၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

လူေတာ္ေတာ္မ်ားမ်ားကေတာ့ သူတို႔ကိုတစ္စုံတစ္ေယာက္က ဂ႐ုစိုက္ၿပီးခ်စ္ေနတာကို လိုခ်င္ၾကသည္။ သို႔ေသာ္..“လူဆိုတာအၿမဲ……..”နံနက္ေစာေစာ ဖုန္း Ring Tone ျမည္သံနဲ႕အတူ “ေမာင္..နိုးၿပီလား..ထေတာ့ေနာ္ ” ဆိုတဲ့ စကားေတြနဲ႕ မနက္ခင္းတိုင္း သူမ မပ်က္မကြက္ ဖုန္းဆက္တတ္သည္။ စေန၊တနဂၤေႏြ ႐ုံးပိတ္ရက္မ်ားတြင္ပင္ သူမရဲ႕ ဖုန္းသံေၾကာင့္ ေကာင္းေကာင္း မအိပ္ရခဲ့။ “တစ္ပတ္လုံးပင္ပန္းရသမွ် ႐ုံးပိတ္ရက္ေလး ေအးေဆးအိပ္ၿပီး နားပါရေစဟာ ..” လို႔ သူမကို ေျပာတိုင္း ဟုတ္ ဆိုသည့္စကားကိုေျပာတတ္ေပမယ့္ အပတ္တိုင္း ႏွိုးၿမဲပင္။

သမီးရည္းစားမ်ား မျဖစ္ခင္ကတည္းက သူမသည္ ကြၽန္ေတာ့္ကို ဂ႐ုစိုက္သည္။ စားေရး၊ေသာက္ေရးကအစ က်န္းမာေရးအဆုံး သူမစိတ္ပူေပးတတ္သည္။ ထိုသို႔စိတ္ပူေပးမႈေတြ၊ ဂ႐ုစိုက္မႈေတြေၾကာင့္လည္း သူမနဲ႕ ကြၽန္ေတာ္ ခ်စ္သူေတြ ျဖစ္ခဲ့ၾကသည္ ထင္သည္။

“ေမာင္…ဒီလ ၈ ရက္ေန႕က ခ်စ္တို႔ ခ်စ္သူသက္တမ္း ၁ လ ျပည့္တဲ့ေန႕ေနာ္”

ဘယ္ေန႕ဘယ္ရက္မွာ ႀကိဳက္သြားမွန္းမသိတဲ့ကြၽန္ေတာ္အတြက္ ခ်စ္သူသက္တမ္း ၁ လျပည့္ဆိုသည္မွာ မွတ္စရာ ရက္စြဲတစ္ခုလို႔လဲ ဘယ္တုန္းကမွ မမွတ္ယူခဲ့ပါ။ ကိုယ္မမွတ္ေပမယ့္ သူမကေတာ့ ၈ ရက္ေန႕ေတြ ေရာက္တိုင္း ဒီေန႕မွာ ဘယ္ႏွစ္လရွိသြားၿပီဆိုတဲ့အေၾကာင္းေတြ ေျပာတတ္သည္။

လူအေၾကာင္းေပါင္းၾကည့္မွသိဆိုသည့္ စကားက အလြန္မွန္သည္။ သမီးရည္းစားမျဖစ္ခင္ ေက်ာင္းသူ ဘဝတုန္းက သူမသည္ ကြၽန္ေတာ့္အတြက္သာမက တစ္ျခားေယာက်္ားေတြအတြက္ပါ ဆြဲေဆာင္မႈ ရွိေသာ အမ်ိဳးသမီးတစ္ေယာက္။ သမီးရည္းစားမျဖစ္ခင္အထိလဲ သူမသည္ ကြၽန္ေတာ္အ႐ူးအမူးမျဖစ္ေပမယ့္ ႏွစ္သက္မိေသာ မိန္းကေလးတစ္ေယာက္အျဖစ္ ရွိေနခဲ့သည္။ သမီးရည္းစားျဖစ္ၿပီး ၈ လ ေလာက္အၾကာတြင္ ေတာ့ အရာအားလုံး ေျပာင္းလဲေလၿပီ။

သူမသည္ အရစ္ထူေသာ မိန္းကေလးတစ္ေယာက္၊ လူတစ္ေယာက္၏ ကိုယ္ပိုင္အခြင့္အေရးမ်ားကို ခ်ဳပ္ျခယ္တတ္ေသာ မိန္းကေလးတစ္ေယာက္၊ ကိုယ္စိတ္ခ်မ္းသာဖို႔ တစ္ဖက္သားကို မစဥ္းစားေပးတတ္သည့္ လူတစ္ေယာက္ ျဖစ္လာသည္။ ဖုန္းဆက္ စကားေျပာလ်င္ သူတစ္ခြန္းကိုယ္တစ္ခြန္း ေျပာေစခ်င္သည္။ ေျပာစရာမရွိ၍ ဖုန္းခ်ေတာ့မည္ဆိုပါက စိတ္ေကာက္တတ္သည္။

အင္တာနက္ေဖ့ဘုတ္သုံး၍ မိန္းကေလးအေကာင့္မ်ားတြင္ Like,Comment ေပးပါက ဘာေၾကာင့္လဲ ေမးတတ္ လာသည္။ ခင္မင္ရင္းႏွီးမႈျဖင့္ ေျပာဆိုေသာစကားမ်ားကိုၾကည့္ၿပီး ေဖာက္ျပန္ခ်င္သူတစ္ေယာက္အျဖစ္ သမုတ္တတ္လာသည္။ သူမပို႔ေသာ မက္ေဆ့ခ်္မ်ားကို မဖတ္ရင္ ရစ္တတ္လာသလို သူမတင္သည့္ အရာမ်ားကို Like မေပးရင္လဲ အျပစ္ရွာတတ္လာသည္။

“မင္းက တကယ့္ အပ္ခ်ည္လုံးပဲ၊ တ႐ုတ္က တစ္ကမာၻလုံးကိုျဖန႔္တဲ့ မူရင္းအပ္ခ်ည္လုံးလိုကို အထုံးႀကီးႀကီးနဲ႕ ရစ္တဲ့ မိန္းမ”

တစ္ခါတစ္ခါစိတ္ဆိုးလြန္း၍ သူမကို ေျပာမိတဲ့အခ်ိန္တိုင္း သူမကေတာ့ မသိသလိုပင္။ ၿပီးရင္ေတာ့ ထုံးစံအတိုင္း မနက္ဆိုႏွိုးၿမဲ၊ ညအိပ္ရာဝင္တဲ့အခ်ိန္ထိ ဖုန္းဆက္ၿမဲပင္။

သူငယ္ခ်င္းအေပါင္းအသင္းမ်ားႏွင့္ဆုံလို႔ KTV, ဘီယာဆိုင္မ်ား သြားမိရင္ သူမရဲ႕ ဖုန္းေခၚသံကို အဆက္မျပတ္ ၾကားရမည္။ ဘယ္အခ်ိန္ျပန္မွာလဲဆိုသည့္ တတြတ္တြတ္ေမးသံေတြ ၾကားရမည္ျဖစ္သလို ျပန္ေရာက္သည့္ အခါတြင္လည္း မၿပီးနိုင္မစီးနိုင္ယုံမက မအိပ္နိုင္ေအာင္ပင္ စကားေတြ ေျပာရအုံးမည္။ ရည္းစားတစ္ေယာက္ ထားမိသည့္အတြက္ ေနာင္တ ဆိုသည့္အရာတစ္ခုကို ခံစားရလာၿပီး သူမသည္လည္း ကြၽန္ေတာ့္အတြက္ ဝန္ထုပ္ဝန္ပိုး တစ္ခု ျဖစ္လာသည္။

“ငါ သည္းမခံနိုင္ေတာ့ဘူး…ငါတို႔ လမ္းခြဲရေအာင္ဟာ၊”

ေလသံကိုအတတ္နိုင္ဆုံးထိန္းၿပီး သူမကို လမ္းခြဲဖို႔ေတာင္းဆိုခဲ့သည္။ သူမက ဘာေၾကာင့္လမ္းခြဲဖို႔ထိလိုလဲ ဆိုသည့္အေၾကာင္းျပခ်က္မ်ားကို ေမးသလို ဘယ္သူနဲ႕တြဲခ်င္လို႔သူ႕ကို လမ္းခြဲတာလဲဆိုသည့္ စကားမ်ားျဖင့္လဲ စကားနာထိုးခဲ့သည္။ တစ္ခါတစ္ခါ မ်က္ရည္ဝဲတက္လာၿပီး ႏွစ္ေယာက္လုံးအတြက္ နားလည္မႈလြဲေစ နိုင္သည့္ အျဖစ္အပ်က္မ်ားကို ရွင္းျပဖို႔လည္း သူမ ႀကိဳးစားခဲ့သည္။

သူမ ဘယ္လိုေျပာေျပာ သူမရဲ႕စကားေတြက ကြၽန္ေတာ့္ရင္ဘတ္ထဲကို ေရာက္မလာဘဲ နားထဲတြင္ပင္ ဆူညံသံေတြ ျဖစ္လာသည္။ ထိုဆူညံသံမ်ားက ငိုရွိုက္သံအျဖစ္သို႔ေျပာင္းလဲၿပီးေနာက္တြင္ေတာ့ သူမႏွင့္ ကြၽန္ေတာ္ ဇာတ္လမ္းျပတ္ခဲ့သည္။

သူမနဲ႕လမ္းခြဲၿပီးေနာက္ ကြၽန္ေတာ့္တစ္ခါမွ မလုပ္တတ္သည့္ အလုပ္တစ္ခုကို လုပ္တတ္လာသည္။ ကိုယ့္ဘဝနဲ႕ကိုယ္ လြတ္လပ္စြာေနရင္း ဘာေၾကာင့္မွန္းမသိ သူမရဲ႕ Facebook ကို သြားသြားၾကည့္မိသည္။ တစ္ခါတစ္ရံ အလြမ္းအေဆြးကဗ်ာေတြ ေတြ႕သလို၊ တစ္ခါတစ္ရံ ေပါက္ကြဲမႈေတြကို ေတြ႕သည္။ လမ္းခြဲၿပီးျဖစ္လို႔ ကြၽန္ေတာ္အရစ္မခံရတာလို႔ေတြးရင္း တစ္ခါတစ္ေလ ၿပဳံးမိသည္။

လအနည္းငယ္အၾကာတြင္ေတာ့ သူမရဲ႕ေဝါေပၚမွာအလြမ္းအေဆြးေတြအစား သူမရဲ႕ ပုံမွန္ဘဝလုပ္ေဆာင္ခ်က္ ေတြနဲ႕ ေပ်ာ္႐ႊင္ေနတဲ့ ဓာတ္ပုံေလးေတြ ေနရာယူလာသည္။ တစ္ခါတစ္ရံ ကြၽန္ေတာ္အရမ္းႏွစ္သက္ေသာ အဝါေရာင္ဝတ္စုံေလးနဲ႕ လွပေနတဲ့ ဓာတ္ပုံေလးေတြကိုေတြ႕သည့္အခါတြင္ေတာ့ ကြၽန္ေတာ့္ဖုန္းထဲ save ၿပီး ယူထားလိုက္သည္။

“ဘုရားသခင္က အာဒံအတြက္ ဧဝကို ဖန္တီးေပးခဲ့သလိုပဲ ဂ်ဴးလိယက္အတြက္ ရိုမီယို ကို ဖန္းတီးေပးခဲ့တယ္ ”

ခပ္ဆန္းဆန္းစေတးတပ္တစ္ခု သူမရဲ႕ေဝါေပၚမွာေတြ႕လိုက္တဲ့တစ္ေန႕မွာေတာ့ ကြၽန္ေတာ့္စိတ္ထဲ တုန္လႈပ္မႈ တစ္ခု ခံစားလိုက္ရသလို လက္ဖ်ားေတြလဲ ေအးစက္သြားသည္။ မၾကာမီရက္အတြင္းမွာပဲ လက္ခ်င္းခ်ိတ္ ထားတဲ့ ဓာတ္ပုံ ေလးတစ္ပုံကို သူမရဲ႕ ေဝါေပၚမွာ ထပ္ေတြ႕ရသည္။

ဘယ္အခ်ိန္ၾကည့္ၾကည့္ ကြၽန္ေတာ္ေမ့မည္မဟုတ္ေသာ သူမရဲ႕လက္ေခ်ာင္းေလးေတြကို ဆုပ္ကိုင္ထားသည့္ လက္က ကြၽန္ေတာ့္လက္ မဟုတ္။ ဆုံးရႈံးမႈတစ္ခုကို ခံစားရသလို ဆုံးရႈံးမခံခ်င္စိတ္တစ္ခုလဲ ျဖစ္ေပၚလာသည့္ ေနာက္ သူမကို မက္ေဆ့ခ်္ပို႔ဖို႔ ႀကိဳးစားခဲ့မိသည္။

”အသစ္ေတြဘာေတြ ရေနၿပီလားဟ”

ခပ္ေထ့ေထ့စကားႏွင့္အတူ သူမကို ျပန္ၿပီးဆက္သြယ္ရသည့္အခိုက္အတန႔္ ကြၽန္ေတာ့္ရင္ခုန္သံေတြ ျမန္လာသလို သူမနဲ႕ကြၽန္ေတာ့္ရဲ႕ ရင္ခုန္စရာအခ်ိန္ေတြကိုလဲ ျပန္ေတြးမိလာသည္။ သူမက တစ္ခုခု ျပန္ေျပာလာရင္ သူမကို ကြၽန္ေတာ္ဘယ္လိုျပန္ေျပာမည္။ အရင္တုန္းက အမွားေတြကို ေတာင္းပန္မည္။ ၿပီးရင္ သူမနဲ႕ ကြၽန္ေတာ္ အေပ်ာ္ဆုံးဘဝေတြကို တစ္သက္လုံး ဖန္တီးၾကမည္ဆိုတဲ့ အေတြးမ်ားနဲ႕ သူမ messenger က လႈပ္ရွားမႈေလးတစ္ခုကို ကြၽန္ေတာ္ေစာင့္ခဲ့သည္။

တစ္ေန႕လုံး တစ္ညလုံး မည္သည့္တုံ႕ျပန္မႈမွ မရွိခဲ့။ ေနာက္တစ္ေန႕တြင္ေတာ့ Facebook User ဆိုသည့္ အေကာင့္တစ္ခု ကြၽန္ေတာ္ဘယ္လိုမွ Reply လုပ္၍ မရေသာ မက္ေဆ့တစ္ခုကို ပို႔ခဲ့သည္။

” နင္ဟာ ဂ်ဴးလိယက္အတြက္ဖန္ဆင္းေပးထားတဲ့ ရိုမီယို မဟုတ္ဘူး..”

ေျဖရွင္းခြင့္မရွိ၊ေတာင္းပန္ခြင့္မရွိဘဲ သူမသည္ ကြၽန္ေတာ့္ကို အၿပီးတိုင္ စြန႔္ခြာသြားခဲ့ေလၿပီ။ Facebook တြင္ Block သြားခဲ့သလို ဖုန္းနံပါတ္မ်ားလဲ ေျပာင္းလဲသြားခဲ့သည္။ သူငယ္ခ်င္းမ်ားရဲ႕အေကာင့္ေတြကတစ္ဆင့္ ဝင္ၾကည့္တိုင္းမွာေတာ့ သူမကို ရိုမီယိုတစ္ေယာက္ႏွင့္ စေနာက္ေပ်ာ္႐ႊင္ေနသည္ကို ေတြ႕ေနရသည္။

ကြၽန္ေတာ္ဘာမွ ေျပာခြင့္မရွိသလို ဘာမွလဲ ဖန္တီးနိုင္ခြင့္ မရွိေတာ့။
ကြၽန္ေတာ္ညတိုင္း သူမပုံေလးေတြကို ၾကည့္ၿပီး ေျပာမိသည္။

“ေက်းဇူးျပဳၿပီး… ေနာက္တစ္ခါ ျပန္ခ်စ္ေပးပါအုံး ….”လို႔…

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  The Hits Popping

#Unicode Version#
လူတော်တော်များများကတော့ သူတို့ကိုတစ်စုံတစ်ယောက်က ဂရုစိုက်ပြီးချစ်နေတာကို လိုချင်ကြသည်။ သို့သော်..“လူဆိုတာအမြဲ……..”နံနက်စောစော ဖုန်း Ring Tone မြည်သံနဲ့အတူ “မောင်..နိုးပြီလား..ထတော့နော် ” ဆိုတဲ့ စကားတွေနဲ့ မနက်ခင်းတိုင်း သူမ မပျက်မကွက် ဖုန်းဆက်တတ်သည်။ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင်ပင် သူမရဲ့ ဖုန်းသံကြောင့် ကောင်းကောင်း မအိပ်ရခဲ့။ “တစ်ပတ်လုံးပင်ပန်းရသမျှ ရုံးပိတ်ရက်လေး အေးဆေးအိပ်ပြီး နားပါရစေဟာ ..” လို့ သူမကို ပြောတိုင်း ဟုတ် ဆိုသည့်စကားကိုပြောတတ်ပေမယ့် အပတ်တိုင်း နှိုးမြဲပင်။

သမီးရည်းစားများ မဖြစ်ခင်ကတည်းက သူမသည် ကျွန်တော့်ကို ဂရုစိုက်သည်။ စားရေး၊သောက်ရေးကအစ ကျန်းမာရေးအဆုံး သူမစိတ်ပူပေးတတ်သည်။ ထိုသို့စိတ်ပူပေးမှုတွေ၊ ဂရုစိုက်မှုတွေကြောင့်လည်း သူမနဲ့ ကျွန်တော် ချစ်သူတွေ ဖြစ်ခဲ့ကြသည် ထင်သည်။

“မောင်…ဒီလ ၈ ရက်နေ့က ချစ်တို့ ချစ်သူသက်တမ်း ၁ လ ပြည့်တဲ့နေ့နော်”

ဘယ်နေ့ဘယ်ရက်မှာ ကြိုက်သွားမှန်းမသိတဲ့ကျွန်တော်အတွက် ချစ်သူသက်တမ်း ၁ လပြည့်ဆိုသည်မှာ မှတ်စရာ ရက်စွဲတစ်ခုလို့လဲ ဘယ်တုန်းကမှ မမှတ်ယူခဲ့ပါ။ ကိုယ်မမှတ်ပေမယ့် သူမကတော့ ၈ ရက်နေ့တွေ ရောက်တိုင်း ဒီနေ့မှာ ဘယ်နှစ်လရှိသွားပြီဆိုတဲ့အကြောင်းတွေ ပြောတတ်သည်။

လူအကြောင်းပေါင်းကြည့်မှသိဆိုသည့် စကားက အလွန်မှန်သည်။ သမီးရည်းစားမဖြစ်ခင် ကျောင်းသူ ဘဝတုန်းက သူမသည် ကျွန်တော့်အတွက်သာမက တစ်ခြားယောကျ်ားတွေအတွက်ပါ ဆွဲဆောင်မှု ရှိသော အမျိုးသမီးတစ်ယောက်။ သမီးရည်းစားမဖြစ်ခင်အထိလဲ သူမသည် ကျွန်တော်အရူးအမူးမဖြစ်ပေမယ့် နှစ်သက်မိသော မိန်းကလေးတစ်ယောက်အဖြစ် ရှိနေခဲ့သည်။ သမီးရည်းစားဖြစ်ပြီး ၈ လ လောက်အကြာတွင် တော့ အရာအားလုံး ပြောင်းလဲလေပြီ။

သူမသည် အရစ်ထူသော မိန်းကလေးတစ်ယောက်၊ လူတစ်ယောက်၏ ကိုယ်ပိုင်အခွင့်အရေးများကို ချုပ်ခြယ်တတ်သော မိန်းကလေးတစ်ယောက်၊ ကိုယ်စိတ်ချမ်းသာဖို့ တစ်ဖက်သားကို မစဉ်းစားပေးတတ်သည့် လူတစ်ယောက် ဖြစ်လာသည်။ ဖုန်းဆက် စကားပြောလျင် သူတစ်ခွန်းကိုယ်တစ်ခွန်း ပြောစေချင်သည်။ ပြောစရာမရှိ၍ ဖုန်းချတော့မည်ဆိုပါက စိတ်ကောက်တတ်သည်။

အင်တာနက်ဖေ့ဘုတ်သုံး၍ မိန်းကလေးအကောင့်များတွင် Like,Comment ပေးပါက ဘာကြောင့်လဲ မေးတတ် လာသည်။ ခင်မင်ရင်းနှီးမှုဖြင့် ပြောဆိုသောစကားများကိုကြည့်ပြီး ဖောက်ပြန်ချင်သူတစ်ယောက်အဖြစ် သမုတ်တတ်လာသည်။ သူမပို့သော မက်ဆေ့ချ်များကို မဖတ်ရင် ရစ်တတ်လာသလို သူမတင်သည့် အရာများကို Like မပေးရင်လဲ အပြစ်ရှာတတ်လာသည်။

“မင်းက တကယ့် အပ်ချည်လုံးပဲ၊ တရုတ်က တစ်ကမ္ဘာလုံးကိုဖြန့်တဲ့ မူရင်းအပ်ချည်လုံးလိုကို အထုံးကြီးကြီးနဲ့ ရစ်တဲ့ မိန်းမ”

တစ်ခါတစ်ခါစိတ်ဆိုးလွန်း၍ သူမကို ပြောမိတဲ့အချိန်တိုင်း သူမကတော့ မသိသလိုပင်။ ပြီးရင်တော့ ထုံးစံအတိုင်း မနက်ဆိုနှိုးမြဲ၊ ညအိပ်ရာဝင်တဲ့အချိန်ထိ ဖုန်းဆက်မြဲပင်။

သူငယ်ချင်းအပေါင်းအသင်းများနှင့်ဆုံလို့ KTV, ဘီယာဆိုင်များ သွားမိရင် သူမရဲ့ ဖုန်းခေါ်သံကို အဆက်မပြတ် ကြားရမည်။ ဘယ်အချိန်ပြန်မှာလဲဆိုသည့် တတွတ်တွတ်မေးသံတွေ ကြားရမည်ဖြစ်သလို ပြန်ရောက်သည့် အခါတွင်လည်း မပြီးနိုင်မစီးနိုင်ယုံမက မအိပ်နိုင်အောင်ပင် စကားတွေ ပြောရအုံးမည်။ ရည်းစားတစ်ယောက် ထားမိသည့်အတွက် နောင်တ ဆိုသည့်အရာတစ်ခုကို ခံစားရလာပြီး သူမသည်လည်း ကျွန်တော့်အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်လာသည်။

“ငါ သည်းမခံနိုင်တော့ဘူး…ငါတို့ လမ်းခွဲရအောင်ဟာ၊”

လေသံကိုအတတ်နိုင်ဆုံးထိန်းပြီး သူမကို လမ်းခွဲဖို့တောင်းဆိုခဲ့သည်။ သူမက ဘာကြောင့်လမ်းခွဲဖို့ထိလိုလဲ ဆိုသည့်အကြောင်းပြချက်များကို မေးသလို ဘယ်သူနဲ့တွဲချင်လို့သူ့ကို လမ်းခွဲတာလဲဆိုသည့် စကားများဖြင့်လဲ စကားနာထိုးခဲ့သည်။ တစ်ခါတစ်ခါ မျက်ရည်ဝဲတက်လာပြီး နှစ်ယောက်လုံးအတွက် နားလည်မှုလွဲစေ နိုင်သည့် အဖြစ်အပျက်များကို ရှင်းပြဖို့လည်း သူမ ကြိုးစားခဲ့သည်။

သူမ ဘယ်လိုပြောပြော သူမရဲ့စကားတွေက ကျွန်တော့်ရင်ဘတ်ထဲကို ရောက်မလာဘဲ နားထဲတွင်ပင် ဆူညံသံတွေ ဖြစ်လာသည်။ ထိုဆူညံသံများက ငိုရှိုက်သံအဖြစ်သို့ပြောင်းလဲပြီးနောက်တွင်တော့ သူမနှင့် ကျွန်တော် ဇာတ်လမ်းပြတ်ခဲ့သည်။

သူမနဲ့လမ်းခွဲပြီးနောက် ကျွန်တော့်တစ်ခါမှ မလုပ်တတ်သည့် အလုပ်တစ်ခုကို လုပ်တတ်လာသည်။ ကိုယ့်ဘဝနဲ့ကိုယ် လွတ်လပ်စွာနေရင်း ဘာကြောင့်မှန်းမသိ သူမရဲ့ Facebook ကို သွားသွားကြည့်မိသည်။ တစ်ခါတစ်ရံ အလွမ်းအဆွေးကဗျာတွေ တွေ့သလို၊ တစ်ခါတစ်ရံ ပေါက်ကွဲမှုတွေကို တွေ့သည်။ လမ်းခွဲပြီးဖြစ်လို့ ကျွန်တော်အရစ်မခံရတာလို့တွေးရင်း တစ်ခါတစ်လေ ပြုံးမိသည်။

လအနည်းငယ်အကြာတွင်တော့ သူမရဲ့ဝေါပေါ်မှာအလွမ်းအဆွေးတွေအစား သူမရဲ့ ပုံမှန်ဘဝလုပ်ဆောင်ချက် တွေနဲ့ ပျော်ရွှင်နေတဲ့ ဓာတ်ပုံလေးတွေ နေရာယူလာသည်။ တစ်ခါတစ်ရံ ကျွန်တော်အရမ်းနှစ်သက်သော အဝါရောင်ဝတ်စုံလေးနဲ့ လှပနေတဲ့ ဓာတ်ပုံလေးတွေကိုတွေ့သည့်အခါတွင်တော့ ကျွန်တော့်ဖုန်းထဲ save ပြီး ယူထားလိုက်သည်။

“ဘုရားသခင်က အာဒံအတွက် ဧဝကို ဖန်တီးပေးခဲ့သလိုပဲ ဂျူးလိယက်အတွက် ရိုမီယို ကို ဖန်းတီးပေးခဲ့တယ် ”

ခပ်ဆန်းဆန်းစတေးတပ်တစ်ခု သူမရဲ့ဝေါပေါ်မှာတွေ့လိုက်တဲ့တစ်နေ့မှာတော့ ကျွန်တော့်စိတ်ထဲ တုန်လှုပ်မှု တစ်ခု ခံစားလိုက်ရသလို လက်ဖျားတွေလဲ အေးစက်သွားသည်။ မကြာမီရက်အတွင်းမှာပဲ လက်ချင်းချိတ် ထားတဲ့ ဓာတ်ပုံ လေးတစ်ပုံကို သူမရဲ့ ဝေါပေါ်မှာ ထပ်တွေ့ရသည်။

ဘယ်အချိန်ကြည့်ကြည့် ကျွန်တော်မေ့မည်မဟုတ်သော သူမရဲ့လက်ချောင်းလေးတွေကို ဆုပ်ကိုင်ထားသည့် လက်က ကျွန်တော့်လက် မဟုတ်။ ဆုံးရှုံးမှုတစ်ခုကို ခံစားရသလို ဆုံးရှုံးမခံချင်စိတ်တစ်ခုလဲ ဖြစ်ပေါ်လာသည့် နောက် သူမကို မက်ဆေ့ချ်ပို့ဖို့ ကြိုးစားခဲ့မိသည်။

”အသစ်တွေဘာတွေ ရနေပြီလားဟ”

ခပ်ထေ့ထေ့စကားနှင့်အတူ သူမကို ပြန်ပြီးဆက်သွယ်ရသည့်အခိုက်အတန့် ကျွန်တော့်ရင်ခုန်သံတွေ မြန်လာသလို သူမနဲ့ကျွန်တော့်ရဲ့ ရင်ခုန်စရာအချိန်တွေကိုလဲ ပြန်တွေးမိလာသည်။ သူမက တစ်ခုခု ပြန်ပြောလာရင် သူမကို ကျွန်တော်ဘယ်လိုပြန်ပြောမည်။ အရင်တုန်းက အမှားတွေကို တောင်းပန်မည်။ ပြီးရင် သူမနဲ့ ကျွန်တော် အပျော်ဆုံးဘဝတွေကို တစ်သက်လုံး ဖန်တီးကြမည်ဆိုတဲ့ အတွေးများနဲ့ သူမ messenger က လှုပ်ရှားမှုလေးတစ်ခုကို ကျွန်တော်စောင့်ခဲ့သည်။

တစ်နေ့လုံး တစ်ညလုံး မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့။ နောက်တစ်နေ့တွင်တော့ Facebook User ဆိုသည့် အကောင့်တစ်ခု ကျွန်တော်ဘယ်လိုမှ Reply လုပ်၍ မရသော မက်ဆေ့တစ်ခုကို ပို့ခဲ့သည်။

” နင်ဟာ ဂျူးလိယက်အတွက်ဖန်ဆင်းပေးထားတဲ့ ရိုမီယို မဟုတ်ဘူး..”

ဖြေရှင်းခွင့်မရှိ၊တောင်းပန်ခွင့်မရှိဘဲ သူမသည် ကျွန်တော့်ကို အပြီးတိုင် စွန့်ခွာသွားခဲ့လေပြီ။ Facebook တွင် Block သွားခဲ့သလို ဖုန်းနံပါတ်များလဲ ပြောင်းလဲသွားခဲ့သည်။ သူငယ်ချင်းများရဲ့အကောင့်တွေကတစ်ဆင့် ဝင်ကြည့်တိုင်းမှာတော့ သူမကို ရိုမီယိုတစ်ယောက်နှင့် စနောက်ပျော်ရွှင်နေသည်ကို တွေ့နေရသည်။

ကျွန်တော်ဘာမှ ပြောခွင့်မရှိသလို ဘာမှလဲ ဖန်တီးနိုင်ခွင့် မရှိတော့။
ကျွန်တော်ညတိုင်း သူမပုံလေးတွေကို ကြည့်ပြီး ပြောမိသည်။

“ကျေးဇူးပြုပြီး… နောက်တစ်ခါ ပြန်ချစ်ပေးပါအုံး ….”လို့…


ဖိုးသူတော် (www.phothutaw.com)
Credit:  The Hits Popping

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top