အခြေအနေမျိုးဖြင့် တွေ့ခဲ့ သည်ဟု ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာဒေသဆိုင်ရာ ရဲတပ်ဖွဲ့ကပြောသည်။


၎င်းသည် ၁၄၅ စင်တီမီတာ သာ အရပ်မြင့်ပြီး ကိုယ်အလေး ချိန် ၁၉ ကီလိုဂရမ်သာရှိသည်။

 ယာဆူတာကာကာကီမိုတို (၅၅)နှစ်နှင့် ယူကာရီကာကီမိုတို (၅၃)နှစ်တို့က သမီးဖြစ်သူအား တစ်နေ့လျှင် အစာတစ်ကြိမ်သာ ကျွေးပြီး သုံးစတုရန်းမီတာ အ ကျယ်ရှိသော အခန်းတစ်ခန်းအ တွင်း (၁၅)နှစ်ကြာ လှောင်ပိတ်  ထားခဲ့သည်ဟု ဝန်ခံသည်။

‘‘ကျွန်တော်တို့ရဲ့ သမီးမှာ စိတ်ရောဂါရှိပါတယ်။ အသက် (၁၆)နှစ်၊ (၁၇)နှစ်အရွယ်ကစလို့ သူဟာ အကြမ်းဖက်တတ်လာပါ တယ်။ ဒါကြောင့် သူ့ကို ကျွန် တော်တို့ ဒီအခန်းထဲမှာ ထားခဲ့ပါတယ်’’ဟု မိဘများ၏ ပြောဆိုချက်ကို ကိုးကား၍ ရဲတပ်ဖွဲ့က ပြောကြားသည်။

ဂျပန်နိုင်ငံတွင် အများပြည် သူ သဘောထား အပြောင်းအလဲ အချို့ရှိသော်လည်း စိတ်ပိုင်းဆိုင် ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မူမမှန်ရှိ သူများနှင့် ၎င်းတို့၏ မိသားစုဝင် များသည် အရှက်ရလေ့ရှိပြီး မမျှ မတ ဆက်ဆံခံရလေ့ရှိသည်။

မိဘများက အခန်းငယ်ကို ကင်မရာတစ်လုံးတပ်ကာ အပြင် ဘက်မှသာဖွင့်၍ ရနိုင်သော တံ ခါးနှစ်ထပ်ကပ်ပြီး ရွှေ့ပြောင်း ယာယီအိမ်သာနှင့် အပြင်ဘက်ရှိ ရေတိုင်ကီတစ်ခုနှင့် ပိုက်တစ်ခု ဆက်၍ သမီးကို ပိတ်လှောင်ထား ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

တစ်ထပ်အိမ် အပြင်ဘက် တွင် စောင့်ကြည့်ရေးကင်မရာ  ၁၀ လုံးခန့်တပ်ဆင်ထားပြီး ယင်း အိမ်ကို နှစ်မီတာမြင့်သော ခြံစည်းရိုးဖြင့် ကာရံထားကြောင်း ရဲတပ် ဖွဲ့ကပြောသည်။

၎င်းတို့၏သမီးဖြစ်သူ သေ ဆုံးနေကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် မိဘများက တွေ့ရှိသော် လည်း ပြီးခဲ့သည့် စနေနေ့ကမှ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ ၍ ရဲတပ်ဖွဲ့က မိဘနှစ်ပါးကို ဖမ်းဆီးထားသည်။

Ref: Reuters

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top