မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×

လက်ဆောင်ပေးတဲ့အလေ့အထဆိုတာ မြန်မာနိုင်ငံမှာ ရက်နဲ့ တသတ်မှတ်ထဲမရှိပါဘူး။ခရီးသွားတဲ့အခါ သတိရတဲ့အခါ ပေးလိုက်တာပါပဲ။ဥရောပနိုင်ငံအများစုအများစုမှာတော့ ခရစ်စမတ်မှာ လက်ဆောင်လေးတွေပေးတတ်ပါတယ်။ဒီလို ပေးတဲ့အခါ ထူးဆန်းတဲ့အရာတွေ အံ့သြဖွယ်ရာတွေ လုပ်ပြီးပေးခဲ့ကြတာဖြစ်ပါတယ်။

1 Emma Tapping ဆိုတဲ့ မိခင်တစ်ဦးဟာ သူ့ရဲ့ ကလေးသုံးယောက်အတွက် ခရစ်စမတ်လက်ဆောင်စဉ်းစားတဲ့အခါ သူဟာ သူများနဲ့ မတူတဲ့အတွေးတခုရသွားရပါတယ်။ဒါကတော့ ကလေးတစ်ယောက်ခြင်းစီကို လက်ဆောင် 87 စီခုစီပေးဖို့ပဲဖြစ်ပါတယ်။ဒီလက်ဆောင်တွေကို ထုတ်ပိုးပြီး အခန်းခဲပုံထားလိုက်ပါတယ်။သုံးယောက်စာဆိုတော့ လက်ဆောင်တွေတောင်လို ပုံနေပါတယ်။ကလေးတွေ ကျောင်းကအပြန် လက်ဆောင်ခန်းကို ဝင်ကြည့်လိုက်တဲ့အခါ ပျော်ရွှင်မှု အံ့သြမှုတွေကို သူတို့မျက်နှာမှာ တွေ့ခဲ့လို့ သူမ အရမ်းဝမ်းသာခဲ့ရတာဖြစ်ပါတယ်။

2 တချို့လက်ဆောင်တွေက သားသမီးက မိဘကို အံ့သြဖွယ်ရာ ပြန်ပေးတာဖြစ်ပါတယ်။ Joey Trombone ဆိုတဲ့ ကောင်လေးကတော့ သူမိဘတွေနဲ့ အတူရှိနေတဲ့အားလပ်ရက်မှာ သူတို့အေးဆေးထိုင်နေကြတာဖြစ်ပါတယ်။သူဟာ ထိုင်နေစဉ်မှာပဲ အိတ်ထဲက စာအိတ်လေးထုတ်ပြီး မိခင်ကို ပေးလိုက်ပြီးတော့ “တချို့လက်ဆောင်တွေက ကောင်းကင်က ပို့ပေးလိုက်တာ” လို့ ပြောပါတယ်။သူ့အမေက စာအိတ်ဖွင့်ပြီး သူ့ရဲ့ စက္ကူတွေကို ကြည့်ပြီးငိုပါတယ်။အကြောင်းကတော့ သူတို့အိမ်အကြွေးကို ဘဏ်ကပေးချေးလိုက်တဲ့ ချလံဖြစ်လို့ ဝမ်းသာလွန်ြး့ပီး ငိုတာဖြစ်ပါတယ်။

3 ဒီတခါပေးတာကတော့ အကိုတွေကို ညီက နောက်ပြီး ပေးတဲ့လက်ဆောင်ဖြစ်ပါတယ်။အကိုနှစ်ယောက်ကို နောက်ပြီးပေးတဲ့လက်ဆောင်ကတော့ ဂစ်တာပုံစံပါကင်ထုတ်ထားရယ် ဗီဇာကဒ်အလွတ်တစ်ကဒ်ကို အသီးသီးနောက်ပြီး ပေးလိုက်တာဖြစ်ပါတယ်။

4 Mechelle Woolison ဆိုတဲ့ အသက် 45 နှစ်အရွယ် အမျိုးသမီးဟာ 2 ဒေါ်လာတန် ထီလက်မှတ်တစ်စောင်ကို ခရစ်စမတ်လက်ဆောင်အဖြစ်ရရှိခဲ့တာဖြစ်ပါတယ်။ကံအားလျော်စွာ အဆိုပါ ထီလက်မှတ်ဟာ လကုန်တော့ ဒေါ်လာ 25000 တန် ထပေါက်ခဲ့ပါတယ်။

5 Joel Berman ဆိုတဲ့ အဖိုးကြီးဟာ ပင်လယ်ကမ်းခြေဖက်မှာ နေထိုင်ပြီး သူ့ကို နယူးယောက်က မြေးမလေး က်ဆောင်သေတ္တာတခုလှမ်းပို့ပေးလိုက်ပါတယ်။အဲ့ဒါကတော့ ရိုင်ဖယ်တလက်ပဲဖြစ်ပြီး လိုင်စင်ပါ ပါဝင်ပြီးသားဖြစ်ပါတယ်။အဖိုးရဲ့ လုံခြုံရေးအတွက် သက်တော်စောင့်နဲ့ အမဲလိုက်တဲ့အခါ သုံးဖို့ဆိုပါတယ်။

6 ဒါကတော့ နောက်ပြောင်ပြီးပေးတဲ့ လက်ဆောင်ဖြစ်ပြီး လက်ဆောင်ဗူးထဲ ကြောင်တစ်ကောင်ထည့်ပေးလိုက်တာဖြစ်ပါတယ်။ Jessica Freeman ဆိုတဲ့ ကောင်မလေးက သူ့သူငယ်ချင်းကို နောက်တာဖြစ်ပြီး သူ့သူငယ်ချင်းက ဗူးကိုဖွင့်တော့ ကြောင်ခုန်ထွက်လာပြီး အကုတ်ခံခဲ့ရတာဖြစ်ပါတယ်။

7 Brenna Canton ဆိုတဲ့ အမျိုးသမီးကိုတော့ သူ့ရဲ့ ချစ်သူဟောင်းက နွားရိုင်းသတ်ပွဲလက်မှတ် လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။သူမဟာ ဒီပွဲတွေကို ဝါသနာကြီးသူတယောက်ဖြစ်တဲ့အတွက် ဒီလို ပေးရခြင်းဖြစ်ပါတယ်။

8 ဒီတခုကတော့ တကယ့်ကို ကြည်နူးဖွယ် လက်ဆောင်ဖြစ်ပါတယ်။စားသောက်ဆိုင်က စားပွဲထိုးမလေး Sarah Clark ဟာ စားပွဲတခုက ပိုက်ဆံရှင်းဖို့ ခေါ်လို့သွားတဲ့အခါ စားသောက်သူရဲ့ ကျသင့်ငွေက 61 ဒေါ်လာ ဖြစ်ပါတယ်။သူမအတွက် မုန့်ဖိုးလို့ ခေါ်တဲ့ Tip Money နေရာမှာတော့ ဒေါ်လာ 900 ပေးခဲ့တာဖြစ်ပြီး စာတိုတကြောင်းရေးပေးခဲ့ပါတယ်။ဒီပိုက်ဆံကို ဘုရားသခင်ပေးတာဖြစ်ပြီး မင်းရော ငါတို့ရော ရထိုက်တယ်ဆိုတာဖြစ်ပါတယ်။တကယ့်ကို ကောင်းမွန်တဲ့ ခရစ်စမတ်လက်ဆောင်ဖြစ်ပါတယ်။

9 Sean Brown ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ ညီအစ်ကိုမောင်နှမတွေရှိရာ ဥရောပဖက် အလည်အရမ်းသွားချင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူ့ကို ပို့ပေးမယ့် မိဘတွေက ဘယ်သောအခါမှ မအားလို့ ဒါဟာ အိပ်မက်သာဖြစ်ပြီး သူတို့ဟာ စာသာ အဆက်အသွယ်ရှိခဲ့တာဖြစ်ပါတယ်။ခရစ်စမတ်ကတော့ သူ့ကို သူ့အမေက လက်ဆောင်ဗူးထဲ စာထည့်ပေးခဲ့ပါတယ်။ဒီစာကတော့ သူတို့အလည်လာတော့မယ့်အကြောင်းကို ထည့်ရေးပေးထားတဲ့ ပုံစံဖြစ်ပြီး ကောင်လေးက မျက်ရည်ကျတဲ့အထိ ပျော်ရွှင်ခဲ့ပါတယ်။
 
 ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say

# Unicode Version ဖြင့် ဖတ်ပါ #

နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top