၂၀၂၀ ခုနှစ်တွင် သိန်း ၂၇၀၀ မဖြစ်လျှင် ငွေပြန်အမ်းမည့် Sanchaung Garden ကွန်ဒိုအရောင်းပြပွဲ
×





# Unicode Version ဖြင့် ဖတ်ပါ #
 နာမည်ကြီး အဆိုတော်များဖြစ်သည့် ဂျပ်စတင် ဘီဘာနှင့် ဆယ်လီနာဂိုမက်ဇ်တို့သည် ဒီဇင်ဘာ ၁၇ ရက်ကလော့စ်အန်ဂျလိစ်မြို့မှ ဆီယက်တဲလ်ဒေသသို့ ပုဂ္ဂလိက ဂျက်လေ ယာဉ်ဖြင့် သွားရောက်ချိန်းတွေ့ခဲ့သည်။

၎င်းတို့နှစ်ဦးသည် အချိုရည်နှင့် မုန့်ပဲသရေစာများ စားသောက် ခဲ့ပြီး အပျော်များဖြင့် ပြည့်နှက်နေခဲ့သည်ဟု အရင်းအမြစ်တစ်ခုက ပြောသည်။ ထို့အပြင် ၎င်းတို့နှစ်ဦးသည် နှစ်သစ်ကူးညတွင်လည်း အတူတူရှိနေရန် စီစဉ်ထားကြောင်း အဆိုပါသတင်းရင်းမြစ်က ပြောကြားသည်။

ဘီဘာနှင့် ဂိုမက်ဇ်သည် ၂၀၁၄ အထိ သုံးနှစ်ခန့်ကြိုးကြား ကြိုးကြား ချိန်းတွေ့ခဲ့သည်။ ယင်း နှစ်တွင် ဘီဘာသည် ကိုယ်ရေးကိုယ်တာဆိုင်ရာ ပြဿနာအချို့ ပေါ်ပေါက်ခဲ့ပြီး ဂိုမက်ဇ်နှင့် တရားဝင်လမ်းခွဲသည့်သတင်း ထွက်ပေါ်ခဲ့သည်။ သို့သော်လွန်ခဲ့သည့် နှစ်လအတွင်းက ၎င်းတို့နှစ်ဦးကို ကြိမ်ဖန်များစွာ ပြန်လည်မြင်တွေ့ ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top